7/21/2013

Blogger Vs Wordpress

တစ်ချို့တွေကတော့ Blogger ကကောင်းတယ်။ တချို့ကတော့ Wordpress ကကောင်းတယ်။ ဘာပြောပြော သူ့ဟာနဲ့သူတော့ ကောင်းတဲ့အချက်ရော မကောင်းတဲ့အချက်ရော ရှိတာပါပဲ။ နိုင်ငံခြားမှာတော့ ဘယ်ဟာကိုပိုအသုံးပြုကြသလဲ မသိဘူး။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ Blogger သမားတွေကသာများပါတယ်။ Blogger ဆိုလို့ Blogger.com ကနေ အသုံးပြုတာကိုပြောတာပါ။
ကဲဗျာ။ ကျွန်တော်ဘလော့ တစ်ခုကနေ မှီးငြမ်းကော်ပီကူးပြီး နားလည်သလောက် တော်ကီပွားပါမယ်။

Blogger အသုံးပြုခြင်းရဲ့ကောင်းကျိုးများ

သေချာတာကတော့ blogger ကိုအသုံးပြုတဲ့အတွက် Free ဖြစ်ပါတယ်။ Google account တစ်ခုရှိတာနဲ့ ဘလော့တစ်ခုပိုင်ဆိုင်နိုင်ပါပြီ။ အဲဒီအတွက် yoursitename.blogspot ဆိုတဲ့ Subdomain နဲ့ရပါမယ်။ တကယ်လို့ ကိုယ်က Custom Domain နဲ့သုံးချင်ရင်လည်း Domain တစ်ခုကို ဝယ်ပြီး Redirect လုပ်ရုံပါပဲ။ Google က Custom Domain ကို Support လုပ်ထားပြီးသားဆိုတော့ အဆင်ပြေပါတယ်။ Blogger ကိုအသုံးပြုမယ်ဆိုရင် သင့်မှာ ဘာညာ Skill တွေသိပ်မလိုပါဘူး။ အချိန်အနည်းငယ်အတွင်း ဘလော့တစ်ခုကိုရေးနိုင်သွားမှာဖြစ်ပါတယ်။ Blogger မှာ Free Template တွေလည်းအများကြီးပါပဲ။ Blogger က Google Server ကနေ Run တာမို့ ဆိုဒ်ဒေါင်းဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ ဒါလည်းအားသာချက်တစ်ခုပါပဲ။ Security ပိုင်းနဲ့ပတ်သက်ရင်လည်း သင့် Google account သာအခိုးမခံရရင် လုံခြုံရေးအတွက်ကတော့ စိုးရိမ်စရာမရှိပါဘူး။ WP ကတော့ သိတဲ့အတိုင်းပဲ ယိုပေါက်တွေက တစ်ခုမဟုတ်တစ်ခုရှိနေတတ်ပါတယ်။ နောက်တစ်ခုက Blogger က Google ရဲ့ထုတ်ကုန်ဆိုတော့ Search Engine ရဲ့ Result မှာ Fast Indexing ဖြစ်ပါတယ်။ ဆိုလိုတာက ဘလော့တစ်ခုစရေးလိုက်ပြီး ရက်အနည်းငယ်အတွင်းမှာ Google Search Result မှာပေါ်လာမှာဖြစ်ပါတယ်။ WP ကတော့ ဒီလိုပေါ်အောင် Blogger နဲ့စာရင် မလွယ်ကူဘူးဆိုတဲ့သဘော့ပါပဲ။ နောက်ဆုံးအနေနဲ့ Blogger ကိုသုံးမယ်ဆိုရင် Social Network ပိုင်းနဲ့လည်း မိတ်ဆက်ပြီးသားဖြစ်နေပါတယ်။ ဆိုလိုတာက Google+ နဲ့ သင့်ဆိုဒ်ကို လူသိများစေမှာဖြစ်ပါတယ်။ ကဲ ကောင်းချက်တွေကတော့ အများကြီးပေါ့။ မကောင်းတဲ့အချက်တွေကို ထုတ်ပြရရင် Newbie သမားတွေအတွက်ကောင်းပေမယ့် တကယ့် Business သမားတွေ၊ Company တွေလို Official Site လုပ်မယ့် Organization တွေအတွက်ကျတော့ မသင့်တော်ပါဘူး။ ဘာကြောင့်လည်းဆိုတော့ သင့် Google Account ကအကြောင်းအမျိုးမျိုးကြောင့် လစ်သွားရင် Recovery လုပ်ဖို့သင့်ကိုအဆင်မပြေဖြစ်စေမှာပါ။ ဆိုလိုတာက သင့်ရဲ့ဆိုဒ်တစ်ခုလုံးကို သင်မပိုင်ပါဘူး။ Google လက်ထဲမှာရှိနေတာပါ။ ဟုတ်တယ်လေ။ ကျွန်တော် Gmail account ဟိုတလော့က Temporarily Disabled ဖြစ်ခဲ့ဖူးပါတယ်။ နောက်မှ Google ကို Complain တက်ကြည့်တော့မှပြန်ရသွားတာ။ ပြန်ရရင် အဆင်ပြေပေမယ့် တကယ်လို့မှ မရခဲ့ရင် ဘယ်လိုလုပ်မလဲ။ ဒီအချက်လည်း စဉ်းစားစရာပါပဲ။ ကဲ WP ဘက်လှည့်ကြည့်ရအောင်။ :D

Wordpress ရဲ့ကောင်းတဲ့အချက်များ

Wordpress မှာ နှစ်မျိုးရှိပါတယ်။ wordpress.com နဲ့ wordpress.org ဆိုပြီး။ wordpress.com က blogger လို Free ပေးတာပါ။ wordpress.com မှာ Register လုပ်မယ်ဆိုရင် yoursitename.wordpress.com ဆိုပြီးရပါတယ်။ ဒါပေမယ့် Limit တွေကများပါတယ်။ Themeplate တွေကလည်းမပေါလှပါဘူး။ Free မို့လို့လားမသိဘူး။ နည်းနည်းတော့လေးတယ်လို့ ကျွန်တော်ကတော့ ခံစားမိတယ်။ wordpress.com မှာလည်း Custom Domain ကို Support လုပ်ပါတယ်။ Plugin တွေကိုလည်းစုံစုံလင်လင်သုံးခွင့်ရှိမှာမဟုတ်ပါဘူး။ ဒါကြောင့် တကယ့် Business ပိုင်းနဲ့ပတ်သက်လာရင်  wordpress.org ကိုရွေးချယ်ရမှာပါ။ ကဲ ကျွန်တော်ကလည်း မကောင်းတဲ့အချက်တွေပဲအရင်ပြောနေမိပြီ။ ဟီး။ တကယ့် Business အတွက်ဆိုရင် wordpress ကကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ သူက Paid Hosting လိုဖြစ်နေတော့ ဆိုဒ်ဟာ ကိုယ်ပိုင်ဖြစ်ပါတယ်။ ခုနတုန်းက Blogger မှာလို အချိန်မရွေး မိမိဆိုဒ်ဖျက်သိမ်းခံနေရမှာစိုးရိမ်စရာမလိုတော့ပါဘူး။ ကိုယ့်ဘက်က ပိုက်ပိုက်ပေးထားသမျှပေါ့။ :D နောက်ပြီး wordpress.org မှာဆိုရင် Template တွေ၊ Plugin တွေကို ကိုယ်စိတ်ကြိုက်ပြင်ဆင်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် တကယ့် အဖွဲ့အစည်းပိုင်းဆိုင်ရာတွေကတော့ WP ကိုရွေးချယ်သင့်ပါတယ်။ WP မကောင်းကြောင်းနောက်ဆုံးတစ်ခုပဲပြောပါတော့မယ်။ ဒါကတော့ WP က Blogger လောက် SEO မဖြစ်ဘူးဆိုတာရယ်။ ယိုပေါက်တွေရှိနေတတ်တာရယ်ပါပဲ။ အဲဒီယိုပေါက်တွေကို ကာကွယ်တတ်မယ်၊မိမိဆိုဒ်ကို စိတ်ချလက်ချ ထောင်ချင်တယ်၊ အဲ ပိုက်ပိုက်လေးလည်း တတ်နိုင်မယ်ဆိုရင်တော့ WP ကသင့်တော်ပါတယ်ဗျာ။ ဒီတော့ ဆိုဒ်တစ်ခုထောင်မယ်ဆိုရင် မိမိက ဘယ်ဟာနဲ့ ပိုသင့်တော်မလဲဆိုတာ ချင့်ချိန်နိုင်အောင်လို့ ဒီပို့စ်လေးကို ရေးလိုက်ရပါတယ်။

Ref: http://www.epreneur.tv

1 comment:

  1. ကျေးဇူးတင်ပါတယ် ခင်ည :)

    ReplyDelete

If you good, i don't bad. if you think you can bark me, I think i can also fuck you. I'm just ordinary person. Is that OK? :)