1/16/2013

Huawei T8620 တွင် ဇော်ဂျီဖောင့်ထည့်သွင်းနည်း

အရင်ဆုံး ဒီဆော့ဝဲလ်လေးတွေ ဒေါင်းထားလိုက်ဗျာ။ ကျွန်တော်မှာ တင်ရတာ မနည်းကြိုးစားလိုက်ရပါတယ်။ မြန်မာလက်ကွက်တွေရဖို့ မသိရင် အင်စတော့လုပ်ရတာမလွယ်ကူပါဘူး။
သိရင်တော့ လွယ်တာပေါ့။ ကောင်းပါပြီ။ အရင်ဆုံး FrozenKeyboard, Zawgyi-One apk, mmfontchanger Lite v2.1.0, Busybox apk ဒါတွေကို ဒေါင်းပြီး ဖုန်းရဲ့ SD Card ထဲမှာ
Zawgyi-One.ttf ကိုထည့်ထားလိုက်ပါ။ လိုအပ်ပါက Root Manager ကိုလည်း အင်စတော့လုပ်ထားပါ။ Zawgyi-One apk, FrozenKeyboard, mmFontchanger v2.0.1 Busybox တို့ကိုလည်း 

အင်စတော့လုပ်ရန်လိုအပ်ပါတယ်။ ဒါတွေက Root လုပ်ထားပြီးသားမှ အင်စတော့လုပ်လို့ရမယ့် apk တွေပါပဲ။ ဒီအဆင့်ရောက်မှတော့ ခင်ဗျားဖုန်းကို Root လုပ်ထားပြီးသားလို့ မှတ်ယူပါမယ်။

 apk တွေအကုန်လုံး အင်စတော့ လုပ်ပြီးပါက Root Manager ဖြင့် sd card permission ရအောင်လုပ်လိုက်ပါ။ ထို့နောက် ဖုန်း SD Card တွင် Fontchanger ဟု Folder တစ်ခုတည်ဆောက်ပြီး
အထဲတွင် Zawgyi_one.ttf ကိုထည့်ထားပါ။ အဲဒီဖောင့်ကို DroidSansFallback.ttf သို့ပြောင်းထားပါ။
မပြောင်းထားလည်း ရပါတယ်။ FontChanger.apk ကိုဖွင့်ပြီး
DroidSansFallback.ttf ကိုကလစ်ကာ Up ဖြင့်သွားပြီး ခုနက ကျွန်တော်တို့လုပ်ထားတဲ့ FontChanger folder ဆီက DroidSansFallback.ttf သို့ရောက်အောင်သွားပါ။ ဒါဆို Replace လုပ်မလားဟုမေးပါမယ်။ 
Replace လုပ်ပြီးပါက Reboot လုပ်လိုက်ပါ။ ထိုနောက် Setting ထဲက Language & Keyboard တွင် FrozenKeyboard ကိုအမှတ်ခြစ်ပေးပါ။ FrozenKeyboard ကို Default Keyboard ဟုသတ်မှတ်ပေးရန်
လိုအပ်ပါမယ်။ ဒါဆိုရင်တော့ ခင်ဗျား Android phone မှာ မြန်မာဖောင့်နဲ့မြန်မာလက်ကွက်ကို
မြင်တွေ့ရမှာပါ။ အဆင်ပြေပါစေဗျာ။ တကယ်လို့ မရခဲပါက အကူညီတောင်းနိုင်ပါတယ်။ link တွေသေနေရင်လည်း ကျွန်တော်ကို Cbox ကနေဖြစ်ဖြစ် Comment ကနေပဲဖြစ်ဖြစ် ပြန်ပြောပေးစေချင်ပါတယ်။
 

No comments:

Post a Comment

If you good, i don't bad. if you think you can bark me, I think i can also fuck you. I'm just ordinary person. Is that OK? :)