2/06/2012

Map Network Drive လေးများတည်ဆောက်ခြင်း

ဒီတစ်ခါတော့ Map Network အသုံးပြုပုံကိုရှင်းပြမယ်ဗျာ။ ကျွန်တော် လက်ရှိသုံးနေတဲ့ Map Network Drive လေးတွေရဲ့ အသုံးဝင်ပုံလေးတွေအကြောင်း ပြောပြချင်ပါတယ်။
မိမိ Network(LAN) အတွင်းမှာ ရှိတဲ့ computer တစ်လုံးက Share ပေးထားတဲ့ folder/ file တစ်ခုကို မိမိစက်မှာ ယြူကည့်ချင်/သုံးချင်တယ်ဆိုရင် My Network Place ဖွင့် ပြီးရင် သက်ဆိုင်ရာ share ပေးထားတဲ့ computer > folder အထိ သွား ပြီးသုံးရတယ်(ဒါမှမဟုတ်) run box မှာ ကိုယ် access လုပ်ချင်တဲ့ computer's IP ကို ရိုက်ထည့်(ဥပမာ - \\192.168.1.2)ပြီး သက်ဆိုင်ရာ folder/file အထိသွားပြီးသုံးရတယ်။နောက်ရက်တွမှာ အဲဒီ folder /file တွေကို လိုချင်ရင် အထက်ပါ(၂)နည်းတည်းက တစ်နည်းနည်းနဲ့ ဆက်သွယ်ရပြန်တယ်။ အဲဒီလို ခဏခဏ မဆက်သွယ်ဘဲ အခြား computer က Folder/ file တွေကို တစ်ခါဆက်သွယ်ပြီး မိမိစက်ရဲ့  My computer မှာကိုယ်ပိုင် folder တစ်ခုအနေနဲ့ ရှိစေချင်တယ်ဆိုရင်

 (၁) အခြားစက်မှာ ကိုယ်ရချင်တဲ့ folder တွေကို Share ထားလား အရင်စစ်ပါ။
(၂) မိမိစက်ရဲ့ run box မှာ share ပေးထားတဲ့ စက်ရဲ့ IP အမှတ်ကို ရိုက်ထည့် (ဥပမာ - \\192.168.1.2)
(၃) အဆိုပါ computer တွင် share ပေးထားသော folder များတွေ့ ရမည်။ ၎င်းတို့ အထဲမှ
မိမိရယူချင်သော folder ကို select မှတ် right click နိုပ် map network drive ကို ထပ်နိုပ်
- drive name က မိမိနှစ်သက်ရာ အမည်ကို ရွေး
- Reconnect at logon တွင် အမှန်ခြစ်ပေး
- Finish ကို click


(၄) ဒါဆိုရင် မိမိ My computer ကိုဖွင့်လိုက်ရင် Network Drive ဆိုတာရဲ့  အုပ်စုအောက်မှ မိမိပေးခဲ့တဲ့ drive name အတိုင်းတွေ့ ရပါပြီ
(၅) ဒါကိုမှ မိမိရဲ့ desktop ပေါ်တွင် ထို folder ကိုတွေ့ ချင်သေးတယ်ဆိုရင် ၎င်းdrive မှာ right click နိုပ် create shortcut ကို ထပ်နိုပ် yes ကို နိုပ် ဒါဆိုရင်ရပြီ
မှတ်ချက် - မိမိ ဆက်သွယ်ထားတဲ့ အခြားစက်ဖွင့်ထားသ၍ မိမိ desktop ပေါ်က folder ကို double click နိုပ်တာနဲ့  ပွင့်ပါပြီခင်ဗျာ။ ၎င်း Network Drive ကို မလိုချင်ရင် အဆိုပါ Drive တွင် right click နိုပ် disconnect ကို ထပ်နိုပ်ခြင်းဖြင့် ဆက်သွယ်မှုများအားလုံး ပြီးဆုံးသွားပါပြီ။

1 comment:

  1. အနည်းဆုံးတော့ ကျေးဇူးတင်ပါတယ်

    ReplyDelete

If you good, i don't bad. if you think you can bark me, I think i can also fuck you. I'm just ordinary person. Is that OK? :)