12/16/2013

Personal Banner in Kali Terminal [Fun Trick]

Kali ရဲ့ Terminal မှာ မိမိတို့နာမည်လေးနဲ့တွဲပြီး မြင်ချင်တယ်ဆိုရင် လုပ်လို့ရပါတယ်။ ဒီနည်းကိုတော့ Kali Myanmar LoCo Team group မှာတင်ထားတာကြာပါပြီ။ ဒါပေမယ့် ခုမှစမ်းကြည့်မိတာ တိုင်ပတ်တာပဲ။ အမှန်က ဘာမှမဟုတ်ဘူးဗျ။ ဒီလိုပါပဲ။ မလုပ်ဖူးရင် နည်းနည်းလေးလွဲတာနဲ့ တိုင်ပတ်တာပဲ။ ဟီး။
အိုခီ။ ဒါဆိုစရအောင်။ Terminal မှာ apt-get install figlet ဆိုပြီးရိုက်ရုံပါပဲ။ Y/N မေးရင် y နဲ့ confirm လုပ်ပေးပြီး Done တဲ့အထိစောင့်ပေးလိုက်ပါ။
နောက် Terminal မှာ leafpad .bashrc လို့ရိုက်ရင် .bashrc ဖိုင်ရဲ့ config file ပွင့်လာမယ်။ အပေါ်ဆုံးမှာ ပုံထဲကလို figlet -c Your_Message ဆိုပြီး ရိုက်လိုက်။ Your_Message နေရာမှာတော့ ကိုယ်လိုချင်တဲ့ စာသားထည့်ပေးပေါ့နော့။ :D
ကျွန်တော်တိုင်ပတ်တာက figlet နဲ -c ကြားမှာ space တစ်ခုလိုနေလို့ဗျ။ ဟီး။ ကိုယ့်ဘာသာကိုယ်တော့ရိုက်မိတယ်လို့ထင်တာပဲ။ VM ကနေ switch လုပ်ပြီး စမ်းနေတော့ သတိမထားမိဘူးလေ။ ဟီး။ ဒါဆို အဲဒီဖိုင်ကို save လုပ်ပြီး Terminal ကိုဖွင့်ကြည့်ပါ။ ဒါဆိုရင် ကိုယ့်နာမည်လေးနဲ့ Terminal ကိုမြင်ရပါပြီ။

Special Thanks to: Kali Myanmar LoCo Team

4 comments:

  1. ရေးမှ ရေးပါ့မလားလို့ :P :P :P

    ReplyDelete
    Replies
    1. bt 5R3 မှာရော ရေးလို့ ရပါမလား

      Delete
    2. ရတယ်ခင်ဗျ အတူတူပဲ

      Delete

If you good, i don't bad. if you think you can bark me, I think i can also fuck you. I'm just ordinary person. Is that OK? :)