ဒါကတော့ နာမည်ကြီး TeamViewer ရဲ့နောက်ဆုံးဗားရှင်းပါ။ ဒီကောင်လေးနဲ့ဆိုရင် ဘယ်နေရာမှာရှိတဲ့ ကွန်ပျူတာကိုပဲဖြစ်ဖြစ် အဝေးကနေ Remote အနေထားနဲ့ဝင်ကြည့်နိုင်ပါတယ်။ Service သမားတွေအတွက် အဆင်ပြေတာပေါ့။ အသေးစိတ်အသုံးပြုပုံကိုတော့ မရှင်းပြတော့ပါဘူး။ TeamViewer ရဲ့ Official Site မှာအသေးစိတ်လေ့လာနိုင်ပါတယ်။ Windows, Mac, Linux, Mobile စသည်ဖြင့် Platform များစွာကို Support လုပ်ထားပါတယ်။ ကျွန်တော်ကတော့ Windows အတွက်ပဲ တင်ပေးထားပါတယ်။ အသေးစိတ်ကို မိခင် Official Site တွင်လေ့လာနိုင်ပါတယ်။
5/21/2013
Facebook v3.2.1
Facebook ရဲ့နောက်ဆုံးဗားရှင်း apk လေးပါ။ မူရင်းဖိုင်ဆိုဒ်ကတော့ 17.9 MB ရှိပါတယ်။ ကျွန်တော်တင်ပေးတဲ့ဆိုဒ်ကနေဒေါင်းရင် 13 MB ကျော်လောက်ပဲရှိပါတယ်။ ဘယ်လို new feature တွေပါမလဲဆိုတာကိုတော့ ကိုယ်တိုင်သုံးကြည့်မှ သိမှာပေါ့ဗျာ။ လိုချင်သူများ တိုက်ရိုက် link ကနေဒေါင်းနိုင်ကြပါပြီ။ အဆင်ပြေကြပါစေဗျာ။
IM Pro 6.52 (Latest Version)
ဒါကတော့ ကျွန်တော်တို့ အချစ်တော် IM Pro ရဲ့နောက်ဆုံးဗားရှင်းလေးပါခင်ဗျာ။ Gtalk, Facebook တွေကိုသုံးရတာ ဒီကောင်နဲ့ဆို တော်တော်လေး အဆင်ပြေပါတယ်။ တော်တော်များများလည်းသုံးကြမှာပါ။ ဒေါင်းရတာလွယ်အောင် WiRar နဲ့ချုံ့ပေးထားပါတယ်။ လိုချင်တယ်ဆိုရင် အောက်မှာသွားယူလိုက်ပါခင်ဗျာ။
Labels:
Android
5/20/2013
iPhone Tips
iPhone အကြောင်းရေးထားတာလေးပါ။ File size ကလည်း 1 MB တောင်မရှိပါဘူး။ ဆော့ဝဲလ်မြို့တော်ဆိုဒ်ကနေမလာတာပါ။ ဒီစာအုပ်မှာ iPhone ထဲက application အချို့ကို သုံးပုံသုံးနည်းတွေကို ရှင်းပြထားပါတယ်။ iphone ကိုင်တဲ့သူတွေ ဘာပြောပြော ဆောင်ထားသင့်တယ်ထင်ပါတယ်။ လိုချင်တယ်ဆိုရင် အောက်ကနေယူသွားလိုက်ပါ။
Labels:
iOS,
Myanmar Ebooks
5/18/2013
Format Factory 3.00
mp3, mp4, .org, .swf, .mov .iso ဘာညာ ကွိကွ format ပေါင်းများစွာကို Convert လုပ်ဖို့ support လုပ်ထားပေးတဲ့ နာမည်ကြီး Converter Tool ရဲ့နောက်ဆုံးထွက်ဗားရှင်းဖြစ်ပါတယ်။ media ဖိုင်တွေကို Convert လုပ်တဲ့နေရာမျာတော့ သူ့လောက် ကျန်တဲ့ Tool တွေကိုမကြိုက်မိပါဘူး။ အကြိုက်ဆုံးမို့ လောလောဆယ် ကျွန်တော်အတွက်အသုံးမဝင်ပေမယ့် အပင်ပန်းခံပြီး 50 MB size ရှိတဲ့ ဒီ tool လေးကိုတင်ပေးလိုက်ပါတယ်။ လိုချင်တယ်ဆိုရင် အောက်ကနေယူလိုက်ပါ။
Labels:
Media Converter Softwares
Huawei Y210C Root , MM Font, KB, Wifi Fix လုပ်ပေးမည့် Tool
Huawei Y210C Root ကို Root လုပ်ပေးမယ့် Tool လေးဖြစ်ပါတယ်။ Root လုပ်ပေးမယ့်အပြင် Myanmar Font တွေကိုပါ တစ်ခါတည်းထည့်ပေးမှာဖြစ်ပါတယ်။ ကျွန်တော်ကိုယ်တိုင်စမ်းသပ်ထားတာမဟုတ်ပေမယ့် အဆင်ပြေမယ်လို့ မျော်လင့်ပါတယ်။ myanmarmobileapp ကနေပြန်ရှယ်လိုက်တာပါ။ အောက်မှာ နည်းတွေကိုမူရင်းအတိုင်းပဲ ဖော်ပြထားပါတယ်။
Nmap 6.25
ဒါကိုတော့ hacking, pentesting, network scanning လုပ်မယ့်လူတွေသုံးကြမှာပါ။ အသေးစိတ်တော့ ကျွန်တော်လည်း မပြောပြနိုင်ပေမယ့် site တစ်ခုရဲ့ port နံပါတ်တွေ။ dns တွေကိုစစ်ဆေးပေးမှာဖြစ်ပါတယ်။ ပြောရရင်တော့ Pentest tool တစ်ခုပါပဲ။ ကိုယ်ဘာသာကိုယ် စမ်းရန်အလိုငှာ တင်ပေးလိုက်ပါတယ်။ နောက်ဆုံးဗားရှင်းထွက်တာမို့ တင်ပေးလိုက်ပါတယ်။ အဆင်ပြေကြပါစေ။ လိုချင်တယ်ဆိုရင် အောက်မှာယူသွားနိုင်ပါပြီ။
Labels:
Networking Tools
5/17/2013
အသောက ကွန်ပျူတာ အဘိဓာန်
ကွန်ပျူတာဝေါဟာရတွေကို ဘာသာပြန်ပေးမယ့် အဘိဓာန်ဆော့ဝဲလ်လေးပါ။ အိုင်တီမုဆိုးဘလော့ကနေ မလာပြီး ပြန်ရှယ်လိုက်ပါတယ်။ ဖိုင်ဆိုဒ်ကလည်း သေးသေးလေးပါ။ လိုချင်သူများ ဒေါင်းနိုင်ပါပြီ။ ခုရက်ပိုင်းဘလော့ကို ပြန်ပြင်နေရတာနဲ့ ပို့စ်တွေလည်းသိပ်မတင်ဖြစ်ပါဘူးဗျာ။ ကျွန်တော်ကို ကူညီတဲ့အနေနဲ့ broken ဖြစ်နေတဲ့ link တွေကိုတွေ့ရင် ပြောပြစေချင်ပါတယ်။
Labels:
Dictionary
Zer0DayByM3
ဒါကတော့ ကျွန်တော်ညီလေး ဘလောဂါတစ်ယောက်ရေးထားတဲ့ web hacking နဲ့ပတ်သက်တဲ့စာအုပ်လေးပါ။ ဒီစာအုပ်မှာ dork တွေကိုအသုံးပြုပြီး web site တွေကို အမြန်ဆုံးဘယ်လို hack မလဲဆိုတာကိုရှင်းလင်းထားပါတယ်။ တကယ်ကို လွယ်ကူတဲ့အပြင် ရှင်းရှင်းလင်းလင်းရေးထားတာမို့ ဟက်ကင်း သင်ပေးပါလို့ တဖွဖွပြောနေကြတဲ့ စာဖတ်သူများ ဖတ်သင့်ပါတယ်။ သိတဲ့အတိုင်းပဲ ဟက်ကင်းကို သင်ပေးလို့မရပါဘူး။ ကိုယ်တိုင်လုပ်ကြည့်မှ ကိုယ်တိုင်ဖတ်ကြည့်မှ သိမှာပါ။ ဘာပြောပြော ဒီစာအုပ်လေးဟာ စစချင်း ဟက်ကင်းလုပ်မယ့်လူငယ်တွေအတွက် မျက်စိပွင့်သွားမှာပဲလို့ မျော်လင့်ရပါတယ်။ လိုချင်တယ်ဆိုရင် အောက်ကနေယူသွားလိုက်ပါ။
Labels:
Hacking Ebooks
Frozen Keyboard Pro v0.5.2 for Android
Frozen Keyboard က May 4, 2013 ရက်စွဲနဲ့ နောက်ဆုံးဗားရှင်း ကီးဘုတ်အသစ်ကိုထုတ်ပေးလိုက်ပါပြီ။ ကျွန်တော်ကတော့ အခုမှတွေ့လို့ပြန်တင်ပေးလိုက်ပါတယ်။ တော်တော်တော့ နာက်ကျနေပြီထင်ပါတယ်။ မရှိသေးသူများအတွက်တော့ ခုဒေါင်းကြပေါ့ဗျာ။ ပြောသာပြောရတာပါ။ ဟိုတလောက ထုတ်ပေးတဲ့ Frozen Keyboard Pro ကိုကျတော့ သိပ်သဘောမတွေ့တာနဲ့ ဟိုးအရင်မူလ
Labels:
Android
IMO Messager for Android
ကျွန်တော် တရုတ်ဖုန်းလေး ဟွာဝေးဆိုတဲ့အတိုင်း Google Play Service ကပါမလာ။ Google Play မရတော့ သူများတွေသုံးနေတဲ့ Gtalk apk ကိုသုံးမရ၊ တော်တော်လေးခွကျပါတယ်။ အဲဒီတော့ ဒီလို apk လေးတွေနဲပဲ Gtalk တို့ကိုဝင်ရတာပေါ့ဗျာ။ စစချင်း Login ဝင်ရင် နည်းနည်းကြာပါတယ်။ တစ်ခါဝင်ထားတာနဲ့ နောက်ပိုင်းတော့ မဆိုးပါဘူး။ သုံးရတာ။ Gtalk အပါဝင် အခြား Social IM တွေအများကြီးကို Support လုပ်ထားပါတယ်။ Facebook, Yahoo, ICQ ဘာညာပေါ့။ ဖိုင်ဆိုဒ်က
Labels:
Android
5/13/2013
501 Website Secrets
Web Site တွေရဲ့ လျို့ဝှက်ချက်တွေကိုဖတ်ရမှာဖြစ်ပါတယ်။ ခုတလော့ Website တွေကို ဟက်တဲ့ မြန်မာဟက်ကာတွေ အများကြီးပေါ်ထွက်လာတာတွေ့မြင်နေရပါတယ်။ အဲဒါကြောင့် ဒီစာအုပ်လေးဟာ ခုမှ ဆိုဒ်တွေကို Deface ဘယ်လိုလုပ်မလဲဆိုတာ သိရဖို့ အထောက်အကူကောင်းတစ်ခုဖြစ်လိမ့်မယ်လို့ ယုံကြည်ပြီး တင်ပေးလိုက်ရပါတယ်။ အားလုံးပဲ အဆင်ပြေကြပါစေဗျာ။ လိုချင်တယ်ဆိုရင် အောက်ကနေယူသွားလိုက်ပါ။
Labels:
Hacking Ebooks
5/11/2013
Metasploit The Penetration Tester's Guide
MHU က ဥဥတုတ်တင်ပေးထားတာပါ။ FB page မှာတင်ထားတာတော့ကြာပါပြီ။ ခုမှပဲ ဆိုဒ်ပေါ်ကိုတင်ဖြစ်တာ။ ပို့စ်တင်စရာ ခေါင်းစဉ်ရှာမတွေ့လို့။ ဟီး။ ဒီစာအုပ်ကတော့ Metasploit ကိုဘယ်လိုအသုံးပြုရသလဲဆိုတာ သေချာရှင်းပြထားပါတယ်။ ကျွန်တော်စမ်းကြည့်တာတော့ Code တွေဘာတွေတောင်းတဲ့အဆင့်မျာတင် ရွာလည်နေတာနဲ့ ဆက်မလုပ်ဖြစ်တော့ဘူး။ :D
ဟက်ကာဖြစ်ချင်သူတွေ စမ်းကြည့်ချင်ရင် ဒီစာအုပ်ကို ဖတ်ကြည့်ပေါ့ဗျာ။ ဟိဟိ
Labels:
Hacking Ebooks
Galaxy Y GT-s5360 Rooting
ကျွန်တော်ဒိုမိန်းချိန်းနေတာနဲ့ ပို့စ်မတင်ဖြစ်ဘူး။ အဲဒါနဲ့ရုံးက လူတစ်ယောက် Galaxy Y ကို Factory Reset ချလိုက်တာ Root လုပ်ထားတာတွေပါပြန်ပျောက်ကုန်တာနဲ့ Root ပြန်လုပ်ခိုင်းပါတယ်။ ဒါနဲ့ Google မှာ how to လုပ်ပြီးရှာကြည့်တာ ဒီနည်းလမ်းနဲ့ အဆင်ပြေသွားပါတယ်။ နည်းက သိပ်လွယ်တာမို့ ပြန်ရှယ်လိုက်ပါတယ်။ သိထားပြီးသားလည်းဖြစ်ကြမှာပါ။
Subscribe to:
Posts (Atom)












