တော်တော်လေးကို နာမည်ကြီးနေတဲ့ Linux Distro တစ်ခုပါ။ ဟိုတလောက ဒီကောင်ထွက်တော့မယ်ဆိုတဲ့သတင်း ဆိုဒ်တွေထဲမှာ ဟိုးလေးတကျော်မြင်ခဲ့ရပါတယ်။ တကယ်လည်း ထွက်ရှိလာပါပြီ။ Debian-based ဖြစ်ပြီးတော့ open-source အမျိုးအစားပါပဲ။ ထူးခြားတာက သူက Gaming အတွက်အထူးလုပ်ထားတဲ့ linux distro ဖြစ်ပါတယ်။ Kernel Version 3.10 ကိုအသုံးပြုထားပြီး 32 Bit, 64 Bit နှစ်ခုလုံးအတွက် support လုပ်ထားပေးပါတယ်။ ဒါပေမယ့် System Requirement ကတော့ မြင့်လွန်းတယ်။ ကျွန်တော်ကတော့ မတတ်နိုင်လို့ မစမ်းပြနိုင်ပါဘူး။ ဒါက Softpedia မှာပြတဲ့ post ကိုပဲ ပြန်ရေးလိုက်တာဖြစ်ပါတယ်။
Installation အပြည့်အစုံကို ဒီမှာ သွားပြီးဖတ်ကြည့်နိုင်ပါတယ်။ ဒေါင်းချင်ရင် ဒီကို သွားပါ။ :) Screenshot တွေကြည့်ရသလောက် Kali Linux interface နဲ့တူတယ်။ 500 GB HD အနည်းဆုံးဆိုတော့ လက်တွန့်သွားတယ်။ ရှိတာကမှ 500 GB ဆိုတော့ သူ့ကိုတင်ဖို့ ရှိသမျှ HD ကိုဖျက်ပေးရမယ့်ကိန်းပဲ။ :(
[Screenshot]
Read more »
Requirements:
- Intel or AMD 64-bit capable processor
- 4GB or more memory
- 500GB or larger disk
- NVIDIA graphics card
- UEFI boot support
- USB port for installation
Installation အပြည့်အစုံကို ဒီမှာ သွားပြီးဖတ်ကြည့်နိုင်ပါတယ်။ ဒေါင်းချင်ရင် ဒီကို သွားပါ။ :) Screenshot တွေကြည့်ရသလောက် Kali Linux interface နဲ့တူတယ်။ 500 GB HD အနည်းဆုံးဆိုတော့ လက်တွန့်သွားတယ်။ ရှိတာကမှ 500 GB ဆိုတော့ သူ့ကိုတင်ဖို့ ရှိသမျှ HD ကိုဖျက်ပေးရမယ့်ကိန်းပဲ။ :(
[Screenshot]
Source: softpedia.com
































