ကျွန်တော် ဒီပို့စ်ကို ကိုရန် ဘလော့ကနေ ကိုးကားပြီး ပြန်ရှယ်လိုက်တာဖြစ်ပါတယ်။ ဟုတ်ပါတယ်ဗျာ။ ဟိုတစ်ရက်ကလည်း ဘလော့ဂါခရီးသည်ရဲ့ဘလော့တစ်ခုဖျက်သိမ်းခံရတာတွေ့လိုက်ရပါတယ်။ Google ကခုတလော ဘလော့တွေကို သူ့ရဲ့ Rule အသစ်အရ အခန့်မသင့်တာနဲ့ ပိတ်လိုက်တာမျိုးတွေရှိနေတော့ မြန်မာဘလော့ဂါတွေအားလုံး ရှေင်သင့်ဆောင်သင့်တာတွေ လုပ်လို့ရအောင်ပါ။ ကျွန်တော်အနေနဲ့ ပြောချင်တာကတော့ DMCA Copyright နဲ့ငြိစေမယ့် Tool တွေကိုတင်ရင် အထူးသတိထားကြဖို့၊ ခုတလော့ပေါ့ဗျာ။ အဓိကကတော့ Microsoft ရဲ့
Product တွေကိုရှယ်မယ်ဆိုရင် သတိထားကြပါဗျာ။ ဟိုတလောတုန်းကလည်း ကျွန်တော်ဆီကို Google ကနေ မေးလ်ပို့ထားပါသေးတယ်။ Adult Site တွေကိုလုပ်နေတယ်ဆိုရင် July 31 ရက်နေ့နောက်ဆုံးထားပြီး ဖျက်ထားဖို့၊ မဖျက်ရင် Remove လုပ်မယ်ဆိုတဲ့အကြောင်းပေါ့။ ကျွန်တော်ထင်တာက Porn Site တွေကိုပဲ Target ထားတယ်ထင်တာ။ ခုတော့ DMCA ကပါလာပါပြီ။ အဓိက ပြသနာရှာတာကတော့ Microsoft ပဲဖြစ်ပါတယ်။ ကျွန်တော်တွေ့ထားတဲ့လင့်တစ်ခုမှာဆိုရင် Google ကို DMCA နဲ့ပတ်သက်ပြီး Complaint တက်တဲ့ Owner တွေအများကြီးပါပဲ။ ဒီထဲမှာ Music ပိုင်းဆိုင်ရာတွေရောပါတယ်။ Microsoft ကတော့ အဓိက Reporter ပေါ့ဗျာ။ Report အတင်ခံရတဲ့ ဆိုဒ်တွေမှာ filetube လိုဖိုင်ရှယ်တဲ့ဆိုဒ်တွေကထိပ်ဆုံးကပါပဲ။ အရင်ကတော့ အဲလိုဖြစ်ရင်ဘလော့ဂါဆီ မေးလ်ပို့ပြီးအကြောင်းကြားတတ်ပေမယ့် ခုတော့ ဘလော့ကိုပါ ယာယီပိတ်ထားမှာဖြစ်ပါတယ်။ အောက်ကလိုပေါ့။

ဒါက ယာယီပိတ်ထားတာဖြစ်ပါတယ်။ ဒါကိုတစ်ယောက်ယောက်က ဝင်ပြီး Register လုပ်လိုက်ရင်တော့ ခင်ဗျားအနေနဲ့ ဘလော့တစ်ခုဆုံးရှုံးရတော့မှာပါ။ အချိန်မှီ သတိထားမိရင်တော့ ပြန်ရနိုင်ပေမယ့် မသာမာသူတစ်ယောက်ယောက်သာဝင်ကလိလို့ကတော့ ခင်ဗျားကြိုးစားထားသမျှ သဲထဲရေသွန်ဖြစ်မှာနော်။ အောက်မှာ Microsoft ကြောင့် DMCA Complaint တက်ရပုံပါ။
ကဲ ဒီတော့ ဘလော့ဂါတွေ အထူးသတိထားဖို့လိုပါပြီ။ ကျွန်တော်တွေ ဘာတွေလုပ်သင့်သလဲဆိုတာ အထူးပြောနေစရာမလိုတော့ပါဘူး။ Tool တွေရှယ်တာ ခုနကပြောသလိုပါပဲ။ သတိထားဖို့လိုပါပြီ။ Microsoft ကိုတော့ သတိထားရတော့မယ်။ :D နောက်ပြီးတော့ မိမိဘလော့ကို 3 ရက်တစ်ခါလောက် Backup လုပ်သင့်ပါပြီ။ ဒီလိုလုပ်ထားခြင်းအားဖြင့် မိမိဘလော့လိပ်စာကိုမရနိုင်တော့သည်တိုင် မိမိတင်ထားသမျှပို့စ်တွေ Setting တွေအားလုံးကိုပြန်ရမှာဖြစ်ပါတယ်။ ဘလော့ဂါတွေနားလည်မှာပါ။ ဒါကဘယ်လောက်အရေးကြီးမှန်းဆိုတာ။ ကိုယ်က နောက်တစ်လလောက် Online မတက်နိုင်ဘူးထင်ရင် မိမိနောက်ဆုံး အင်တာနက်သုံးချိန်လေးမှာ Backup လုပ်ထားပေါ့။ ဟုတ်တယ်လေ။ Google ကဘယ်ချိန် Remove လုပ်မလဲဆိုတာမသိနိုင်ပဲကိုး။ Backup လုပ်ရတာအချိန်လည်းသိပ်မကြာပါဘူး။ မလုပ်ထားလို့ အခန့်မသင့်ရင် ခင်ဗျားရဲ့ဘလော့လိပ်စာအပြင် ကြိုးစားထားသမျှပို့စ်တွေအကုန်ဂိသွားမှာနော်။ ဒီတော့ Backup လုပ်မယ်ဆိုရင် Blogger ထဲကိုဝင်ပြီး Login>Settings ကိုသွားပါ။
နောက်ပြီး Other ကနေ Export ကနေဆက်သွားမယ်ဆိုရင်
Download ဆိုတာကိုတွေ့ရပါမယ်။ အဲဒီကနေ ကိုယ့်ရဲ့ဘလော့ပို့စ်တွေ Settings တွေအားလုံးကို Backup လုပ်ထားကြပါ။ ကံမကောင်းလို့ မိမိဘလော့ Remove ခံရရင် ပြန် Recovery လုပ်လို့ရတာပေါ့။
တကယ်လို့များ ကိုယ့်ဘလော့လေးကို ပြန်ယူမယ်ဆိုရင်တော့ (Assume your blog is removed) Settings>Blog Tools>Other> Import blog ကနေပြန်ယူလို့ရတာပေါ့ဗျာ။

Ref: http://bloggerkoyan.blogspot.com
No comments:
Post a Comment
If you good, i don't bad. if you think you can bark me, I think i can also fuck you. I'm just ordinary person. Is that OK? :)