Showing posts with label Games. Show all posts
Showing posts with label Games. Show all posts

9/01/2013

Call Of Duty Modern Warfare [PC Game]

Call Of Duty Modern Warfare ဂိမ်းပါ။ ထုံးစံအတိုင်း ဝါသနာပါရင် ကွန်ကောင်းရင်၊ စိတ်ရှည်မယ်ဆိုရင် ဒေါင်းနိုင်ပါတယ်။ ဖိုင်ဆိုဒ်ကတော့ များတယ်။ ကျွန်တော်လည်း ဘာပို့စ်ရေးရမလဲ ခေါင်းစဉ်ရှာမတွေ့တာနဲ့ ကောက်တင်လိုက်တာ။ ဟီး။ ဒါပေမယ့် ကျွန်တော်အခု Kali နဲ့ပတ်သက်တဲ့ Tips လေးတွေ ပို့စ်ရေးဖို့ ကြိုးစားနေပါတယ်။ မဒေါင်းခင် System Requirement ကိုကြည့်အုံးဗျ။ အဆင်ပြေကြပါစေ။ 

Minimum System Requirements:
OS: Windows XP, Vista or Windows 7
CPU: Intel Core 2 Duo E6600 or AMD Phenom X3 8750 processor or better
RAM: 2 GB
HDD: 16 GB free disk space
Graphics: 256 MB card with shader model 3
Sound Card: DirectX 9 Compatible
DirectX: Version 9.0c




Download DVD 1:
 
Download DVD 2:
 
Download Crack:
Read more »

8/30/2013

Counter Strike : Global Offensive 2013 [Full Version]

Counter Strike ဂိမ်းကိုတော့ လူတိုင်းဆော့ဖူးကြမယ်ထင်ပါတယ်။ ဗားရှင်းအသစ် တွေ့လို့ ဆောချင်သူများရှိရင် ဒေါင်းလို့ရအောင် တင်ပေးလိုက်ပါတယ်။ Link ကတော့ ထုံးစံအတိုင်းသူများတွေဆီကနေ ခိုးကူးထားတာဆိုတော့ အဆင်မပြေတာတွေရှိရင် နားလည်ပေးကြကုန်။
ကျွန်တော် စမ်းဒေါင်းကြည့်တာတော့ Resume ရတာနဲ့ အဆင်ပြေမယ်ထင်လို့ တင်ပေးလိုက်ပါတယ်။ File Size ကတော့ 2 GB ကျော်တယ်။ Crack File ကတော့ 5 MB လောက်ပါပဲ။ လိုချင်ရင်တော့ စမ်းဒေါင်းကြပေါ့ဗျာ။ အဆင်ပြေကြပါစေ။

Minimum Requirements:
OS: Windows XP/Vista/7.
RAM: 1 GB XP, 2GB for Vista.
Hard disk: 7.6 GB free.
Video Graphics: Direct x9 with 256 MB minimum graphics.

[screen shoot]






Download Crack: Link1  Link2  Link3

Read more »

8/22/2013

Command & Conquer Red Alert 2 (Disk A)

မင်္ဂလာပါခင်ဗျာ။ ဒီတစ်ခါတော့Command & Conquer Red Alert 2 ကိုတင်ပေးလိုက်ပါတယ် ဒီဂိမ်းကတော့ General နဲ့ဆင်ပါတယ်။ ကြာတော့ကြာပါပြီ။ ထွက်တာ။ ကလေးကလားဆန်တယ်ဆိုပေမယ့် ဆော့ကြည့်ရင်တော့ မဆိုးဘူးခင်ဗျ။ အဟောင်းလေးဆိုပေမယ့် ဆော့ဖူးတယ်ဆိုရင် ဆော့ချင်သေးတယ်ဆိုရင် ဒေါင်းလိုက်ပါဗျာ။ အပိုင်းအားလုံးကို ပြီးအောင်ဒေါင်းပြီးရင် ထုံးစံအတိုင်း hj-split နဲ့ပေါင်းလိုက်ပါ။ Disk B ရှိပါသေးတယ်။ အခန်းဆက်ပေါ့နော်။ ပြိးတော့ Yuri Version ဆိုတာလည်းရှိပါသေးတယ်။ အဲဒါတွေက ဒီဟာကိုအရင်သွင်းထားမှာ ဆက်လို့ရမှာမို့ ဒိဟာကိုအရင်ဒေါင်းထားကြပေါ့နော်။

Download

Read more »

8/19/2013

Delta Force Xtreme (PC Game)

ဒီဂိမ်းကတော့ ကြာပါပြီ။ ဟိုးအရင်က ကျွန်တော်ဆော့ဖူးတဲ့ဂိမ်းအဟောင်းလေးပါ။ ဆော့ရတာလည်းလွယ်ပါတယ်။ PC မှာ အနည်းဆုံး Graphic Card ရှိဖို့တော့လိုပါမယ်။ အနည်းဆုံး 32 MB Graphic card ရှိရင်ရပါပြီ။ File Size ကတော့ အားလုံး 600 MB ကျော်ပါတယ်။ အပိုင်း 13 ခုနဲ့ဒေါင်းရလွယ်အောင်တင်ထားပါတယ်။ အားလုံးဒေါင်းပြီးသွားရင် ထုံးစံအတိုင်း HJ-Split နဲ့သာပေါင်းလိုက်ပါ။ ISO ဖိုင်တစ်ဖိုင်ရပါမယ်။ အဲဒါကို Power ISO နဲ့ဖွင့်ပြီး Install လုပ်ရင် အဆင်ပြေသွားပါလိမ့်မယ်။ မဒေါင်းခင် system requirement ကိုလည်းကြည့်ထားအုံးဗျ။

SYSTEM REQUIREMENTS
MINIMUM PC REQUIREMENTS

Windows 98/ME/2000/XP
MINIMUM
Pentium III 1.2GHz Processor
2GB Hard Disk Space
512MB RAM
16X CD-ROM Drive
DirectX 9.0b
DirectX compatible Sound Card
32 MB DirectX compatible Video Card with Hardware T&L
Keyboard
Mouse

RECOMMENDED
Pentium 4 2.4GHz Processor
128MB nVidia GeForce 2 or ATi Radeon 9600 Class Video Card
MULTIPLAYER SYSTEM REQUIREMENTS
56Kbps Internet Connection (Broadband Recommended)

Download:



Read more »

8/09/2013

Sniper 2 Ghost Warrior [Full PC Game]

ဒီဂိမ်းကိုတင်ပေးချင်နေတာကြာပါပြီ။ အဲဒါနဲ့ ကိုယ်တွေက mediafire pro account တွေလည်းမဝယ်နိုင်၊ ကွန်နက်ရှင်ကလည်း စုတ်နေတော့ Google မှာပဲ သူများတွေတင်ထားတဲ့ Link တွေကိုမြေလှန်ရှာရတာပေါ့။ အဲဒီအတွက်နဲ့ အချိန်တွေကုန်ခဲ့တာလည်းမနည်းပါဘူး။ အခုကျွန်တော်တွေ့တဲ့ဆိုဒ်က လင့်တွေအားလုံး အလုပ်ဖြစ်တာတွေ့ရလို့ ပြန်ရှယ်ပေးလိုက်ပါတယ်။ ကျွန်တော်လည်းအခုမှ စဒေါင်းမှာပါ။ အပိုင်း 5 ပိုင်းပါတယ်။ တစ်ပိုင်းစီကို 0.9 GB ပါ။ နောက်ဆုံးအပိုင်းကတော့ 500 MB ရှိမယ်။ ဒီတော့ ဖိုင်အားလုံးပေါင်းလိုက်ရင် အနည်းဆုံး 4 GB ကျော်လောက်တော့ရှိမယ်ဗျာ။ ဆော့ချင်တယ်ဆိုရင်တော့ စမ်းရမှာပဲလေ။ ကျွန်တော်လည်းအခုမှ စပြီးဒေါင်းမှာဆိုတော့ တကယ်လို့အကြောင်းအမျိုးမျိုးကြောင့် Setup file အဆင်မပြေဖြစ်ခဲ့ရင် နားလည်ပေးပါ။ ဒီဂိမ်းကို နှစ်သက်သူများကတော့ အတူတူဒေါင်းကြတာပေါ့ဗျာ။ 4 GB ဆိုတော့ ကျွန်တော်ထင်တယ် တစ်လလောက်တော့ ဒေါင်းရလိမ့်မယ်။ ခင်ဗျားတို့ ကွန်နက်ရှင်က လန်ထွက်နေရင်တော့ အဲလောက်မကြာလောက်ပါဘူး။ မဒေါင်းခင် ဂိမ်း Info နဲ့ System Requirement ကိုလည်းစစ်ဆေးကြည့်ပါအုံး။ ကိုက်ညီတယ်ဆိုရင် ကဲ စဒေါင်းမယ်ဗျာ။ :(

Title: Sniper Ghost Warrior 2 | PC | PS3 | Xbox 360
Developer: City Interactive
Publisher: City Interactive
Genre: Action
Platform: PC | PS3 | Xbox 360
Release Date: 13 March 2013
Language: English  

Minimum System Requirements:
* Operating System: Windows XP / Windows Vista / Windows 7 / 8
* Processor: Intel Core i3 @ 2.4 GHz or higher
* Memory: 1 GB of RAM (2 GB for Vista & Win 7 / 8)
* Graphics Card: 512 MB (Nvidia GeForce 7900) Pixel Shader 3.0
* Hard Disk: 8 GB free disk space
* Sound Card DirectX® compatible
* DirectX® 9.0
 

Download:




[ScreenShots]

Read more »

8/02/2013

Plants VS Zombies 2 (Game Of The Year)

ကျွန်တော်ကတော့ ဒီဂိမ်းကို ဘာပြောပြောသဘောကျပါတယ်။ ပုံမှန်ဆိုရင်တော့ ဒီလိုကလေးကလားဂိမ်းတွေကိုမဆော့ဖြစ်ပါဘူး။ များသောအားဖြင့် ဒိုတာပဲခုတ်ပါတယ်။ :D ဒါပေမယ့် ဒီဟာကို အပျင်းပြေခဏဆော့ဖြစ်ရင်တော့ လက်မလွတ်နိုင်တော့ပါဘူး။ ကျောင်းတုန်းက စာမေးပွဲဖြေခါနီး ဒီဂိမ်းနဲ့ မိုးလင်းတဲ့အထိဆော့ဖူးတာကို သတိလို့ တင်ပေးလိုက်ပါတယ်။ ဟီး။
Download: Mediafire
Read more »

7/24/2013

Sniper: Ghost Warrior Demo

Sniper Game တွေဆော့ရတာ တကယ်ရင်ခုန်ဖို့ကောင်းပါတယ်။ ကိုယ်တိုင် စနိုက်ပါတစ်ယောက်လို အသည်းတယားယားနဲ့ အချိန်ဘယ်လိုကုန်လို့ ကုန်မှန်းတောင်သိမှာမဟုတ်ဘူး။ ဒီဂိမ်းကလည်း First Person Shooter အမျိုးအစားပါပဲ။ မဒေါင်းခင် မိမိစက်နဲ့ ကိုက်ညီမှု ရှိမရှိ အရင်စစ်ကြည့်ကြပါအုံး။ ကျွန်တော်လည်း ဘလောတွေထဲကလိုက်မွှေရင်း အဆင်ပြေမယ်ထင်တဲ့ Link ကနေပြန်ရှယ်လိုက်တာပါ။ ဒါက Demo version ပဲရှိပါသေးတယ်။ နောက်မှ Sniper 2 အတွက် Download Link ကောင်းကောင်းလေးတွေ့ရင် ပြန်မျှပါအုံးမယ်။ ဖိုင်တွေက 
Read more »

6/14/2013

Sniper: Art Of Victory

City Interactive S.A. ကနေထုတ်ထားတဲ့  First Person Shooter ဂိမ်းအမျိုးအစား Sniper: Art Of Victory ဆိုတဲ့ဂိမ်းကိုတင်ပေးလိုက်ပါတယ်။ ဒီဂိမ်းကို Release လုပ်ခဲ့တာက ကြာပါပြီ။ ဆော့လို့လည်းကောင်းပါတယ်။ ဒီဂိမ်းမှာ World War II ခေတ်ကိုနောက်ခံထားပြီးဆောရမှာဖြစ်ပါတယ်။ အခုဆိုရင် Sniper 2 တောင်ထွက်နေပါပြီ။ ဒေါင်းရမယ့် Link ကို Dropbox ကနေအပိုင်းခွဲပြီးတင်ပေးထားပါတယ်။ အပိုင်းအားလုံးဒေါင်းပြီးရင် ထုံးစံအတိုင်း Hj-Split နဲ့ပြန်ပေါင်းလိုက်ပေါ့။ ခွေဆိုင်မှာလည်းဝယ်လို့ရပါတယ်။ :D အကြောင်းအမျိုးမျိုးကြောင့် ခွေဆိုင်မသွားနိုင်ဘူးဆိုရင် အောက်ကနေ ယူသွားနိုင်ပါပြီ။
Read more »

5/02/2013

Nga Tat Pyar 2

 
အသစ်ထွက်ရှိလာတဲ့ ငတက်ပြားဂိမ်းလေးပေါ့။ မြန်မာတွေ လုပ်ထားတဲ့ apk လေးဖြစ်လို့ အားပေးကြပါဗျာ။ ဖိုင်ဆိုဒ်ကတော့ 13 MB လောက်ရှိပါတယ်။ ကျွန်တော်လည်း ခုတစ်လော ဟက်ကင်းထက် ဖုန်းဖက်ကိုပိုပြီး စိတ်ဝင်စားလာလို့ ဖုန်းအကြောင်းတွေ game apk လေးတွေကိုပဲ ပိုပြီး တင်ဖြစ်ပါတယ်။ ခုလောလောဆယ်ပေါ့။ လိုချင်တယ်ဆိုရင် အောက်မှာယူသွားလိုက်ပါ။ အဆင်ပြေကြပါစေဗျာ။
Read more »

4/25/2013

CFDefense Game Apk

ကျွန်တော်တို့ ပီစီကွန်ပျူတာမှာ Beach Head Game ဆော့ဖူးကြပါလိမ့်မယ်။ ဒါလည်း ပုံစံကတော့ Beach Head Game လိုမျိုးပုံစံနဲ့ဆော့ရမယ့် ဂိမ်းလေးပါ။ Android သမားတွေအတွက်အကြိုက်တွေ့စေမယ့် ဂိမ်းလေးမို့ ပြန်ရှယ်လိုက်ပါတယ်။ ဖိုင်ဆိုဒ်ကတော့ 15 MB လောက်ရှိပါမယ်။ ဒေါင်းရအဆင်ပြေအောင် WinRAR နဲ့ပြန်ချုံ့ထားပါတယ်။ IDM နဲ့ဒေါင်းရတာပိုအဆင်ပြေတာပေါ့။ အဆင်ပြေကြပါစေဗျာ။
Read more »

1/13/2013

Plant & Zoombie PC Version (Portable)

ဒီဂိမ်းကိုတော့ အားလုံးသိထားပြီးဖြစ်မှာပါ။ ဘာရယ်မဟုတ်ပါဘူး တစ်နေ့က အသိတစ်ယောက် အဲဒီဂိမ်းလိုချင်တယ်ပြောလို့ ကျွန်တော်လည်း အင်တာနက်ကနေပြန်ရှာပြီး တင်ပေးလိုက်တာပါ။
ဒီကောင်ကတော့ portable ဆိုတော့ အင်စတော့ လုပ်စရာမလိုပဲ ဆော့လို့ရမှာပါ။ ဖိုင်ဆိုဒ်ကတော့
40 MB ကျော်လောက်ရှိပါမယ်။ အားလုံး အဆင်ပြေကြပါစေဗျာ။ လေးစာလျက်။

Read more »

11/06/2012

Fruit Ninja v1.54.apk

Fruit Ninja v1.54 ကိုတင်ပေးလိုက်ပါတယ်။ 10 ခါလောက် upload တင်လိုက်၊ အယ်ရာတက်လိုက်နဲ့
တော်တော်ခက်ခက်ခဲခဲတင်ပေးလိုက်ရတယ်။ ဒါတောင် WinRAR နဲ့ချုံ့ပြီးတင်လိုက်မှ အဆင်ပြေသွားပါ
တယ်။ ကျွန်တော်ကတော့ ဖုန်းထဲကနေ ဂိမ်းတွေသိပ်မဆော့ဖြစ်ပါဘူး။ ဖုန်းကနေ ဂိမ်းတွေဆော့ရတာ
သဘောကျတဲ့ User တွေအဆင်ပြေရန်အလိုငှာ တင်ပေးလိုက်ခြင်းဖြစ်ပါတယ်။ ပြောစရာတော့ မရှိပါဘူး။
အားလုံးပဲ အဆင်ပြေပြေ Download နိုင်ကြပါစေဗျာ။ ဖိုင်ဆိုဒ်ကတော့ 9 MB လောက်ရှိပါမယ်။ 
Read more »

9/24/2012

Angry Birds Space v1.0 (PC Version)

Angry Birds ချစ်သူများအတွက် Windows platform ပေါ်ကနေ ဆော့ချင်လိုသူများအတွက်ရည်ရွယ်ပြီး 
Angry Birds Space v1.0 ကိုတင်ပေးလိုက်ပါတယ်။ ဖိုင်ဆိုဒ်ကတော့ 32 MB လောက်ရှိမယ်။ Mediafire ကနေတင်ပေးလိုက်ပါတယ်။ ဖိုင်ဆိုဒ်ကြီးကြီးတွေကိုတင်ပေးရတာ သိပ်တော့မလွယ်ကူပါဘူး။ ပြီးခါနီး အယ်ရာခဏခဏတက်ရင် စိတ်ညစ်ဖို့တော်တော်ကောင်းလှပါဘိ။ ဒါပေမယ့် မရ ရအောင် အပင်ပန်းခံပြီး
တင်ပေးလိုက်ပါတယ်။ ကျွန်တော်ဘလော့ကို အားပေးကြပါသော ၀ိုင်းတော်သားများအားလုံး ကိုယ်စိတ်နှစ်ဖြာ အေးချမ်းကြပါစေကြောင်း။

 File Size:32.3 MB


(password: www.soesoediary.blogspot.com)
Read more »

9/22/2012

Angry Birds Season (PC Version)

Angry Birds ချစ်သူတွေအတွက် ကျွန်တော်အပင်ပန်းခံပြီး Angry Birds Season ကိုမျဝေပေးချင်လို့ အချိန်ကုန်ခံပြီး တင်ပေးလိုက်ရပါတယ်။ ဖိုင်ဆိုဒ်ကတော့ 50 MB ကျော်ပါတယ်။ ဒီကောင်ကတော့ PC Version ဖြစ်လို့ ကွန်ပျူတာကနေဆော့လို့ရမှာဖြစ်ပါတယ်။ password အတွက်ကတော့ www.soesoediary.blogspot.com လို့ရိုက်ထည့်ပေးလိုက်ရင်ရပါပြီ။ မီဒီယာဖိုင်းယားက ရှော့နည်းနည်းရှိနေလို့ password ခံထားရခြင်းဖြစ်ပါတယ်။ အားလုံးပဲ အဆင်ပြေကြလိမ့်မယ်လို့ မျော်လင့်မိပါတယ်။
Download>>
Dropbox
Read more »

9/12/2012

Angry Birds Season Apk

ဒီတစ်ခါတော့ Angry Birds ချစ်သူများအတွက် Angry Birds Season v2.5 ကိုတင်ပေးလိုက်ရပါတယ်။ ခက်ခက်ခဲခဲရှာဖွေလိုက်ရတာမို့ လွယ်လွယ်ကူကူဒေါင်းနိုင်ပါစေလို့ မျော်လင့်မိပါတယ်။ ဖိုင်ဆိုဒ်ကတော့ 25 MB ကျော်မယ်ထင်ပါတယ်။ Winrar နဲ့ချုံ့ထားပါတယ်။ Download လုပ်ရင်အဆင်ပြေအောင်လို့ပါ။ Android OS တွေမှာကောင်းကောင်း Run နိုင်မှာပါ။ လိုချင်တယ်ဆိုရင် အောက်က Link ကနေယူသွားလိုက်နော်။ အားလုံးပဲ အဆင်ပြေပြေဒေါင်းနိုင်ကြပါစေကြောင်း ဆုတောင်းပေးလိုက်ရပါတယ်။ အားပေးမှုအတွက်လည်း ကျေးဇူးတင်ရှိပါတယ်။ 

Read more »

Angry Birds Space v1.0 (Mobile Version)

 
 Angry Bird တော်တော်လေးကိုနာမည်ကြီးလှပါပေတယ်။ လုပ်ငန်းခွင်က ညီတစ်ယောက် နားပူနားဆာလုပ်လွန်းလို့ တစ်ညလုံးအပင်ပန်းခံပြီး ရှာထားတဲ့ ဂိမ်းလေးကို သယ်ရင်းတို့အတွက်ပါ မျှဝေချင်လို့ တင်ပေးလိုက်တာပါ။ ဒါကတော့ ဖုန်းတွေအတွက်ပါ။ ဒေါင်းရင်တာအဆင်ပြေအောင်လို့ WinRAR နဲ့ချုံ့ထားပေးပါတယ်။ ဒေါင်းပြီးမှ ပြန်ဖြေလိုက်ပေါ့။ .apk ဆိုပြီးဖိုင်လေးထွက်လာပါလိမ့်မယ်။ အဲဒါကို Android OS နဲ့အလုပ်လုပ်တဲ့ဖုန်းတွေမှာ အင်စတော့လုပ်နိုင်မှာဖြစ်ပါတယ်။ PC version တွေကိုရှာရတာလွယ်ပေမယ့် မိုဘိုင်းအတွက်တော်တော်လေးကို ခက်ခက်ခဲခဲရှာခဲ့ရပါတယ်။
ဒီကောင်ကတော့ ဖိုင်ဆိုဒ် 18 MB လောက်ရှိမယ်ထင်ပါတယ်။ လိုချင်ရင် အောက်ကနေယူသွားလိုက်ဗျာ။

Read more »

6/04/2012

DotA AI ဗားရှင်းကို အနိုင်ယူနည်း

 မင်္ဂလာပါခင်ဗျာ။ ကျွန်တော် အခုတလော DotA game ဆော့နေလို့ ပို့စ်တင်တဲ့ဘက်မရောက်နိုင်ဘူးဖြစ်နေတာ။ မိုးတွေရွာနေလို့ IP Star line ကလိုင်းမမိတာလည်းပါတာပေါ့လေ။  ထားလိုက်ပါတော့။ ကျွန်တော်အခုဆော့နေတာ 6.74c AI version ပါ။ ဟီးရိုးအသစ်တွေပါဝင်ပါတယ်။ ကျွန်တော်နဲ့ဆော့မယ့်သူငယ်ချင်းတွေမရှိလို့ AI တွေနဲ့ပဲ နပန်းလုံးနေရတယ်။ ပုံမှန်ဆိုရင် AI တွေကိုသတ်ရတာလွယ်ကူပါတယ်။ အဲ AI တွေဆိုပြီ အထင်မသေးနဲ့နော့။ ကျွန်တော့်ရဲ့ ပြိုင်ဘက် Enemy တွေကို -pe command သုံးပြီး 
စိတ်ကြိုက်ရွေးယူထားတယ်။ ရန်သူဟီးရိုးကိုတော့ Invoker, Demo Witch, Ancient, Lich, Zenus တွေပဲဖြစ်ပါတယ်။ မိတ်ဆွေ ခင်ဗျား ဒီဟီးရိုးတွေကို ပုံမှန်နည်းဖြင့် (ဆိုလိုတာက -test command ဖြင့်အနိုင်ယူနည်းကိုမဆိုလိုပေ) ဆော့ကြည့်ပါ။ ကျွန်တော်ပြောမယ့်နည်းကို မဖတ်ခင် ကျေးဇူးပြုပြီး အခုပဲဆော့ကြည့်လိုက်ပါ။ Level 6 ရောက်တာနဲ့ ခင်ဗျား alien hero တွေတစ်ကောင်ပြီးတစ်ကောင် သေနေတာတွေ့ရပါမယ်။ First Blood ကိုတော့ Invoker ကနေရသွားပါမယ်။ အဲ အဲဒီ First Blood ကို ခင်ဗျားကိုယ်တိုင်ပဲပေးမိကောင်းပေးမိသွားနိုင်ပါတယ်။ မယုံမရှိနဲ့နော်။ ကိုယ်တွေ့။ :P ကျွန်တော်ကတော့ တော်တော်လေးကို ခါးတွားတာ။ စိတ်တောင်လည်တွားပါတယ်။ စစချင်း level မှာကတည်းက Lich ရဲ့ nova နဲ့သွေးက အမြဲလျော့နေတာ။ level 6 လည်းရောက်ရော Invoker ရဲ့ မီးလုံးနဲ့အတွယ်ခံရ၊ Ancient ရဲ့ level 6
နဲ့အပေါက်ခံရ၊ Zenus ရဲ့ level 6 နဲ့အတွယ်ခံရတာနဲ့သေပြီဆရာပဲ။  ဒါနဲ ကျွန်တော်လည်း AI တွေကိုမလှိမ့်တစ်ပတ်လုပ်တဲ့နည်းနဲ့ အောင်မြင်ခဲ့ပါတယ်။ အဲဒါကတော့ ပထမ level မှာကတည်းက
သစ်ခုတ်ဓါးတစ်ချောင်းဝယ်ပြီး အပေါ်လမ်း ဒါမှမဟုတ် အောက်လမ်းကနေသွားပါ။ ပထမအသုတ် ခရစ်တွေကျော်သွားတာနဲ့ ဒုတိယအသုတ်ခရစ်နဲ့ တောခရစ်တွေကို တိုက်ပေးပါ။ ဒီလိုလုပ်ရာတွင်
အဆင်ပြေစေဖို့သစ်ခုတ်ဓါးကိုဆောင်ခိုင်းရခြင်းဖြစ်ပါတယ်။ တောခရစ်ကုန်သွားပါက နောက်ထပ်နှစ်မိနစ်မှ တစ်ခါပြန်တိုက်ပေးပါ။ မှတ်ရန်မှာ တောခရစ်ကုန်သွားပြီး ခင်ဗျားရဲ့ခရစ်တစ်သုတ်ကိုလွတ်ပါ။ နောက်ထပ်ထွက်လာတဲ့ ခရစ်အသုတ်ကိုတော့ တောခရစ်နဲ့တိုက်ပေးဖို့အဆင်သင့်ပါပဲ။ ဒီလိုနည်းနဲပဲ ခင်ဗျားက တောအောင်းရမှာပါ။ လုံလောက်တဲ့ item မထွက်မချင်း တောဆက်အောင်းပါ။ လမ်းတွေကိုတော့ ရံဖန်ရံခါ ထိန်းပေးပေါ့။ ဒါဆိုရင် ခင်ဗျားအနည်နဲ AI တွေကိုအောင်နိုင်ပါပြီ။ ဒီလိုမလှိမ်တစ်ပတ်လုပ်ပြီးဆော့တဲ့နည်းတွေက အများကြီးပါ။ ဒိုတာလော့ကမှ ဆရာကြီးများအနေဖြင့် ကျွန်တော်ပို့စ်မှာ လိုအပ်တာများရှိခဲ့ရင် ခွင့်လွတ်ပေးပါရန်။
Read more »

5/15/2012

Angry Birds RIO (PC Version)

Angry Birds game ဟာ မိုဘိုင်းဖုန်းနယ်ပယ်မှာတော့ သတင်းမွေးပျံ့လျက်ရှိနေပါတယ်။ မိုင်ဘိုင်းဖုန်းကိုင်ဆောင်သူများကလည်းAngry Birds မှ Angry Birds ဖြစ်နေတော့တာပဲ။ ဟော့ ရန်ကုန်မှာ ဟိုတစ်နေ့ကတွေ့လိုက်ပါသေးတယ်။ Angry Birds လိုဂိုနဲ့ ဦးထုပ်တွေရော၊ အဝတ်စားတွေမှာရော Angry Birds လိုဂိုတွေချည်းပဲ။ အချိန်တိုအတွင်း Angry Birds 
ဟာမိုဘိုင်းလောကမှာအရမ်းနာမည်ကြီးနေပေမယ့်ကျွန်တော်ကတော့အခုမှဆော့ဖူးဖြစ်တယ်။
တင်ပေးတာတောင်အရမ်းနောက်ကျနေပြီလားမသိဘူး။ဆော့ရတာတော့ ပေါ့ပေါ့ပါးပါးလေးမို့ အကြိုက်တွေ့မှာပါ။ အဆင်ပြေကြပါစေ။ လိုချင်သူများ အောက်ကနေယူသွားနိုင်ပါတယ်။


Read more »

4/22/2012

Plants Vs Zombies PC Version

ဒီတစ်ခါတော့ လူကြိုက်များတဲ့ Plants Vs Zombies ဂိမ်းနဲ့မိတ်ဆက်ပေးပါရစေ။ အားလုံးလည်းရင်းနှီးပြီးသားနေမှာပါ။ ကျွန်တော်အရင်က ဒီလိုဂိမ်းလိုမျိုးကို မဆော့ဖူးပါဘူး။ General, Snipper, Call of Duty, Delta Force အစရှိတဲ့ကြမ်းကြမ်း တမ်းတမ်းဂိမ်းတွေကိုပဲဆော့တာများပါတယ်။ Plants Vs Zombies ဂိမ်းကိုဆော့ဖြစ်တာက စိတ်ဝင်စားစရာဖြစ်ပါတယ်။ အဲဒီအချိန်က BE 

စာမေးပွဲ(Final) ဖြေနေချိန်ပေါ့။ အတိအကျပြောရရင် မနက်ဖြန်ဆိုရင် English subject ဖြေရမှာ။ သွားတာပဲ အဲဒီညတစ်ညလုံး ကျွန်တော်သူငယ်ချင်းနဲ့ ဒီဂိမ်းကို တစ်ယောက်တစ်လှည့်ဆော့လိုက်တာ မနက်မိုးလင်းသွားတယ်။ မနက်လည်းရောက်ရော လန်းသွားအောင် အင်နာဗွန်စီသောက်ပြီး စာမေးပွဲကိုဖြေလိုက်ရတယ်။ ဟီး..စာမေးပွဲကာလမို့လို့လား မပြောတတ်ပါဘူး။ တော်တော်လေးကို ဆွဲဆောင်ထားတာ။ ကဲ သူငယ်ချင်းတို့လည်း လိုချင်တယ်ဆိုရင် ဒေါင်းသွားနိုင်ပါတယ်။ ကျွန်တော်လို့တော့ မဆော့ကြနဲ့နော်။ တင်ပေးတာနောက်ကျနေပြီဆိုပေမယ့် အကြောင်းအမျိုးမျိုးကြောင့် လိုချင်သူများအတွက် ရည်ရွယ်ပါတယ်။ အားလုံးအဆင်ပြေကြပါစေ။

Download Link 2
Download from Mirror
Read more »