Showing posts with label Blogger. Show all posts
Showing posts with label Blogger. Show all posts

11/04/2013

Blogger Tool: Adfoc.us Shortener

ဒါကတော့ Adfoc.us သုံးတဲ့ blogger တွေအတွက်ပေါ့ဗျာ။ လိုချင်တယ်ဆိုရင် ယူသွားနိုင်ပါပြီ။ ထပ်ပြီးတော့ ပြောပါရစေ။ link တွေကို ၅ ခုထိမခံကြဖို့။ :) အဆင်ပြေကြပါစေ။

Download: Solidfiles
Read more »

Blogger Tool [Adfly Shortener]

Blogger တွေ adf.ly ကနေ short url လုပ်ပြီး ပိုက်ဆံရှာနေတဲ့သူတွေအတွက် တကယ်အသုံးဝင်မယ့် Tool ကောင်းလေးတစ်ခုပါပဲဗျ။ virustotal ကနေ scan ပေးထားပါတယ်။ 100% clean ပါ။ တစ်ခုတော့ ပြောချင်ပါရဲ့။ link တွေကို 5 ခုထိတော့ မခံကြပါနဲ့ဗျာ။ နှစ်ခုဆိုတော်ပြီပေါ့။ :D

Download: Solidfiles




Read more »

10/24/2013

Blogger 0Day: Hack

ဒီ zero day က 2012 ကဆိုတော့ ကြာပြီထင်ပါတယ်။ အလုပ်ဖြစ်မယ်လည်းမထင်ပါဘူး။ ပြီးတော့ Chance လည်းအရမ်းနည်းပါးမယ်ထင်ပါတယ်။  ဗဟုသုတအနေနဲ့ပဲဖတ်ကြည့်ပေါ့ဗျာ။ ပြောရမယ်ဆိုရင် admin တွေရဲ့အမှားတစ်ခုလို့ဆိုရမှာပါ။ blogger platform နဲ့ custom domain ကနေသွားတဲ့ဆိုဒ်တွေ (မြန်မာဘလော့ဂါအများစုဆိုပါတော့) မှာ admin က sub-domain တစ်ခုလုပ်လိုက်တယ်ဆိုပါစို့။ ဥပမာ ကျွန်တော်က www.someone.com ဆိုတဲ့ဆိုဒ်တစ်ခုကိုရေးနေတဲ့သူဆိုပါစို့။ အဲဒါကိုကျွန်တော်က www.ebooks.someone.com ဆိုတဲ့ sub domain တစ်ခုလုပ်လိုက်မယ်။ ဒါပေမယ့် အဲဒါကို ကျွန်တော်က အသုံးမပြုဘဲထားလိုက်မယ်။ ဒါကို တစ်ယောက်ယောက်က သိသွားပြီး  www.ebooks.someone.com ကိုဟတ်သွားနိုင်ပါတယ်။ blogger တွေ custom domain နဲ့ချိတ်မယ်ဆိုရင် google dns ဖြစ်တဲ့ ghs.google.com ကနေချိန်ရတာကို သိကြမှာပါ။ ဒီတော့ admin ကသာ အဲဒီ sub domain ကိုမသုံးဘူးဆိုရင် မည်သူမဆို အလကားရတဲ့ gmail account မှာ register လုပ်ပြီး deface တင်နိုင်သွားပါမယ်။ ဥပမာ ခုနက ကျွန်တော်က www.ebooks.someone.com ကိုလုပ်ထားတယ်။ အဲဒါကို တစ်ယောက်ယောက်က
check လိုက်ရင် အောက်ကပုံလို 404 error တက်တယ်ဆိုရင် vul ဖြစ်ပြီလို့ ဆိုရမှာပါ။ ဒါပေမယ့် အဲလို admin တွေကရှားမယ်ထင်ပါတယ်။ ရှိရင်လည်း တကယ်ကိုအသုံးမကျတဲ့ admin ပါပဲ။ :D


ဒါဆိုရင် attacker တစ်ယောက်က www.blogger.com ကိုသွားလိုက်မယ်။ blog တစ်ခုကို create လုပ်လိုက်မယ်။ Template မှာ deface code ကို ကိုယ်တိုင်အုပ်ထားလိုက်မယ်။ ပြီးရင် Settings>Publishing>Custom Domain>Advanced Setting အဲဒီကနေ ခုနက သူတွေ့ထားတဲ့ အသုံးမပြုဘဲထားတဲ့ sub domain ကိုထားလိုက်မယ်။ ဒါဆိုရင် အဲဒီ sub domain ကို deface တင်ထားပြီးသားဖြစ်ပါပြီ။

Ref: HackingSec
Read more »

10/15/2013

Blogging လုပ်ရတာ သင့်ဘဝကိုပျော်ရွှင်ပါစေ

ဆောင်းပါးတစ်ခုကို ဆီလျော်အောင် ဘာသာပြန်ပြီးရေးလိုက်ပါတယ်။ ဘလောဂါလုပ်မယ့်သူတွေအတွက်ပါ။ အပျင်းပြေဖတ်ကြည့်ပေါ့နော်။ ခုနောက်ပိုင်း ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်းနည်းပညာအကြောင်းရေးတဲ့ဘလော့ဂါတွေ အတော်များလာပါတယ်။ ဟိုလွန်ခဲ့တဲ့နှစ်တွေတုန်းကတော့ မြန်မာဘလောဂါတွေဆို လက်ချိုးရေလို့ရပါတယ်။ အခုလိုများလာတာ ဘာပြောပြော ဝမ်းသာစရာပါပဲ။ နောက်ပိုင်းဆိုရင် အင်တာနက်ကွန်နက်ရှင်တွေလည်း ဒီထက်ကောင်းလာမယ်။ အသုံးပြုသူတွေလည်း ဒီထက်များလာမယ်။ ဒီတော့ ဘလောဂါတွေရဲ့ အခန်းဟာလည်း အရေးပါလာမယ်လို့ထင်မြင်မိပါတယ်။ မြန်မာနိုင်ငံမှာ လက်ရှိအင်တာနက်အသုံးပြုနိုင်တဲ့ရာခိုင်နှုန်းက 5% တောင်ရှိမယ်မထင်ပါဘူး။ သူတို့ဆိုရင် အင်တာနက်ဆိုတာ ဘာမှန်းမသိသေးတဲ့ သူတွေဖြစ်နေမှာပါ။ ကဲ နိဒါန်းပျိုးတာ နည်းနည်းများသွားပြီ။ ဘလောဂါဘက် ဆက်ရအောင်။ :D

Blogging ဆိုတာ ခုဆိုကမ္ဘာနဲ့အဝန်းကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနေပါပြီ။ နည်းပညာ၊ ဖုန်းနဲ့ဆိုင်တဲ့ဘလော၊ အတွေးအမြင်ဘလော့။ အနုပညာဘလော၊ သတင်းဘလော့ ဘာညာကွိကွဆိုပါတော့။
အဲဒီထဲကမှ ကိုယ်နဲ့အဆင်ပြေရာတစ်ခုခုကို သေချာရွေးပြီး ဘလော့တစ်ခုကို စတင်နိုင်ပါတယ်။ စစချင်းတော့ အလကားရတဲ့ wordpress.com, blogger.com မှာ Register လုပ်ပြီး စတင်နိုင်ပါတယ်။
ဒီတော့ ဘလောတစ်ခုတော့ရေးလိုက်ပြီဆိုပါစို့။ သေချာတာကတော့ အဲဒီဘလောအတွက် သင့်အနေနဲ့ အချိန်တွေပေးဆပ်ရပါတော့မယ်။ အခြားငွေကြေးတွေတော့ မပါသေးဘူးပေါ့။ ဒါနဲ့မပြီးသေးပါဘူး။
ဘလော့နဲ့ပတ်သက်ပြီး ကိုယ်ဘလော့အတွက် Knowledge တစ်ခုခုကို သေချာကျွမ်းကျင်ရင်တော့ အကောင်းဆုံးပေါ့။ ဆိုလိုတာက သင်ဟာ ဖုန်းပိုင်းနဲ့ ပတ်သက်ပြီး ကျွမ်းကျင်တယ်ဆိုရင်
ဖုန်းနဲ့ပတ်သက်ပြီးဘလော့မှာ တန်ဖိုးရှိတာတွေ ရေးနိုင်တယ်လေ။ ဒီလိုပဲ ကိုယ်က ဂိမ်းတွေတအားဆော့ပြီး ဂိမ်းတွေအကြောင်း ကျွမ်းကျင်တယ်ဆိုရင် Game Review တွေအကြောင်း ဘလောတစ်ခု
ဖန်တီးနိုင်ပါတယ်။ ဘလောရေးမယ်ဆိုရင် အောက်ကအချက်လေးတွေကိုလည်း သိထားသင့်ပါတယ်။

ဘလောရေးတယ်ဆိုတာ တစ်ညတည်းနဲ့ပြီးတဲ့ ကိစ္စမဟုတ်ပါဘူး။
ဘလောရေးလို့ သင့်အနေနဲ့ အမြဲတမ်း အပေါင်းရလဒ်တွေကို မျော်လင့်လို့မရပါဘူး။
အမှားတစ်ခုလုပ်မိလို့ သင့်ဘလောကို ထိခိုက်၊ နာမည်ပျက်သွားစေနိုင်ပါတယ်။
သင့်ဘလော့မှာ active ဖြစ်ရပါမယ်။ Visitor တွေဘက်က ပြောတာတွေကို နားထောင်ပြီး သူတို့ကိုလည်း ပြန်ပြောပါ။ အလုပ်မှာ တကယ်ပင်ပန်းပြီး ဘာမှလုပ်ချင်စိတ်မရှိချင်ရင်တောင် သင့်ဘလော့အတွက် တတ်နိုင်သလောက် အချိန်ပေးနိုင်ပါစေ။

ဘလော့လောကကိုဝင်လာတဲ့ လူသစ်တွေအနေနဲ့ သင့်ဆီက ဘလော့နဲ့ပတ်သက်တဲ့အကြောင်းအရာတွေရေးထားပါ။ ဟုတ်တယ်လေ။ ကျွန်တော်ဆိုရင်လည်း ဘလော့စရေးတော့ Popular Post, Recent post တို့လို ဘာညာမလုပ်တတ်ဘူး။ အဲဒီတော့ သူတို့အထောက်အကူဖြစ်မယ့်ဟာတွေအတွက်ရေးထားတော့ သူတို့အတွက် Resource ကောင်းတစ်ခုဖြစ်တာပေါ့။ စစချင်းတော့ ဘလော့ရေးတာကို အချိန်ပိုင်းလောက်ပဲလုပ်ပေါ့။ နောက်ပိုင်းမှ တဖြည်းဖြည်း အချိန်ပေးပြီး လုပ်ပါ။ ဒါကတော့ သင်အဆင်ပြေသလိုသာ စီမံပါ။ ကိုယ်တွေက အလုပ်တစ်ဖက်နဲ့ စားဝတ်နေရေး ဘာညာရှိနိုင်သေးတာကိုး။ လက်ရှိကိုယ့်နိုင်ငံရဲ့ အင်တာနက်အခြေနေကလည်းရှိသေးတယ်လေ။ :P

ဘလော့ရေးရမှာ သင့်အနေနဲ့ ကျောင်းသား၊ အိမ်ရှင်မ၊ ဒါတွေက တကယ်အရေးမကြီးပါဘူး။ အရေးကြီးတာက သင့်မှာ စိတ်ကူးကောင်းရယ်။ အင်တာနက်နဲ့ပတ်သက်ပြီး အခြေခံ knowledge
ရှိရင်ရပါပြီ။ ဘလော့တစ်ခုကိုဖန်တီးလိုက်ပါ။ စိတ်ဝင်စားဖွယ်၊ အသုံးဝင်တဲ့ Tips လေးတွေပါဝင်အောင်ရေးပါ။ တဖြည်းဖြည်းနဲ့ သင့်ဘလော့ဟာ စိတ်ဝင်စားဖွယ်ရာအကြောင်းအရာတွေနဲ့ တဖြည်းဖြည်းလူဝင်များလာအောင် လုပ်ပေါ့ဗျာ။ တကယ့် professional အဆင့်ဖြစ်ရင်တော့ Ad တွေနဲ့ချိတ်ပြီး သင့်ဘလော့ကို အသက်ဆက်နိုင်အောင် ကြိုးစားနိုင်ပါတယ်။ ဒါပေမယ့် ခုလောလောဆယ်တော့ မြန်မာနိုင်ငံအနေနဲ့ သိပ်အဆင်မပြေသေးပါဘူး။ ကျွန်တော်ကတော့ ဝါသနာအရသာ ဘလော့ရေးပါလို့အကြံပေးချင်ပါတယ်။ :( အောက်ကအချက်လေးတွေကို ခေါင်းထဲထည့်မယ်ဆိုရင် သင့်အနေနဲ့ အောင်မြင်တဲ့ဘလော့တစ်ခုဖန်တီးဖို့ အထောက်အကူဖြစ်ပါလိမ့်မယ်။

သင့်ဘလောမှာ အကြောင်းအရာတွေစုံလင်ပြီး အသုံးဝင်တာတွေရေးပါ။
visitor တွေရဲ့စကားသံကို နားထောင်ပါ။ သူတို့ကို တတ်နိုင်သလောက် ကူညီတတ်ပါစေ။
သင့်ဘလော့မှာ ခေါင်းစဉ်တွေကို စိတ်ဝင်စားဖွယ်ကောင်းအောင် ပေးပါ။
ad တွေထည့်မယ်ဆိုရင် ဆိုဒ်တစ်ခုလုံး ဗလပွနေအောင် မထားပါနဲ့။ မျက်စိရှုပ်နေအောင်ထားတော့ visitor တွေရဲ့အမြင်မှာ အမြင်ကပ်စရာဖြစ်လာပါလိမ့်မယ်။ တစ်ခု၊ နှစ်ခုလောက်ဆိုရပါပြီ။
blog မှာအမြဲ update တင်ထားတာတွေကို recent post တွေနဲ့သေချာပြပြီးတော့ သက်ဆိုင်ရာ Category အလိုက်သေချာ Label တွေနဲ့ ပြင်ဆင်ထားပေးပါ။

Blog ဆီကဘာမှသိပ်မမျှော်လင့်ပါနဲ့။ ဘလော့တစ်ခုစစချင်း ရလဒ်ကောင်းတွေ ချက်ချင်းဘယ်ရပါ့မလဲ။ ဒီလိုပဲ တဖြည်းဖြည်း ရေးပါ။ ဘလော့တစ်ခုအောင်မြင်ဖို့ နှစ်နှစ်လောက်အချိန်ယူခဲ့ရတယ်လို့
ဖတ်ဖူးပါတယ်။ နောက်ဆုံးအနေနဲ့ ပြောချင်တာက ဘလော့ရေးတယ်ဆိုတာ ဝါသနာအရင်းခံမှသာ ရေးနိုင်တာပါ။ ဒီတော့ ဘလောရေးမယ်ဆို ကိုယ်က နာမည်ကြီးချင်လို့လား၊ ငွေတစ်ခုတည်းအတွက်လား၊ သေချာစဉ်းစားပါ။ ဝါသနာအရင်းခံပြီး ဇွဲကောင်းကောင်းနဲ့ ရေးမှာသာ နာမည်ကြီးတာတွေ၊ ဘလော့အသက်ဆက်ဖို့ ငွေရေးကြေးရေးစတာတွေက သူ့အလိုလို လိုက်လာပါလိမ့်မယ်။  ဘလော့ရေးရတာ ပျော်ရွင်ပါစေ။

Read more »

8/01/2013

Security Warning for Bloggers!

ကျွန်တော် ဒီပို့စ်ကို ကိုရန် ဘလော့ကနေ ကိုးကားပြီး ပြန်ရှယ်လိုက်တာဖြစ်ပါတယ်။ ဟုတ်ပါတယ်ဗျာ။ ဟိုတစ်ရက်ကလည်း ဘလော့ဂါခရီးသည်ရဲ့ဘလော့တစ်ခုဖျက်သိမ်းခံရတာတွေ့လိုက်ရပါတယ်။ Google ကခုတလော ဘလော့တွေကို သူ့ရဲ့ Rule အသစ်အရ အခန့်မသင့်တာနဲ့  ပိတ်လိုက်တာမျိုးတွေရှိနေတော့ မြန်မာဘလော့ဂါတွေအားလုံး ရှေင်သင့်ဆောင်သင့်တာတွေ လုပ်လို့ရအောင်ပါ။ ကျွန်တော်အနေနဲ့ ပြောချင်တာကတော့ DMCA Copyright နဲ့ငြိစေမယ့် Tool တွေကိုတင်ရင် အထူးသတိထားကြဖို့၊ ခုတလော့ပေါ့ဗျာ။ အဓိကကတော့ Microsoft ရဲ့
Product တွေကိုရှယ်မယ်ဆိုရင် သတိထားကြပါဗျာ။ ဟိုတလောတုန်းကလည်း ကျွန်တော်ဆီကို Google ကနေ မေးလ်ပို့ထားပါသေးတယ်။ Adult Site တွေကိုလုပ်နေတယ်ဆိုရင် July 31 ရက်နေ့နောက်ဆုံးထားပြီး ဖျက်ထားဖို့၊ မဖျက်ရင် Remove လုပ်မယ်ဆိုတဲ့အကြောင်းပေါ့။ ကျွန်တော်ထင်တာက Porn Site တွေကိုပဲ Target ထားတယ်ထင်တာ။ ခုတော့ DMCA ကပါလာပါပြီ။ အဓိက ပြသနာရှာတာကတော့ Microsoft ပဲဖြစ်ပါတယ်။ ကျွန်တော်တွေ့ထားတဲ့လင့်တစ်ခုမှာဆိုရင် Google ကို DMCA နဲ့ပတ်သက်ပြီး Complaint တက်တဲ့ Owner တွေအများကြီးပါပဲ။ ဒီထဲမှာ Music ပိုင်းဆိုင်ရာတွေရောပါတယ်။ Microsoft ကတော့ အဓိက Reporter ပေါ့ဗျာ။ Report အတင်ခံရတဲ့ ဆိုဒ်တွေမှာ filetube လိုဖိုင်ရှယ်တဲ့ဆိုဒ်တွေကထိပ်ဆုံးကပါပဲ။ အရင်ကတော့ အဲလိုဖြစ်ရင်ဘလော့ဂါဆီ မေးလ်ပို့ပြီးအကြောင်းကြားတတ်ပေမယ့် ခုတော့ ဘလော့ကိုပါ ယာယီပိတ်ထားမှာဖြစ်ပါတယ်။ အောက်ကလိုပေါ့။
ဒါက ယာယီပိတ်ထားတာဖြစ်ပါတယ်။ ဒါကိုတစ်ယောက်ယောက်က ဝင်ပြီး Register လုပ်လိုက်ရင်တော့ ခင်ဗျားအနေနဲ့ ဘလော့တစ်ခုဆုံးရှုံးရတော့မှာပါ။ အချိန်မှီ သတိထားမိရင်တော့ ပြန်ရနိုင်ပေမယ့် မသာမာသူတစ်ယောက်ယောက်သာဝင်ကလိလို့ကတော့ ခင်ဗျားကြိုးစားထားသမျှ သဲထဲရေသွန်ဖြစ်မှာနော်။ အောက်မှာ Microsoft ကြောင့် DMCA Complaint တက်ရပုံပါ။
ကဲ ဒီတော့ ဘလော့ဂါတွေ အထူးသတိထားဖို့လိုပါပြီ။ ကျွန်တော်တွေ ဘာတွေလုပ်သင့်သလဲဆိုတာ အထူးပြောနေစရာမလိုတော့ပါဘူး။ Tool တွေရှယ်တာ ခုနကပြောသလိုပါပဲ။ သတိထားဖို့လိုပါပြီ။ Microsoft ကိုတော့ သတိထားရတော့မယ်။ :D နောက်ပြီးတော့ မိမိဘလော့ကို 3 ရက်တစ်ခါလောက် Backup လုပ်သင့်ပါပြီ။ ဒီလိုလုပ်ထားခြင်းအားဖြင့် မိမိဘလော့လိပ်စာကိုမရနိုင်တော့သည်တိုင် မိမိတင်ထားသမျှပို့စ်တွေ Setting တွေအားလုံးကိုပြန်ရမှာဖြစ်ပါတယ်။ ဘလော့ဂါတွေနားလည်မှာပါ။ ဒါကဘယ်လောက်အရေးကြီးမှန်းဆိုတာ။ ကိုယ်က နောက်တစ်လလောက် Online မတက်နိုင်ဘူးထင်ရင် မိမိနောက်ဆုံး အင်တာနက်သုံးချိန်လေးမှာ Backup လုပ်ထားပေါ့။ ဟုတ်တယ်လေ။ Google ကဘယ်ချိန် Remove လုပ်မလဲဆိုတာမသိနိုင်ပဲကိုး။ Backup လုပ်ရတာအချိန်လည်းသိပ်မကြာပါဘူး။ မလုပ်ထားလို့ အခန့်မသင့်ရင် ခင်ဗျားရဲ့ဘလော့လိပ်စာအပြင် ကြိုးစားထားသမျှပို့စ်တွေအကုန်ဂိသွားမှာနော်။ ဒီတော့ Backup လုပ်မယ်ဆိုရင် Blogger ထဲကိုဝင်ပြီး Login>Settings ကိုသွားပါ။

နောက်ပြီး Other ကနေ Export ကနေဆက်သွားမယ်ဆိုရင်

Download ဆိုတာကိုတွေ့ရပါမယ်။ အဲဒီကနေ ကိုယ့်ရဲ့ဘလော့ပို့စ်တွေ Settings တွေအားလုံးကို Backup လုပ်ထားကြပါ။ ကံမကောင်းလို့ မိမိဘလော့ Remove ခံရရင် ပြန် Recovery လုပ်လို့ရတာပေါ့။
တကယ်လို့များ ကိုယ့်ဘလော့လေးကို ပြန်ယူမယ်ဆိုရင်တော့ (Assume your blog is removed) Settings>Blog Tools>Other> Import blog ကနေပြန်ယူလို့ရတာပေါ့ဗျာ။

Ref: http://bloggerkoyan.blogspot.com
Read more »

7/16/2013

Blogger Apk for Android


Blogger သမားတွေသုံးသင့်တဲ့ android apk လေးပါ။ ဒီကောင်ကိုသုံးဖို့ ဖုန်းမှာ Google Service တော့ရှိဖို့လိုပါမယ်။ ဘာလို့လည်းဆိုတော့ Google Account ရှိဖို့လိုတာကိုး။ Google Service ရှိတဲ့ဖုန်းတွေကဘာမှမလိုပေမယ့် တရုတ်ဖုန်းတွေတော့အဆင်ပြေမယ်မထင်ပါ။ ကျွန်တော်လည်းအဆင်မပြေပါဘူး။ :( 
Read more »

7/11/2013

Page View များအောင်လုပ်နည်းစာအုပ်


အားလုံးပဲ မင်္ဂလာပါဗျာ။ ကျွန်တော်ဒီနေ့ ကွန်မကောင်းတာရယ်၊ စိတ်ညစ်ညစ်ဖြစ်နေတာနဲ့ စာအုပ်လေးတစ်ခုကိုရေးဖြစ်ပါတယ်။ ဘလောဂါသမားတွေအတွက် အထောက်အကူပြုမယ်လို့ မျော်လင့်မိပါတယ်။ ခုမှဘလော့စရေးတဲ့လူတွေအတွက်ရည်ရွယ်ပါတယ်ဗျာ။ ကျွန်တော့်ရဲ့ ပထမဆုံးစာအုပ်မို့ လိုအပ်တာတွေရှိရင် နားလည်ပေးကြပါခင်ဗျာ။ ကျွန်တော်လည်း Googling ကနေဟိုဆွဲဒီဆွဲပြီး နားလည်သလောက် ဘာသာပြန်စုစည်းရေးသားထားတာပါ။ အဆင်ပြေပါစေဗျာ။
Read more »

7/07/2013

blogspot ကနေ .tk domain ပြောင်းနည်းစာအုပ် [မြန်မာလို]

ကျွန်တော်ဘလော့စပေါ့ကနေ .tk domain ပြောင်းနည်းပို့စ်ရေးမလို့စမ်းနေတာ နှစ်ပတ်လောက်ရှိပါပြီ။ ရတော့ရပါတယ်။ ဒါပေမယ့်သိပ်တော့အဆင်မပြေတာနဲ့ ဒီစာအုပ်လေးကိုပဲ မျှဝေလိုက်ပါတယ်။ ခုနောက်ပိုင်း လုပ်ရတာသိပ်မရတော့သလိုလိုပါပဲ။ သေချာတော့မသိပါဘူး။ စမ်းတော့စမ်းကြည့်ပေါ့ဗျာ။ သေချာတော့ ရှင်းပြထားပါတယ်။ အဆင်ပြေကြပါစေ။
Read more »

6/19/2013

Upload တင်ပေးမယ့်ဘဘောဂါများနဲ့ Download လုပ်သူများသို့

ကျွန်တော်ဆိုဒ်ကို လာလည်ကြတဲ့မိတ်ဆွေများအားလုံး မင်္ဂလာပါဗျာ။ ကျွန်တော်ဒီပို့စ်ကိုရေးဖြစ်တာ တစ်ချက်ခုတ်နှစ်ချက်ပြတ်စေချင်လို့ပါ။ ၁ အချက်ကတော့ ဘလောဂါသမားတွေအတွက် ဖိုင်တွေကို hosting site တွေမှာတင်တဲ့အခါ သတိပြုစေဖို့၊ ၂ အချက်ကတော့ လာလည်သူ Download ပြုလုပ်မည့် မိတ်ဆွေများအနေနဲ့ ဖိုင်တွေကိုဒေါင်းရင် သိထားသင့်မည်ထင်တဲ့ တချို့အကြောင်းအရာလေးတွေပါ။ ဖိုင့် Hosting Site တွေနဲ့ပတ်သက်ပြီး ကျွန်တော်ပို့စ်တစ်ခုတင်ပေးခဲ့ဖူးပါတယ်။ ကျွန်တော်ဘလော့စရေးခါစက mediafire ကနေစပြီးဖိုင်တွေတင်ပါတယ်။ Copyright နဲ့တိုးလို့အကောင့်လောကျပါတယ်။ ဒုတိယအကောင့်ထပ်လုပ်တယ်။ နောက်တစ်ခါလော့ကျပါတယ်။ ဖိုင်တွေကို ညမအိပ်ဘဲတင်ထားရတာဆိုတော့ နှမြောလိုက်တာပေါ့ဗျာ။ နောက် minus ကိုထပ်ပြေင်းတယ်။ သူကလည်း အစကတော့ ဟုတ်မလိုလိုနဲ့ နောက်ပိုင်းတော့ အယ်ရာတက်တာပါပဲ။ ဒါကြောင့် ကျွန်တော်ကတော့ minus ကိုစွန့်လွတ်လိုက်ပြီ။ ကဲ လိုရင်းတိုရှင်းပဲပြောရအောင်ဗျာ။ ဘလော့ဂါသမားတွေအနေနဲ့ ဖိုင်တွေကိုတင်ပေးမယ်ဆိုရင် ဖြစ်နိုင်ရင်တော့ Pro Account တွေကနေတင်ပေးနိုင်ရင်တော့ ကောင်းတာပေါ့။ ဒါပေမယ့် Copyright နဲ့ညှိလို့ကတော့ ပရိုအကောင့်လည်း လစ်သွားနိုင်ပါတယ်။ :D ဒီတော့ မြန်မာလိုစာအုပ်တွေဆိုရင်တော့ mediafire ကသင့်တော်ပါတယ်။ ဆော့ဝဲလ်တွေကိုတော့ mediafire မှာမတင်ပေးတာအကောင်းဆုံးပါပဲ။ Solidfiles ကတော့ ခုလောလောဆယ်အကောင်းဆုံးအနေထားပါ။ Free account အတွက် 50 GB တောင်ပေးထားပါတယ်။ ဖိုင်တွေကိုလည်း ဖျက်တာမတွေ့ရသေးပါ။ နောက်ပြီး ဒေါင်းမယ့်သူများအနေနဲ့ solidfiles ကနေဒေါင်းရင် တခါတလေ အယ်ရာတက်ပါတယ်။ စိတ်မပျက်ပါနဲ့။ နောက်တစ်ခါစမ်းကြည့်ပါ။ ကျွန်တော်စမ်းတာ တခါတလေ 10 ခါလုပ်မှာရပါတယ်။ သဘောကတော့ ဖိုင်ပျက်တာမဟုတ်ပါဘူး။ Service ခဏရပ်တာပါ။ ဒါကိုတော့ ဒေါင်းမယ့်သူများ တစ်ချက်သတိပြုပါ။ Mirrorcreator လည်းမဆိုးပါ။ ခုထိတော့ အကောင့်လော့ကျတာ၊ ဖိုင်တွေဖျက်ပစ်တာမတွေ့ရသေးပါ။ Zippyshare, Sharebeast, Uploadmb, Hostr.co တွေကတော့ ကျွန်တော်လောလောဆယ်သုံးနေပါတယ်။ d-h.st လည်းမဆိုးပါဘူး။ ဒါပေမယ့် ခုတလော ဖိုင်တွေအယ်ရာတက်လာသလိုပဲ။ Dropxox ကနေ Syn method နဲ့ upload လုပ်ရတာအဆင်ပြေတယ်။ 2 GB ရတယ်ဆိုတော့ အကောင့်တွေအများကြီးလုပ်ပြီး ဖိုင်တွေတင်ရင်အဆင်ပြေတာပေါ့။ :D ကဲ ပို့စ်လေးကတော့ ဒါပါပဲဗျာ။ :D
Read more »

5/10/2013

Blog Address အဟောင်းမှ လိပ်စာအသစ်သို့ Redirect လုပ်နည်း

ကျွန်တော်ဘလော့စပေါ့လေးကို လိပ်စာအသစ်သို့ပြောင်းလိုက်ပါပြီ။ ဒါကြောင့် လိပ်စာအဟောင်းကိုသွားလိုက်တာနဲ့ အခုလိပ်စာအသစ်ဆီကို Redirect လုပ်ပေးမယ့်နည်းလမ်းသုံးထားပါတယ်။ ဘလောဂါတွေအတွက် ဒီလိုအပြောင်းအလဲတွေ
ရှိခဲ့ရင် ခုနည်းလမ်းကမဆိုးပါဘူး။ သူ့ဟာသူ auto Redirect လုပ်ပေးမှာဖြစ်ပါတယ်။ ကဲ လုပ်ရမှာက လွယ်ပါတယ်။ အရင်ဆုံး မူလဘလောစပေါ့ထဲ Login ဝင်ထားပါ။
 
Read more »

9/08/2012

Bloggers and Cyber

Cyber နယ်ပယ်မှာ ဘလောဂါတစ်ယောက်အနေနဲ့ အဖမ်းမခံရအောင် ဘယ်လိုဘလောရေးမလဲ။ ဟိုအရင်ခေတ်တုန်းကတော့ အခုလိုမပွင့်လင်းသေးတော့ ဘလော့ဂါတွေက စာရေးတာကို IP တွေ trace လုပ်လို့မရအောင် ဘာညာဖြင့် စိတ်ဝင်စားဖွယ်ဖြစ်အောင်ရေးသားထားပါတယ်။ စိတ်ဝင်စားတယ်ဆိုရင် အောက်ကနေသာ ဒေါင်းလိုက်တော့ဗျို့။ အဆင်ပြေကြပါစေ။
Read more »

3/15/2012

Making Blog

Blogger တစ်ယောက်အနည်နဲ့ မိမိဘလော့ကို အသွင်အပြင်လှပအောင် လိုအပ်တဲ့ဟာလေးတွေပြင်ဆင်ရအောင်ကိုစေတန်ရေးသားထားတဲ့ Blog Guide စာအုပ်လေးဖြစ်ပါတယ်။ ဘလောဂါစလုပ်မယ့်လူငယ်တွေဆောင်ထားသင့်တဲ့စာအုပ်လေးပါ။ ဒီစာအုပ်မှာပါဝင်မယ့် ပါဝင်မယ့်အခန်းလေးတွေကတော့
အပိုင်း ၁ ( Blog လုပ်ရန်လိုအပ်တာလေးများ)
အပိုင်း ၂ ( Blog လုပ်ခြင်း)
အပိုင်း ၃ ( လိုအပ်တာများဖြည့်စွက်ခြင်း)
Appendeix
Read more »

2/28/2012

Facebook Like Button ပြုလုပ်နည်း

မိမိ ဘလော့မှာ လူတွေအလည်လာပြီး facebook သုံးနေတဲ့လူတွေဆိုရင် Like လုပ်ပေးတဲ့အတွက် မိမိဘလော့ကို လူတွေဘယ်လောက်စိတ်ဝင်စားသလဲဆိုတာသိနိုင်ပါတယ်။ ဘလော့ဂါတစ်ယောက်အနည်နဲလည်း ဒီလိုလုပ်ပေးတာကို သဘောကျကြမှာပါ။ Facebook Like Button ပြုလုပ်နည်းတွေအများကြီးရှိတဲ့အထဲကလွယ်ကူရှင်းလင်းတဲ့နည်းကိုပဲ ပြောပြသွားမှာပါ။ ဒီလို Lile Button လုပ်ဖို့အတွက် အရင်ဆုံးကိုယ့်ရဲ့ Facebook အကောင့်ထဲမှာ  Fan Page တစ်ခုရှိရပါမယ်။
မရှိသေးရင် အခုပဲလုပ်ပါ။ Facebook အကောင့်ထဲမှာ Create Page ကနေလုပ်ဆောင်ပါ။ အဲဒီမှာ ရွေးစရာ 4 ခုရှိပါတယ်။ Business, Entertainment ဘာညာစသည်ဖြင့်ပေါ့ဗျာ။
နှစ်သက်ရာတစ်ခုကိုရွေးချယ်ပြီးCategoryကိုလည်းကောင်းနိုးရာရာကိုရွေးပါ။လိုအပ်တဲ့အချက်အလက်တွေ ပုံတွေဘာတွေပါ တင်ထားလိုက်ပါ။ မိမိ Fan Page ကိုလည်းမိမိကိုယ်တိုငအရင်ဆုံး Like


လုပ်ပေးပါအုံး။ ပြီးရင် မိမိ Fan Page ရဲ့ URLကိုလည်းမှတ်ထားပါ။ ပြီးပြီဆိုရင်
https://developers.faebook.com/docs/reference/plugins/like/ကိုသွားပါ။ အဲဒီမှာ ခုနက မိမိ Fan Page ရဲ့ URL ကို URL to like ဆိုတဲ့နေရာမှာထည့်သွင်းပါ။ လိုအပ်တဲ့ width တွေဘာတွေ setting ချိန်ပြီးရင် Get Code ကိုနှိပ်ပါ။အဲဒီမှာ dialog box တစ်ခုပေါ်လာပါမယ်။ HTML5, XFBML, IFRAME ဆိုတဲ့အနက် XFBML ကိုရွေးရမှာဖြစ်ပြီး နံပါတ် 3 ဖြစ်တဲ့အောက်ဆုံးက ကုဒ်လိုင်းကိုယူရမှာဖြစ်ပါတယ်။ အိုကေ။ အဲဒီကုဒ်ကိုကော်ပီကူးထားလိုက်နော်။ နောက်တစ်ဆင့်အနေနဲ့ Blogger ဆီကိုပြန်သွားပါ။ Design>Layoutကိုသွားပါ.Addgadgetကိုသွားပါ.HTML/Javascriptကိုယူပါ.ပြီးရင်တော့  စောစောက ကော်ပီကူးထားတဲ့ ကုဒ်ဒင်းလေးတွေကို ကော်ပီပေ့စ်လုပ်လိုက်ပါ။ ကဲ ဒါဆိုရင် View blog ကိုနှိပ်ပြီး ပြန်ကြည့်နိုင်ပါပြီး။ တကယ်လို့ Like Button က width တွေကြီးနေတာတို့ အဆင်မပြေတာတွေရှိရင်လည်း setting တွေကိုပြန်ချိန်ပါ။ အားလုံးအဆင်ပြေကြပါစေဗျာ။
Read more »