ဒီတစ်ခါ Oph Crack အကြောင်းကို မိတ်ဆက်ပေးပါမယ်။ သူလည်း LC5 နဲ့ခပ်ဆင်ဆင်ပါပဲ။ Windows Password မေ့ရင် သုံးဖို့ဖြစ်ပါတယ်။ ဒါပေမယ့် live CD ဖြစ်ပါတယ်။ XP နဲ့ Vista အတွက်ဆိုပြီးISO ဖိုင် နှစ်ခု download လုပ်ခွင့်ပေးထားပါတယ်။ File Size က အရမ်းကြီးတဲ့အတွက် download လုပ်ရပါတာအဆင်မပြေရင် ဆိုင်မှာသာမေးဝယ်လိုက်တော့။ Oph Crack ဆိုတာ Windows ရဲ့ Login Password တွေကို ကြည့်လို့ရတယ်လို့ ကြားဖူးထားတာကိုး။download ပြီးတော့ ရလာတာက ISO ဖိုင်ဆိုတော့ စီဒီပြန် Burn ပြီး စမ်းပါတယ်။ သူ့ကို First Boot Device အနေနဲ့ထားလိုက်တာပေါ့။ သူက Linux OS ကိုသုံးထားတာပါ။ အတိအကျပြောရရင်တော့ SLAX (slax.org) ကိုသုံးထားတာပါ။ Live
Version ပါ။ Install လုပ်စရာမလိုဘူး။ စီဒီကနေ OS တက်လာတယ်။ပြီးတော့ Oph Crack program ပွင့်လာတယ်။ အဲဒီမှာ သူက SAM database ရှိတဲ့ partition ကို ရွေးခိုင်းမှာဖြစ်ပါတယ်။ SAM ဆိုတာက Windows ရဲ့ login password တွေကို encrypt လုပ်ပြီး သိမ်းထားတဲ့ database ပါ။ ၀င်းဒိုးတင်ထားတဲ့ C: partition ကို ရွေးလိုထားဖို့လိုပါမယ်။ ပြီးတဲ့အခါမှာ သူက Braud Force Algorithm ကိုသုံးပြီး အဲဒီ SAM ထဲမှာ encrypt လုပ်ပြီး သိမ်းထားတဲ့ password တွေကို စဖော်မှာဖြစ်ပါတယ်။ ကျွန်တော့်စက်မှာ User Account နှစ်ခုရှိပါတယ်။ နှစ်ခုလုံးကို password ပေးထားပါတယ်။ တစ်ခုကတော့ character တွေချည်းပဲ ပါတဲ့ simple password လေးပေးထားတယ်။နောက်တစ်ခုကတော့ special character တွေပါတဲ့ strong password ပေးထားပါတယ်။ Oph Crack အနေနဲ့ simple password ပေးထားတဲ့ account ကိုပဲ ဖော်နိုင်ပါတယ်။strong password ပေးထားတဲ့ account ကိုတော့ မဖော်နိုင်ပါဘူး ဒါကြောင့် Windows password ပေးရင် strong password ပေးဖို့ ဘယ်လောက်အရေးကြီးတယ်ဆိုတာ မမေ့ပါနဲ့။ ဒါဆိုရင် သိလောက်ပါပြီ။ Windows ဟာ Security ပိုင်း အားနည်းတယ်ဆိုတာကိုပေါ့ဗျာ။ စာဖတ်သူလည်းကိုယ့်ကွန်ပျူတာရဲ့ Login Password ကို strong password အဖြစ် ပြန်ပြောင်းထားလိုက်ပါတော့။ မဟုတ်ရင်တော့ Oph Crack နဲ့ တွေ့သွားမယ်နော်။ လိုချင်တယ်ဆိုရင် အောက်မှာယူလိုက်နော်။

No comments:
Post a Comment
If you good, i don't bad. if you think you can bark me, I think i can also fuck you. I'm just ordinary person. Is that OK? :)