Showing posts with label Google Talk. Show all posts
Showing posts with label Google Talk. Show all posts

1/29/2013

Gtalk မှာ Group ဖွဲ့ပြီး ပြောဖို့ Party Chat လုပ်ကြရအောင်


ဒါလေးကတော့ သူများတွေလုပ်ကြတာ ကြာနေလောက်ပါပြီ။ ကျွန်တော်ကတော့ မလုပ်ဖူးတော့မသိဘူးပေါ့။ မသိသေးရင်တော့ အထူးအဆန်းပါပဲ။ တစ်ချို့လူတွေကတော့ သိပြီးသားဖြစ်မှာပါ။ ကျွန်တော်လို မသိသေးတဲ့လူတွေအတွက် ရည်ရွယ်ပါတယ်။ ရွှေကိုယ်ရံတော်ဆိုဒ်ကနေ တစ်ဆင့်ပြန်လည် ကူးယူဖော်ပြထားပါတယ်။
အုပ်စုဖွဲ့ပြီး Chat ကြဖို့အတွက်ကတော့ ပထမဦးဆုံး လုပ်ရမှာက http://partychapp.appspot.com/ ဆိုတဲ့ လိပ်စာလေးကို အရင်ဦးဆုံးသွားလိုက်ပါ။ အဲဒီ ဆိုဒ်လေး ပွင့်လာပြီဆိုတာနဲ့ Sign in မှာ မိမိရဲ့ Gmail account နဲ့ ပဲဝင်လိုက်ပါ။ အဲဒီနောက်မှာတော့ အောက်မှာပေးးထားတဲ့ အတိုင်းလိုက်လုပ်လိုက်ပါတော့။

 နံပါတ်တစ်လုပ်ရမှာက Room name လို့ပေးထားတဲ့ နေရာလေးမှာ မိမိစိတ်ကြိုက် နာမည်လေးတစ်ခုဖန်တီးပါ။ ဥပမာ name@partychatapp.app spotchat.com ဆိုပြီးတော့ပေါ့။ ပြီးတော့ Room type မှာကတော့ ကိုယ်ကြိုက်ရာကို ရွေးခွင့်ရှိပါတယ်။ တစ်ခုသိထားရမှာက Invite only မှာက ကိုယ်တိုင်ဖိတ်ခေါ် ချင်တဲ့သူပေါ့။ မဖိတ်ခေါ်ပဲနဲ့ ၀င်လာလို့မရဘူးပေါ့လေ။ Open ကတော့ ကိုယ်ဖိတ်စရာမလိုဘူး ကိုယ့်ရဲ့လိပ်စာကို သိရင် ၀င်လာလို့ရတယ်။ အဲလိုမျိုးပေါ့။ Others to invite မှာတော့ ကိုယ်စပြီး ဖန်တီးတဲ့အခါ ကိုယ့်နာမည်ကို ထည့်ရိုက်ဖို့လိုပါတယ်။ ကိုယ်ပိုင်အီးမေးလ်ကို ရိုက်ရမှာပေါ့လေ။ ပြီးတော့ Create ကို ကလစ်နှိပ်လိုက်ရင် အောက်မှာ ဖော်ပြထားတဲ့ ပုံလေးပေါ်လာလိမ်မယ်။
 ပြီးသွားတဲ့အချိန်မှာတော့ သင့်ရဲ့ Gtalk ထဲမှာ အခုလိုမျိုးလာပေါ်နေပါလိမ့်မယ်။
အဲဒီအခါ ကျရင် သင်က yes လုပ်လိုက်ရုံပေါ့။ သင်ဖန်တီးခဲ့တဲ့ နာမည်တွေနဲ့ပဲလာပေါ်ပါလိမ့်မယ်။ အခုပြထားတာက နမူနာပုံလေးပါ။ ပြီးရင်တော့ သင့် Gtalk ထဲမှာ အဲဒီ ဖန်တီးခဲ့တဲ့ နာမည်လေးက အရောင်လေးလင်းနေပါလိမ့်မယ်။ အဲဒီနောက်မှာတော့ သင်ဖိတ်ခေါ်ချင်တဲ့သူတွေကို ဖိတ်ခေါ်နိုင်ပါပြီ။ အဲလိုဖိတ်ခေါ်ဖို့အတွက်လည်း သင်က အခုပေးထားတဲ့ ပုံစံတွေအတိုင်းပဲ ရိုက်ထည့်ရပါလိမ့်မယ်။ /invite name@gmail.com က သင် ဖိတ်ခေါ်ချင်တဲ့သူအတွက်ပါ။ /list ကတော့ သင်နဲ့အတူ ဘယ်နှစ်ယောက်ရှိလဲဆိုတာ ကြည့်တာပေါ့။ ပြန်ထွက်ချင်ရင်တော့ /exit ရိုက်လို့လည်းရပါတယ်။ သင်ကလည်း ထွက်သွားပြီ သူလည်းထွက်သွားပြီ နောက်နေ့ တွေ့ ကြတဲ့အခါမှာတော့ ပြန်လည်ပြီးတော့ /invite name@gmail.com ကို ပြန်လည်ရိုက်ပြီးတော့ ခေါ်နိုင်ပါတယ်။ အဆင်ပြေကြပါစေ။ အောက်မှာပေးထားထာကတော့ မူရင်းဆိုဒ်က ရိုက်ပုံရိုက်နည်းတွေပါ။

/leave Leave this chat room. You can rejoin by sending another message to the room. If the room is invite-only, you may need to be re-invited.
/list See who is in the chat room.
/alias newalias Change what name you show up as in the room.
/inviteonly Toggle whether this room is invite only.
/invite someemail Invite someone to the room.
/me someaction Tell the room what you’re up to.
If you type /me is rolling his eyes, everyone sees [youralias] is rolling his eyes.
credit:zawhlainghtun

 
ref:MHU 
Read more »

4/29/2012

Gtalk ကနေကြိုက်တာမေးပေတော့

အားလုံးပဲ မင်္ဂလာပါခင်ဗျာ။ ကျွန်တော်အခု ကျွန်တော်တို့လူသိများတဲ့ Gtalk မှာထူးဆန်းတဲ့ အကောင့်နာမည်တစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဒါကတော့ guru@googlelabs.com ဖြစ်ပါတယ်။ ဒီကောင်ကိုသာ invite လုပ်ထားမယ်ဆိုရင် ဟိုဘက်ကလက်ခံလိုက်တာနဲ့ ခင်ဗျားသူ့ကို 
ကြိုက်တာမေးလို့ရပါပြီ။ ခင်ဗျားမေးသမျကို ပြန်လည်ဖြေကြားမှာဖြစ်ပါတယ်။ ဒါပေမယ့် English 
လိုတော့ရိုက်ပေးရမှာဖြစ်ပါတယ်။ ဒီလိုထူးထူးဆန်းဆန်း အကောင့်တွေ အင်တာနက်မှာအများကြီးရှိပါသေးတယ်။ မိမိအတွက်အဆင်ပြေမယ့် အကောင့်တွေကို add ထားမယ်ဆိုရင် အကျိုးရှိမှာမဟုတ်ဘူးလား။ နောက်ထပ်လည်း စိတ်ဝင်စားဖွယ်ရာကောင်းတဲ့ အကောင့်အလန်းတွေနဲ့မိတ်ဆက်ပေးမှာဖြစ်လို့ စောင့်မျော်အုံးနော်။
Read more »

4/07/2012

Gtalk အလိုအလျောက်ပြန်လည်ဖြေကြားစနစ်

 ဒါကတော့ Gtalk မှာ auto answer လုပ်ပေးမယ့် နည်းပါ။ Google talk အတွက် Auto Answering System လုပ်လို့ရပါပြီ။ Service မှာ Beta ဖြစ်သည်။ Gtalk အပြင် MSN, ICQ, AIM, YAHOO, My Space အစရှိတဲ့ Instant Messenger တွေအတွက်ပါပြုလုပ်နိုင်ပါတယ်။
Read more »

2/03/2012

Phone Freecall to 30 Countries using Google Talk

  Google Talk ကနေ free ဖုန်းခေါ်လို့ရတဲ့နည်းလမ်းဖြစ်ပါတယ်။ မူရင်း post ကို ၂၀၀၈ ခုနှစ်မှာရေးထားတာပါ။ အခုရော ရသေးလား သေချာမသိပါဘူး။........  :P
Support လုပ်တဲ့နိုင်ငံ 30 ကို သက်ဆိုင်ရာနိုင်ငံရဲ့ ဖုန်း Country Code တွေနဲ့ဖော်ပြလိုက်ပါတယ်။ ဘလူးဖီးနစ်(http://engineer4myanmar.com/)မှတစ်ဆင့် ပြန်လည်ဖောက်သည်
ချထားတာပါ။ နိုင်ငံခြားမှာ အသိရှိရင်တော့ စမ်းကြည်ပေါ့လေ။ ကျွန်တော်ကတော့ ဒီ Post တင်နေချိန်ထိ မစမ်းရသေးပါဘူး။ ကဲ Support လုပ်တဲ့နိုင်ငံ 30 ကို list လုပ်ထားမယ်။

Read more »

1/30/2012

Google talk မှာ ဘာသာစကား 22 မျိုးနဲ့ပြောမယ်


Google talk မှာ Translation tool ကိုအသုံးပြုပြီးတော့ ဘာသာစကားမတူညီတဲ့ သူငယ်ချင်းများနဲ့
လွယ်ကူစွာဆက်သွယ်ပြောဆိုနိုင်တဲ့ နည်းလမ်းလေးဖြစ်ပါတယ်။ အခုလောလောဆယ်အထိတော့
ဘာသာစကား (11)မျိုး ကို အင်္ဂလိပ်ဘာသာစကားနဲ့ အပြန်အလှန်(22)မျိုး အသုံးပြုနိုင်ပါတယ်။ အဲဒါတွေကတော့

Read more »

1/05/2012

Open multiple Gtalk


ဒီနည်းကတော့ သိပြီးသားဖြစ်မှာပါ။ မသိသေးရင်တော့ ပညာတိုးတာပေါ့။ ကျွန်တော်တို့ အိမ်မှာ အင်တာနက်သုံးမယ်ဆိုရင် Gtalk ကို နှစ်ခုထက်မက ဖွင့်ချင်ရင် လုပ်ရမယ့် Configuration ပါ။
အင်တာနက်ကဖေးတွေမှာ သုံးတဲ့လူတွေကတော့ လုပ်စရာမလိုပါဘူး။ ဆိုင်က လုပ်ပေးပြီးသားပါ။ ကဲ စလုပ်ရအောင်။ အရင်ဆုံး Desktop ပေါ်က Gtalk shortcut ကို Right-click>Properties
ကိုသွားပါ။ ဒါဆိုရင် အောက်ကပုံအတိုင်းမြင်ရမှာဖြစ်ပါတယ်။

နောက်ပြီး ဆက်လုပ်ရမှာက Target ဘေးမှာရှိတဲ့ path ရဲ့နောက်ဆုံးမှာ /startmenu အစား /nomutex ကိုရိုက်ပေးရမယ်ဖြစ်ပါတယ်။ ပြီးရင်တော့ Apply>OK ကိုလုပ်လိုက်လို့ရပါ့ပြီ။
ကဲ ဒါဆိုရင်တော့ Gtalk ကို စိတ်ကြိုက် နှစ်ခုထက်မက ဖွင့်လို့ရပါပြီ။


Read more »