အားလုံးပဲ မင်္ဂလာပါခင်ဗျာ။ ကျွန်တော်အခု ကျွန်တော်တို့လူသိများတဲ့ Gtalk မှာထူးဆန်းတဲ့ အကောင့်နာမည်တစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဒါကတော့ guru@googlelabs.com ဖြစ်ပါတယ်။ ဒီကောင်ကိုသာ invite လုပ်ထားမယ်ဆိုရင် ဟိုဘက်ကလက်ခံလိုက်တာနဲ့ ခင်ဗျားသူ့ကို
ကြိုက်တာမေးလို့ရပါပြီ။ ခင်ဗျားမေးသမျကို ပြန်လည်ဖြေကြားမှာဖြစ်ပါတယ်။ ဒါပေမယ့် English
လိုတော့ရိုက်ပေးရမှာဖြစ်ပါတယ်။ ဒီလိုထူးထူးဆန်းဆန်း အကောင့်တွေ အင်တာနက်မှာအများကြီးရှိပါသေးတယ်။ မိမိအတွက်အဆင်ပြေမယ့် အကောင့်တွေကို add ထားမယ်ဆိုရင် အကျိုးရှိမှာမဟုတ်ဘူးလား။ နောက်ထပ်လည်း စိတ်ဝင်စားဖွယ်ရာကောင်းတဲ့ အကောင့်အလန်းတွေနဲ့မိတ်ဆက်ပေးမှာဖြစ်လို့ စောင့်မျော်အုံးနော်။