Showing posts with label Proxy. Show all posts
Showing posts with label Proxy. Show all posts

12/11/2013

Burd's proxy searcher

 
Public မှာရှိတဲ့ proxy တွေကိုရှာပေးပါတယ်။ အင်တာနက်မှာ free proxy ရှာချင်တယ်ဆိုရင် ဒီကောင်လေးနဲ့ ရှာလိုက်ရုံပဲပေါ့။ Google မှာလိုက်မွေနေစရာမလိုတော့ပါဘူး။ အသုံးဝင်မယ်ထင်ရင် ယူလိုက်ပေါ့ဗျာ။ အောက်မှာ Requirement နဲ့ Support OS ကိုလည်း ဖော်ပြပါတယ်။
  • Supported operation systems
    • Windows 8.1 Preview (32-bit and 64-bit)
    • Windows 8 (32-bit and 64-bit)
    • Windows 7 SP1 (32-bit and 64-bit)
    • Windows Vista SP2 (32-bit and 64-bit)
    • Windows Server 2012 R2 Preview (64-bit)
    • Windows Server 2012 (64-bit edition)
    • Windows Server 2008 R2 SP1 (64-bit)
    • Windows Server 2008 SP2 (32-bit and 64-bit)
  • RAM 1GB.
  • Internet channel at least 1Mb/s. 
 [Screenshot]
  
Read more »

10/28/2013

Proxy ဆိုတာဘာလဲ

အခုဒီ post မှာတော့ Proxy ဆိုတာဘာလဲ ဘယ်လိုအသုံးဝင်သလဲ ဆိုတာတွေကို ရှင်းပြပေးသွားပါမယ်။

Proxy ဆိုတာ user နဲ့  server ကြားမှာ ပေါင်းကူးပေးတာပဲ ဖြစ်ပါတယ်။

Proxy ဟာ သင့်ရဲ့  ip address ကို ပြောင်းလဲပေးခြင်း သို့ မဟုတ် sever နဲ့ ချိတ်ဆက်ဖို့ အတွက် သင့်ရဲ့  request ကို protocol ပြောင်းလဲပြီး အဲ့ဒီ server က allow ဖြစ်စေမှာဖြစ်ပါတယ်။

ဒါလေးကို အားလုံး မျက်စိထဲမြင်အောင် ဥပမာလေးနဲ့ ပြောရရင်
အဆောင်နေတဲ့ ကျောင်းသားတစ်ယောက် သူ့ အဆောင်မှာ internet access တော့ရှိတယ် ဒါပေမယ့် တစ်ချို့ site တွေ ( soical site တွေဖြစ်တဲ့ facebook, twitter ) ကိုဖွင့်လို့ မရပါဘူး။
ဒီလိုအခြေအနေမျိုးမှာ Proxy Site တစ်ခုခုရဲ့ အကူအညီယူပြီး အဲ့ဒီ ဖွင့်လို့ မရတဲ့ site တွေကို proxy မှတဆင့် access ရရှိနိုင်မှာဖြစ်ပါတယ်။

ဒါပေမယ့် Hacker တွေ Attacker တွေ ကတော့ Proxy ကို နည်းအမျိုးမျိုးနဲ့ အသုံးချတတ်ကြပါတယ်။
ဥပမာ Corporate Firewall ထဲကို firewall network ထဲမှာ ရှိနေပြီးသား victim ရဲ့  IP ကို imitating လုပ်ခြင်းဖြင့်  Corporate Firewall ထဲကို ၀င်ရောက်လေ့ရှိပါတယ်။

အောက်ကပုံကတော့ Proxy Server တစ်ခု အလုပ်လုပ်ပုံကို အကြမ်းဖြင်း ပြထားတာပဲဖြစ်ပါတယ်။



ဒါကတော့ Example of Proxy Site ပါ။ http://3night.3owl.com/

Uses of Proxy. 

1. using caching
2. can be used to be anonymous
3. to bypass parental control of pc.
4. to avoid internet filtering to access content
5. to scan transmitted content for malware before delivery
6. used by people using internet for illegal purposes.

Read more »

9/30/2013

Top 5 Firefox Add-on for Proxy

Firefox ဆိုတာကတော့ ကျွန်တော်တို့အတွက်တော့ Friendly ဖြစ်ပြီး Default Browser တစ်ခုလို့တောင် ထင်မှတ်မိပါတယ်။ :D သူရဲ့ Security တွေကလည်းမြင့်ပါတယ်။ ဒီတော့ Firefox လေးသုံးပြီး Add-on တွေဖြည့်စွက်လိုက်ရင် အင်တာနက်မှာ Hide IP လိုဆော့ဝဲလ်တွေသုံးစရာမလိုပဲ Anonymously သွားလို့ရပါတယ်။ ဒါကတော့ hackingsec.in မှာရေးထားတာလေးကို ပြန်ရှယ်လိုက်ပါတယ်။ 

ဒီကောင်ကတော့ UK based proxy addon ပါ။ သုံးရတာလည်း လွယ်ပါတယ်။ 

ဒီကောင်ကလည်း အကောင်းဆုံး addon တစ်ခုပါပဲ။ သူက IP address leakage, cookie leakage စာတာတွေကိုကာကွယ်ပေးတယ်လို့ဆိုပါတယ်။ ဟုတ်မဟုတ်တော့ ကျွန်တော်လည်း မသိ။ :D

 သူကတော့  Anonymous Proxy လိုမကပါဘူး။ Content Filtering တွေကို bypass လုပ်လို့ရပါသတဲ့။

သူကလည်း user friendly ဖြစ်တဲ့ addon လေးဖြစ်ပါတယ်။ နောက် auto proxy rotating function နဲ့အခြားသော feature တွေပါဝင်ပါတယ်။

မပြောချင်တော့ပါဘူး။ ဟီး

Addon တွေအားလုံးက Mozilla ရဲ့ Officially ထုတ်ထားတဲ့ addon တွေမို့ စိတ်ချလက်ချသုံးနိုင်ပါတယ်။ ဒီထဲက အားလုံးလည်း သုံးစရာမလိုပါဘူး။ ကိုယ်နဲ့အဆင်ပြေရာတစ်ခုကိုသုံးရင် ရပါပြီ။ အကုန်သာ install လုပ်နေရင် Firefox ကလေးနေပါလိမ့်မယ်။ ကျွန်တော်ကတော့ Anon X တစ်ခုပဲသုံးပါတယ်။ သုံးရတာလည်းလွယ်ပါတယ်။ link ကနေသွား Add to Firefox ကနေ install လုပ်ပြီး Firefox ကို Restart ချလိုက်ရင်ရပါပြီ။ မသုံးချင်ရင် Tool>Addon ကနေ Disable/Remove လုပ်လို့ရပါတယ်။ 
Read more »

8/01/2012

CCProxy အသုံးပြုနည်း

ဟိုတစ်ပတ်ကတည်းက Mediafire ကနေတင်ပေးတဲ့ဖိုင်တွေ ကော်ပီရိုက်နဲ့ငြိနေလို့ဆိုပြီး ဖိုင်တွေအတင်းဖျက်ခိုင်းတယ်။ ဒါကြောင့် ရှေ့ဆက်ပြီးတင်ပေးမယ့် link တွေမှာ လိုအပ်ရင်လိုအပ်သလို Password ပေးခြင်း၊ဖိုင်နံမည်ကိုပြောင်းပေးခြင်းများပြုလုပ်မယ်ဖြစ်ပါကြောင်းကြိုတင်အသိပေးအပ်ပါတယ်။ တကယ်လို့ Password တောင်းပါက www.soesoediary.blogspot.com ကိုသာထည့်ပေးလိုက်ပါ။ ဒီစာအုပ်လေးကတော့ Myanmar ဘလော့ဂါတစ်ယောက် ပြန်ဆိုထားတဲ့ အိမ်သုံး Proxy 

တစ်ခုတည်ဆောက်နည်းစာအုပ်လေးဖြစ်ပါတယ်။ စာအုပ်လေးကတော့ စာမျက်နှာသိပ်မရှိပါဘူး။ အားလုံးလိုချင်ကြလိမ့်မယ်လို့ ထင်ပါတယ်။ လိုချင်တယ်ဆိုရင် အောက်မှာယူသွားလိုက်ပါ။ အားလုံးပဲ အဆင်ပြေကြပါစေဗျာ။
Read more »

4/01/2012

Squid Proxy v2.0

Squid Proxy ရဲ့နောက်ဆုံးဗားရှင်းလေးပဲဖြစ်ပါတယ်။ လိုချင်သူများအတွက် ကနေတင်ပေးထားပါတယ်။ အားလုံးကျေနပ်ကြလိမ့်မယ်လို့မျော်လင့်ပါတယ်။ အရှည်အဝေးတော့ ထပ်ပြီးမရှင်းပြတော့ပါဘူး။ အရင်ပို့စ်ကိုဖတ်ချင်ရင် ဒီ မှာပါ။ အရင်ဗားရှင်းအတွက် နောက်ဆုံး လုပ်တဲ့ရက်က ဖြစ်ပါတယ်။ ဒါကြောင့် ဒီနောက်ဆုံးဗားရှင်းကို ဖြစ်နိုင်ရင် ယူထားသင့်ပ်တယ်။

Read more »

3/31/2012

Squid Proxy Server 1.4.232

ဒီ Squid proxy Server ကိုအသုံးပြုချင်ရင် ခင်ဗျား PC မှာအရင်ဆုံး Network Card နှစ်ခုရှိဖို့လိုအပ်ပါတယ်။ Squid proxy Server ကိုအသုံးပြုခြင်းဖြင့် Network တစ်ခုလုံးရဲ Internet Connection ကောင်းမွန်ခြင်း အပြင် မိမိတို့ရဲ့  LAN အတွင်းမှာရှိတဲ့ IPAddress တွေကိုစိတ်ကြိုက်အသုံးပြုနိုင်ခြင်းစတဲ့အကျိုးကျေးဇူးတွေကိုရရှိစေမှာဖြစ်ပါတယ်။
အသုံးပြုပုံကိုတော့ ရှင်းပြရမှာနည်းနည်းရှည်နေလို့ မဖော်ပြတော့ပါဘူး။ တကယ်လို့ အသုံးပြုပုံကိုပါသိချင်တယ်ဆိုရင်ကျွန်တော်ရဲ့ Cbox ထဲကနေတောင်းဆိုနိုင်ပါတယ်။ Proxy

Read more »

3/23/2012

Proxy Switcher Pro v3.90

ကွန်နင်ရှင် မကောင်းတဲ့အချိန်တွေမှာ Proxy ဆာဗာတွေကိုအသုံးပြုခြင်းဖြင့် မိမိရဲ့ ကွန်မကောင်းတာကိုပြင်ဆင်နိုင်ပါတယ်။ ဒီ ဆော့ဝဲလ်လေးကတော့ Active ဖြစ်နေတဲ့ Proxy Server တွေကို Detect လုပ်ပေးနိုင်ပါတယ်။ အခြား function တွေလည်းပါတာပေါ့။ သက်ဆိုင်ရာ Serial Number ကိုလည်းထည့်သွင်းထားလို့ အဆင်ပြေမှာပါ။ အားလုံးကျေနပ်လိမ့်မယ်လို့ မျော်လင့်မိပါတယ်။
လိုချင်တယ်ဆိုရင် အောက်မျာယူသွားလိုက်ပါ။
Read more »

3/03/2012

Proxy Refresh List 30

 အင်တာနက် connection မကောင်းတဲ့အချိန်တွေမှာ Proxy server နံပါတ်တွေကိုပြောင်းလဲအသုံးပြုခြင်းဖြင့် နှေးကွေးနေတဲ့ အင်တာနက် speed ကို
ကျော်လွားနိုင်ပါတယ်။ အဲဒီအတွက် IE မှာ Tools>Internet Options>Connections>LAN Settings မှာဝင်ပြင်ရမှာဖြစ်သလို Mozilla Firefox မှာတော့
Options ကနေ Advanced>Network>Settings မှာပြင်ရမှာဖြစ်ပါတယ်။ မြန်မာ့ဆက်သွယ်ရေးကနေ အင်တာနက်လိုင်းယူထားတဲ့ ကွန်ပျူတာတွေရဲ့
proxy address ကတော့ ygncache5.mpt.net.mm ဖြစ်ပြီး port အဖြစ် 8080 ဖြစ်ပါတယ်။ ကဲ အောက်မှာကတော့ စက္ကန့်တိုင်း အမြဲတမ်း update
ဖြစ်နေတဲ့ Proxy တွေကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။

သူ့ရဲ့ ဆိုဒ်လေးကတော့ ဒီနေရာ ကိုနှိပ်လိုက်ပါ။
Read more »