12/31/2011

Default install location ဖြစ်တဲ့ C မှာ Disk Space မလောက် ဖြစ်နေပါက


တစ်ခါတစ်လေ program တွေ တင်တာများလို့ C မှာ နေရာလွတ်မရှိတော့တာမျိုး၊ partition လဲ ထပ်မပေါင်းချင်၊ပေါင်းရတာလဲ အဆင်မပြေရင် အောက်ကနည်းအတိုင်းလုပ်လို့ ရပါတယ်။
ကျွန်တော်တို့ တင်လိုက်သမျှ application တွေအားလုံးဟာ C:\Program ထဲကို ရောက်တယ်ဆိုတာ သိကျမှာပါ။ အဲဒီတော့ C မှာနေရာလွတ်မရှိတော့ဘူးဆိုရင်တော့ တခြားနေရာလွတ်တဲ့ partition မှာတင်လို့ ရပါတယ်။ လမ်းကြောင်းပြောင်းလိုက်မှာပါ။  အရင် C:\Program Files နေရာမှာ ဥပမာ E:\Program Files ပေါ့။ အဲလိုပြောင်းလိုက်လို့ ဆော့ဝဲလ်တင်ရင်လဲ သူ့ ဘာသာသူ E:\Program Files ကိုသူ့ ဘာသာသူ ရွေးသွားပါလိမ့်မယ်။ ကဲ လုပ်ရအောင်။ Run ထဲမှာ regedit ရိုက်ပြီး Registry Editor ကိုခေါ်လိုက်ပါ။ ပြီးပါက အောက်က directory ကိုရောက်အောင်သွားပါ။
HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows\CurrentVersion
ပြီးရင် Current Version ကို နှိပ်လိုက်ပါ။ ညာဘက်က ProgramFilesDir ကို right click ထောက်ပြီး Modyfiy လုပ်လိုက်ရင် ဒီလိုလေးတွေ့ ရပါမယ်။
အဲဒီမှာ Value data ဟာ default install location ဖြစ်တဲ့ C:\Program Files ပါ။ ဒီနေရာမှာ နေရာလွတ်ရှိတဲ့ partition တစ်ခုမှာ path ကို create လုပ်လိုက်ပါ။ မိမိစိတ်ကြိုက်နာမည်ပေးလို့ ရပါတယ်။ ဥပမာ E:\My Application ပေါ့။
အဲဒါဆိုလုပ်နည်းပြီးပါပြီး။ Registry ကိုပိတ်လိုက်ပါ။ application တွေကို Install လုပ်ကြည့်ပါမယ်။ သူ့ ဘာသာ default install location ပြောင်းလိုက်ပြီးဖြစ်တဲ့ E:\My Application ထဲကိုရောက်နေတာတွေ့ ရမှာ ဖြစ်ပါတယ်။



No comments:

Post a Comment

If you good, i don't bad. if you think you can bark me, I think i can also fuck you. I'm just ordinary person. Is that OK? :)