5/11/2013

Galaxy Y GT-s5360 Rooting

ကျွန်တော်ဒိုမိန်းချိန်းနေတာနဲ့ ပို့စ်မတင်ဖြစ်ဘူး။ အဲဒါနဲ့ရုံးက လူတစ်ယောက် Galaxy Y ကို Factory Reset ချလိုက်တာ Root လုပ်ထားတာတွေပါပြန်ပျောက်ကုန်တာနဲ့ Root ပြန်လုပ်ခိုင်းပါတယ်။ ဒါနဲ့ Google မှာ how to လုပ်ပြီးရှာကြည့်တာ ဒီနည်းလမ်းနဲ့ အဆင်ပြေသွားပါတယ်။ နည်းက သိပ်လွယ်တာမို့ ပြန်ရှယ်လိုက်ပါတယ်။ သိထားပြီးသားလည်းဖြစ်ကြမှာပါ။ 
Samsung device တော်တော်များများက root လုပ်ရတာလွယ်တာကိုး။ မသိသေးသူများအတွက်ရည်ရွယ်ပါတယ်ဗျာ။ ကဲ ကောင်းပြီ အရင်ဆုံး update.zip ဆိုတာလေးကိုဒေါင်းထားပါ။ ဒေါင်းထားတဲ့ဖိုင်ကို SD Card ထဲထည့်ထားပါ။ ဒီတစ်ခုတည်းပါပဲ။ ဒေါင်းထားတဲ့ ဖိုင်ကို SD Card ထဲထည့်ထားပါ။ ဒေါင်းပြီးရင် Power ပိတ်ပြီး Recovery Mode ထဲဝင်ပါ။ Recovery Mode ထဲဝင်ဖို့ Home+Volume Up+Power button ကိုနှိပ်ပြီး သွားပါ။ (ကျွန်တော်ကတော့ SRS Root application ကနေ Recovery Mode ထဲသွားပါတယ် :D) ပြီးတာနဲ့ Volume Up/Down ကိုသုံးပြီး Update from SD Card ကိုရွေးပါ။ ပြီးရင် update.zip ကိုရွေးချယ်ပြီး Home button နဲ့အတည်ပြုပေးလိုက်ပါ။ ဒါဆို ဖုန်းကို Reboot လုပ်ပေးလိုက်ပါ။
ဖုန်းက ပါဝါပြန်တက်လာတာနဲ့ လူကြီးမင်းရဲ့ဖုန်းထဲမှာ အရိုးခေါင်းနဲ့ Super User ဆိုတာတွေ့ရမှာဖြစ်ပါတယ်။ ဒါဆို Root လုပ်ခြင်း အောင်မြင်ပါပြီ။ အဆင်ပြေကြပါစေ။


Ref: http://notensions.blogspot.com/2013/03/how-to-root-samsung-galaxy-y-gt-s5360.html

No comments:

Post a Comment

If you good, i don't bad. if you think you can bark me, I think i can also fuck you. I'm just ordinary person. Is that OK? :)