9/07/2013

How to extract RAR and ZIP files in Kali Linux

Kali မှာ zip, rar ဖိုင်တွေကိုဖြည်နည်းပါ။ Windows မှာလို ကျွန်တော်တို့ Zip file တွေကို Kali မှာ တစ်ခါတည်းဖွင့်လို့မရပါဘူး။ WinRar အတွက် ဆိုပိုဆိုးမှာပေါ့။ သူ့အတွက် သီးသန့် Tool တွေရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ Terminal ကနေပဲ command နဲ့ zip file တွေကို
ဖြည်ရအောင်ဗျာ။ ကဲ အရင်ဆုံး ကျွန်တော်ကတော့ နမူဖိုင်နှစ်ခုကို Kali Desktop ပေါ်မှာထားလိုက်မယ်။ wordpress_scanner.zip နဲ့wordpress_scanner.rar ဆိုတဲ့ဖိုင်နှစ်ခုပါ။ အရင်ဆုံး zip file ကိုဖြည်မယ်ဗျာ။ ထုံးစံအတိုင်း Desktop Directory ကို cd Desktop နဲ့သွားမယ်။ ပြီးရင် ls နဲ့ file တွေကို ဖော်ကြည့်မယ်။ တွေ့ပြီဆိုရင် unzip wordpress_scanner.zip ဆိုတဲ့ command နဲ့ဖြည်လိုက်ပါ။ အဆင်ပြေသွားပါပြီ။ ပုံတွေကိုတစ်ချက်ကြည့်လိုက်ရင် သဘောပေါက်သွားမှာပါ။


rar file အတွက်ကတော့ Terminal ကနေ unrar ဆိုပြီးခေါ်လိုက်ပါ။ သူ့ရဲ့ အသုံးပြုပုံ usage ကိုပြပေးပါလိမ့်မယ်။ အဲဒီထဲကမှ unrar e yourfilenane.rar ဆိုတဲ့ command ကိုပဲသုံးမယ်ဗျာ။ e ကတော့ လက်ရှိ Directory ထဲမှာပဲဖိုင်ကို extract လုပ်မယ်ပေါ့။ ဒီတော့ ထုံးစံအတိုင်း cd Desktop, ls, နဲ့သွားမယ်။ rar file ကိုတွေ့ပြီဆိုတာနဲ့ unrar e wordpress_scanner.rar ဆိုပြီးရိုက်လိုက်မယ်။ ဒါဆိုအဆင်ပြေသွားပါပြီ။ cd wordpress_scanner နဲ့ သွားကြည့်ပါ။ အထဲက ဖြည်ထားတဲ့ဖိုင်တွေကို မြင်ရပါပြီ။ ပြီးရင်တော့ သက်ဆိုင်ရာ command တွေနဲ့ ခရီးရှေ့ဆက်လို့ရပါပြီ။




3 comments:

  1. This comment has been removed by the author.

    ReplyDelete
  2. ကိုစိုးကျ​နော်​androidapplication​ရေးသားချင်​လို့​ဆော့ဝဲ၊​ရေးသားနည်းစာအုပ်​​လေးလိုချင်​လို့အ​ကောင်းဆုးံ​တွေရှာ​ပေးပါ​နော်​​ကျေးဇူးပါ။ပြီး​တော့ကျ​နော်​တို့သူငယ်​ချင်း၂​ယောက်​​ရေးသ၊းထားတဲ့​ဆော့ဝဲ​သေး​သေး​လေး​တွေကိုကျ​နော်​siteထဲက​နေကိုစိုးဆီကိုပို့ချင်​လို့ဘယ်​လိုလုပ်​ရမလဲကျ​နော်​တင်​သမျှပို့စ်ေ​တွေကိုလည်းတင်​ချင်​လို့ပါကျ​နော်​တို့siteကဖွင့်​တာမကြာ​သေးလို့ပါကူညီပါ​နော်​​ကျေးဇူးတင်​ပါတယ်​♥♥♥♥♥

    ReplyDelete
  3. email: 08soesoe@gmail.com ကိုဆက်သွယ်ပါဗျာ။

    ReplyDelete

If you good, i don't bad. if you think you can bark me, I think i can also fuck you. I'm just ordinary person. Is that OK? :)