7/21/2013

How to Root Huawei C8800/8650



အသိတစ်ယောက် သူ့ဟွာဝေးဖုန်း မြန်မာဖောင့်သွင်းချင်တယ်ဆိုလို့ Google ကနေ How to ဆိုပြီး တွေ့တဲ့လင့်ကနေ ပြန်ရှယ်လိုက်ပါတယ်ဗျာ။ မြန်မာဖောင့်သွင်းမယ်ဆိုရင် Root အရင်လုပ်ရမှာကိုး။ :D မူရင်းပို့စ်ကဘယ်ဟာမှန်းမသိတော့ ကျွန်တော်ကူးထားတဲ့ဘလော့ကိုပဲ Credit ပေးခဲ့ပါတယ်ဗျာ။အရင်ဆုံး ဖိုင်နှစ်ခုကိုဒေါင်းထားလိုက်ဗျာ။ ကျွန်တော် Mediafire ကနေပြန်တင်ပေးထားပါတယ်။ 
 C8650_ShunYea_Recovery_4.0.1.4_RC1 နဲ့ update.zip ကိုအရင်ဒေါင်းထားပါ။ ပြီးရင် ဖုန်းကို Unknown Source ကို On ထားပါ။ လိုရမယ်ရ USB Debugging ကိုလည်း On ထားပါ။ ပြီးရင် ဖုန်းကိုပါဝါပိတ်လိုက်ပါ။ ကြိုးကိုကွန်ပျူတာနဲ့မချိတ်ပါနဲ့အုံး။ ပြီးတာနဲ့ Volume Down+Power ကိုကြာကြာလေးဖိထားပါ။ Huawei Logo လေးပေါ်လာပြီးအဲဒီမှာပဲ ရပ်နေပါမယ်။ ဒါဆို First Mode ကိုဝင်နေပါပြီ။ ပြီးရင် C8650_ShunYea_Recovery_4.0.1.4_RC1 ကို Extra လုပ်ပြီးတော့ အထဲမှာပါတဲ့ 双击..Recovery ကို RUN ပါ။ ပီးရင် မိမိဖုန်းကို USB Cable ကြိုးဖြင့် ကွန်ပျူတာနှင့် ချိတ်လိုက်ပါ။ Driver က မိမိစက်မှာ မရှိသေးဘူးဆိုရင် အစိမ်းရောင်စာသားတွေ ဟိုပြေး ဒီပြေး ဖြစ်နေပါမယ်။ ဒါဆို Recovery Mode ထဲကိုအလိုအလျောက်ဝင်သွားပါမယ်။ Volume Key လေးနဲ့
apply update from sdcard ကိုသွားပါ။ Yes >> – Insatll /sdcard/update.zip ထိ အဆင့်ဆင့် ရွေးပေးပါ။ Power key နဲ့အတည်ပြုပေးလိုက်ပါ။ ပြီးတာနဲ့ System Reboot ဖြစ်ပါမယ်။ မဖြစ်ရင်လည်း Reboot Now ကိုနှိပ်ပြီး ကျအောင်ချလိုက်ပေါ့။ :D
Restart ပြီးတာနဲ့ မိမိဖုန်းကိုပြန်ကြည့်လိုက်ပါ. အရိုးခေါင်းနဲ့ Super User ဆိုတဲ့ပုံကိုတွေ့ရင် Root လုပ်ခြင်းအောင်မြင်ပါပြီ။ ဒါဆိုရင် မြန်မာဖောင့်အတွက် Zawgyi Installer နဲ့သာကင်လိုက်ပါ။ ပြီးရင်တော့ Frozen Keyboard Pro တစ်ခုခုသွင်းလိုက်ပေါ့ဗျာ။ :D

Credit: http://hoppingdream.blogspot.com

No comments:

Post a Comment

If you good, i don't bad. if you think you can bark me, I think i can also fuck you. I'm just ordinary person. Is that OK? :)