ကဲ ဒါလေးကတော့ Galaxy Ace S5830i ကို Root လုပ်နည်းလေးပါ။ ဒီအတွက် ဆော့ဝဲလ်တစ်ခုကိုတော့ အရင်ဆုံး ဒေါင်းထားဖို့လိုပါတယ်။ ဒီနည်းလမ်းကို ကျွန်တော်ကိုယ်တိုင်စမ်းသပ်အောင်မြင်သွားလို့ တင်ပေးလိုက်ပါတယ်။ ကိုယ်တိုင်မစမ်းသပ်ခဲ့တဲ့ နည်းတွေကိုလည်း ပြန်ရှယ်ပါတယ်။ :D လိုအပ်တဲ့ဆော့ဝဲလ်ကို ဒီ မှာဒေါင်းပါ။ ဒေါင်းပြီးသွားရင် update.zip ဆိုတဲ့ဖိုင်တစ်ခုရပါမည်။ ဖိုင်ဆိုဒ်က 1.11 MB ပါ။ အဲဒါကို SD Card (Internal) ထဲထည့်ထားပါ။ ပြီးရင် Recovery Mode ကိုသွားဖို့ Power Button+Home Button+Volume Up ကီးကိုတစ်ဆက်တည်း စက္ကန့်အနည်းငယ်ဖိထားလိုက်ပါ။