1/08/2015

Movie Cinema im my Computer

  
ကျွန်တော်လည်း ဘလော့ကိုပစ်ထားတာ ၄-၅ လလောက်တော့ကြာပြီထင်တာပဲ၊ ဘလော့ရေးဖို့ဆိုတာကလည်း Mood ဝင်အုံးမှကိုး။ နောက်ပိုင်း သိပ်အချိန်မပေးနိုင်တာရယ် စိတ်မပါတာလည်းပါတာပေါ့လေ။ နောက် ၂ဝ၁၅ မေလလောက်ဆိုရင် ဘလော့ဒိုမိန်းသက်တမ်းလည်း expire ဖြစ်တော့မှာပါ။ ဘလော့ကိုသက်တမ်းဖို့တော့ စိတ်ကူးမရှိသေးပါဘူး။ ဆက်ရေးဖို့လည်း မသေချာပါဘူး။ ခုနောက်ပိုင်းတော့ ဘလော့တွေမိုလိုပေါလာတဲ့ခေတ်မှာ လူတွေက ဖုန်းဘက်ကိုပဲ အာရုံရတော့တယ်။ နည်းပညာဆိုတာက တစ်နေ့တစ်နေ့ မရိုးနိုင်အောင် ဆန်းသစ်နေတာမဟုတ်ပါလား။
ဒီတော့ အသစ်အသစ်ကို လိုက်မှီနိုင်ဖို့ဆိုတာ မလွယ်ပါဘူး။ နောက်မကျကျန်ခဲ့အောင်တော့ အမြဲစောင့်ကြည့်ရတာပေါ့လေ။  ဘာဖြစ်ဖြစ် ကျွန်တော် ဒိုမိန်းသက်တမ်းကုန်ခဲ့ရင်တောင့် www.soesoediary.blogspot.com အနေနဲ့ ဖြစ်ဖြစ် ဆက်ရှိနေနိုင်ကောင်းပါတယ်။ (သိပ်တော့ မသေချာပါဘူးဗျာ) ဒါကတော့ နိဒါန်းစကားဖြစ်မလား နှုတ်ဆက်စကားဖြစ်မလား မပြောတတ်ပါဘူး။
ကျွန်တော့်ဘလော့ကို Contribute လုပ်ပေးတဲ့ ညီအကိုများကိုလည်း ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ဒိုမိန်းသက်တမ်းကုန်တော့မှာမို့ရယ်၊ ကျွန်တော် အမြဲတမ်းပြန်ကြည့်နိုင်မှာ မသေချာတော့လို့ ပြန်ဖြုတ်လိုက်ပါပြီ။ တမျိုးတော့မထင်စေချင်ပါဘူး။ နားလည်ပေးမယ်လို့ မျော်လင့်ပါတယ်။

ခုတလော ကျွန်တော်ကတော့ Torrent ကနေ ဇာတ်ကားတွေဆွဲတယ်။ ကြည့်တယ်။ ဒါပဲလုပ်နေတာပါပဲ။
ဒီတော့ Torrent အတွေ့အကြုံလေး ဆွေးနွေးကြမယ်ဗျာ။ ဒီတော့ ခင်ဗျားက ဇာတ်ကားဆွဲတော့မယ်ဆိုရင်
Torrent အကြောင်းကို နားလည်ဖို့ လိုလာပြီဗျာ။ ဒါကြောင့် Torrent အကြောင်း ရေးထားတဲ့ပို့စ်လေးတွေ မသိသေးရင် ဖတ်ကြည့်ပါ။


ဟုတ်ပြီဗျာ။ ဒီတော့ ခင်ဗျားက ဇာတ်ကားတွေ ဆွဲတော့မယ်ဆို ကျွန်တော် အကြံပေးလိုတဲ့ နာမည်ကြီး torrent site နှစ်ခုရှိတယ်။ အဲဒီကနေ သွားဆွဲပါ


တစ်ခုရှိသေးတယ်ဗျာ။ အဲဒါကတော့ Movie တွေမှာ Type တွေရှိတယ်။ 720p, 1080p, DVD, CAM ဘာညာဆိုပြီး။ ကျွန်တော်ကတော့ ကွန်နက်ရှင် သိပ်မကောင်းတော့ 720p ကိုပဲဆွဲလေ့ရှိပါတယ်။ 600-900 MB ဝန်းကျင်ရှိပြီး ကွန်ပျူတာနဲ့ကြည့်ရတာ လုံးဝအကြည်မဟုတ်ပေမယ့် တော်တော်လေးကောင်းပါတယ်။ ဒီတော့ ကွန်နက်ရှင်သိပ်မကောင်းသူများ
720p ကိုသာရွေးချယ်သင့်ပါတယ်။ 1080p ကတော့ အကြည်ပေါ့ဗျာ။ DVD, BlueRay, 3D ဆိုရင်တော့ ပိုမိုက်မှာပေါ့။ ဒါပေမယ့် ဖိုင်ဆိုဒ်က 1-5 GB ထိရှိသွားပါလိမ့်မယ်။ ကွန်နက်ရှင် ဖလန်းဖလန်းထနေရင်တော့ အဲဒီအမျိုးအစားကို ဆွဲပေါ့ဗျာ။ အဲ အချို့ဇာတ်ကားတွေက DVD မထွက်သေးဘူး။ ရုပ်ရှင်ရုံကနေ ကင်မရာနဲ့ခိုးရိုက်ပြီး ပြန် encode လုပ်ထားတာမျိုး။ များသောအားဖြင့် စောစောတွေ့ရလေ့ရှိတဲ့ ဇာတ်ကားတွေပေါ့။ သူတို့တွေကတော့ CAM version လို့ခေါ်ပါတယ်။ အရည်အသွေးကတော့ မကောင်းပါဘူး။ လုံးဝ မနေနိုင်အောင် ကြည့်ချင်လှပါတယ်ဆိုမှ ဆွဲသင့်ပါတယ်။ ဘာကြောင့်ဆို အသံအရည်အသွေး၊ ပုံထွက်တွေက ပုံမလာပါဘူး။ နည်းဆုံးတော့ 720p ထွက်တာကို စောင့်သင့်ပါတယ်။

Torrent ကနေ Internet Download Manager နဲ့ဆွဲလို့ရအောင် လုပ်ပေးတဲ့ဆိုဒ်တွေရှိပါတယ်။ Torrent ကနေဆွဲရင် p2p ကနေသွားတော့ ကွန်နက်ရှင် speed ကအရမ်းနှေးတယ်ဗျာ။ ဒီတော့ ဇာတ်ကားတစ်ခုရဖို့ ၁ ရက်လောက်အချိန်ပေးရတာမျိုးဖြစ်လိမ့်မယ်။ ဒီတော့ ကိုယ်က အဲသလိုအချိန်ပေးဒေါင်းနိုင်ဖို့လည်း လိုမယ်ဗျာ။ IDM ကနေတိုက်ရိုက်ဆွဲနည်းအတွက် ဒီပို့စ်ကို ဖတ်ကြည့်ပါ


ဒါပေသိ သူကတော့ limit ရှိတယ်ဗျ။ ဖိုင်ဆိုဒ်ကို 1GB ထိပဲခွင့်ပြုတာတို့ပေါ့။ အခြား leeching service ပေးတဲ့ဆိုဒ်တွေလည်း ရှိပါသေးတယ်။ ရှာကြည့်ပေါ့ဗျာ။ Phone ကနေ torrent နဲ့ဆွဲချင်တယ်ဆိုရင်လည်းရပါတယ် uTorrent Apk ဖိုင်ကိုဒေါင်းပြီး အသုံးပြုနည်းကတော့ Windows နဲ့အတူတူပါပဲ။

ဇာတ်ကားဆွဲလိုက်ပြီဆိုရင်ဖြင့် အချို့ torrent တွေက စာတန်းထိုးတစ်ခါတည်းပါလာတယ်။ အချို့က မပါလာဘူး။ များသောအားဖြင့်က .srt ဖိုင်တွေပါ။ ဒါတွေကို www.subscene.com မှာ ကိုယ်ဒေါင်းထားတဲ့ ဇာတ်ကားနာမည်နဲ့ကိုက်တဲ့ စာတန်ထိုးဖိုင်ကို ရှာပြီး ဒေါင်းနိုင်ပါတယ်။
အဲ ကံကောင်းရင် မြန်မာစာတန်းထိုးဖိုင်တွေကိုပါ တွေ့နိုင်ပါသေးတယ်ဗျာ။ မြန်မာစာတန်းထိုးဖိုင်တွေကို ကြည့်မယ်ဆိုရင် VlC Player မှာ Tools>Preferences>Subtitles/OSD ကနေ Default encoding=Universal(UTF-8) မှာ Font=Zawgyi-one ဒါမှမဟုတ် WinInnwa ကိုရွေးပြီး Save ရပါမယ်။ စာတန်းထိုးဖိုင်တွေကို VLC မှာ Subtitles>Add subtitle ကနေ ဖွင့်လို့ရပါတယ်။  ပို့စ်ကတော့ ဒီလောက်ပါပဲဗျာ။ တကယ်လို့ သိချင်တာရှိရင် မရှင်းတာရှိရင် မေးနိုင်ပါတယ်။ ပို့စ်ကတော့ ဒီမှာတင် တော်ကြအုံးစို့။ :)



Read more »