3/03/2012

Speed up Internet Connection

မြန်မာနိုင်ငံရဲ့ နှေးကွေးလှတဲ့ အင်တာနက် ကွန်နက်ရှင်ကို ပိုမိုမြန်ဆန်စွာ သုံးချင်ကြတာ လူတိုင်းအားလုံးပါပဲ။ ယခု နည်းလမ်းကတော့ ၂၀ ရာခိုင်နှုန်းလောက်တော့ မြန်လာနိုင်ဖွယ် ရှိပါတယ်။ ဘာပဲပြောပြော 20 % လည်းမဆိုးဘူးမို့လား။ ဒါက အများသူငါ သိကြတဲ့နည်းလေးပါ။ စမ်းကြည့်ပေါ့နော်။ နောက်ပိုင်းမှာ နိုင်ငံတော်က အင်တာနက်ကော်နက်ရှင်တွေကောင်းအောင်လုပ်ပေးမယ်လို့တော့ပြောတာပဲ။ ဒါဆိုရင်တော့ ကောင်းတာပေါ့ဗျာ။ လောလောဆယ်တော့ ဒီနည်းလမ်းနဲ့ပဲရောင်ရဲကြအုံးစို့။

1. Start Menu--->> Click Run(windows key နဲ့ r ကိုတွဲနှိပ်လည်းရပါတယ်) ကိုရွေးပါ။
2. gpedit.msc ရိုက်ပါ။
3. Enter ခေါက်ပါ။
4. ဘယ်ဘက်ခြမ်းက Computer Configura tion ကို Expand လုပ်ပါ။
၅. Administr ative Templates ကို Expand လုပ်ပါ။
၆. Network ကို Expand လုပ်ပါ။
၇. Qos Packet Scheduler ကိုရွေးပါ။
၈. ပြီးလျှင် ညာဘက်ခြမ်းက Limit Reservabl e Bandwidth ဆိုတဲ့စာကြောင်းပေါ်မှာ double Click နှိပ်ပါ။
၉. Limit Reservabl e Bandwidth Propertie s box မှာ Enableoption ကိုရွေးပါ။
၁၀. Bandwidth Limit [%] box မှာ 0% ကို 20 % ပြောင်းပြီး ok နှိပ်ထွက်ပါ။ တစ်ချို့တွေက20%မှာ..40တွေ50လုပ်ကြပါတယ်…..တကယ်တော့20%ထက်ပိုမရပါဘူး။
နောက် Run box ထဲမှာ %temp%, Prefetch, recent စတာတွေကို တစ်ခုချင်းရိုက်ထည့်ပြီး Shift+Delete နဲ့အကုန်သာဖျက်ပစ်လိုက်ပါ။ အင်တာနက်ကော်နက်ရှင်
သိသိသာသာမြန်ဆန်လာတာတွေ့ရပါလိမ့်မယ်။ အားလုံးအဆင်ပြေချောမွေ့ကြပါစေဗျာ။

No comments:

Post a Comment

If you good, i don't bad. if you think you can bark me, I think i can also fuck you. I'm just ordinary person. Is that OK? :)