ဒါကတော့ အားလုံးသိပြီးသားပါ။ သိပြီးသားလူများက ကျော်ဖတ်သွားပါရန် :D ဟုတ်ပါတယ်။ တစ်ချို့ နည်းပညာနဲ့ ခုမှထိတွေ့တဲ့ လူတွေအတွက်ရည်ရွယ်ပါတယ်။ ကျွန်တော်လည်း အရင်တုန်းကဆိုရင် ဘယ်သိပါ့မလဲ။ Chrome မှာ မြန်မာဖောင့်မပေါ်တော့ စိတ်ညစ်ရပါတယ်။ ကဲ ကောင်းပါပြီ။ အရင်ဆုံး
Chrome ရဲ့ ညာဖက်အစွန်ဆုံးဘေးမှာ မြားလေးကျိုနှိပ်လိုက်ပါ။ ပုံနဲ့ရှင်းပြထားပါတယ်။ ပုံကိုကြည့်ပါ။
ပြီးရင် အောက်မှာပြထားတဲ့အတိုင်း Setting ကိုနှိပ်ပြီး ဆက်သွားပါ။
ပြီးရင် Show Advanced Settings ကိုဆက်သွားပါ။
ပြီးရင် အောက်မှာပြထားတဲ့အတိုင်း Customize Fonts ကိုထပ်နှိပ်ပါ။
ပြီးရင်တော့ အဲဒီမှာပြထားတဲ့အတိုင်း Zawgyi One ကို Tab အားလုံးမှာပြောင်းပေးလိုက်ပါ။ အောက်ဆုံးက Encoding နေရာမှာတော့ Unicode (UTF8) တစ်ခုခုကိုပြောင်းပေးလိုက်ပါ။ Unicode ပါရင်အဆင်ပြေမှာပါ။
အားလုံးပဲ အဆင်ပြေကြပါစေဗျာ။
ကျေးဇူးအရမ်းတင်ပါတယ်
ReplyDelete