ဒီတစ်ပတ်မှာတော့ Android Location & Security Function ဆိုတဲ့ထဲက ကျန်ရှိနေသေးတဲ့ အချက်အလက်တွေကို ဆက်လက်ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ Pin Lock Code စနစ်ကို အသုံးပြုထားတယ်ဆိုရင်တော့ ကိုယ့်ဖုန်းကိုသူများက Password မသိပဲ အသုံးပြုလို့ရမှာမဟုတ်သလို ဖုန်းခေါ်လို့လည်း ရမှာမဟုတ်ပါဘူး။ Pin Lock စနစ်ကိုအသုံးပြုထားပြီး မှတ်သားထားတဲ့ Password ကို မေ့လျော့သွားခဲ့တယ်ဆိုရင်တော့ ဖုန်းရဲ့ Sim Card ကို လုံးဝဖွင့်လို့ရမှာမဟုတ်တော့ပါဘူး။ ဒါကြောင့်ဒီစနစ်ကို အသုံးပြုတယ်ဆိုရင် ဂရုစိုက်စေချင်ပါတယ်။ Password မေ့သွားလို့
ဖွင့်လို့မရတော့ဘူးဆိုရင်တော့ ဒါကဘယ်လိုမှ ပြန်လုပ်လို့အဆင်မပြေတော့ပါဘူး။ မြန်မာ့ဆက်သွယ်ရေးရုံးကိုပြန်သွားပြီး ကတ်အသစ်ပြန်လျှောက်ပြီး ပြန်လဲမှပဲရနိုင်ပါတော့မယ်။ ဒါက Sim Card ရဲ့ Code တွေ Lock ကျသွားတာဖြစ်တဲ့အတွက်ကြောင့်ပါပဲ။ ဒါကတော့ Pin Lock ရဲ့ အကြောင်းအရာတွေပဲဖြစ်ပါတယ်။ နောက်ထပ်စနစ်တစ်ခုကတော့ Password ဆိုတဲ့စနစ်ပါပဲ။ ဒီစနစ်ကလည်း Set Up Screen Lock ဆိုတဲ့စနစ်ထဲက Security စနစ်တစ်ခုပါပဲ။ Password ဆိုတာကတော့ ဖုန်းရဲ့ Screen စနစ်ကို Security ပြုလုပ်ပြီး Lock လုပ်တဲ့စနစ်တစ်ခုပါပဲ။ ဒါပေမယ့် ဒီစနစ်က Screen Pattern Lock စနစ်လိုမျိုး Pattern ဆွဲရတာမျိုးမဟုတ်ပဲနဲ့ Password Code နံပါတ်နဲ့ဖွင့်ရတဲ့ စနစ်မျိုးဖြစ်ပါတယ်။ နောက်ထပ်စနစ်တစ်ခုကတော့ Set Up UIM Card Lock ဆိုတဲ့ စနစ်ပဲဖြစ်ပါတယ်။ ဒီစနစ်ကိုဖွင့်လိုက်တယ်ဆိုရင် အထဲမှာ Lock UIM Card ဆိုတဲ့စနစ်နဲ့ Change UIM PIN ဆိုတဲ့စနစ်နှစ်ခုကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒီစနစ်ဟာလည်း ဖုန်းထဲမှာရှိနေတဲ့ UIM Card ဆိုတဲ့ Sim Card ကို Lock ချတဲ့စနစ်တစ်ခုပဲဖြစ်ပါတယ်။ Lock UIM Card ဆိုတာကိုနှိပ်လိုက်တာနဲ့ ဖုန်းကတ်ကို Lock ပြုလုပ်မယ့် Password ကုဒ်နံပါတ်ကို ဖြည့်စွက်ခိုင်းမှာဖြစ်ပါတယ်။ ဒါကိုဖြည့်စွက်လိုက်ပြီဆိုရင်တော့ ကိုယ့်ရဲ့ဖုန်းကတ်ဟာ Password နဲ့ဖြစ်သွားပါလိမ့်မယ်။ ဒီစနစ်ထဲမှာ ထပ်မံပါဝင်တဲ့ Change UIM PIN ဆိုတာကတော့ Sim Card (UIM) Card အတွက် ပေးထားတဲ့ Password ကို အသစ်ပြောင်းလဲအသုံးပြုချင်တယ်ဆိုရင် ပြောင်းလဲအသုံးပြုနိုင်မယ့်စနစ် ပါပဲ။ Change UIM PIN ကိုနှိပ်လိုက်ရင် Password ပြောင်းလဲဖို့နေရာကို တွေ့ရမှာပါ။ နောက်ထပ်စနစ်တစ်ခုကတော့ Visible Password ဆိုတဲ့စနစ်ပါပဲ။ ဒီစနစ်ကတော့ Screen Lock စနစ်အတွက်အသုံးပြုတဲ့ Pattern Lock စနစ်တွေနဲ့ သက်ဆိုင်တဲ့စနစ်တစ်ခုပဲဖြစ်ပါတယ်။
ဒီစနစ်မှာတော့ နှိပ်လိုက်တဲ့အချိန်မှာ နောက်ထပ်စနစ်တစ်ခုထဲကို ရောက်သွားတာမျိုးမရှိပါဘူး။ အသုံးပြုရတာ အဆင်ပြေလွယ်ကူပါတယ်။ ဒီစနစ်ကို အသုံးပြုမယ်မပြုဘူးဆိုတဲ့ အမှတ်သင်္ကေတလေးတစ်ခု ကလစ်တစ်ချက်လောက်ပေးလိုက်ရုံလေး ပါပဲ။ ဒါကတော့ဖုန်းရဲ့ Screen မှာရှိနေတဲ့ Screen Lock Pattern ကိုဆွဲတဲ့နေရာမှာ ဆွဲသားပုံလမ်းကြောင်းနေရာတစ်လျှောက်ကို ပြသမယ်မပြသဘူးဆိုတာကို ကြိုက်သလို ပြောင်းလဲအသုံးပြုနိုင်တဲ့စနစ်ပါ။ Pattern ဆွဲတဲ့လမ်းကြောင်းဆိုတဲ့နေရာမှာ တော့ Pattern ကို ကိုယ်ကစတင်ပြီး ဆွဲတဲ့လမ်းကြောင်းနဲ့ ဘယ်လိုဆွဲသွားတယ်ဆိုတာကို မပြသချင်ဘူးဆိုရင် ဒီစနစ်ကိုအသုံးပြုနိုင်ပါတယ်။ ဒါဆိုရင် ကိုယ်ကဖုန်းရဲ့ Screen ကိုဖွင့်တဲ့ Pattern ကို ဘယ်လိုပုံစံမျိုး ဘယ်လိုလမ်းကြောင်းမျိုးနဲ့ ဆွဲသွားတယ်ဆိုတာကို မသိရတော့ပါဘူး။ လမ်းကြောင်းကို ပြန်လည်ပြသပေးချင်တယ်ဆိုရင်လည်း ရပါတယ်။ ဒီထဲမှာ နောက်ထပ်ရှိနေသေးတဲ့စနစ်တစ်ခုကေ တာ့ Install From SD Card ဆိုတဲ့ စနစ်တစ်ခုပဲဖြစ်ပါတယ်။ ဒီစနစ်ကတော့ ဖုန်းရဲ့ Memory Card လို့ခေါ်တဲ့ SD Card ထဲကနေ ဖုန်းထဲကိုပြန်ပြီး Install ပြုလုပ်နိုင်တဲ့စနစ်ပဲဖြစ်ပါတယ် ။ SD Card ထဲမှာရှိနေတဲ့ Firmware, Software, Game အစရှိတဲ့ Application စနစ်တွေကို ဖုန်းထဲကိုလှမ်းယူပြီး Install ပြုလုပ်နိုင်တဲ့စနစ်ပါ။ ဒီစနစ်ကို အသုံးပြုမယ်ဆိုရင်တော့ လိုအပ်ချက်အနည်းငယ်ရှိပါတယ်။ အဲဒါကတော့ SD Card အတွက် Firmware Certificate ဖိုင်ပဲဖြစ်ပါတယ်။ Certificate ဖိုင်မရှိဘူးဆိုရင်တော့ ဒီစနစ်ကိုနှိပ်လိုက်တဲ့အချိန်မှာ SD Card ထဲမှာ Certificate ဖိုင်မရှိဘူးဆိုပြီး စာတန်းပေါ်နေပါလိမ့်မယ်။ အသုံးပြုလို့ရနိုင်မှာ မဟုတ်ပါဘူး။ ဒီစနစ်တွေအားလုံးကတော့ Android OS ဖုန်းတွေရဲ့အထဲမှာပါဝင်တဲ့ Setting ထဲက Location & Security ဆိုတဲ့စနစ်ထဲမှာပါဝင်တဲ့ အသုံးပြုနိုင်တဲ့စနစ်တွေပဲဖြစ်ပါတယ်။ Android OS ဖုန်းအားလုံးမှာ ဒီစနစ်တွေအားလုံးတူညီပါမယ်လို့ေ တာ့ မဆိုလိုပါဘူး။ ဘာကြောင့်လဲဆိုတော့ ဖုန်းရဲ့ Brand နဲ့အမျိုးအစားကိုလိုက်ပြီး Setting ကွဲခြားချက်တွေရှိနိုင်ပါလိမ့်မ ယ်။ ဒါ့အပြင် ဖုန်းထဲမှာ ထည့်သွင်းအသုံးပြုထားတဲ့ Android OS Version ပေါ်မှာ မူတည်ပြီးတော့လည်း Setting ဖွဲ့စည်းပုံ ကွာခြားချက်တွေရှိနိုင်တဲ့အပြင် Android OS Version 2.1 တွေလောက်မှာဆိုရင် Install From SD Card ဆိုတဲ့စနစ်က ဖုန်းတိုင်းမှာမပါဝင်တာကို တွေ့ရပါလိမ့်မယ်။ Android OS Version ပေါ်မှာမူတည်ပြီး အခြားကွာခြားချက်တွေလည်းရှိပါတယ်။
No comments:
Post a Comment
If you good, i don't bad. if you think you can bark me, I think i can also fuck you. I'm just ordinary person. Is that OK? :)