ကျွန်တော် ဟာဝေးဖုန်း T8620 လေးကို အမြစ်မတူးရဲလို့ ဒီအတိုင်းထားခဲ့တာ ဒီနေ့တော့ ဘာဖြစ်ဖြစ်
အမြစ်တူးတော့မယ်လို့ စိတ်နှစ်လုံး ဒုန်းဒုန်းချပြီး အမြစ်တူးဖို့ ကြိုးစားကြည့်လိုက်ပါတယ်။ သိတဲ့အတိုင်း
Google ကိုအရင်မေးရ၊ သိတဲ့ ဆရာသမားတွေဆီမေးရတာပေါ့။ သူတို့ပြောတဲ့နည်းနဲ့လုပ်ကြည့်တာ အဆင်မပြေတာလည်း ပါတာပေါ့။ ဒါနဲ့ ဟိုအရင်က ကျွန်တော်ရှာထားတဲ့ နည်းလမ်းကို ပြန်လည်ကြည့်
ပြီး လုပ်ကြည့်ပါတယ်။ အရဲစွန့်ပြီးပေါ့လေ။ ဒီနည်းလမ်းက ဘာပဲဖြစ်ဖြစ် ကျွန်တော်ဖုန်းထဲမှာတော့
အောင်မြင်ခဲ့ပါတယ်။ သိတဲ့အတိုင်း ဒီနည်းကိုလည်း ဆိုဒ်တစ်ခုကနေ မှီးငြမ်းထားတာပါ။ Credit ကိုဘယ်ကနေမှန်းသေချာမသိတော့လို့ ခွင့်လွတ်ပေးပါရန်။ ကဲ အမြစ်တူးရအောင်။ အရင်ဆုံး ဒီဆော့ဝဲလ်ကို
အရင်ဆုံး ဒေါင်းလုတ်ယူထားပါ။ http://www.mediafire.com/?5012tq76u8x1ffw
ပြီးရင် ဒီကောင်ကို ကွန်ပျူတာထဲ အင်စတော့ လုပ်ထားပါ။ ဖုန်းအတွက် သက်ဆိုင်ရာ Driver တွေထည့်ပါ။ USB Debugging Mode, Unknown Sources တွေကို On ထားပေးပါ။ ဖုန်းကို ကွန်ပျူတာနဲ့ ပလပ်ထိုးပြီး
နောက်ကပုံဖြစ်အောင် လုပ်လိုက်ပါ။ တရုတ်စာတွေနဲ့ဆိုတော့ သေချာမှတ်မိဖို့လိုပါမယ်။ :D
ပြီးရင်တော့ အောက်ကအကွက်မှာ Root ဆိုတာလေးကိုရှာပြီးနှိပ်ပါ။
ဒါပြီးရင် အောက်ကဟာကို ပြန်နှိပ်ပါအုံး။
ဖုန်းက Reboot တစ်ခါကျသွားပါလိမ့်မယ်။ ပြီးရင်တော့ Super User ဖြစ်တဲ့အောက်ကပုံလေးတွေ့ရပါမယ်။
ကဲ T8620 ဖုန်းလေးကိုတော့ အမြစ်တူးလို့ပြီးပါပြီ။ ဒီပို့စ်လေးအတွက် တစ်ညအချိန်ကုန်သွားပါကြောင်း။
ကျွန်တော်လို့ ဒုက္ခမှ ကင်းဝေးစေရန်အလိုငှာ မျဝေလိုက်ပါကြောင်း။ အမြစ်တူးပြီးနောက်
မြန်မာဖောင့်နဲ့ မြန်မာလက်ကွက်ထည့်သွင်းပုံကို ဆက်လက်ရေးသားသွားမည်ဖြစ်ပါကြောင်း။
ကျွန်တော်လို့ ဒုက္ခမှ ကင်းဝေးစေရန်အလိုငှာ မျဝေလိုက်ပါကြောင်း။ အမြစ်တူးပြီးနောက်
မြန်မာဖောင့်နဲ့ မြန်မာလက်ကွက်ထည့်သွင်းပုံကို ဆက်လက်ရေးသားသွားမည်ဖြစ်ပါကြောင်း။
No comments:
Post a Comment
If you good, i don't bad. if you think you can bark me, I think i can also fuck you. I'm just ordinary person. Is that OK? :)