pen-testing Tool တွေနဲ့ပတ်သက်ရင် Kali မှာပါတဲ့ Top Ten Pen-testing Tool တွေတော်တော်များများပါဝင်ပါတယ်။ အောက်မှာ ကျွန်တော် Kali ရဲ့ Top Ten Pen-testing Tool တွေနဲ့ ယှဉ်ပြထားပါတယ်။ သူလည်း Kali မှာ Default အနေနဲ့မပါတဲ့ Tool တွေကိုထည့်ထားတာလည်း တွေ့ရမှာပါ။
ဒါကတော့ နာမည်ကြီး Metasploit ပါ။ သင့်အနေနဲ့ Metasploit ကို update လုပ်ဖို့တော့ လိုကောင်းလိုအပ်ပါလိမ့်မယ်။ အခြား Kali မှာပါတဲ့ aircrack-ng လို Tool တွေလည်းအများကြီးပါဝင်ပြီးသားပါ။
Synaptic Package Manager ကိုထည့်ပေးထားလို့ ခင်ဗျားအနေနဲ့ နောက်ထပ် Repository တွေကိုထပ်ထည့်ပြီး သင်စိတ်ကြိုက် Tool တွေကို ထပ်ထည့်နိုင်မှာပါ။
Default Browser ကတော့ Mozilla Firefox (v11) ကိုထည့်သွင်းထားပြီး Internet Tab မှာ အခြား FileZilla, Thunderbird တို့ကိုလည်းထည့်ထားပါသေးတယ်။
Media အတွက် VLC Player ကိုထည့်ပြီးသားဆိုတော့ သင့်အနေနဲ့ mp3, mp4 ဖိုင်တွေကို အေးဆေးကြည့်နိုင်ပါလိမ့်မယ်။ Office Suite အတွက်ကတော့ Abiword, Gnumeric တို့ကိုထည့်ပေးထားလို့ Word, Excel ဖိုင်တွေကို ဖွင့်နိုင်ပါလိမ့်မယ်။ ကျွန်တော်ထင်တယ်။ Word 2003 နဲ့ပဲ Compatibale ဖြစ်လိမ့်မယ်။ ဒါကတော့ သိပ်အရေးမပါလောက်ပါဘူး။ PDF Viewer ကိုတော့ Default အနေနဲ့မတွေ့ရပါဘူး။ ဒါပေမယ့် Ubuntu Software Center ကနေ ကိုယ်လိုချင်တာကို ထည့်လို့ ရမှာပါ။Backbox ဟာလည်း Top Ten Pen-testing Distro ထဲမှာပါဝင်ပါတယ်။ နောက်ဆုံး Release လုပ်တဲ့ဗားရှင်းကိုသူရဲ့ Official Site မှာဒေါင်းနိုင်သလို Distro-Witch မှာလည်းကြည့်နိုင်ပါတယ်။
Backbox ကိုသင်အနေနဲ့ live Boot လုပ်လို့ရသလို ကြိုက်နှစ်သက်တယ်ဆိုရင် Hard Disk မှာ အင်စတော့ လွယ်လွယ်ကူကူပဲ ထည့်သွင်းနိုင်ပါလိမ့်မယ်။ Installation ပိုင်းကလည်း Ubuntu ကိုအင်စတော့လုပ်ဖူးတယ်ဆိုရင် ဘာမှမခက်ပါဘူး။ ကျွန်တော်တို့ နောက်ထပ်လိုအပ်တဲ့ Driver တွေ၊ media Code တွေကိုလည်း Ubuntu ကအတိုင်းပဲ respository တွေပေါင်းပြီး မိမိလိုချင်တာကို အင်စတော့လုပ်နိုင်ပါလိမ့်မယ်။ ကျွန်တော်ကတော့ သွင်းပါလို့ Recommended မပေးလိုပါဘူး။ ဒီဇိုင်းကို ကြိုက်မယ်ဆိုရင် သုံးနိုင်ပါတယ်။ ကျွန်တော်စမ်းပြတဲ့ ဗားရှင်းက 2.05 ထင်တယ်။ ထွက်တာကြာပြီဆိုတော့ နောက်ထပ်ဗားရှင်းမှာ Tool အသစ်တွေကိုထပ်ပေါင်းထားပါတယ်။ Kernel 3.2 ကိုသုံးထားပါသတဲ့။ ဒီတော့ Kali မှာအတိုင်းပဲထင်ပါတယ်။ သုံးမယ်မသုံးဘူးက ကိုယ့်ဘာသာဆုံးဖြတ်ပေါ့။ VM ကနေစမ်းကြည့်၊ အခြား Distro တွေနဲ့နှိုင်းကြည့်။ စက်တွေလည်းမပူဘူး။ သုံးလို့လည်း အဆင်ပြေတယ်။ OK တယ်ဆိုသွင်းပြီးသုံး။ Kali သုံးမှ၊ BT သုံးမှမဟုတ်ပါဘူး။ ကိုယ့် Hardware နဲ့အဆင်ပြေပြေ Run နိုင်တယ်ဆိုရင် ကောင်းတာပါပဲ။
[Download]




