1/07/2012

Dos အသုံးပြုနည်းလက်စွဲ (Myanmar Version)

Dos Command အသုံးပြုနည်းစာအုပ်ဖြစ်ပါတယ်။ ဖိုင်ဆိုဒ်ကတော့ 8.31 MB ပါ။ Dos command တွေအကြောင်းရေးထားတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။ Bat ဖိုင်ရေးနည်းတွေက အစ ပါဝင်ပါတယ်။ ဒေါင်းချင်သူများ အောက်က link ကနေရယူကြပါ။
 Microsoft ရဲ့ ဒီ MS DOS Command ဆိုတာတချိန်တုန်းကတော့ ဆရာကြီးလေသံနဲ့ပြောရရင် ဟက်ကာတွေသုံးတဲ့Command တွေပါ။ အခုခောတ်လူငယ်တွေကတော့ Dos Command ကိုကောင်းကောင်း မသိကြတော့ပါဘူး(ကျွန်တော်အပါဝင်ပေါ့ ဟီး)။
ကဲ လိုချင်တယ်ဆိုရင် အောက်မှာယူသွားလိုက်နော်။ အားလုံးပဲ အဆင်ပြေကြပါစေလို့ မျော်လင့်ပါတယ်။

Read more »

Windows 7 အသုံးပြုနည်းလက်စွဲ (Myanmar Version)

Windows 7 သုံးနေတဲ့ ဘော်ဘော်တို့အတွက် စာအုပ်လေးဖြစ်ပါတယ်။ ဒီကောင်လေးရဲ့ ဖိုင်ဆိုဒ်ကတော့ 12 MB ကျော်ကျော်လေးပါ။ U Aung Linn ရဲ့ Windows 7 အသုံးပြုနည်းလက်စွဲပေါ့။ Windows 7 အကြောင်းပြည့်ပြည့်စုံစုံ ဖတ်ချင်တဲ့သူများအတွက်ဖြစ်ပါတယ်။ တကယ်လို့များ သယ်ရင်းတို့ ဒီစာအုပ်လေးကို အပြင်ဆိုင်မှာဝယ်မယ်ဆိုရင် အိပ်ကပ်ထဲက ပိုက်ဆံ အနည်းဆုံး 3000လောက်ပေးရမှာပေါ့။ ကောင်းပါပြီ။ လိုချင်တယ်ဆိုရင် အောက်က link ကနေသွားယူလိုက်နော်။ အားလုံးပဲ အဆင်ပြေပြေဒေါင်းနိုင်ကြပါစေဗျာ။ 

File Size: 12.67 MB





Read more »

Honest Hacking (Myanmar Version)

ကွန်ပျူတာ hacking အကြောင်းရေးထားတဲ့ မြန်မာလိုစာအုပ်တစ်ခုပါ။ 19 MB ရှိပါတယ်။ သန်းထိုက်(ရွှေရိပ်) ရေးထားတာပါ။ hacking နဲ့ ပတ်သက်တဲ့ အယူအဆတွေ၊ သီအိုရီတွေကိုရှင်းပြထားပါတယ်။ ဖတ်ရတာ အဆင်ပြေမှာပါ။
စိတ်ဝင်စားတယ်ဆိုရင်တော့ အမြန်ဆုံးသာဒေါင်းလုတ် လုပ်ပေတော့ဗျာ။
Read more »

1/06/2012

The Hacker's Underground Handbook (Myanmar Version)

ဒါကတော့ The Hacker's Underground Handbook ကို မြန်မာလိုဘာသာပြန်ထားတာပါ။ File Size ကတော့ 3.45 MB ရှိပါတယ်။ Hacking စာအုပ်တွေ မြန်မာလိုဘာသာပြန်ထားတာ သိပ်မရှိတဲ့ခောတ်မှာ အခုလို မြန်မာ ဗားရှင်းနဲ့ဆိုတော့ (အနည်းဆုံးတော့) ဖတ်ရတာ အဆင်ပြေမှာပါ။ အနီးစပ်ဆုံးဖြစ်အောင် ဘာသာပြန်ထားတဲ့အတွက် နားလည်တတ်ကျွမ်းသူများအနည်ဖြင့် လိုအပ်တာရှိရင်လည်း စာရေးသူကိုယ်စား တောင်းပန်ပါတယ်ဗျာ။ ဘာသာပြန်ပေးတဲ့ အကိုကိုလည်း ကျေးဇူးတင်မိပါတယ်။
ဒေါင်းလုတ် link ကတော့ အောက်မှာဖြစ်ပါတယ်။ အဆင်ပြေကြပါစေဗျာ။
Read more »

The Hacker's Underground Handbook

Hacking အကြောင်းရေးထားတဲ့ အခြေခံစာအုပ်တစ်အုပ်ပါ။ အရင်က ဒီစာအုပ်ကို Google မှာရှာတွေ့ဖူးပါတယ်။ နောက်မှ blog တော်တော်များများမှာပြန်တွေ့လို့ တင်ပေးလိုက်တာပါ။ ဖိုင်ဆိုဒ်ကတော့ 2 MB ရှိပါတယ်။ Myanmar နိုင်ငံမှာတော့ ပေါ်ပြူလာအဖြစ်ဆုံး ဟက်ကင်းစာအုပ်ဖြစ်ပါတယ်။ စိတ်ဝင်စားသူများ ဒေါင်းနိုင်ပါတယ်ခင်ဗျာ။ ဒေါင်းလုတ်အတွက် link 3 ခုပေးထားပါတယ်။ အဆင်ပြေရာတစ်ခုကိုရွေးပြီးဒေါင်းပေါ့ဗျာ။
Read more »

Keylogger ဆိုသည်မှာ


 Keylogger ဆိုတာကြားဖူးကြမှာပါ။ အလွန်အန္တရယ်များတဲ့ hacking tool တစ်ခုပေါ့။ hacking 
ကိုစိတ်ဝင်စားတဲ့လူငယ်တွေအတွက်ရည်ရွယ်ပါတယ်။Keylogger တွေက အများကြီးပါ။ တခြား ကျွန်တော်သိသလောက်ကတော့ Free keylogger, Perfect Keylogger အစရှိသည်ပေါ့။ စမ်းချင်ရင် အင်တာနက်မှာရှာပြီး စမ်းသပ်နိုင်ပါတယ်။ အခု ကျွန်တော်ပြောမယ့် tool ကတော့ Ecodsoft Keylogger ပါ။ Free Download လုပ်ရင် 2 ရက်သုံးခွင့်ပေးပါတယ်။ သူ့ကို Install လုပ်ပြီးရင် Silent Mode ဖြစ်သွားပါမယ်။ ဆိုလိုတာက Tray icon လည်း ကွန်ပျူတာပေါ်မှာ မပေါ်ဘူး။ ဒါကြောင့် ဒီဆော့ဝဲလ် Run နေမှန်း
သိမှာမဟုတ်ပါဘူး။ သူ့ကို ဖွင့်ချင်ရင် Ctr+Alt+Shit+Z ကိုနှိပ်ပေးရပါတယ်။ ဒါကိုလည်း Ecodsoft Keylogger ကို Install လုပ်ကတည်းက Setting မှာပါဝင်ပြီးသားပဲဖြစ်ပါတယ်။ Ctr+Alt+Shit+Z ကိုမဟုတ်ပဲ Ctr+Alt+Shit+A ဒါမှမဟုတ် တခြားတစ်ခုခုပြောင်းလိုက်လို့လည်း ရသေးတယ်။ နောက်ပြီး Ecodsoft Keylogger  ကိုဖွင့်ချင်ရင် Ctr+Alt+Shit+Z ကိုနှိပ်ရချိန်မှာ Password တောင်းပါတယ်။
ဒါကြောင့် ဒီ ဆော့ဝဲလ်ရဲ့ Log ဖိုင်တွေကိုကြည့်ချင်ရင်Install လုပ်တဲ့လူကလွဲပြီး ကြည့်ခွင့်ရမှာမဟုတ်ပေ။ Ecodsoft Keylogger မှာ ပါဝင်တဲ့ Function တွေကတော့ Status, Setting, Screenshot, Log တွေပါပဲ။Status မှာ Keyboard မှာရိုက်ခဲ့သမျ၊ Skype, Facebook, Yahoo တွေမှာရိုက်သမျ Keystroke စတာတွေအားလုံးကိုမှတ်ထားပေးမှာပါ။ Setting မှာတော့
Log File တွေကို မိမိအီးမေးလ်အကောင့်ကို ပြန်ပို့ခိုင်းတဲ့ Option ပါဝင်ပါတယ်။ Screenshot မှာတော့ ခင်ဗျား သုံးနေသမျကို Screenshot အဖြစ်မှတ်ထားပေးပါတယ်။ Log မှာဆိုရင် ရက်အလိုက် ကိုယ်ကြည့်ချင်တဲ့ Date ကို ပြန်ကြည့်လို့ရပါတယ်။ အင်တာနက်ဆိုင်မှာ ဒီ tool ကို Install လုပ်ထားရင်တော့ လာသုံးတဲ့ လူတွေအတွက် မတွေးရဲစရာပါပဲ။ မသာမာတဲ့လူတွေဆိုရင်ပေါ့ဗျာ။ ဒါကြောင့် ဒီ post ကို တခြား မဟုတ်တဲ့နေရာမှာ တလွဲမသုံးဖို့ တောင်းပန်ပါတယ်။

Mediafire Link
Direct Download 
Read more »

1/05/2012

Open multiple Gtalk


ဒီနည်းကတော့ သိပြီးသားဖြစ်မှာပါ။ မသိသေးရင်တော့ ပညာတိုးတာပေါ့။ ကျွန်တော်တို့ အိမ်မှာ အင်တာနက်သုံးမယ်ဆိုရင် Gtalk ကို နှစ်ခုထက်မက ဖွင့်ချင်ရင် လုပ်ရမယ့် Configuration ပါ။
အင်တာနက်ကဖေးတွေမှာ သုံးတဲ့လူတွေကတော့ လုပ်စရာမလိုပါဘူး။ ဆိုင်က လုပ်ပေးပြီးသားပါ။ ကဲ စလုပ်ရအောင်။ အရင်ဆုံး Desktop ပေါ်က Gtalk shortcut ကို Right-click>Properties
ကိုသွားပါ။ ဒါဆိုရင် အောက်ကပုံအတိုင်းမြင်ရမှာဖြစ်ပါတယ်။

နောက်ပြီး ဆက်လုပ်ရမှာက Target ဘေးမှာရှိတဲ့ path ရဲ့နောက်ဆုံးမှာ /startmenu အစား /nomutex ကိုရိုက်ပေးရမယ်ဖြစ်ပါတယ်။ ပြီးရင်တော့ Apply>OK ကိုလုပ်လိုက်လို့ရပါ့ပြီ။
ကဲ ဒါဆိုရင်တော့ Gtalk ကို စိတ်ကြိုက် နှစ်ခုထက်မက ဖွင့်လို့ရပါပြီ။


Read more »

Matrix Falling Code Effect

Matrix ဇာတ်ကားထဲက ကွန်ပျူတာ Screen မှာ မြင်ရတဲ့ Screen Saver လိုမျိုး မြင်ရမှာပါ။ အဲဒီအတွက် အောက်မှာဖော်ပြထားတဲ့ code တွေကို Notepad ထဲမှာ Copy>Paste  လုပ်ပြီး .bat အဖြစ်သိမ်းပြီး စမ်းနိုင်ပါတယ်။ Save ရင် Save as type: နေရာမှာ All files ကိုရွေးထားပါစေ။ အင်တာနက်မှာတော့ The Matrix နာမည်နဲ့ Screen Saver ရှိပါတယ်။ ကျွန်တော်ကတော့ ကြိုက်တယ်ဗျာ။ ဒီ post မှာမြင်ရတဲ့ မြင်ကွင်းထက်တော့ လှတာပေါ့။ လိုချင်ရင်တော့ Googling လုပ်ပြီးတော့သာ ယူကြပေတော့။ ဖိုင်ဆိုဒ်ကလည်း KB လောက်ပါပဲ။
Read more »

DriverPack Solution 11

ကျွန်တော်သုံးနေတဲ့ DVD ခွေတစ်ခုပါ။ ခင်ဗျား PC မှာ Driver တစ်ခုလိုနေတာပဲဖြစ်ဖြစ်၊ ဖြစ်နိုင်သမျ Driver တွေအားလုံးကို စုစည်းထားပါတယ်။ တကယ်လို့ ခင်ဗျားက PC ပြင်တဲ့ IT  သမားတစ်ယောက်ဆိုရင် ဒီခွေကို ဆောင်ထားသင့်ပါတယ်။ ခွေမှာပါဝင်တဲ့အပိုင်းမှာ Driver ရယ်၊ Program ရယ်ဆိုပြီးရှိပါတယ်။ program မှာပါဝင်တာကတော့ လိုအပ်တဲ့ App တွေပါပဲ။ ဥပမာ  Foxit Reader, Avira Antivirus အစရှိသည်ဖြင့်ပေါ့။ တကယ်လို့ အင်တာနက်ချိတ်ထားတယ်ဆိုရင် driver Update လုပ်နိုင်ပါသေးတယ်။ ဖိုင်ဆိုဒ်ကတော့ 2.85 GB ရှိပါတယ်။ 
Read more »

Partition: (C) ကို Hiden လုပ်ရအောင်

Window တစ်ခုမှာ hard disk (C) ဟာ အလွန်အရေးကြီးလှပါတယ်.. Windows ၊ program ဖိုင်တွေအပြင် system ၊ system32 တို့လဲပါဝင်နေပါတယ်။ System32 ထဲကဖိုင်တစ်ခုခု ချို့ယွင်းသွားတဲ့ကွန်ပျူတာဟာ ဘာမှသုံးစားလို့ရတော့မှာ မဟုတ်ပါဘူး။ ဒီလိုအရေးကြီးတဲ့ C : hard disk ကိုဖျောက်ထားမယ် ဆိုရင်
ကျွန်တော်တို့အတွက် ပိုမကောင်းဘူးလား။ အရင်ဆုံး Run box မှာ gpedit.msc လို့ရိုက်ထည့်ပြီး enter ခေါက်ပါ။  Group Policy ဆိုတဲ့ box ကျလာပါမယ် User Configuration\ Windows Components မှ  Window Explore ကိုရွေးပြီး double click လုပ်ပါ။ ညာဘက်က box ထဲမှာ “ Hide these specified drives in my computer “ ဆိုတဲ့ စာကြောင်းကို ရှာလိုက်ပါ။ တွေ့ပြီဆိုရင်တော့ စာကြောင်းပေါ်မှာ right click ထောက်ပြီး properties ကိုရွေးပါ properties box မှ dorp down menu မှာ Restrict C drive only  ဆိုတဲ့စာကြောင်းကို ရွေး Enable ကို check လုပ်ပြီး Apply, Ok ပေါ့ဗျာ။


အခုဆိုရင် C: hard disk ကို My computer မှာတွေ့ရတော့မှာ မဟုတ်တော့ပါဘူး။
(အခုလို C:drive ကိုဖျောက်လိုက်တာဟာ partition လဲပြုလုပ်လို့မရနိုင်တော့ပါဘူး)။ ပြန်ပေါ်စေချင်ရင် အပေါ်ကအတိုင်းသွားပြီး Enable နေရာမှာ Disable ကိုရွေးထား
လိုက်ပါ။ အားလုံးပဲ အကျိုးရှိရှိ အသုံးချနိုင်ကြပါစေ။


Originally Post @ http://bp0.blogger.com
Read more »

12/31/2011

OphCrack Password Cracking Tool

 ဒီတစ်ခါ Oph Crack အကြောင်းကို မိတ်ဆက်ပေးပါမယ်။ သူလည်း LC5 နဲ့ခပ်ဆင်ဆင်ပါပဲ။ Windows Password မေ့ရင် သုံးဖို့ဖြစ်ပါတယ်။ ဒါပေမယ့် live CD ဖြစ်ပါတယ်။  XP နဲ့ Vista အတွက်ဆိုပြီးISO ဖိုင် နှစ်ခု download လုပ်ခွင့်ပေးထားပါတယ်။ File Size က အရမ်းကြီးတဲ့အတွက် download လုပ်ရပါတာအဆင်မပြေရင် ဆိုင်မှာသာမေးဝယ်လိုက်တော့။  Oph Crack ဆိုတာ Windows ရဲ့ Login Password တွေကို ကြည့်လို့ရတယ်လို့ ကြားဖူးထားတာကိုး။download ပြီးတော့ ရလာတာက ISO ဖိုင်ဆိုတော့ စီဒီပြန် Burn ပြီး စမ်းပါတယ်။ သူ့ကို First Boot Device အနေနဲ့ထားလိုက်တာပေါ့။ သူက Linux OS ကိုသုံးထားတာပါ။ အတိအကျပြောရရင်တော့ SLAX (slax.org) ကိုသုံးထားတာပါ။ Live
Read more »

Default install location ဖြစ်တဲ့ C မှာ Disk Space မလောက် ဖြစ်နေပါက


တစ်ခါတစ်လေ program တွေ တင်တာများလို့ C မှာ နေရာလွတ်မရှိတော့တာမျိုး၊ partition လဲ ထပ်မပေါင်းချင်၊ပေါင်းရတာလဲ အဆင်မပြေရင် အောက်ကနည်းအတိုင်းလုပ်လို့ ရပါတယ်။
ကျွန်တော်တို့ တင်လိုက်သမျှ application တွေအားလုံးဟာ C:\Program ထဲကို ရောက်တယ်ဆိုတာ သိကျမှာပါ။ အဲဒီတော့ C မှာနေရာလွတ်မရှိတော့ဘူးဆိုရင်တော့ တခြားနေရာလွတ်တဲ့ partition မှာတင်လို့ ရပါတယ်။ လမ်းကြောင်းပြောင်းလိုက်မှာပါ။  အရင် C:\Program Files နေရာမှာ ဥပမာ E:\Program Files ပေါ့။ အဲလိုပြောင်းလိုက်လို့ ဆော့ဝဲလ်တင်ရင်လဲ သူ့ ဘာသာသူ E:\Program Files ကိုသူ့ ဘာသာသူ ရွေးသွားပါလိမ့်မယ်။ ကဲ လုပ်ရအောင်။ Run ထဲမှာ regedit ရိုက်ပြီး Registry Editor ကိုခေါ်လိုက်ပါ။ ပြီးပါက အောက်က directory ကိုရောက်အောင်သွားပါ။
HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows\CurrentVersion
ပြီးရင် Current Version ကို နှိပ်လိုက်ပါ။ ညာဘက်က ProgramFilesDir ကို right click ထောက်ပြီး Modyfiy လုပ်လိုက်ရင် ဒီလိုလေးတွေ့ ရပါမယ်။
အဲဒီမှာ Value data ဟာ default install location ဖြစ်တဲ့ C:\Program Files ပါ။ ဒီနေရာမှာ နေရာလွတ်ရှိတဲ့ partition တစ်ခုမှာ path ကို create လုပ်လိုက်ပါ။ မိမိစိတ်ကြိုက်နာမည်ပေးလို့ ရပါတယ်။ ဥပမာ E:\My Application ပေါ့။
အဲဒါဆိုလုပ်နည်းပြီးပါပြီး။ Registry ကိုပိတ်လိုက်ပါ။ application တွေကို Install လုပ်ကြည့်ပါမယ်။ သူ့ ဘာသာ default install location ပြောင်းလိုက်ပြီးဖြစ်တဲ့ E:\My Application ထဲကိုရောက်နေတာတွေ့ ရမှာ ဖြစ်ပါတယ်။



Read more »

12/30/2011

Android Location & Security Function အသုံးပြုနည်း


ဒီတစ်ပတ်မှာတော့ Android Location & Security Function ဆိုတဲ့ထဲက ကျန်ရှိနေသေးတဲ့ အချက်အလက်တွေကို ဆက်လက်ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ Pin Lock Code စနစ်ကို အသုံးပြုထားတယ်ဆိုရင်တော့ ကိုယ့်ဖုန်းကိုသူများက Password မသိပဲ အသုံးပြုလို့ရမှာမဟုတ်သလို ဖုန်းခေါ်လို့လည်း ရမှာမဟုတ်ပါဘူး။ Pin Lock စနစ်ကိုအသုံးပြုထားပြီး မှတ်သားထားတဲ့ Password ကို မေ့လျော့သွားခဲ့တယ်ဆိုရင်တော့ ဖုန်းရဲ့ Sim Card ကို လုံးဝဖွင့်လို့ရမှာမဟုတ်တော့ပါဘူး။ ဒါကြောင့်ဒီစနစ်ကို အသုံးပြုတယ်ဆိုရင် ဂရုစိုက်စေချင်ပါတယ်။ Password မေ့သွားလို့ 
Read more »

Windows 7 မှာ Wifi Hotspot တည်ဆောက်ခြင်း

Windows 7 မှာ wifi-hotspot တစ်ခုသတ်မှတ်ရတာလွယ်ကူပါတယ်။ အရင်ဆုံး ကွန်ပျူတာမှာ wireless driver တပ်ဆင်ထားခြင်း ရှိမရှိစစ်ဆေးပါ။ Driver ကိုစစ်ဆေးဖို့ရာ My Computer ကို Right-click>Manage ကတစ်ဆင့် Device Manager ကိုသွားပါ။ အဲဒီမှာ Network Adaptor ကို expand လုပ်တဲ့အခါ Broadcom 802.11n Network Adaptor ဆိုတာကိုမြင်ရမှာပါ။ ဒါဟာ Wireless driver ဖြစ်ပါတယ်။ ဒီ Driver ရှိတယ်ဆိုရင် Wifi ထောင်လို့ရပါပြီ။
ပြီးရင် Start>Control Panel>Network and Internet>Manage Wireless Networks ကိုသွားပါ။ အဲဒီမှာ Add ကိုနှိပ်ပြီး Create an ad hot Network ကိုရွေးယူပါ။ ပုံမှာကြည့်ပါ။


အဲဒီအဆင့်ပြီးသွားရင် Next ကိုကလစ်ပြီး ဆက်သွားပါ။ နောက်မြင်ရမှာကတော့ Netwok Name, Security Type, Security Key တွေပါပဲ။ Network Name ဆိုတာ ခင်ဗျား Wifi ကို  တခြားလူတွေမြင်ရမယ့် name ဖြစ်ပါတယ်. Security Type မှာရွေးစရာ ၃ ခုရှိပါတယ်။ No authentication(Open), WEP, WPA2-Personal ဆိုပြီးတော့ပေါ့။ ကျွန်တော်ကတော့ No authentication (Open) ကိုပဲရွေးပါတယ်။ ဘာကြောင့်လဲဆိုတော့ WEP တို့ရွေးရင် Security Key တွေထည့်ရမယ်လေ။ တကယ်လို့ ခင်ဗျား Wifi ကို password ခံထားချင်တယ်ဆိုရင် WEP ကိုရွေးထားနိုင်ပါတယ်။
WEP ထက်ပိုပြီး Security မြင့်ချင်ရင် WAP2 ကိုရွေးပါလေ။ WEP နဲ့ protection လုပ်ထားတဲ့ Network ကို Backtrack Linux Live CD နဲ့key တွေကို Crack လုပ်နိုင်ပါတယ်. ဒါပေမယ့် WAP2 ကစက်တိုင်းနဲ့
ကိုက်ညီမှုမရှိဘူးဆိုတာကိုလည်း သိထားရပါမည်။ ဒီနေရာမှာတော့ Open လုပ်ထားတဲ့အတွက် Data တွေကို share လုပ်မယ်ဆိုတဲ့ သဘောနဲ့ပါ။ ကောင်းပါပြီ။ Next ကိုနှိပ်ပြီး Close ကိုနှိပ်ရင် ရပါပြီ။ Computer ရဲ့ အောက်ခြေ Task bar မှာ Wireless Network Icon ကိုဖွင့်ကြည့်ပါ။ အဲဒီမှာ ကျွန်တော်ပေးထားတဲ့ နာမည်နဲ့ Waiting for users ဆိုတာကိုတွေ့ရမှာပါ။ တကယ်လို့ တစ်ဘက်က user တစ်ယောက်က ကျွန်တော့် Wifi ကိုတွေ့ပြီး Connect လုပ်ခဲ့ရင် ကျွန်တော့်ဆီမှာလည်း Connected ဆိုပြီးမြင်ရမှာဖြစ်ပါတယ်။ အောက်က ပုံကို ကြည့်ပါ။
ဒါတွေလုပ်ပြီးသွားပြီ။ မပြီးသေးဘူး။ Windows 7 မှာ ဖိုင်တွေကို share လုပ်ဖို့ Start>Control Panel>Network and Internet>Network and Sharing Center ကနေ Change advanced sharing settings ထဲကိုသွားပါ။ ရှင်းသွားအောင် ပုံကိုကြည့်လိုက်ပါ။
ကျွန်တော်တို့ လုပ်ရမှာက Home or Work ဒါမှမဟုတ် Public မှာ Network Discovery ကို On ပေးရပါမယ်။ File and printer sharing ကိုလည်း On ပေးရပါမယ်။ Public folder sharing ကိုလည်း On ပေးနိုင်ပါတယ်။ Public folder sharing ကို On လိုက်ရင် တစ်ဘက် ကွန်ပျူတာကနေ ခင်ဗျားကွန်ပျူတာရဲ့ C:\Users\Public ဆိုတဲ့ folder ကို access လုပ်နိုင်သွားပါလိမ့်မယ်။ Sharing လုပ်ပေးချင်တယ်ဆိုရင် ON ပေးနိုင်ပါတယ်။ အဲဒီ folder ထဲမှာ ခင်ဗျား share ပေးချင်တဲ့ ဆော့ဝဲလ်တွေ ဖိုင်တွေ အစရှိသည်ဖြင့် ထည့်ထားပေးလိုက်ပေါ့။
ဒီ ဖိုလ်ဒါကို ဟိုဘက်ကွန်ပျူတာကနေ ဘယ်လိုaccess လုပ်မလဲ။ ကွန်ပျူတာရဲ့ Computer name ကိုသိဖို့လိုပါတယ်။ ဒီနေရာမှာ User Account Name နဲ့မမှားဖို့ သတိပြုစေချင်ပါတယ်။ ကွန်ပျူတာ name ကိုသိရဖို့ Win+R ကိုနှိပ်ပြီး cmd ဟုရိုက်ထည့်ပါ။ Command prompt ပေါ်လာရင် hostname ဟုရိုက်ထည့်ပါ။ ဒါဆိုရင် သိရပါပြီ။
ကွန်ပျူတာ hostname ကတော့ performance ဖြစ်ပါတယ်။ ဒါကြောင့် ဟိုဘက်ကွန်ပျူတာကနေ ကျွန်တော့် PC ကို access လုပ်မယ်ဆိုရင် အခုလို Run box (Win+R) မှာ \\Performance ဟုရိုက်ထည့်ပြီး ၀င်ရမှာဖြစ်ပါတယ်။
ဒီ hostname ကို ကိုယ်စိတ်ကြိုက်ပြောင်းထားလို့လည်းရပါတယ်. တကယ်လို့ ပြောင်းချင်ရင်တော့ My Computer ကို Right-click>Properties ခေါ်ပါ။ အဲဒီမှာ Computer name, domain and workgroup settings အောက်ကဘေးမှာ Change settings ကိုကလစ်ပါ။ ပြီးရင် Computer name(Tab) အောက်က Change ကိုနှိပ်ပြီး ပြောင်းနိုင်ပါပြီ။ ကွန်ပျူတာကို Restart လုပ်ဖို့တောင်းဆိုပါလိမ့်မယ်။ Restart လုပ်ပြီးရင်တော့ ပြောင်းသွားမှာဖြစ်ပါတယ်။

Read more »