10/15/2013

Blogging လုပ်ရတာ သင့်ဘဝကိုပျော်ရွှင်ပါစေ

ဆောင်းပါးတစ်ခုကို ဆီလျော်အောင် ဘာသာပြန်ပြီးရေးလိုက်ပါတယ်။ ဘလောဂါလုပ်မယ့်သူတွေအတွက်ပါ။ အပျင်းပြေဖတ်ကြည့်ပေါ့နော်။ ခုနောက်ပိုင်း ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်းနည်းပညာအကြောင်းရေးတဲ့ဘလော့ဂါတွေ အတော်များလာပါတယ်။ ဟိုလွန်ခဲ့တဲ့နှစ်တွေတုန်းကတော့ မြန်မာဘလောဂါတွေဆို လက်ချိုးရေလို့ရပါတယ်။ အခုလိုများလာတာ ဘာပြောပြော ဝမ်းသာစရာပါပဲ။ နောက်ပိုင်းဆိုရင် အင်တာနက်ကွန်နက်ရှင်တွေလည်း ဒီထက်ကောင်းလာမယ်။ အသုံးပြုသူတွေလည်း ဒီထက်များလာမယ်။ ဒီတော့ ဘလောဂါတွေရဲ့ အခန်းဟာလည်း အရေးပါလာမယ်လို့ထင်မြင်မိပါတယ်။ မြန်မာနိုင်ငံမှာ လက်ရှိအင်တာနက်အသုံးပြုနိုင်တဲ့ရာခိုင်နှုန်းက 5% တောင်ရှိမယ်မထင်ပါဘူး။ သူတို့ဆိုရင် အင်တာနက်ဆိုတာ ဘာမှန်းမသိသေးတဲ့ သူတွေဖြစ်နေမှာပါ။ ကဲ နိဒါန်းပျိုးတာ နည်းနည်းများသွားပြီ။ ဘလောဂါဘက် ဆက်ရအောင်။ :D

Blogging ဆိုတာ ခုဆိုကမ္ဘာနဲ့အဝန်းကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနေပါပြီ။ နည်းပညာ၊ ဖုန်းနဲ့ဆိုင်တဲ့ဘလော၊ အတွေးအမြင်ဘလော့။ အနုပညာဘလော၊ သတင်းဘလော့ ဘာညာကွိကွဆိုပါတော့။
အဲဒီထဲကမှ ကိုယ်နဲ့အဆင်ပြေရာတစ်ခုခုကို သေချာရွေးပြီး ဘလော့တစ်ခုကို စတင်နိုင်ပါတယ်။ စစချင်းတော့ အလကားရတဲ့ wordpress.com, blogger.com မှာ Register လုပ်ပြီး စတင်နိုင်ပါတယ်။
ဒီတော့ ဘလောတစ်ခုတော့ရေးလိုက်ပြီဆိုပါစို့။ သေချာတာကတော့ အဲဒီဘလောအတွက် သင့်အနေနဲ့ အချိန်တွေပေးဆပ်ရပါတော့မယ်။ အခြားငွေကြေးတွေတော့ မပါသေးဘူးပေါ့။ ဒါနဲ့မပြီးသေးပါဘူး။
ဘလော့နဲ့ပတ်သက်ပြီး ကိုယ်ဘလော့အတွက် Knowledge တစ်ခုခုကို သေချာကျွမ်းကျင်ရင်တော့ အကောင်းဆုံးပေါ့။ ဆိုလိုတာက သင်ဟာ ဖုန်းပိုင်းနဲ့ ပတ်သက်ပြီး ကျွမ်းကျင်တယ်ဆိုရင်
ဖုန်းနဲ့ပတ်သက်ပြီးဘလော့မှာ တန်ဖိုးရှိတာတွေ ရေးနိုင်တယ်လေ။ ဒီလိုပဲ ကိုယ်က ဂိမ်းတွေတအားဆော့ပြီး ဂိမ်းတွေအကြောင်း ကျွမ်းကျင်တယ်ဆိုရင် Game Review တွေအကြောင်း ဘလောတစ်ခု
ဖန်တီးနိုင်ပါတယ်။ ဘလောရေးမယ်ဆိုရင် အောက်ကအချက်လေးတွေကိုလည်း သိထားသင့်ပါတယ်။

ဘလောရေးတယ်ဆိုတာ တစ်ညတည်းနဲ့ပြီးတဲ့ ကိစ္စမဟုတ်ပါဘူး။
ဘလောရေးလို့ သင့်အနေနဲ့ အမြဲတမ်း အပေါင်းရလဒ်တွေကို မျော်လင့်လို့မရပါဘူး။
အမှားတစ်ခုလုပ်မိလို့ သင့်ဘလောကို ထိခိုက်၊ နာမည်ပျက်သွားစေနိုင်ပါတယ်။
သင့်ဘလော့မှာ active ဖြစ်ရပါမယ်။ Visitor တွေဘက်က ပြောတာတွေကို နားထောင်ပြီး သူတို့ကိုလည်း ပြန်ပြောပါ။ အလုပ်မှာ တကယ်ပင်ပန်းပြီး ဘာမှလုပ်ချင်စိတ်မရှိချင်ရင်တောင် သင့်ဘလော့အတွက် တတ်နိုင်သလောက် အချိန်ပေးနိုင်ပါစေ။

ဘလော့လောကကိုဝင်လာတဲ့ လူသစ်တွေအနေနဲ့ သင့်ဆီက ဘလော့နဲ့ပတ်သက်တဲ့အကြောင်းအရာတွေရေးထားပါ။ ဟုတ်တယ်လေ။ ကျွန်တော်ဆိုရင်လည်း ဘလော့စရေးတော့ Popular Post, Recent post တို့လို ဘာညာမလုပ်တတ်ဘူး။ အဲဒီတော့ သူတို့အထောက်အကူဖြစ်မယ့်ဟာတွေအတွက်ရေးထားတော့ သူတို့အတွက် Resource ကောင်းတစ်ခုဖြစ်တာပေါ့။ စစချင်းတော့ ဘလော့ရေးတာကို အချိန်ပိုင်းလောက်ပဲလုပ်ပေါ့။ နောက်ပိုင်းမှ တဖြည်းဖြည်း အချိန်ပေးပြီး လုပ်ပါ။ ဒါကတော့ သင်အဆင်ပြေသလိုသာ စီမံပါ။ ကိုယ်တွေက အလုပ်တစ်ဖက်နဲ့ စားဝတ်နေရေး ဘာညာရှိနိုင်သေးတာကိုး။ လက်ရှိကိုယ့်နိုင်ငံရဲ့ အင်တာနက်အခြေနေကလည်းရှိသေးတယ်လေ။ :P

ဘလော့ရေးရမှာ သင့်အနေနဲ့ ကျောင်းသား၊ အိမ်ရှင်မ၊ ဒါတွေက တကယ်အရေးမကြီးပါဘူး။ အရေးကြီးတာက သင့်မှာ စိတ်ကူးကောင်းရယ်။ အင်တာနက်နဲ့ပတ်သက်ပြီး အခြေခံ knowledge
ရှိရင်ရပါပြီ။ ဘလော့တစ်ခုကိုဖန်တီးလိုက်ပါ။ စိတ်ဝင်စားဖွယ်၊ အသုံးဝင်တဲ့ Tips လေးတွေပါဝင်အောင်ရေးပါ။ တဖြည်းဖြည်းနဲ့ သင့်ဘလော့ဟာ စိတ်ဝင်စားဖွယ်ရာအကြောင်းအရာတွေနဲ့ တဖြည်းဖြည်းလူဝင်များလာအောင် လုပ်ပေါ့ဗျာ။ တကယ့် professional အဆင့်ဖြစ်ရင်တော့ Ad တွေနဲ့ချိတ်ပြီး သင့်ဘလော့ကို အသက်ဆက်နိုင်အောင် ကြိုးစားနိုင်ပါတယ်။ ဒါပေမယ့် ခုလောလောဆယ်တော့ မြန်မာနိုင်ငံအနေနဲ့ သိပ်အဆင်မပြေသေးပါဘူး။ ကျွန်တော်ကတော့ ဝါသနာအရသာ ဘလော့ရေးပါလို့အကြံပေးချင်ပါတယ်။ :( အောက်ကအချက်လေးတွေကို ခေါင်းထဲထည့်မယ်ဆိုရင် သင့်အနေနဲ့ အောင်မြင်တဲ့ဘလော့တစ်ခုဖန်တီးဖို့ အထောက်အကူဖြစ်ပါလိမ့်မယ်။

သင့်ဘလောမှာ အကြောင်းအရာတွေစုံလင်ပြီး အသုံးဝင်တာတွေရေးပါ။
visitor တွေရဲ့စကားသံကို နားထောင်ပါ။ သူတို့ကို တတ်နိုင်သလောက် ကူညီတတ်ပါစေ။
သင့်ဘလော့မှာ ခေါင်းစဉ်တွေကို စိတ်ဝင်စားဖွယ်ကောင်းအောင် ပေးပါ။
ad တွေထည့်မယ်ဆိုရင် ဆိုဒ်တစ်ခုလုံး ဗလပွနေအောင် မထားပါနဲ့။ မျက်စိရှုပ်နေအောင်ထားတော့ visitor တွေရဲ့အမြင်မှာ အမြင်ကပ်စရာဖြစ်လာပါလိမ့်မယ်။ တစ်ခု၊ နှစ်ခုလောက်ဆိုရပါပြီ။
blog မှာအမြဲ update တင်ထားတာတွေကို recent post တွေနဲ့သေချာပြပြီးတော့ သက်ဆိုင်ရာ Category အလိုက်သေချာ Label တွေနဲ့ ပြင်ဆင်ထားပေးပါ။

Blog ဆီကဘာမှသိပ်မမျှော်လင့်ပါနဲ့။ ဘလော့တစ်ခုစစချင်း ရလဒ်ကောင်းတွေ ချက်ချင်းဘယ်ရပါ့မလဲ။ ဒီလိုပဲ တဖြည်းဖြည်း ရေးပါ။ ဘလော့တစ်ခုအောင်မြင်ဖို့ နှစ်နှစ်လောက်အချိန်ယူခဲ့ရတယ်လို့
ဖတ်ဖူးပါတယ်။ နောက်ဆုံးအနေနဲ့ ပြောချင်တာက ဘလော့ရေးတယ်ဆိုတာ ဝါသနာအရင်းခံမှသာ ရေးနိုင်တာပါ။ ဒီတော့ ဘလောရေးမယ်ဆို ကိုယ်က နာမည်ကြီးချင်လို့လား၊ ငွေတစ်ခုတည်းအတွက်လား၊ သေချာစဉ်းစားပါ။ ဝါသနာအရင်းခံပြီး ဇွဲကောင်းကောင်းနဲ့ ရေးမှာသာ နာမည်ကြီးတာတွေ၊ ဘလော့အသက်ဆက်ဖို့ ငွေရေးကြေးရေးစတာတွေက သူ့အလိုလို လိုက်လာပါလိမ့်မယ်။  ဘလော့ရေးရတာ ပျော်ရွင်ပါစေ။

2 comments:

  1. ကျေးဇူးပါဗှာ ဒါနဲ့အစ်ကို ပိုစ်ခေါင်းစဉ်တွေကို ဘယ်လိုမျိုးခွဲ ပြီးတင်ရလဲ ဗျ ခေါ်င်းစဉ်ကတော့ခွဲ ပြီးပါရက်နဲ့ သူ့ခေါ်င်းစဉ်နဲ့ သူ့စာတွေဖြစ်အောင်ဗျာ ဥပမာ ဟတ်ကင်း ဆိုတဲ့ခေါ်င်းစဉ်အောမှာ ဆို ဟတ်ကင်းတွေကြီးပဲ တခြားဟာ မပါဘူးလေ အဲ့လိုမျိုးဘယ်လို တင်ရလဲလို့ ကျတော့ စမ်းကြည့်နေတာ home မှာပဲသွားပြီးတတ်တတ် နေလို့ပါအစ်ကို ပြောပြပေးပါနော် ကတော့မေးက soethu.html.mm@gmail.com ပါ ပြော ပြပါနော်

    ReplyDelete
  2. post တွေရေးရင် Label တပ်ပြီးတင်လေ။ hacking ပိုင်းဆို hacking ဆိုတဲ့ label တပ်ပေါ့။ အဲ့ဒါဆို hacking ပိုင်းတွေပဲပြမှာလေ။ ကျွန်တော်ဆိုဒ်မှာလည်းနမူနာကြည့်လို့ရပါတယ်။ Categories ဆိုတာ Label ပါပဲခင်ဗျ

    ReplyDelete

If you good, i don't bad. if you think you can bark me, I think i can also fuck you. I'm just ordinary person. Is that OK? :)