Showing posts with label File Storage. Show all posts
Showing posts with label File Storage. Show all posts

3/09/2014

MiloShare FileUploader V.0.1.3(beta) Android Application

MiloShare FileUploader V.0.1.3(beta) Android Application

အား Download ရယူနိုင်ပါပြီ။

Download Link ➳ http://bit.ly/MiloShare

Mirror Download Link ➳ http://bit.ly/MiloShareApk
[Copy This Link & Paste in Download Manager.
Save As MiloShare.apk and Start Download]

File Size - 1006 KB /0.98MB

Instructions
➳ ➳ ➳ ➳ ➳

MiloShare FileUploader Android Application ကိုအသုံးပြုရန် http://MiloShare.com တွင် ပထမဦးဆုံး အကောင့်ပြုလုပ်ထားရန် လိုအပ်ပါသည်။
MiloShare Account မရှိပါက http://miloshare.com/?op=registration တွင် သွားရောက် အကောင့်ပြုလုပ်နိုင်ပါသည်။
Email အကောင့် တစ်ခုရှိရန်လိုအပ်ပြီး မိမိ Email Confirm ပြုလုပ်ပြီးသည်နှင့် သင်၏ MiloShare Account သည် Active ဖြစ်ကာ10GB Free ရယူ အသုံးပြု နိုင်ပြီ ဖြစ်ပါသည်။

Install လုပ်ပြီးပြီးခြင်း Open လိုက်သည်နှင့် Login လုပ်ခိုင်းပါမည်။
Login မှားပါက ပြန်လည် မေးမြန်းနေမည် သာ ဖြစ်သည်။ ရှေ့ဆက်၍ မရနိုင်ပါ။

Login မှန်ပါက အကောင့်အတွင်း ၀င်ရောက်နိုင်ပြီး Not Responding နဲ့ကြုံတွေ့ရမည်။ Wait ပေးလိုက်ပါ။

ခဏအကြာ မိမိတင်ထားသော ဖိုင်အားလုံးကို တွေ့ရပါမည်။

Features
➳ ➳ ➳ ➳

★ Upload လုပ်ထားသော ဖိုင်အတွက် Download Link ကို Copy ကူနိုင်ခြင်း ၊
★ Upload လုပ်ထားသော ဖိုင်ကို Rename လုပ်နိုင်ခြင်း ၊
★ Select မှတ်ပြီး အမှိုက်ပုံးပုံ နှိပ်ပြီး Delete လုပ်နိုင်ခြင်း၊
★ အပေါင်း လက္ခဏာကို နှိပ်ကာ မိမိ Android ဖုန်းမှ File များကို Upload လုပ်နိုင်ခြင်း၊
★ အခြား Host များထက် ပိုမိုလျှင်မြန်စွာ Upload ပြုလုပ်နိုင်ခြင်း၊

MiloShare FileUploader Android Application သည် MiloShare User များအတွက် လိုအပ်သဖြင့် အချိန်မီ ဖန်တီးပေးထားသော Tool တစ်ခုသာဖြစ်ပါသည်။

Suggestions များ,Error များ, Bugs များကို http://miloshare.com/contact.html တွင် Ticket ဖြင့် အကြံပြု ရေးသားနိုင်ပါသည်။ အခက်အခဲ တစ်စုံတစ်ရာ ရှိကလည်း Contact သို့ Ticket ဖြင့် အကူအညီ Support များ ရယူ နိုင်ပါသည် ဟု သတင်းကောင်းပါးရင်း နိဂုံးချုပ်အပ်ပါသည်။
Read more »

6/19/2013

Upload တင်ပေးမယ့်ဘဘောဂါများနဲ့ Download လုပ်သူများသို့

ကျွန်တော်ဆိုဒ်ကို လာလည်ကြတဲ့မိတ်ဆွေများအားလုံး မင်္ဂလာပါဗျာ။ ကျွန်တော်ဒီပို့စ်ကိုရေးဖြစ်တာ တစ်ချက်ခုတ်နှစ်ချက်ပြတ်စေချင်လို့ပါ။ ၁ အချက်ကတော့ ဘလောဂါသမားတွေအတွက် ဖိုင်တွေကို hosting site တွေမှာတင်တဲ့အခါ သတိပြုစေဖို့၊ ၂ အချက်ကတော့ လာလည်သူ Download ပြုလုပ်မည့် မိတ်ဆွေများအနေနဲ့ ဖိုင်တွေကိုဒေါင်းရင် သိထားသင့်မည်ထင်တဲ့ တချို့အကြောင်းအရာလေးတွေပါ။ ဖိုင့် Hosting Site တွေနဲ့ပတ်သက်ပြီး ကျွန်တော်ပို့စ်တစ်ခုတင်ပေးခဲ့ဖူးပါတယ်။ ကျွန်တော်ဘလော့စရေးခါစက mediafire ကနေစပြီးဖိုင်တွေတင်ပါတယ်။ Copyright နဲ့တိုးလို့အကောင့်လောကျပါတယ်။ ဒုတိယအကောင့်ထပ်လုပ်တယ်။ နောက်တစ်ခါလော့ကျပါတယ်။ ဖိုင်တွေကို ညမအိပ်ဘဲတင်ထားရတာဆိုတော့ နှမြောလိုက်တာပေါ့ဗျာ။ နောက် minus ကိုထပ်ပြေင်းတယ်။ သူကလည်း အစကတော့ ဟုတ်မလိုလိုနဲ့ နောက်ပိုင်းတော့ အယ်ရာတက်တာပါပဲ။ ဒါကြောင့် ကျွန်တော်ကတော့ minus ကိုစွန့်လွတ်လိုက်ပြီ။ ကဲ လိုရင်းတိုရှင်းပဲပြောရအောင်ဗျာ။ ဘလော့ဂါသမားတွေအနေနဲ့ ဖိုင်တွေကိုတင်ပေးမယ်ဆိုရင် ဖြစ်နိုင်ရင်တော့ Pro Account တွေကနေတင်ပေးနိုင်ရင်တော့ ကောင်းတာပေါ့။ ဒါပေမယ့် Copyright နဲ့ညှိလို့ကတော့ ပရိုအကောင့်လည်း လစ်သွားနိုင်ပါတယ်။ :D ဒီတော့ မြန်မာလိုစာအုပ်တွေဆိုရင်တော့ mediafire ကသင့်တော်ပါတယ်။ ဆော့ဝဲလ်တွေကိုတော့ mediafire မှာမတင်ပေးတာအကောင်းဆုံးပါပဲ။ Solidfiles ကတော့ ခုလောလောဆယ်အကောင်းဆုံးအနေထားပါ။ Free account အတွက် 50 GB တောင်ပေးထားပါတယ်။ ဖိုင်တွေကိုလည်း ဖျက်တာမတွေ့ရသေးပါ။ နောက်ပြီး ဒေါင်းမယ့်သူများအနေနဲ့ solidfiles ကနေဒေါင်းရင် တခါတလေ အယ်ရာတက်ပါတယ်။ စိတ်မပျက်ပါနဲ့။ နောက်တစ်ခါစမ်းကြည့်ပါ။ ကျွန်တော်စမ်းတာ တခါတလေ 10 ခါလုပ်မှာရပါတယ်။ သဘောကတော့ ဖိုင်ပျက်တာမဟုတ်ပါဘူး။ Service ခဏရပ်တာပါ။ ဒါကိုတော့ ဒေါင်းမယ့်သူများ တစ်ချက်သတိပြုပါ။ Mirrorcreator လည်းမဆိုးပါ။ ခုထိတော့ အကောင့်လော့ကျတာ၊ ဖိုင်တွေဖျက်ပစ်တာမတွေ့ရသေးပါ။ Zippyshare, Sharebeast, Uploadmb, Hostr.co တွေကတော့ ကျွန်တော်လောလောဆယ်သုံးနေပါတယ်။ d-h.st လည်းမဆိုးပါဘူး။ ဒါပေမယ့် ခုတလော ဖိုင်တွေအယ်ရာတက်လာသလိုပဲ။ Dropxox ကနေ Syn method နဲ့ upload လုပ်ရတာအဆင်ပြေတယ်။ 2 GB ရတယ်ဆိုတော့ အကောင့်တွေအများကြီးလုပ်ပြီး ဖိုင်တွေတင်ရင်အဆင်ပြေတာပေါ့။ :D ကဲ ပို့စ်လေးကတော့ ဒါပါပဲဗျာ။ :D
Read more »

6/11/2013

1 GB ထိ Upload တင်နိုင်တဲ့ Host တစ်ခု

ဘလော့ဂါသမားတွေ စမ်းကြည့်သင့်တဲ့ File Hosting Site လေးတစ်ခုပါ။ အကောင့်တစ်ခု Register လုပ်ထားရုံနဲ့ File Storage Space 100 GB ရမှာဖြစ်ပါတယ်။ upload limit ကတော့ 1024 MB ဖြစ်ပါသတဲ့။ 1 GB ဆိုပါတော့ဗျာ။ Register လုပ်ရတာလည်းလွယ်ပါတယ်။ Email Confirmation လုပ်နေစရာမလိုပါဘူး။ Premium Account သာဝယ်နိုင်လို့ကတော့ ရှယ်ပဲနေမှာ။ ရိုးရိုး ကျွန်တော်တို့လို Register user တွေတင်ထားတဲ့ဖိုင်ကို နောက်ဆုံးဒေါင်းပြီး ရက် 60 အကြာမှ အဲဒီဖိုင်ကိုဖျက်ပစ်မှာလို့ဆိုပါတယ်။ ရက် ၆၀ ကြာမှဖျက်မှာဆိုတော့ ဆိုးတော့မဆိုးပါဘူး။
Read more »