3/30/2013

Galaxy Ace S5830i ကို Root လုပ်ခြင်း


ကဲ ဒါလေးကတော့ Galaxy Ace S5830i ကို Root လုပ်နည်းလေးပါ။ ဒီအတွက် ဆော့ဝဲလ်တစ်ခုကိုတော့ အရင်ဆုံး ဒေါင်းထားဖို့လိုပါတယ်။ ဒီနည်းလမ်းကို ကျွန်တော်ကိုယ်တိုင်စမ်းသပ်အောင်မြင်သွားလို့ တင်ပေးလိုက်ပါတယ်။ ကိုယ်တိုင်မစမ်းသပ်ခဲ့တဲ့ နည်းတွေကိုလည်း ပြန်ရှယ်ပါတယ်။ :D လိုအပ်တဲ့ဆော့ဝဲလ်ကို ဒီ မှာဒေါင်းပါ။ ဒေါင်းပြီးသွားရင် update.zip ဆိုတဲ့ဖိုင်တစ်ခုရပါမည်။ ဖိုင်ဆိုဒ်က 1.11 MB ပါ။ အဲဒါကို SD Card (Internal) ထဲထည့်ထားပါ။ ပြီးရင် Recovery Mode ကိုသွားဖို့ Power Button+Home Button+Volume Up ကီးကိုတစ်ဆက်တည်း စက္ကန့်အနည်းငယ်ဖိထားလိုက်ပါ။

 
ဒါဆိုရင် Recovery Mode ထဲကိုအောက်ကပုံအတိုင်းတွေ့ရပါမည်။Volume Down ကီးနဲ့update.zip ကိုရွေးပါ။ တကယ်လို့ ဖိုင်ကို External SD Card ထဲထည့်ထားမည်ဆိုရင် Apply update from external SD Card ကနေတစ်ဆင့် update.zip ကိုရွေးပေးရမှာပါ။ ရွေးပြီးတာနဲ့ Home Button ကိုနှိပ်ပြီး အတည်ပြုပါ။ ပြီးတာနဲ့ Reboot လုပ်လိုက်ပါ။ ပါဝါပြန်တက်လာတာနဲ့ Super user ဆိုတာကို အရိုးခေါင်းပုံနဲ့တွေ့ရရင် Root ပြီးသွားပါပြီ။ သေချာအောင် Root Checker နဲ့စစ်ဆေးကြည့်လိုက်ပေါ့။
ကဲ ဒါဆိုရင်တော့ Galaxy Ace S5830i ကို Root လုပ်ခြင်းလုပ်ငန်း ပြီးသွားပါပြီ။ ဇော်ဂျီဖောင့်တွေ၊ လက်ကွက်တွေကိုတော့ ကိုယ့်အစီစဉ်ဖြင့် သွင်းနိုင်ပါပြီ။ အားလုံးအဆင်ပြေကြပါစေဗျာ။

update.zip  (Mirror Link)

No comments:

Post a Comment

If you good, i don't bad. if you think you can bark me, I think i can also fuck you. I'm just ordinary person. Is that OK? :)