Kali မှာ Opera Browser သွင်းနည်းပါ။ အရင်က ကျွန်တော် Google Chrome သွင်းနည်းရေးထားပြီးသားပါ။ အသုံးပြုပုံသိပ်မကွာပါဘူး။ အရင်ပို့စ်ကိုဖတ်ဖူးတယ်ဆိုရင် သဘောပေါက်လွယ်ပါလိမ့်မယ်။ အိုခီ စရအောင်။
လိုအပ်တဲ့ဖိုင်ကို ဒေါင်းမယ်။ ဒီနေရာမှာတော့ ကျွန်တော်က i386 (32-bit) အတွက်သာ နမူနာထားပြီး ရေးပေးမှာပါ။ 64 bit အတွက်တော့ သက်ဆိုင်ရင် .deb ဖိုင်ကိုပြန်ရှာဖို့လိုပါလိမ့်မယ်။
Down ပြီးရင် Kali ရဲ့ Desktop မှာထားလိုက်ပါ။ ပြီးရင် ထုံးစံအတိုင်း Terminal ကိုခေါ်မယ်။ Terminal ကိုရောက်ရင် cd Desktop နဲ့ directory change ပါ။ ပြီးရင် ls နဲ့ပြန်ကြည့်လိုက်မယ်။ အာ့ဆိုအောက်ကလိုမြင်ရပါမယ်။ ပြီးရင် dpkg -i opera_12.15.1748_i386.deb နဲ့အင်စတော့လုပ်လိုက်ပါ။ မိမိဒေါင်းလိုက်တဲ့ဖိုင်နာမည်အလိုက် ဒီနေရာမှာတော့ ကွဲလွဲပါမယ်။ :D
အာ့ဆို အောက်ကလို Installation လုပ်နေတာမြင်ရပါမယ်။ အိုခီ ပြီးတဲ့အထိစောင့်လိုက်ပါ။
ဒါကတော့ Agree လုပ်မလားမေးတဲ့ Wizard ပါ။ Agree ပေးရပါတယ်။ ဟီး :D
အိုခီ မေးပါသေးတယ်။ Yes or No လားပေါ့။ အလုပ်မရှုပ်ချင်လို့ No ပဲရွေးပေးလိုက်ပါတယ်။

ကဲဒါဆို ပြီးပါပြီ။ Applications>Internet>Opera ဆိုပြီးသွားလိုက်ရင် Opera ကိုသုံးလိုရပါပြီ။