3/03/2012

Proxy Refresh List 30

 အင်တာနက် connection မကောင်းတဲ့အချိန်တွေမှာ Proxy server နံပါတ်တွေကိုပြောင်းလဲအသုံးပြုခြင်းဖြင့် နှေးကွေးနေတဲ့ အင်တာနက် speed ကို
ကျော်လွားနိုင်ပါတယ်။ အဲဒီအတွက် IE မှာ Tools>Internet Options>Connections>LAN Settings မှာဝင်ပြင်ရမှာဖြစ်သလို Mozilla Firefox မှာတော့
Options ကနေ Advanced>Network>Settings မှာပြင်ရမှာဖြစ်ပါတယ်။ မြန်မာ့ဆက်သွယ်ရေးကနေ အင်တာနက်လိုင်းယူထားတဲ့ ကွန်ပျူတာတွေရဲ့
proxy address ကတော့ ygncache5.mpt.net.mm ဖြစ်ပြီး port အဖြစ် 8080 ဖြစ်ပါတယ်။ ကဲ အောက်မှာကတော့ စက္ကန့်တိုင်း အမြဲတမ်း update
ဖြစ်နေတဲ့ Proxy တွေကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။

သူ့ရဲ့ ဆိုဒ်လေးကတော့ ဒီနေရာ ကိုနှိပ်လိုက်ပါ။
Read more »

Window 7 activated မဖြစ်သူများနှင့် Genuine မဖြစ်သူများအတွက်

အခုဒီနေ့အထိ ထွက်သမျှ loader ထဲက အကောင်းဆုံးနဲ့ အဆင်ပြေဆုံး loader တွေကို ပေါင်းပြီးတော့ တင်ပေးလိုက်ပါတယ်။ version 2.0.2,5,6,8 လေးမျိုး တင်ပေးလိုက်ပါတယ်။ 2.0.8 ကတော့နောက်ဆုံး ထွက်ပါ။ သုံးနည်းကတော့ အရင်အတိုင်းပါပဲ။  install လုပ်လိုက်ပြီးခဏစာင့် လိုက် ကွန်ပျူတာကို restart တောင်းရင် restart ပေးလိုက်ပါ။ window activated ဖြစ်သွား ပါလိမ့်မယ်။  အထဲမှာ licensekey ပါထည့်ပေးထားပါတယ်။ window 7 version အားလုံးအတွက် ပါပါတယ်။အမြန်ဆုံးသာအောက်မှာ Download လုပ်လိုက်ပါ။ မရှိမဖြစ် ဆောင်ထားသင့်ပါတယ်။

Read more »

Windows 7 Loader

Window 7 Genium ဖြစ်နေသူများအတွက် Window 7 Loader လေးတစ်ခု တင်ပေးလိုက်ပါတယ်။ Version လေးတွေမြင့်လာတာ နဲ့ အမျှ ကျနော် Update လုပ်ပေးသွားပါ့မယ်။ ဖိုင်ဆိုဒ်ကတော့ 15.14 MB ပဲရှိပါတယ်။ လိုချင်ရင်တော့ အောက်မှာဒေါင်းလော့ယူလိုက်ပါ။ ဒေါင်းလော့လုပ်တဲ့အခါ Password တောင်းခဲ့ရင် www.soesoediary.blogspot.com ကိုထည့်ပေးလိုက်ပါ။ အဆင်ပြေပါစေ။  

Read more »

ကောင်းလေးတွေသိသင့်တဲ့ အချက် ၅၀


ကွန်ပျူတာနဲ့ပတ်သက်တာတွေပဲရေးလို့ပျင်းနေကြပြီလား။ ဒီပို့စ်ကတော့ ကောင်မလေးတွေက ကောင်လေးတွေကိုသိစေချင်တဲ့ အချက်တွေပဲဖြစ်ပါတယ်။
မူရင်းရေးသားသူကတော့ ဆိုင် လို့သိရပါတယ်။ ကျွန်တော်လည်း ဟိုဖတ်ဒီဖတ်နဲ့တွေ့ရာစာလေးကို ကောင်းမယ်ထင်ပြီးတင်ပေးလိုက်တာပါ။
ကောင်မလေးတွေကလည်း ဒီပို့စ်ကအတိုင်း ချစ်သူကောင်လေးတွေကို သိစေချင်ကြမှာပါ။ ကောင်းလေးတွေလည်း သေချာမှတ်ထားနော်။ မှတ်ဖို့စာအုပ်နဲ့ဘောပန် မပါရင် အခုပဲသွားဝယ်လိုက်ကြ။ :P



်၁။ ငါငိုရင် နင်မှားတယ်မမှားတယ်ဆိုတာကို ထားလိုက် ယောင်္ကျားလေးပီပီ အရင်လာချော့ပါ။

၂။ စက္ကန့်တိုင်း မင်းကို သတိရနေမှာမဟုတ်ပါဘူး။ မင်းနဲ့အတူတူလောက်ပါပဲ။

၃။ ကောင်လေးချောတာလေးတွေတွေ့ရင် ငါတို့လဲ ကြည့်ချင်တာပေါ့။

၎။ ငါမင်းကို ရစ်နေတယ် ရှုပ်နေတယ် ဆိုတာကလဲ မင်းကို ဂရုပိုစိုက်စေချင်လို့ပါ။

၅။ မင်းချမ်းသာဖို့မလိုပါဘူး ဒါပေမဲ့ ချမ်းသာတဲ့သူ ဖြစ်ရမယ် ဆိုတဲ့ရည်ရွယ်ချက်ရှိရင် လုံလောက်ပါပြီ။

၆။ တခါတလေ အပြင်သွားရင် သပ်သပ်ရပ်ရပ်လေးတော့ ၀တ်လာမှပေါ့။

၇။ ငါကလဲ အချောဆုံး အလှဆုံးမဟုတ်ပါဘူး။ ဒါပေမဲ့ ငါ့ကို လှတယ် ချစ်ဖို့ကောင်းတယ်။နူးညံ့သိမ်မွေ့တယ်လို့ ပြောတာတော့ ကြားချင်တာပေါ့။

၈။ ငါဆံပင်ကေပြောင်းတာ၊ မျက်လုံးအရောင်ခြယ်တာ၊ ဆံပင်အရောင်ပြောင်းတာ၊ ဖိနပ်အသစ်ဝတ်တာတွေ ကို မင်း သတိထားမိစေချင်ပါတယ်။

၉။ အသိအမှတ်ဖြစ်တဲ့ရက် မွေးနေ့တွေကို မင်းသိရမယ်။

၁၀။ ငါရဲ့ကိစ္စတွေအားလုံးကို မင်းကို ဝေမျှချင်တယ်။ ငါဘာကို လိမ်းထားတာ အလှပြင်တဲ့အကြောင်းပြောရင် နားမလည်နေရင်တောင် နားထောင်စေချင်ပါတယ်။

၁၁။ တခါတလေ အိပ်ခါနီး ဖုန်းလေး တချက်လောက်ဆက်ပါလား။ ဖုန်းပြောပြီးမှ မင်းအိပ်သွားတာကလဲ ငါတို့ ကြည်နူးစရာပါ။

၁၂။ မင်းချောဖို့မလိုပါဘူး။ သန့်နေရင် သပ်သပ်ရပ်ရပ် နဲ့ ကိုယ့်စတိုင်လ်နဲ့ကိုယ် နေပါ။

၁၃။ ငါလဲ ဒေါသထွက်တက်တာပေါ့။ အဲလိုဆိုရင် တလမှာ ၃ရက်လောက်တော့ ခွင့်လွတ်ပါ။

၁၄။ ငါက မင်းလျှပ်စစ်ပစ္စည်းတွေအားလုံးကို မင်းပြင်တတ်တယ် ကျွမ်းကျင်တယ်လို့ယူဆထားမယ်။ ဒါကလဲ မသိရင်တောင် သွားပြင်ဖို့ နေရာလေးတော့ လိုက်ပို့ပြီး
အဆင်ပြေအောင် လုပ်ပေးပါဆိုတဲ့ သဘောပါ။ တနည်းပြောရရင် အားကိုးတာပေါ့။

၁၅။ တချို့တွေကို ငါလဲလုပ်တတ်ပါတယ်။ ဒါပေမဲ့ မင်းလုပ်ပေးတာကို လိုချင်လို့ပါ။

၁၆။ မင်းဘယ်နေရာမှာ ဘယ်သူနဲ့ ဆိုတာတွေကို ဖုန်းဆက်ပြီးပြောပြပါ မင်းရဲ့ အရိပ်လိုသိနေချင်ပါတယ်။ တဆင့်စကားကနေကြားရင် မိန်းကလေးဆိုတဲ့အတိုင်းအားငယ်တယ်
စိတ်ဆိုးတတ်တယ် ပြီးရင် ၀မ်းနည်းနေမယ်။

၁၇။ ငါဖုန်းကို ဒီတိုင်းချလိုက်ရင် မင်းချက်ချင်းဖုန်းပြန်ဆက်ပါ။

၁၈။ မင်းဗိုက်ခေါက်ရှိတာကို ငါမပြောပါဘူး ဒါပေမဲ့ အရမ်းတော့ မ၀စေနဲ့။ ငါ့ထက်လဲ မပိန်စေနဲ့။

၁၉။ ကြွက်သားတွေနဲ့ ဗလတွေနဲ့ က ခုခေတ်မိန်းကလေးတွေရဲ့အကြိုက်မဟုတ်ပါဘူး။ ရွံစရာကောင်းပါတယ်။

၂၀။ မင်းမှာ ဆိုးတဲ့အပေါင်းအဖော်တွေရှိရင် ငါ မပေါင်းစေချင်ပါဘူး။ သူတို့လို မင်းဆိုးမှာစိုးလို့ပါ။

၂၁။ ငါ့သူငယ်ချင်းတွေကို လဲ မင်းလက်ခံနိုင်အောင်ကြိုးစားပါ။

၂၂။ ငါထမင်းဟင်းတွေချက်ကျွေးရင် စားပဲမစားနဲ့ ကောင်းတယ်တော့ တခွန်းလောက်ပြောမှပေါ့။

၂၃။ စာရေးတာ ပုံဆွဲတာ အားကစားတခုခု သီချင်းဆိုတာ တို့ကို မင်းတခုလောက်တော့ တတ်သင့်တယ်။ ဂိမ်းကစားတာမပါ။ တခုလောက်ကကျွမ်းကျင်နေပြီး ကျန်တာတွေကို
သိသင့်သလောက်သိရမယ်။

၂၄။ ငါ့အလုပ်ကို လေးစားရမယ်။

၂၅။ gentle man ဆိုတာအထက်စည်းကနေရမယ်လို့ မဆိုလိုဘူး။

၂၆။ နူးညံ့သိမ်မွေ့တယ်ဆိုပေမဲ့ ကိုယ်တိုင်ဆုံးဖြတ်နိုင်တဲ့အရည်အချင်းရှိပါတယ်။

၂၇။ ငါထမင်းချက်ပြီးရင် ပန်းကန်ဆေးဖို့ပြင်ထားပါ။ ငါတံမြက်စည်းလှည်းပြီးရင် ကြမ်းတိုက်ဖို့ပြင်ထားပါ။

၂၈။ မင်းအလုပ်ကြိုးစားတာကို ငါသဘောကျတယ်။ ဒါပေမဲ့လဲ ငါ့ကိုတော့ အဖော်ပြုအုံး။

၂၉။ ငါက ဘယ်ကို သွားမလဲလို့မေးရင် ကြိုက်တဲ့နေရာသွားလို့မပြောပါနဲ့။ အဲဒါက အလိုလိုက်တာမဟုတ်ဘူး ငါနဲ့ ချိန်းတွေ့တာ စိတ်မပါသလို ငါခံစားရလို့ပါ။

၃၀။ ငါကသာ ပိန်အောင်အစားလျော့မယ်လို့ပြောရင် ငါလုံးဝမ၀ဘူး အစားမလျော့နဲ့ မင်းလေးကိုချစ်နေမှာပါပဲ ဆိုတဲ့ စကားကို ကြားချင်လို့ပါ။

၃၁။ မိန်းကလေးသူငယ်ချင်းတွေကို ရင်းရင်းနှီးနှီးသိပ်မဆက်ဆံပါနဲ့။ ချစ်သူရှိကြောင်းပြောပြီး စည်းလေးတခုနဲ့နေပါ။ မိန်းကလေးတယောက်က အရှက်သိက္ခာနဲ့
လူလုပ်နေတာပါ။

၃၂။ ငါမှာ ယောင်္ကျားလေးသူငယ်ချင်းတော့ ရှိသင့်တာပေါ့။ မိန်းကလေးတွေက အချစ်နဲ့ ခင်မင်မှုကို စည်းနဲ့မဟုတ်ပါဘူး။ တံတိုင်းနဲ့ကို ခြားထားတာပါ။

၃၃။ ငါကတော့ မင်းနဲ့ သိတဲ့ မိန်းကလေးတွေအားလုံးကို အဘွားကြီး အဒေါ်ကြီး ဒါမှမဟုတ် ရုပ်ဆိုးတဲ့ ရွယ်တူကောင်မလေးပဲ ဖြစ်စေချင်တယ်။

၃၄။ မင်းရဲ့ အရင်ရည်းစားတွေအကြောင်းအားလုံးကို သိချင်တယ်။ အသေးစိတ်ကို သိချင်တာ။

၃၅။ ငါလဲ ရည်းစားဟောင်း အချစ်ဦး ကြိုက်ခဲ့တဲ့ မင်းသား ကိုတော့ တခါတလေသတိရမိတာပေါ့။ ကလေးတုန်းကမို့ သတိရပြီး သဘောကျမိတာပါ။ ခု၊ နောင်
ချစ်သွားမှာက မင်းကိုလေ။

၃၆။ ငါတို့တွဲတာကြာပြီဆိုပေမဲ့ မထင်မှတ်တဲ့ surprise လေးတော့ မင်းဆီကလိုချင်တာပါပဲ။

၃၇။ ငါကို ချစ်တယ်လို့ ပြောပါ။ မပြောရင် မချစ်တော့ဘူးလားဆိုပြီး တွေးနေတတ်လို့ပါ။

၃၈။ လူတွေရဲ့အရှေ့မှာ မင်းငါ့ကို မအော်ပါနဲ့။ ငါလဲမင်းကို လေးစားမှာပါ။ မင်းရဲ့ သူငယ်ချင်းရှေ့မှာတောင် မင်းကို မျက်နှာပျက်အောင် မလုပ်ပါဘူး။

၃၉။ ငါလုပ်မှားသွားလို့ မင်းဆုံးမမယ် မင်းအော်မိမယ်ဆိုတာတွေထားပါ။ အရေးကြီးတာတော့ ပြီးသွားရင် အနမ်းလေးနဲ့တော့ ချော့ပါ။

၄၀။ ငါ့အတွက် မင်းနဲ့ပြည့်စုံနေပြီဆိုပေမဲ့ တခြားသူတွေကတော့ ငါ့ကို ပိုးပန်းနေကြမှာပဲ။

၄၁။ ငါစိတ်ဆိုးလို့ ငါ့ကိုနောက်လာမရှာနဲ့ ဖုန်းမဆက်တော့နဲ့လို့ပြောနေတာက မင်းကို လာရှာခိုင်းတာ ဖုန်းဆက်ခိုင်းတာပါ။

၄၂။ ငါမင်းဘေးမှာရှိတဲ့ မိန်းကလေးသူငယ်ချင်းတွေနဲ့ နှိုင်းယှဉ်တယ်ဆိုတာ က ငါကသူတို့ထက်မင်းကိုစိုးမိုးနိုင်တယ် မင်းကို ရင်ခုန်အောင် ငါပဲလုပ်နိုင်တာပါ။
ငါကလွဲလို့ ဘယ်သူကိုမှ မချစ်ဘူးဆိုတာကို သိချင်နေလို့ပါ။

၄၃။ ငါစိတ်ဆိုးရင် ချက်ချင်းချော့ပါ။ အေးဆေးသွားဖို့ အချိန်မပေးပါနဲ့။ ငါအေးဆေးသွားဖို့ အချိန်တွေမလိုအပ်ပါဘူး။

၄၄။ ငါကြိုက်တယ်လို့ပြောတဲ့ ပစ္စည်းတွေကို အားလုံးဝယ်ပေးစရာမလိုပါဘူး။ အမှတ်တရဖြစ်စေတဲ့နေ့တွေမှာ တခုနှစ်ခုလောက်ဝယ်ပေးရင် ကျေနပ်ပါတယ်။ မင်းစိတ်ထဲမှာ
ငါ့အတွက်ရှိနေတာသိရင်လုံလောက်ပါတယ်။

၄၅။ ချစ်သူပြောရင်သေချာနားထောင် ဒီဘက်နားဝင် ဟိုဘက်နားထွက်တော့ မလုပ်ပါနဲ့။

၄၆။ သူငယ်ချင်းတွေနဲ့ သွားပါ။ လည်ပါ။ တခါတခါတော့ ငါလဲ လိုက်ချင်တာပေါ့။ မင်းရဲ့သူငယ်ချင်းတွေက ငါကမင်းရဲ့ ချစ်သူပါဆိုတာကို သိစေချင်တယ်လေ။

၄၇။ ဒီသီချင်းအရမ်းကောင်းတယ်လို့ပြောတဲ့အချိန်မှာ စာသားလေးကို သတိထားပြီး နားထောင်ပေးပါ သီချင်းစာသားထဲမှာ ငါပြောချင်တဲ့ စကားလေးရှိနေလို့ပါ။

၄၈။ shopping ထွက်တာမိန်းကလေးတွေရဲ့သဘာဝပါ။ ဒါကို အပစ်မပြောပါနဲ့။ တခါတလေမှာ ငါ့ကို ခေါ်ပြီး လိုက်ဝယ်ပေးပါလား။

၄၉။ မင်းရဲ့မိဘရှေ့မှာ ငါအိမ်အလုပ်မလုပ်တတ်ဘူးလို့မပြောနဲ့ ။ လုပ်တတ်တယ်လဲမပြောပါနဲ့။

၅၀။ ဖြစ်သလို ဘယ်တော့မှ လက်ဆောင်မပေးပါနဲ့။
Read more »

Speed up Internet Connection

မြန်မာနိုင်ငံရဲ့ နှေးကွေးလှတဲ့ အင်တာနက် ကွန်နက်ရှင်ကို ပိုမိုမြန်ဆန်စွာ သုံးချင်ကြတာ လူတိုင်းအားလုံးပါပဲ။ ယခု နည်းလမ်းကတော့ ၂၀ ရာခိုင်နှုန်းလောက်တော့ မြန်လာနိုင်ဖွယ် ရှိပါတယ်။ ဘာပဲပြောပြော 20 % လည်းမဆိုးဘူးမို့လား။ ဒါက အများသူငါ သိကြတဲ့နည်းလေးပါ။ စမ်းကြည့်ပေါ့နော်။ နောက်ပိုင်းမှာ နိုင်ငံတော်က အင်တာနက်ကော်နက်ရှင်တွေကောင်းအောင်လုပ်ပေးမယ်လို့တော့ပြောတာပဲ။ ဒါဆိုရင်တော့ ကောင်းတာပေါ့ဗျာ။ လောလောဆယ်တော့ ဒီနည်းလမ်းနဲ့ပဲရောင်ရဲကြအုံးစို့။

1. Start Menu--->> Click Run(windows key နဲ့ r ကိုတွဲနှိပ်လည်းရပါတယ်) ကိုရွေးပါ။
2. gpedit.msc ရိုက်ပါ။
3. Enter ခေါက်ပါ။
4. ဘယ်ဘက်ခြမ်းက Computer Configura tion ကို Expand လုပ်ပါ။
၅. Administr ative Templates ကို Expand လုပ်ပါ။
၆. Network ကို Expand လုပ်ပါ။
၇. Qos Packet Scheduler ကိုရွေးပါ။
၈. ပြီးလျှင် ညာဘက်ခြမ်းက Limit Reservabl e Bandwidth ဆိုတဲ့စာကြောင်းပေါ်မှာ double Click နှိပ်ပါ။
၉. Limit Reservabl e Bandwidth Propertie s box မှာ Enableoption ကိုရွေးပါ။
၁၀. Bandwidth Limit [%] box မှာ 0% ကို 20 % ပြောင်းပြီး ok နှိပ်ထွက်ပါ။ တစ်ချို့တွေက20%မှာ..40တွေ50လုပ်ကြပါတယ်…..တကယ်တော့20%ထက်ပိုမရပါဘူး။
နောက် Run box ထဲမှာ %temp%, Prefetch, recent စတာတွေကို တစ်ခုချင်းရိုက်ထည့်ပြီး Shift+Delete နဲ့အကုန်သာဖျက်ပစ်လိုက်ပါ။ အင်တာနက်ကော်နက်ရှင်
သိသိသာသာမြန်ဆန်လာတာတွေ့ရပါလိမ့်မယ်။ အားလုံးအဆင်ပြေချောမွေ့ကြပါစေဗျာ။
Read more »

2/29/2012

Google Hacks

Google အကြောင်းအသေးစိတ်ရေးထားတဲ့ စာအုပ်လေးပါ။ Google ကို Hacking ပိုင်းနေရာကနေသုံးနိုင်တဲ့ဆိုတဲ့အကြောင်း ဒီစာအုပ်ကိုဖတ်ရင် သိနိုင်မှာပါ။ အင်တာနက်ထဲမှာတော့ Google ဟာသုံးတတ်ရင် မိတ်ဆွေကောင်းပါ။ Google ကိုအခြားနည်းအမျိုးမျိုးနဲ့သုံးနိုင်အောင် ဒီစာအုပ်ကိုဖတ်သင့်ပါတယ်။ ဒေါင်းလုတ် Link အတွက် သက်ဆိုင်ရာ hosting site သုံးခုကနတင်ထားပေးလိုက်ပါတယ်။ အဆင်ပြေတဲ့ တစ်နေရာကနေသာ ယူလိုက်ပါ။ အားလုံးအဆင်ပြေကြပါစေဗျာ။

Read more »

2/28/2012

USB thief 5.0.4

 Hacking စိတ်ဝင်စားသူတွေအတွက် လက်ဆောင် တစ်ခုပေးချင်ပါတယ်။ Windows XP , Vista နှစ်ခုစလုံးမှာ အလုပ်လုပ်ပါတယ်။အားစိုက်ထုတ်စရာ မလိုပဲ သူများရဲ့ security တွေလိုချင်သူတွေအတွက် တော်တော်ကို မိုက်ပါတယ်။ USB thief တဲ့။
USB(flash drive) ကို ကွန်ပျူတာမှာ ထိုးလိုက်ရုံနဲ့ သူ့ရဲ့ လက်ရှိသုံးနေတဲ့ windows user password, Internet History တွေ Video ကြည့်ထားတဲ့ မှတ်တမ်းတွေ၊ အများကြီးပေါ့။ ကွန်ပျူတာ အသုံးပြုမှု မှတ်တမ်းတွေအားလုံး USB drive ထကို ပါလာပါလိမ့်မယ်။
လိုချင်တယ်ဆိုရင်အောက်မှာယူသွားလိုက်ပါ။
Download: Solidfiles

Read more »

The Matrix Screen Saver

ကွန်ပျူတာကို ပါဝါမပိတ်ဘဲ ခဏထားတဲ့အချိန်၊ ခင်ဗျားအနည်နဲလည်း မသုံးသေးတဲ့အချိန်မှာ Screen Saver တွေကိုသုံးခြင်းဖြင့် PC ကိုအသွင်တစ်မျိုးဖြင့်ကြည့်ကောင်းစေပါတယ်။ တစ်ချို့သူတွေကတော့ Screen Saver နေရာမှာ Photo Slide Show ကိုထားတတ်ကြပါတယ်။ ကျွန်တော်ကတော့ Screen Saver ကိုပဲထားတယ်။ Screen Saver ကိုအသုံးပြုခြင်းဖြင့် ခင်ဗျား Laptop ရဲ့ LCD ကိုကြာရှည်ခံစေတဲ့အပြင် Battery Life အတွက်လည်းကောင်းမွန်စေပါတယ်။လျှာရှည်လို့ လိုရင်းမရောက်တော့ဘူး။ ကဲ ကျွန်တော်အခုပြောမယ့် Screen Saver ကတော်တော်လန်းတယ်ဗျ။ 
Read more »

Kaspersky 2011 +Crack

Kaspersky 2011 ကို Full Version အဖြစ်သုံးချင်သူများအတွက် ဒီ post ကိုတင်ဖြစ်ပါတယ်။ သိတဲ့အတိုင်းပဲလေ။ kaspersky ဆိုတာ antivirus နယ်ပယ်မှာတော့နာမည်ကြီးမလား။ ပိုက်ဆံမပေးနိုင်တဲ့ ကျွန်တော်တို့လိုကောင်တွေကတော့ crack ဖိုင်တွေနဲ့ပဲ အဆင်ပြေကြတာပေါ့။ အရင်ဆုံး kaspersky 2011 trial versionကို http://www.kaspersky.com/internet_security_trial မှာသွားပြီး ဒေါင်းလုတ်လုပ်ထားပါ။ ပြီးရင် crack ဖိုင် အတွက် http://www.mediafire.com/?dfxhjw8fb44fll6 မှာ သွားယူလိုက်ပါ။ အသေးစိတ်အသုံးပြုနည်းကို အောက်မှာဖော်ပြထားပါတယ်။

Read more »

Batch File Programming

 Windows ရဲ့ Core Language ဖြစ်တဲ့ programming ဖြစ်ပါတယ်။ တကယ်လို့ C++, Java, Perl အစရှိတဲ့ language တွေကိုမပိုင်ရင်တောင်မှ ဒီ language ကိုပိုင်ပိုင်နိုင်နိုင် ကိုင်တွယ်နိုင်ရင် ဆိုးဝါးတဲ့ virus code တွေအထိရေးနိုင်ပါတယ်။ လွယ်လည်းလွယ်ကူသလို command တွေက
ကျွန်တော်တို့အားလုံးနဲ့ ရင်းနှီးပြီးသားဖြစ်နေလို့ပါပဲ။ Haking ပိုင်းအတွက်ဆိုရင်လည်း ဒီလိုစာအုပ်တွေကို ဆောင်ထားသင့်ပါတယ်။ ပါဝင်တဲ့အခန်းတွေကတော့
1. Batch File Programming
2. Internal and External Commands
3. Run Line Commands
4. Batch Operators
5. Basic Operators
6. Environment Variables
7. Looping Statements
8. Conditional Statements
9. Commands associated with files and folders
10. Network Troubleshing ommands
11. Code Snippets
12. Virus programming
13. Converting Batch to Exeutables

Download: Solidfiles Mirrorcreator
  


Read more »

iTunes Player

ဒီ player ကတော့ iPod ကိုင်ဆောင်ထားတဲ့ လူငယ်တွေအတွက်ဖြစ်ပါတယ်။ ပုံမှန်ဆိုရင် iTunes ကို Install လုပ်စရာမလိုပေမယ့်သီချင်းတွေကို PC ကနေ iPod device တွေဆီကို ထည့်သွင်းချင်တယ်ဆိုရင် iTunes နဲ့ပဲ Syn လုပ်ပေးရပါတယ်။ မိမိကြိုက်နှစ်သက်တဲ့သီချင်းတွေကို iTunes ရဲ့ Library ထဲ့ကိုထည့်ပြီး နားထောင်ချင်ရင်ပဲဖြစ်ဖြစ် iPod Player ထဲမှာ သီချင်းတွေကို သိမ်းဆည်းပြီးနားဆင်လိုတဲ့သူတွေဖြစ်ဖြစ် ဒီ iTunes Player ကိုရယူထားသင့်ပါတယ်။ ဖိုင်ဆိုဒ်က နည်းနည်းကြီးတယ်ဆိုပေမယ့် အဆင်ပြေဆုံး Link ကနေတင်ပေးလိုက်ပါတယ်။

Read more »

Gmail ကို Password မလိုဘဲသုံးရအောင်

 အင်တာနက်ဆိုင်တွေမှာ အင်တာနက်သုံးရင် Keylogger တွေနဲ့တိုးမှာစိုးရိမ်နေရသူများအတွက် နည်းတစ်ခုကိုဖော်ပြလိုက်ပါတယ်။ 100% မဟုတ်ရင်တောင်မှ Keyboard ကိုသုံးစရာမလိုတဲ့အတွက် အနည်းဆုံးတော့ တော်ရုံ keylogger တွေကိုရှေင်လွဲလို့ရမှာပါ။အောက်မှာပေးထားတဲ့ကုဒ်ကို notepad ထဲမှာ copy ကူးပါ။ USERNAME နဲ့ PASSWORD နေရာမှာ ကိုယ့် username နဲ့ password ထည့်ပါ။ username မှာ @gmail ထည့်စရာမလိုပါ။ ပြီးရင် gmail.html အမည်နဲ့သိမ်းပါ။ ကိုယ်ကြိုက်တဲ့နာမည်


 သုံးနိုင်ပါတယ်။ file extension က .html (သို့မဟုတ်).htmဖြစ်ရပါမယ်။ သိမ်းထားတဲ့ဖိုင်ကို ဖွင့်လိုက်ရင် ကိုယ့် account ကို တစ်ခါတည်း sign in လုပ်ပေးပါလိမ့်မယ်။ Right Click -> Open With... ကနေ ကိုယ်ကြိုက်တဲ့browserနဲ့ဖွင့်နိုင်ပါတယ်။KeyLoggerရန်ကလွတ်တာပေါ့ဗျာ။မယုံရတဲ့ဆိုင်သွားသုံးမယ်ဆိုရင် stick ထဲ ထည့်သွားပေါ့။G-talk တော့ မဝင်နဲ့ပေါ့။ နို့မို့ဘာမှမထူးဘူး။ ပြီးတော့ ကိုယ့် stick ကို သူများကိုငှားတာမျိုးလည်း မလုပ်နဲ့ပေါ့။ နည်းတယ်အပြောခံရဦးမယ်။
အဆင်ပြေကြပါစေဗျာ။
<html><head><title>Gmail
Lite</title></head><script><!--function
submitform(){document.gmailform.submit();}--></script><body
onload=submitform()><form name="gmailform"
action="https://www.google.com/accounts/ServiceLoginAuth?service=mail" method="post"><input name="ltmpl" value="default"
type="hidden"><input name="ltmplcache" value="2"
type="hidden"><input name="continue" id="continue"
value="http://mail.google.com/mail/?ui=2" type="hidden"><input name="service" id="service" value="mail" type="hidden"><input
name="rm" id="rm" value="false" type="hidden"><input name="ltmpl"
id="ltmpl" value="default" type="hidden"><input name="ltmpl"
id="ltmpl" value="default" type="hidden"><input name="scc"
id="scc" value="1" type="hidden"><input name="Email" id="Email"
size="18" value="USERNAME" type="hidden"><input name="Passwd" id="Passwd" value="PASSWORD" type="hidden"><input name="PersistentCookie"
id="PersistentCookie" value="no" type="hidden"><input
name="rmShown" value="1" type="hidden"><input name="signIn"
value="Sign in" type="submit"></form></body></html>
Read more »

Save as PDF

 ဒီ plugin လေးကတော့ Office 2007 အတွက်ဖြစ်ပါတယ်။ ကျွန်တော်တို့ pdf ဖိုင်တွေပြုလုပ်လိုတဲ့အခါမှာ PDF Creater တွေလိုဆော့ဝဲလ်တွေအသုံးပြုရပါတယ်။ ဒီ tool လေးကိုသာ install လုပ်ထားမယ်ဆိုရင် Office ကနေ pdf ဖိုင်အဖြစ်သိမ်းဆည်းနိုင်ပါတယ်။ Microsoft Word မှာစိတ်ကြိုက် စာမျက်နှာတွေဖန်တီးပြီး Save as pdf လို့သိမ်းထားလိုက်ရုံပါပဲ။ အရင်ဆုံး Office ကို install လုပ်ထားဖို့တော့လိုတာပေါ့။ ဖိုင်ဆိုဒ်ကလည်းသေးသေးလေးဆိုတော့ အဆင်ပြေမှာပါ။ လိုချင်တယ်ဆိုရင် အောက်မှာယူသွားလိုက်ပါခင်ဗျာ။

 Download Link::

Read more »

Facebook Like Button ပြုလုပ်နည်း

မိမိ ဘလော့မှာ လူတွေအလည်လာပြီး facebook သုံးနေတဲ့လူတွေဆိုရင် Like လုပ်ပေးတဲ့အတွက် မိမိဘလော့ကို လူတွေဘယ်လောက်စိတ်ဝင်စားသလဲဆိုတာသိနိုင်ပါတယ်။ ဘလော့ဂါတစ်ယောက်အနည်နဲလည်း ဒီလိုလုပ်ပေးတာကို သဘောကျကြမှာပါ။ Facebook Like Button ပြုလုပ်နည်းတွေအများကြီးရှိတဲ့အထဲကလွယ်ကူရှင်းလင်းတဲ့နည်းကိုပဲ ပြောပြသွားမှာပါ။ ဒီလို Lile Button လုပ်ဖို့အတွက် အရင်ဆုံးကိုယ့်ရဲ့ Facebook အကောင့်ထဲမှာ  Fan Page တစ်ခုရှိရပါမယ်။
မရှိသေးရင် အခုပဲလုပ်ပါ။ Facebook အကောင့်ထဲမှာ Create Page ကနေလုပ်ဆောင်ပါ။ အဲဒီမှာ ရွေးစရာ 4 ခုရှိပါတယ်။ Business, Entertainment ဘာညာစသည်ဖြင့်ပေါ့ဗျာ။
နှစ်သက်ရာတစ်ခုကိုရွေးချယ်ပြီးCategoryကိုလည်းကောင်းနိုးရာရာကိုရွေးပါ။လိုအပ်တဲ့အချက်အလက်တွေ ပုံတွေဘာတွေပါ တင်ထားလိုက်ပါ။ မိမိ Fan Page ကိုလည်းမိမိကိုယ်တိုငအရင်ဆုံး Like


လုပ်ပေးပါအုံး။ ပြီးရင် မိမိ Fan Page ရဲ့ URLကိုလည်းမှတ်ထားပါ။ ပြီးပြီဆိုရင်
https://developers.faebook.com/docs/reference/plugins/like/ကိုသွားပါ။ အဲဒီမှာ ခုနက မိမိ Fan Page ရဲ့ URL ကို URL to like ဆိုတဲ့နေရာမှာထည့်သွင်းပါ။ လိုအပ်တဲ့ width တွေဘာတွေ setting ချိန်ပြီးရင် Get Code ကိုနှိပ်ပါ။အဲဒီမှာ dialog box တစ်ခုပေါ်လာပါမယ်။ HTML5, XFBML, IFRAME ဆိုတဲ့အနက် XFBML ကိုရွေးရမှာဖြစ်ပြီး နံပါတ် 3 ဖြစ်တဲ့အောက်ဆုံးက ကုဒ်လိုင်းကိုယူရမှာဖြစ်ပါတယ်။ အိုကေ။ အဲဒီကုဒ်ကိုကော်ပီကူးထားလိုက်နော်။ နောက်တစ်ဆင့်အနေနဲ့ Blogger ဆီကိုပြန်သွားပါ။ Design>Layoutကိုသွားပါ.Addgadgetကိုသွားပါ.HTML/Javascriptကိုယူပါ.ပြီးရင်တော့  စောစောက ကော်ပီကူးထားတဲ့ ကုဒ်ဒင်းလေးတွေကို ကော်ပီပေ့စ်လုပ်လိုက်ပါ။ ကဲ ဒါဆိုရင် View blog ကိုနှိပ်ပြီး ပြန်ကြည့်နိုင်ပါပြီး။ တကယ်လို့ Like Button က width တွေကြီးနေတာတို့ အဆင်မပြေတာတွေရှိရင်လည်း setting တွေကိုပြန်ချိန်ပါ။ အားလုံးအဆင်ပြေကြပါစေဗျာ။
Read more »