ဒီတစ်ခါ Oph Crack အကြောင်းကို မိတ်ဆက်ပေးပါမယ်။ သူလည်း LC5 နဲ့ခပ်ဆင်ဆင်ပါပဲ။ Windows Password မေ့ရင် သုံးဖို့ဖြစ်ပါတယ်။ ဒါပေမယ့် live CD ဖြစ်ပါတယ်။ XP နဲ့ Vista အတွက်ဆိုပြီးISO ဖိုင် နှစ်ခု download လုပ်ခွင့်ပေးထားပါတယ်။ File Size က အရမ်းကြီးတဲ့အတွက် download လုပ်ရပါတာအဆင်မပြေရင် ဆိုင်မှာသာမေးဝယ်လိုက်တော့။ Oph Crack ဆိုတာ Windows ရဲ့ Login Password တွေကို ကြည့်လို့ရတယ်လို့ ကြားဖူးထားတာကိုး။download ပြီးတော့ ရလာတာက ISO ဖိုင်ဆိုတော့ စီဒီပြန် Burn ပြီး စမ်းပါတယ်။ သူ့ကို First Boot Device အနေနဲ့ထားလိုက်တာပေါ့။ သူက Linux OS ကိုသုံးထားတာပါ။ အတိအကျပြောရရင်တော့ SLAX (slax.org) ကိုသုံးထားတာပါ။ Live
12/31/2011
Default install location ဖြစ်တဲ့ C မှာ Disk Space မလောက် ဖြစ်နေပါက

တစ်ခါတစ်လေ program တွေ တင်တာများလို့ C မှာ နေရာလွတ်မရှိတော့တာမျိုး၊ partition လဲ ထပ်မပေါင်းချင်၊ပေါင်းရတာလဲ အဆင်မပြေရင် အောက်ကနည်းအတိုင်းလုပ်လို့ ရပါတယ်။
ကျွန်တော်တို့ တင်လိုက်သမျှ application တွေအားလုံးဟာ C:\Program ထဲကို ရောက်တယ်ဆိုတာ သိကျမှာပါ။ အဲဒီတော့ C မှာနေရာလွတ်မရှိတော့ဘူးဆိုရင်တော့ တခြားနေရာလွတ်တဲ့ partition မှာတင်လို့ ရပါတယ်။ လမ်းကြောင်းပြောင်းလိုက်မှာပါ။ အရင် C:\Program Files နေရာမှာ ဥပမာ E:\Program Files ပေါ့။ အဲလိုပြောင်းလိုက်လို့ ဆော့ဝဲလ်တင်ရင်လဲ သူ့ ဘာသာသူ E:\Program Files ကိုသူ့ ဘာသာသူ ရွေးသွားပါလိမ့်မယ်။ ကဲ လုပ်ရအောင်။ Run ထဲမှာ regedit ရိုက်ပြီး Registry Editor ကိုခေါ်လိုက်ပါ။ ပြီးပါက အောက်က directory ကိုရောက်အောင်သွားပါ။
HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows\CurrentVersion
HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows\CurrentVersion
ပြီးရင် Current Version ကို နှိပ်လိုက်ပါ။ ညာဘက်က ProgramFilesDir ကို right click ထောက်ပြီး Modyfiy လုပ်လိုက်ရင် ဒီလိုလေးတွေ့ ရပါမယ်။
အဲဒီမှာ Value data ဟာ default install location ဖြစ်တဲ့ C:\Program Files ပါ။ ဒီနေရာမှာ နေရာလွတ်ရှိတဲ့ partition တစ်ခုမှာ path ကို create လုပ်လိုက်ပါ။ မိမိစိတ်ကြိုက်နာမည်ပေးလို့ ရပါတယ်။ ဥပမာ E:\My Application ပေါ့။
အဲဒါဆိုလုပ်နည်းပြီးပါပြီး။ Registry ကိုပိတ်လိုက်ပါ။ application တွေကို Install လုပ်ကြည့်ပါမယ်။ သူ့ ဘာသာ default install location ပြောင်းလိုက်ပြီးဖြစ်တဲ့ E:\My Application ထဲကိုရောက်နေတာတွေ့ ရမှာ ဖြစ်ပါတယ်။
Labels:
Tips and Tricks
Subscribe to:
Posts (Atom)