2/06/2012

Firefox မှာမြန်မာလိုမပေါ်ရင်

 ဒါကတော့ Firefox မှာ ဇော်ဂျီဖောင့်ကိုရှာမတွေ့တဲ့အခါ ဖြေရှင်းပေးမယ့်နည်းလမ်းပါ။ တခါတလေပေါ့။ ဘယ်လိုလုပ်ရမှန်းမသိဘူး။ သိပြီးသားလူတွေကတော့ ကျော်ဖတ်လိုက်ပေါ့ဗျာ။Firefox ကိုဖွင့်လိုက်ပါ Address box မှာ about:config လို့ရိုက် ပါ Enter ခေါက် ဒါပြီးရင် Filter မှာ font.name.serif.x-unicode လို့ရိုက်လိုက်ပါ။ ပေါ်လာတဲ့ အဲ့ဒီစာတမ်းလေးကို Double Click လုပ်လိုက်ပါဗျာ။ Times New Roman ကိုတွေ့ရပါလိမ့်မယ်။ အဲ့ဒီမှာ သူ့ရှေ့ ကနေ Zawgyi-One ဆိုတာလေးကို ဒါမျိုး
ပုံစံလေးအတိုင်းရေးလိုက်ပါ။
Zawgyi-One,Time News Roman ပေါ့ ။နောက်တော့ OK ပေးပါ။ ဒါပြီးရင် Filter မှာထပ်ပြီးတော့ font.name.sans-serif.x ရိုက်ပါ ထုံးစံအတိုင်းပေါ်လာတဲ့ ဟာကို ကလစ် နှစ်ချက်ပေါ့။ တွေ့ရတဲ့ Arial ကို ခုနက အတိုင်း ရှေ့ ကနေ Zawgyi-one လေးထည့်ပေးလိုက်ပါဗျာ။
ပြီးရင်တော့ အိုကေပေါ့ဗျာ။ ဒါဆိုရင် မီးလျှံမြေခွေးမှာ အဆင်ပြေသွားပါလိမ့်မယ်။
Mozilla firefox မှာ မြန်မာလိုပြောင်းချင်ရင် tools > option> contents > fonts & colours မှာ zawgyi-one ပြောင်းပြီးလို့ မရသေးရင် Advanced ကိုသွား။
Character Encoding က Default character encoding မှာ Unicode( UTF-8) ကိုပြောင်း ။ သူ့အပေါ်က box လေးခုထဲက အလယ် ၂ ခု Serif နဲ့ Sans-serif မှာပါ
 zawgyi-one ပြောင်း ။ monospace ကတော့ မပြောင်းလဲ ရမယ်ထင်တယ်။ ကျွန်တော့်မှာ မပြောင်းထားဘူး။ ဒါဆိုရင် firefox မှာ မြန်မာလိုရေးနိုင်ပါပြီ ။ google search box မှာ ရှာတာကအစ မြန်မာလိုရိုက်ပြီး ရှာနိုင်ပါပြီ။


No comments:

Post a Comment

If you good, i don't bad. if you think you can bark me, I think i can also fuck you. I'm just ordinary person. Is that OK? :)