1/16/2013

Huawei T8620 တွင် ဇော်ဂျီဖောင့်ထည့်သွင်းနည်း

အရင်ဆုံး ဒီဆော့ဝဲလ်လေးတွေ ဒေါင်းထားလိုက်ဗျာ။ ကျွန်တော်မှာ တင်ရတာ မနည်းကြိုးစားလိုက်ရပါတယ်။ မြန်မာလက်ကွက်တွေရဖို့ မသိရင် အင်စတော့လုပ်ရတာမလွယ်ကူပါဘူး။
သိရင်တော့ လွယ်တာပေါ့။ ကောင်းပါပြီ။ အရင်ဆုံး FrozenKeyboard, Zawgyi-One apk, mmfontchanger Lite v2.1.0, Busybox apk ဒါတွေကို ဒေါင်းပြီး ဖုန်းရဲ့ SD Card ထဲမှာ
Zawgyi-One.ttf ကိုထည့်ထားလိုက်ပါ။ လိုအပ်ပါက Root Manager ကိုလည်း အင်စတော့လုပ်ထားပါ။ Zawgyi-One apk, FrozenKeyboard, mmFontchanger v2.0.1 Busybox တို့ကိုလည်း 
Read more »

Windows 8 ကိုလေ့လာခြင်း

မြန်မာလိုရေးထားတဲ့ Windows 8 စာအုပ်ပါ။ Windows 8 ကို install လုပ်ပုံကအစ အခြေခံလေးတွေကနေစတင် လေ့လာနိုင်မယ့် စာအုပ်ကောင်းလေးဖြစ်ပါတယ်။ Windows 8 အကြောင်း
အခုမှ ကြားဖူးသူများ ဒေါင်းထားသင့်တဲ့စာအုပ်ကောင်းလေးပါ။ ဘလော့တစ်ခုကနေ ကူးယူဖော်ပြတာပါ။
လိုချင်တယ်ဆိုရင် အောက်က link ကနေဒေါင်းယူနိုင်ကြပါပြီ။ အဆင်ပြေပါစေဗျာ။

Download Link:
Read more »

Huawei T8620 ကို Root ပြုလုပ်ခြင်း

ကျွန်တော် ဟာဝေးဖုန်း T8620 လေးကို အမြစ်မတူးရဲလို့ ဒီအတိုင်းထားခဲ့တာ ဒီနေ့တော့ ဘာဖြစ်ဖြစ်
အမြစ်တူးတော့မယ်လို့ စိတ်နှစ်လုံး ဒုန်းဒုန်းချပြီး အမြစ်တူးဖို့ ကြိုးစားကြည့်လိုက်ပါတယ်။ သိတဲ့အတိုင်း
Google ကိုအရင်မေးရ၊ သိတဲ့ ဆရာသမားတွေဆီမေးရတာပေါ့။ သူတို့ပြောတဲ့နည်းနဲ့လုပ်ကြည့်တာ အဆင်မပြေတာလည်း ပါတာပေါ့။ ဒါနဲ့ ဟိုအရင်က ကျွန်တော်ရှာထားတဲ့ နည်းလမ်းကို ပြန်လည်ကြည့်
ပြီး လုပ်ကြည့်ပါတယ်။ အရဲစွန့်ပြီးပေါ့လေ။ ဒီနည်းလမ်းက ဘာပဲဖြစ်ဖြစ် ကျွန်တော်ဖုန်းထဲမှာတော့
 အောင်မြင်ခဲ့ပါတယ်။ သိတဲ့အတိုင်း ဒီနည်းကိုလည်း ဆိုဒ်တစ်ခုကနေ မှီးငြမ်းထားတာပါ။ Credit ကို
ဘယ်ကနေမှန်းသေချာမသိတော့လို့ ခွင့်လွတ်ပေးပါရန်။ ကဲ အမြစ်တူးရအောင်။ အရင်ဆုံး ဒီဆော့ဝဲလ်ကို
အရင်ဆုံး ဒေါင်းလုတ်ယူထားပါ။ http://www.mediafire.com/?5012tq76u8x1ffw
ပြီးရင် ဒီကောင်ကို ကွန်ပျူတာထဲ အင်စတော့ လုပ်ထားပါ။ ဖုန်းအတွက် သက်ဆိုင်ရာ Driver တွေထည့်ပါ။ USB Debugging Mode, Unknown Sources တွေကို On ထားပေးပါ။ ဖုန်းကို ကွန်ပျူတာနဲ့ ပလပ်ထိုးပြီး
နောက်ကပုံဖြစ်အောင် လုပ်လိုက်ပါ။ တရုတ်စာတွေနဲ့ဆိုတော့ သေချာမှတ်မိဖို့လိုပါမယ်။ :D
ပြီးရင်တော့ အောက်ကအကွက်မှာ Root ဆိုတာလေးကိုရှာပြီးနှိပ်ပါ။
ဒါပြီးရင် အောက်ကဟာကို ပြန်နှိပ်ပါအုံး။
ဖုန်းက Reboot တစ်ခါကျသွားပါလိမ့်မယ်။ ပြီးရင်တော့ Super User ဖြစ်တဲ့အောက်ကပုံလေးတွေ့ရပါမယ်။
ကဲ T8620 ဖုန်းလေးကိုတော့ အမြစ်တူးလို့ပြီးပါပြီ။ ဒီပို့စ်လေးအတွက် တစ်ညအချိန်ကုန်သွားပါကြောင်း။
ကျွန်တော်လို့ ဒုက္ခမှ ကင်းဝေးစေရန်အလိုငှာ မျဝေလိုက်ပါကြောင်း။ အမြစ်တူးပြီးနောက်
မြန်မာဖောင့်နဲ့ မြန်မာလက်ကွက်ထည့်သွင်းပုံကို ဆက်လက်ရေးသားသွားမည်ဖြစ်ပါကြောင်း။
Read more »

1/14/2013

Windows 7 Launcher Apk

ဒါကတော့ Windows 7 ကို ခရေဇီဖြစ်နေတဲ့ ပြတင်းပေါက်သမားတွေအတွက် Android ဖုန်းမှာ Windows
7 လို အသုံးပြုနိုင်အောင် လုပ်ထားတဲ့ app လေးပါပဲ။ အကြောင်းအမျိုးမျိုးကြောင့် Windows 7 Theme 
လေးကိုမှ နှစ်သက်တတ်သူများ ဒေါင်းယူနိုင်ပါပြီဗျာ။ အဆင်ပြေကြပါစေ။
Read more »

OrbitDownloader 4.1.15

ဒါလေးကတော့ youtube တို့ဆိုဒ်ထဲရောက်ရင် ဗီဒီယိုဖိုင်တွေကို ဒေါင်းလုတ် လုပ်ဖို့ အသုံးဝင်ပါလိမ့်မယ်။
IDM သွင်းထားရင်တော့ မလိုပါဘူး။ IDM မရှိရင်တော့ ဒီကောင်ကို အင်စတော့ လုပ်ထားခြင်းဖြင့် 
youtube ထဲက ဖိုင်တွေကို ဒေါင်းခွင့်ရစေမှာဖြစ်ပါတယ်။ ဘာပဲပြောပြော ဒီကောင်လည်း နာမည်အတော်အတန်ရထားတဲ့ Download Manager တစ်ခုမို့ စိတ်ဝင်စားရင် ယူထားလိုက်ပါ။
Read more »

1/13/2013

Plant & Zoombie PC Version (Portable)

ဒီဂိမ်းကိုတော့ အားလုံးသိထားပြီးဖြစ်မှာပါ။ ဘာရယ်မဟုတ်ပါဘူး တစ်နေ့က အသိတစ်ယောက် အဲဒီဂိမ်းလိုချင်တယ်ပြောလို့ ကျွန်တော်လည်း အင်တာနက်ကနေပြန်ရှာပြီး တင်ပေးလိုက်တာပါ။
ဒီကောင်ကတော့ portable ဆိုတော့ အင်စတော့ လုပ်စရာမလိုပဲ ဆော့လို့ရမှာပါ။ ဖိုင်ဆိုဒ်ကတော့
40 MB ကျော်လောက်ရှိပါမယ်။ အားလုံး အဆင်ပြေကြပါစေဗျာ။ လေးစာလျက်။

Read more »

1/10/2013

.Net 2.0 Fundamentals

ဒါလေးကတော့ မြန်မာလိုရေးထားတဲ့ Programming စာအုပ်လေးပါ။ .Net platform သမားတွေအတွက်
အခြေခံစာအုပ်လေးပါပဲ။ ရေးသားသူ ပြည့်ဖြိုးမောင်မောင်ဖြစ်ပါတယ်။ ဖိုင်ဆိုဒ်ကလည်း KB သာရှိလို့
ဒေါင်းထားကြပါ။ လိုချင်တယ်ဆိုရင်ပေါ့။ နှစ်သစ်မှာ အားလုံး အဆင်ပြေကြပါစေဗျာ။ လေးစားလျက်။
Read more »

Foxy Photo Editor 1.0.4 apk

Android မှာ photo editor လေးနဲ့ ကိုယ့်ဓါတ်ပုံတွေကို Funny ဖြစ်အောင်၊ ပြုလုပ်ချင်သူများအတွက် Foxy Photo Editor 1.0.4 apk လေးကိုတင်ပေးလိုက်ပါတယ်။ ဒါလေးနဲ့ဆိုရင်တော့ photo လေးတွေကို
အပျင်းပြေကလိလို့ အဆင်ပြေမှာပါ။ ဖိုင်ဆိုဒ်လေးက 2 MB လောက်ပဲရှိတာမို့ အဆင်ပြေကြပါစေဗျာ။
Read more »

1/06/2013

Adobe Illustrator CS2

ဒါလေးကလည်း Adobe နဲ့ပတ်သက်တဲ့ စာအုပ်တစ်အုပ်ပါပဲ။ CS2 လေးပေါ။ လိုချင်တဲ့သူတွေတော့ ရှိမှာပါ။ လိုချင်တဲ့သူတွေအတွက် ရည်ရွယ်ပြီး တင်ပေးလိုက်ပါတယ်။ ဖိုင်ဆိုဒ်ကတော့ 30 MB ကျော်ပါ။
နောက်ထပ် လိုချင်တဲ့ စာအုပ်တွေရှိရင်လည်း Cbox ထဲကနေပဲဖြစ်ဖြစ် Comment ပေးပြီးတောင်းဆိုနိုင်ပါ
တယ်ဗျာ။ ကျွန်တော်တတ်နိုင်တာရှိရင် တင်ပေးမှာပါ။ အားလုံး အဆင်ပြေကြပါစေကြောင်း။
Read more »

Adobe Flash CS4 Professional

Adobe Flash CS4 Professional စာအုပ်လေးပါ။ Adobe နဲ့ပတ်သက်ရာပတ်သက်ကြောင်း Photoshop
သမားတွေတော့ ယူထားကြပေါ့လေ။ hosting 3 ခုကနေ တင်ပေးထားပါတယ်။ ထုံးစံအတိုင်း စာအုပ်
တွေပဲဆိုတော့ ထွေထွေထူးထူး နောက်ထပ်ပြောစရာမရှိတော့ပါ။ လိုချင်သူများ ယူလိုက်ပါ။
Read more »

1/05/2013

Adobe Photoshop Web Designer Guide

ဒါကတော့ Adobe photoshop စာအုပ်ပါ။ မြန်မာလိုရေးသားထားတာမို့လို့ အဆင်ပြေမယ်ထင်လို့
တင်ပေးလိုက်ပါတယ်။ ဖိုင်ဆိုဒ်ကတော့ 11 MB လောက်ရှိမယ်ထင်ပါတယ်။ ခုတလော့ ပို့စ်တွေ
ရေးရတာလည်း ဘာရေးလို့ရေးရမှန်းကို မသိတော့ပါဘူး။ လောလောဆယ်တော့ ရှိတာလေးကိုတင်ပေးလိုက်ပါတယ်။ နောက်များလည်း ဒီထက်ကောင်းတဲ့ ပို့စ်တွေ ရေးပါမယ်။
Read more »

1/04/2013

Shell Collection

ဒါကတော့ Website တွေ deface လုပ်တဲ့နေရာမှာ အသုံးပြုတဲ့ shell တွေဖြစ်ပါတယ်ခင်ဗျာ။ ကျွန်တော်ကတော့ အမှန်အတိုင်းပြောရရင် အသုံးမပြုတတ်ပါဘူး။ တစ်ခါမှလည်း မလုပ်ဖူးပါဘူး :D
ဒါကြောင့် ဘယ်လိုအသုံးပြုရမလဲလို့ ကျွန်တော်ကိုမမေးပါနဲ့ :P အိုကေ defacer များ ကိုယ်နဲ့ကိုက်ညီမယ့်
shell တွေကို ယူသွားနိုင်ပါတယ်။ ရှိနေနှင့်ပြီးသားလည်း ဖြစ်မှာပါ။ လေးစားလျက်။
c99 shell.rar
antichat.rar
save0ver.rar
Read more »

1/02/2013

NgaTatPyar v1.0 Apk

Android ဖုန်းများတွင်ကစားနိုင်မည့် “ငတက်ပြား” အမည်ရမိုဘိုင်းဂိမ်းတစ်ခုကို စင်ကာပူအခြေစိုက် Rival Edge Pte Ltd မှမြန်မာကွန်ပျူတာပညာရှင်များကရေးသားထုတ်လုပ်လိုက်ပြီဖြစ်ပါတယ်။ ဂိမ်းပုံစံကတော့ Temple Run ဂိမ်းလိုပဲငတက်ပြား အချိန်ပြည့်ပြေးလွှားလှုပ်ရှားနေတဲ့ဇာတ်ကောင်အနေနဲ့ဆော့ကစားရမှာဖြစ်ပြီး 
 ပြေးနေသည့်လမ်းတစ်လျှောက်ရွှေထုပ်အများအပြားရရှိအောင်ဆော့ကစားရမှာဖြစ်ပါတယ်။ ဂိမ်းရဲ့နောက်ခံတီးလုံးကို မြန်မာ့ရိုးရာတီးလုံးနဲ့ ဖန်တီးထားပါတယ်။ ဆော့လို့ကောင်းတဲ့ မြန်မာ ဂိမ်းလေးတစ်ခုဖြစ်ပါတယ်။ ငတက်ပြား for Android ဂိမ်းကိုကစားလိုသူများအောက်က link မှာရယူနိုင်ပါတယ်။
Read more »

VLC 2.0.5

VLC Player ရဲ့နောက်ဆုံးဗားရှင်းလေးပါ။ ဒီကောင်ကတော့ Player တွေထဲမှာ Format အစုံဖွင့်ပေးနိုင်တဲ့
Player ဆရာကြီးပါ။ ဗားရှင်းကလည်း အသစ်ထွက်နေတော့ စမ်းသုံးသင့်တယ်ထင်လို့ တင်ပေးလိုက်ပါတယ်။ ဒီကောင်ကို မိခင် filehippo ကနေလည်း ဒေါင်းနိုင်ပါတယ်။ ဖိုင်ဆိုဒ်ကတော့ 
22 MB ကျော်လောက်ရှိပါမယ်။ အားလုံး အဆင်ပြေကြပါစေဗျာ။ လေးစားလျက်။

Read more »