Hacking Magazine တစ်ခုမှာရေးထားတာတွေ့လို့ပြန်ရှယ်လိုက်ပါတယ်။ ဒီကောင်ကိုအရင်က တစ်ခါမှမတွေ့ဖူးတာနဲ့။ ကျွန်တော်လည်း ဒီရက်အတွင်းပို့စ်တစ်ခုရေးဖို့ တော်တော်ကိုပျင်းနေတယ်။ တစ်ရက်ကို ပို့စ်တစ်ခုတော့ ရေးဖြစ်အောင်မနည်းကြိုးပမ်းနေရပါတယ်။ အဓိကတော့ Tips, How to ပုံစံမျိုးလေးတွေကိုပဲပိုပြီးရေးဖို့အားသန်နေလို့ပါ။ ကဲ အခုကျွန်တော်ပြောမယ့်ဟာက Vega ဆိုတဲ့ pentest tool လေးပါ။ သူ့ရဲ့မူရင်းဆိုဒ်ကအတိုင်း နည်းနည်းရွှီးကြည့်မယ်ဆိုရင် ဒီကောင်က Windows, Linux, Mac OSX မှာ Run နိုင်ပါတယ်။ Java-based ဖြစ်ပါတယ်။ သူလုပ်နိုင်တာတွေက အားလုံးကြားဖူးနားဝရှိကြမယ့် XSS, SQL Injection တွေဖြစ်ပါတယ်။ ဒေါင်းမယ်ဆိုရင် Windows (32 Bit) အတွက် 25 MB လောက်ရှိပါမယ်။ ကျွန်တော်ကတော့ ဒေါင်းနေတုန်း။ မစမ်းကြည့်ရသေးဘူး။ စမ်းဖြစ်မယ်လည်းထင်ပါဘူး။ ဟီး။ တွေ့လို့ စမ်းကြည့်မယ့် ဆရာသမားတွေအတွက် ရှယ်ပေးလိုက်ရုံပါ။ :D
မူရင်းဆိုဒ်ကအတိုင်း သူ့ရဲ့ Function တွေကိုအမြည်းသဘောပြောရရင်..ဟိဟိ
- Cross Site Scripting (XSS)
- SQL Injection
- Directory Traversal
- URL Injection
- Error Detection
- File Uploads
- Sensitive Data Discovery
ကဲ ဒါတွေပဲဖြစ်ပါတယ်ဗျာ။ စိတ်ဝင်စားလို့ လေ့လာချင်တယ်ဆိုရင် သူ့ရဲ့ Official Site ဖြစ်တဲ့ http://www.subgraph.com/products.html ကိုသာသွားကြည့်ပေတော့ဗျာ။
ဆက်သွယ်လို့ရမယ့်ဖုန်းလေးပြောပြပါလား
ReplyDelete