Showing posts with label Media Players. Show all posts
Showing posts with label Media Players. Show all posts

1/02/2013

VLC 2.0.5

VLC Player ရဲ့နောက်ဆုံးဗားရှင်းလေးပါ။ ဒီကောင်ကတော့ Player တွေထဲမှာ Format အစုံဖွင့်ပေးနိုင်တဲ့
Player ဆရာကြီးပါ။ ဗားရှင်းကလည်း အသစ်ထွက်နေတော့ စမ်းသုံးသင့်တယ်ထင်လို့ တင်ပေးလိုက်ပါတယ်။ ဒီကောင်ကို မိခင် filehippo ကနေလည်း ဒေါင်းနိုင်ပါတယ်။ ဖိုင်ဆိုဒ်ကတော့ 
22 MB ကျော်လောက်ရှိပါမယ်။ အားလုံး အဆင်ပြေကြပါစေဗျာ။ လေးစားလျက်။

Read more »

8/05/2012

Songbird 2.0.0-2331

ကျွန်တော်ကတော့ ဒီ Player ကိုမသုံးဖူးပါဘူး။ အခုမှစမြင်ဖူးတာပါ။ ဒါကြောင့် ကောင်းတယ်မကောင်းဘူးဆိုတာ အတိအကျမပြောပြနိုင်တာ ခွင့်လွတ်ပါ။ မဆိုးဘူးလို့တော့ ထင်ပါတယ်။ ချစ်စရာ Interface လေးနဲ့ အမြင်ဒီဇိုင်းကတော့ ခပ်လန်းလန်းပါပဲ။ စမ်းချင်တယ်ဆိုရင် အောက်မှာ သွားယူနိုင်ပါတယ်။ ဖိုင်ဆိုဒ်ကတော့ 17 MB လောက်ရှိပါမယ်။ 

အဆင်ပြေကြပါစေဗျာ။

Read more »

4/27/2012

GOM Player 2.1.40.5106

GOM Player ရဲ့နောက်ဆုံးဗားရှင်းဖြစ်ပါတယ်။ ဒီ Player ကတော့အသွင်အပြင်လေးက ဆန်းသစ်သလို ကောင်းလည်းကောင်းပါတယ်။ တစ်ချို့ format တွေကိုတော့ ဖွင့်မရတာမျိးကြုံဖူးပါတယ်။ အရင်ဗားရှင်းမို့လို့ဖြစ်တာလားတော့မသိပါဘူး။ ဒါပေမယ့် အခုက နောက်ဆုံးဗားရှင်းဆိုတော့ အဆင်ပြေမယ်ထင်ပါတယ်။ ဖိုင်ဆိုဒ်ကလည်း တစ်ခြားသော မီဒီယာ Player တွေနဲ့ယှဉ်လိုက်ရင် ပိုသေးလို့ တင်ပေးလိုက်ပါတယ်။ ကြိုက်နှစ်သက်မယ့်လူတွေကတော့ ယူသွားနိုင်ပါတယ်။

အားလုံးအဆင်ပြေကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

Read more »

4/20/2012

VlC Media Player 2.0.1

VLC ရဲ့လောလောဆယ်နောက်ဆုံးဗားရှင်းဖြစ်ပါတယ်။ ဒီကောင်က အရင်ကခဏခဏမထွက်ပါဘူး။ မှတ်မိသလောက် 0.9 ကိုအကြာကြီးသုံးခဲ့ဖူးတယ်။ 1.1.0 ထွက်တာမကြာဘူး။ အခု 2.0 ကိုရောက်နေပါပြီ။ Media Player တွေထဲမှာတော့ အလွန်ပေါ့ပါးတာရယ်၊ လျင်မြန်တာရယ်တွေကြောင့် နှစ်သက်သဘောကျမိပါတယ်။ ကောင်းပါတယ်။ 

ခင်ဗျားဒေါင်းမိတဲ့အတွက် နောင်တမရစေဘူးလို့ အာမခံတယ်ဗျာ။ လိုချင်တယ်ဆိုရင် အောက်ကနေယူသွားလိုက်ပါဗျာ

Read more »

4/19/2012

Winamp 5.623 Full

 
ဒီကောင်လေးကတော့ လေးလေးကန်ကန်နဲ့ အလုပ်လုပ်တဲ့ Player တစ်ခုဖြစ်ပါတယ်။ အသွင်ပြင်ကတော့ မဆိုးဘူးဆိုရမှာပါ။ ကျွန်တော်ကတော့ မကြိုက်ပါဘူး။ ဒါက Winamp ရဲ့နောက်ဆုံးဗားရှင်းလေးဖြစ်ပါတယ်။ လိုချင်တယ်ဆိုရင် ယူသွားလိုက်ပါခင်ဗျာ။ လိုချင်တဲ့လူများအောက်မှာယူသွားနိုင်ပါတယ်။ အဆင်ပြေကြပါစေ။
Read more »

4/12/2012

Media Monkey v4.0.3.1

 ဒီကောင်လေးကတော့ ပီစီတွေမှာထည့်သွင်းပြီး အသုံးပြုနိုင်မယ့် Player တစ်ခုဖြစ်ပါတယ်။ ခင်ဗျားအနည်နဲ့Windows Media Player ကိုအသုံးပြုရတာ ငြီးငွေ့တာပဲဖြစ်ဖြစ်ပေါ့လေ။ ဒီကောင်လေးကိုပြောင်းပြီးစမ်းသပ်ချင်တယ်ဆိုရင် အောက်မှာယူသွားနိုင်ပါတယ်။ ထုံးစံအတိုင်း mediafire ကနေတင်ပေးထားပါတယ်။ အဆင်ပြေကြပါစေ။
Read more »

3/08/2012

JetAudio Plus 8.0.17 Basic

ကဲ ဒါကတော့ အင်းပြောရရင် Media Player တစ်မျိုးပါပဲ။ Lyric တွေကို Edit လုပ်နိုင်တာတွေကို သဘောကျတယ်။ အသွင်ပြင်လည်း လှပါတယ်။ သူက player တစ်ခုတည်းတင်မဟုတ်ဘဲ CD burning , recording, conversion စတဲ့ အလုပ်တွေကိုပါ လုပ်ပေးနိုင်ပါတယ်။ JetAudio ရဲ့နောက်ဆုံးဗားရှင်းဖြစ်ပါတယ်။ လိုချင်တယ်ဆိုရင်ဖြင့် အောက်မှာသွားယူလိုက်ပါခင်ဗျာ။
အဆင်ပြေအောင် mediafire ကနေတင်ပေးထားပါတယ်။
Read more »

CyberLink PowerDVD Ultra 12


Media Player လောကမှာတော့ CyberLink ကနာမည်ကြီးပါပဲ။ အထူးသဖြင့် DVD ဇာတ်ကားတွေကြည့်တဲ့အခါ မြန်မာစာတန်းထိုးတာ ကောင်းမွန်တဲ့အတွက် သဘောကျမိပါတယ်။ 
ဒါပေသိ နည်းနည်းလေးကွေးစွာနဲ့ အလုပ်လုပ်တာကိုတွေ့ရတယ်။ ကျန်တာအားလုံးက အိုကေမို့ ယူထားသင့်တဲ့ Player တစ်ခုပါပဲ။ လိုချင်မှာ ယူကြပါ။ ဖိုင်ဆိုဒ်က နည်းနည်းကြီးတယ်လေ။

Read more »

2/28/2012

iTunes Player

ဒီ player ကတော့ iPod ကိုင်ဆောင်ထားတဲ့ လူငယ်တွေအတွက်ဖြစ်ပါတယ်။ ပုံမှန်ဆိုရင် iTunes ကို Install လုပ်စရာမလိုပေမယ့်သီချင်းတွေကို PC ကနေ iPod device တွေဆီကို ထည့်သွင်းချင်တယ်ဆိုရင် iTunes နဲ့ပဲ Syn လုပ်ပေးရပါတယ်။ မိမိကြိုက်နှစ်သက်တဲ့သီချင်းတွေကို iTunes ရဲ့ Library ထဲ့ကိုထည့်ပြီး နားထောင်ချင်ရင်ပဲဖြစ်ဖြစ် iPod Player ထဲမှာ သီချင်းတွေကို သိမ်းဆည်းပြီးနားဆင်လိုတဲ့သူတွေဖြစ်ဖြစ် ဒီ iTunes Player ကိုရယူထားသင့်ပါတယ်။ ဖိုင်ဆိုဒ်က နည်းနည်းကြီးတယ်ဆိုပေမယ့် အဆင်ပြေဆုံး Link ကနေတင်ပေးလိုက်ပါတယ်။

Read more »

1/30/2012

Media Player

Media Player လောကမှာတော့ ကျွန်တော်အထင် ဒီ Player ဟာအပေါ့ပါးဆုံးဖြစ်မယ်ထင်ပါတယ်။ အထူးသဖြင့်  DVD Format တွေဖြစ်တဲ့ .VOB တွေကိုဖွင့်တဲ့နေရာမှာ မြန်ဆန်တာတွေ့ရပါတယ်။ ဖိုင်တွေကို Play ရာမှာ Subtitle တွေပေါ်ရင် စာလုံးအကြီးကြီးပေါ်ပေမယ့် format တော်တော်များများကို
support လုပ်ပေးပါတယ်။ တကယ်လို့ PC မှာ အရင်ဗားရှင်း Install လုပ်ထားခဲ့မယ်ဆိုရင် Upgrade လုပ်ဖို့သာလိုပါမယ်။ Format ပေါင်းများစွာကို နိုင်တာရယ် အခြား  player တွေထက်  ပိုမိုပေါ့ပါးတာရယ်ကြောင့် Cyberlink လောက် subtitle ထိုးတာမကောင်းပေမယ့် ကျွန်တော်တို့ PC မှာ သုံးသင့်တဲ့ Player တစ်ခုပါပဲဗျာ။ အောက်မှာ ရယူလိုက်ပါ။

Read more »

5/07/2011

AIMP Player

Media player တစ်ခုပါပဲဗျာ။ ဒီဇိုင်းလေးက တစ်မျိုးလေးနဲ့။ သိပ်တော့ မမိုက်ပါဘူး။ စိတ်ဝင်စားတယ်ဆိုရင် ယူသွားလိုက်ပါ။ အဆင်ပြေကြပါစေဗျာ။ File Size: 7MB
Download: Mirrorcreator
Read more »