အရင်ဆုံး Windows ရဲ့ Task Manager (Ctr+Alt+Del) ကိုခေါ်လိုက်ပါ။ ပြီးရင် Process tab ကိုခေါ်ပြီး View>Select Columns ကနေ PID(Process Identifiers) ကိုရွေးထားပါ။
ဒါဆိုရင် Windows မှာ Run နေတဲ့ သက်ဆိုင်ရာ process အလိုက် PID number နဲ့တွဲပြီး အောက်ကလို တွေ့နိုင်ပါပြီ။
ပြီးရင် CMD ကိုခေါ်ပြီး "netstat -ano" command ကိုခေါ်လိုက်ပါ။
ဒါဆို အောက်ကလိုတွေ့ရပါမယ်။ ဒီထဲက "ESTABLISHED" ဆိုတာကိုတွေ့ရမယ်။ ဘေးနားက PID နဲ့ပါတွဲပြီးမှတ်ထားပါ။ "ESTABLISHED" လုပ်တယ်ဆိုတာ ကိုယ့်စက်မှာ run နေတဲ့ program က အင်တာနက်ဆီကို ဒေတာ establish လုပ်နေတာပါ။ ဒါကတော့ ပြောရရင် program update လုပ်နေတာ ဒါမှမဟုတ် uploading တစ်ခုခုဖြစ်နိုင်ပါတယ်။
ကောင်းပြီ။ အဲဒါကို ခုနက Task manager ကိုပြန်သွားပြီး PID နဲ့တိုက်ဆိုင်စစ်ကြည့်လိုက်ပါ။
အင်း Established လုပ်နေတာ PID 3464 နဲ့ Task Manager နဲ့ပြတာက Dropbox.exe ဆိုတာတွေ့ရပါတယ်။ ဒီတော့ အဲဒီ run နေတဲ့ Dropbox.exe ကိုထောက်ပြီး Open File Location နဲ့ဖွင့်လိုက်ပါ။ တကယ်အမှန်အကန် dropbox ဖိုင်ဆိုရင် သက်ဆိုင်ရာ Dropbox install လုပ်ထားတဲ့ Directory ဆီကိုရောက်သွားပါမယ်။ မဟုတ်ရင် Rat ဘာညာပေါ့။ နောက် Establish မှာပြတဲ့ PID က Taskmanager မှာ svchost.exe ဘာညာပြတယ်ဆိုရင် RAT/Keylogger အဖြစ်သိစေအပ်ပါတယ်။ :D
ဒီလိုဆိုရင်တော့ Virustotal မှာ အဲဒီဖိုင်ကိုစစ်ဆေးကြည့်ဖို့ လိုပါလိမ့်မယ်။
Credit: Uber.org