10/17/2013

XiaoPan OS

Wifi ကိုဟတ်ချင်တဲ့သူများ စမ်းနိုင်ပါတယ်။ ဒီကောင်ကတော့ နာမည်ကြီးပါ။ ဟိုးအရင်ကတည်းက။ ကျွန်တော်ဝင်ရေးပေးတဲ့ ညီအကို Xerouplink ဘလော့မှာတွေ့လို့ ပြန်ရှယ်လိုက်ပါတယ်။ ဖိုင်ဆိုဒ်ကလည်း 72.5 MB လောက်ပဲရှိပါတယ်။ Linux-based OS ပါ။ စမ်းချင်တယ်ဆို ဒေါင်းနိုင်ပါပြီ။ မူရင်းလင့်နဲ့ချိတ်ပေးလိုက်ပါတယ်။ သူရဲ့ features တွေကိုတချက်ကြည့်လိုက်ပါအုံး။ အသေးစိတ်ကို မူရင်းလင့်မှာ ကြည့်နိုင်ပါတယ်။  

 Feature List :
Reaver: newly developed application with the ability to brute force crack WPS (WPA / WPA2) pins.
Inflator: this is the GUI version of command line reaver.
Aircrack-ng: the major backbone of many other Xiaopan tools including FeedingBottle (FB) and Minidwep with the ability to attack WPA networks through a dictionary attack and WEP networks through collecting and injecting packets.
FeedingBottle: so easy a baby could use it! FB is essentially the Aircrack-ng GUI and was created by Beini.
Minidwep: is similar to FB but has a better and similar GUI that is even easier to use than FB. The added advantage of Minidwep is that you can also run Reaver and Inflator from here as well.
Xfe: this is a simple file manager similar to say windows explorer. 

Read more »

10/16/2013

Internet Download Manager v6.17 (Single Click)

ဒါကတော့ ကျွန်တော်သူငယ်ချင်းအရင်းခေါက်ခေါက်တစ်ယောက်အတွက်ရည်ရွယ်ရင်း IDM ကို patch လုပ်စရာမလို Keygen တွေသုံးစရာမလိုတဲ့ single click IDM လေးကိုတင်ပေးလိုက်ပါတယ်။ ဟူး မသိရင် ဘယ်အရာပဲဖြစ်ဖြစ် ခက်ခဲ့လွန်းပါတယ်။ ငါ့ သူငယ်ချင်း အဆင်ပြေပြေ IDM ကို Install လုပ်နိုင်ပါစေ။ ဒေါင်းမယ်ဆိုရင် Solidfiles ကိုသာနှိပ်လိုက်။ Download တန်းဖြစ်လာပါလိမ့်မယ်။ ရလာတဲ့ဖိုင်ကို ကလစ်ပြီး Install လုပ်လိုက်နော်။ Install လုပ်မယ်ဆိုရင် ကွန်ပျူတာက Antivirus ကို ခဏ disable လုပ်ထားပါ။ ဥပမာ မိမိက Avira Antivirus ကိုအသုံးပြုတယ်ဆိုရင် အော်ကလို ထီးပုံနဲ့ Avira ကို ကလစ်ပြီး Enable Real-Time Protection ဆိုတဲ့နေရာမှာအမှန်ခြစ်ကိုကလစ်ပြီး Disable လုပ်ထားလို့ရတယ်။

တကယ်လို့ ကိုယ်ဆီမှာ အခြား AVG, Kespersky လို antivirus တွေဆိုရင်လည်း ခုလိုပဲစမ်းကြည့်ပြီး Disable လုပ်ကြည့်ပါ။ အဆင်ပြေပါစေ သယ်ရင်း။

Download: Solidfiles
Read more »

Burp Suite 1.5.01 Pro

ကျွန်တော်လည်း ခုတလော Connection က မရတာများတော့ ပို့စ်တွေတင်ဖို့အဆင်မပြေဘူးဖြစ်နေပါတယ်။ ဒီကောင်က Hacking Tool ကောင်းလေးတစ်ခုပါ။ MSF မှ ပြန်ရှယ်လိုက်ပါတယ်။ Burp Suite လုပ်နိုင်တာတွေများပါတယ်။ တော်တော်များလို့ အကုန်လည်းကျွန်တော်မသိပါဘူး။ Firefox Addon ဖြစ်တဲ့ Temper Data နေရာမှာလည်းအစားထိုးလို့ရပါတယ်။ MD5 Hash  တွေကိုလည်း ကလိလို့ရပါတယ်။ သူလုပ်နိုင်တာ ဒီထက်များပါတယ်။ ဒီတော့ ဒေါင်းပြီး ကိုယ့်ဘာသာ စမ်းကြည့်ပေါ့ဗျာ။ Installation ပိုင်းနဲ့ပတ်သက်ပြီး အထဲမှာ readme.txt ဖိုင်လေးပါတယ်။ အဲဒီထဲကအတိုင်းလုပ်ကြည့်ရင် Portable ပုံစံ full version အဖြစ်အသုံးပြုနိုင်ပါလိမ့်မယ်။

Download: Box Solidfiles Mirrorcreator

Credit: Anubis, MSF
Read more »

10/15/2013

Blogging လုပ်ရတာ သင့်ဘဝကိုပျော်ရွှင်ပါစေ

ဆောင်းပါးတစ်ခုကို ဆီလျော်အောင် ဘာသာပြန်ပြီးရေးလိုက်ပါတယ်။ ဘလောဂါလုပ်မယ့်သူတွေအတွက်ပါ။ အပျင်းပြေဖတ်ကြည့်ပေါ့နော်။ ခုနောက်ပိုင်း ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်းနည်းပညာအကြောင်းရေးတဲ့ဘလော့ဂါတွေ အတော်များလာပါတယ်။ ဟိုလွန်ခဲ့တဲ့နှစ်တွေတုန်းကတော့ မြန်မာဘလောဂါတွေဆို လက်ချိုးရေလို့ရပါတယ်။ အခုလိုများလာတာ ဘာပြောပြော ဝမ်းသာစရာပါပဲ။ နောက်ပိုင်းဆိုရင် အင်တာနက်ကွန်နက်ရှင်တွေလည်း ဒီထက်ကောင်းလာမယ်။ အသုံးပြုသူတွေလည်း ဒီထက်များလာမယ်။ ဒီတော့ ဘလောဂါတွေရဲ့ အခန်းဟာလည်း အရေးပါလာမယ်လို့ထင်မြင်မိပါတယ်။ မြန်မာနိုင်ငံမှာ လက်ရှိအင်တာနက်အသုံးပြုနိုင်တဲ့ရာခိုင်နှုန်းက 5% တောင်ရှိမယ်မထင်ပါဘူး။ သူတို့ဆိုရင် အင်တာနက်ဆိုတာ ဘာမှန်းမသိသေးတဲ့ သူတွေဖြစ်နေမှာပါ။ ကဲ နိဒါန်းပျိုးတာ နည်းနည်းများသွားပြီ။ ဘလောဂါဘက် ဆက်ရအောင်။ :D

Blogging ဆိုတာ ခုဆိုကမ္ဘာနဲ့အဝန်းကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနေပါပြီ။ နည်းပညာ၊ ဖုန်းနဲ့ဆိုင်တဲ့ဘလော၊ အတွေးအမြင်ဘလော့။ အနုပညာဘလော၊ သတင်းဘလော့ ဘာညာကွိကွဆိုပါတော့။
အဲဒီထဲကမှ ကိုယ်နဲ့အဆင်ပြေရာတစ်ခုခုကို သေချာရွေးပြီး ဘလော့တစ်ခုကို စတင်နိုင်ပါတယ်။ စစချင်းတော့ အလကားရတဲ့ wordpress.com, blogger.com မှာ Register လုပ်ပြီး စတင်နိုင်ပါတယ်။
ဒီတော့ ဘလောတစ်ခုတော့ရေးလိုက်ပြီဆိုပါစို့။ သေချာတာကတော့ အဲဒီဘလောအတွက် သင့်အနေနဲ့ အချိန်တွေပေးဆပ်ရပါတော့မယ်။ အခြားငွေကြေးတွေတော့ မပါသေးဘူးပေါ့။ ဒါနဲ့မပြီးသေးပါဘူး။
ဘလော့နဲ့ပတ်သက်ပြီး ကိုယ်ဘလော့အတွက် Knowledge တစ်ခုခုကို သေချာကျွမ်းကျင်ရင်တော့ အကောင်းဆုံးပေါ့။ ဆိုလိုတာက သင်ဟာ ဖုန်းပိုင်းနဲ့ ပတ်သက်ပြီး ကျွမ်းကျင်တယ်ဆိုရင်
ဖုန်းနဲ့ပတ်သက်ပြီးဘလော့မှာ တန်ဖိုးရှိတာတွေ ရေးနိုင်တယ်လေ။ ဒီလိုပဲ ကိုယ်က ဂိမ်းတွေတအားဆော့ပြီး ဂိမ်းတွေအကြောင်း ကျွမ်းကျင်တယ်ဆိုရင် Game Review တွေအကြောင်း ဘလောတစ်ခု
ဖန်တီးနိုင်ပါတယ်။ ဘလောရေးမယ်ဆိုရင် အောက်ကအချက်လေးတွေကိုလည်း သိထားသင့်ပါတယ်။

ဘလောရေးတယ်ဆိုတာ တစ်ညတည်းနဲ့ပြီးတဲ့ ကိစ္စမဟုတ်ပါဘူး။
ဘလောရေးလို့ သင့်အနေနဲ့ အမြဲတမ်း အပေါင်းရလဒ်တွေကို မျော်လင့်လို့မရပါဘူး။
အမှားတစ်ခုလုပ်မိလို့ သင့်ဘလောကို ထိခိုက်၊ နာမည်ပျက်သွားစေနိုင်ပါတယ်။
သင့်ဘလော့မှာ active ဖြစ်ရပါမယ်။ Visitor တွေဘက်က ပြောတာတွေကို နားထောင်ပြီး သူတို့ကိုလည်း ပြန်ပြောပါ။ အလုပ်မှာ တကယ်ပင်ပန်းပြီး ဘာမှလုပ်ချင်စိတ်မရှိချင်ရင်တောင် သင့်ဘလော့အတွက် တတ်နိုင်သလောက် အချိန်ပေးနိုင်ပါစေ။

ဘလော့လောကကိုဝင်လာတဲ့ လူသစ်တွေအနေနဲ့ သင့်ဆီက ဘလော့နဲ့ပတ်သက်တဲ့အကြောင်းအရာတွေရေးထားပါ။ ဟုတ်တယ်လေ။ ကျွန်တော်ဆိုရင်လည်း ဘလော့စရေးတော့ Popular Post, Recent post တို့လို ဘာညာမလုပ်တတ်ဘူး။ အဲဒီတော့ သူတို့အထောက်အကူဖြစ်မယ့်ဟာတွေအတွက်ရေးထားတော့ သူတို့အတွက် Resource ကောင်းတစ်ခုဖြစ်တာပေါ့။ စစချင်းတော့ ဘလော့ရေးတာကို အချိန်ပိုင်းလောက်ပဲလုပ်ပေါ့။ နောက်ပိုင်းမှ တဖြည်းဖြည်း အချိန်ပေးပြီး လုပ်ပါ။ ဒါကတော့ သင်အဆင်ပြေသလိုသာ စီမံပါ။ ကိုယ်တွေက အလုပ်တစ်ဖက်နဲ့ စားဝတ်နေရေး ဘာညာရှိနိုင်သေးတာကိုး။ လက်ရှိကိုယ့်နိုင်ငံရဲ့ အင်တာနက်အခြေနေကလည်းရှိသေးတယ်လေ။ :P

ဘလော့ရေးရမှာ သင့်အနေနဲ့ ကျောင်းသား၊ အိမ်ရှင်မ၊ ဒါတွေက တကယ်အရေးမကြီးပါဘူး။ အရေးကြီးတာက သင့်မှာ စိတ်ကူးကောင်းရယ်။ အင်တာနက်နဲ့ပတ်သက်ပြီး အခြေခံ knowledge
ရှိရင်ရပါပြီ။ ဘလော့တစ်ခုကိုဖန်တီးလိုက်ပါ။ စိတ်ဝင်စားဖွယ်၊ အသုံးဝင်တဲ့ Tips လေးတွေပါဝင်အောင်ရေးပါ။ တဖြည်းဖြည်းနဲ့ သင့်ဘလော့ဟာ စိတ်ဝင်စားဖွယ်ရာအကြောင်းအရာတွေနဲ့ တဖြည်းဖြည်းလူဝင်များလာအောင် လုပ်ပေါ့ဗျာ။ တကယ့် professional အဆင့်ဖြစ်ရင်တော့ Ad တွေနဲ့ချိတ်ပြီး သင့်ဘလော့ကို အသက်ဆက်နိုင်အောင် ကြိုးစားနိုင်ပါတယ်။ ဒါပေမယ့် ခုလောလောဆယ်တော့ မြန်မာနိုင်ငံအနေနဲ့ သိပ်အဆင်မပြေသေးပါဘူး။ ကျွန်တော်ကတော့ ဝါသနာအရသာ ဘလော့ရေးပါလို့အကြံပေးချင်ပါတယ်။ :( အောက်ကအချက်လေးတွေကို ခေါင်းထဲထည့်မယ်ဆိုရင် သင့်အနေနဲ့ အောင်မြင်တဲ့ဘလော့တစ်ခုဖန်တီးဖို့ အထောက်အကူဖြစ်ပါလိမ့်မယ်။

သင့်ဘလောမှာ အကြောင်းအရာတွေစုံလင်ပြီး အသုံးဝင်တာတွေရေးပါ။
visitor တွေရဲ့စကားသံကို နားထောင်ပါ။ သူတို့ကို တတ်နိုင်သလောက် ကူညီတတ်ပါစေ။
သင့်ဘလော့မှာ ခေါင်းစဉ်တွေကို စိတ်ဝင်စားဖွယ်ကောင်းအောင် ပေးပါ။
ad တွေထည့်မယ်ဆိုရင် ဆိုဒ်တစ်ခုလုံး ဗလပွနေအောင် မထားပါနဲ့။ မျက်စိရှုပ်နေအောင်ထားတော့ visitor တွေရဲ့အမြင်မှာ အမြင်ကပ်စရာဖြစ်လာပါလိမ့်မယ်။ တစ်ခု၊ နှစ်ခုလောက်ဆိုရပါပြီ။
blog မှာအမြဲ update တင်ထားတာတွေကို recent post တွေနဲ့သေချာပြပြီးတော့ သက်ဆိုင်ရာ Category အလိုက်သေချာ Label တွေနဲ့ ပြင်ဆင်ထားပေးပါ။

Blog ဆီကဘာမှသိပ်မမျှော်လင့်ပါနဲ့။ ဘလော့တစ်ခုစစချင်း ရလဒ်ကောင်းတွေ ချက်ချင်းဘယ်ရပါ့မလဲ။ ဒီလိုပဲ တဖြည်းဖြည်း ရေးပါ။ ဘလော့တစ်ခုအောင်မြင်ဖို့ နှစ်နှစ်လောက်အချိန်ယူခဲ့ရတယ်လို့
ဖတ်ဖူးပါတယ်။ နောက်ဆုံးအနေနဲ့ ပြောချင်တာက ဘလော့ရေးတယ်ဆိုတာ ဝါသနာအရင်းခံမှသာ ရေးနိုင်တာပါ။ ဒီတော့ ဘလောရေးမယ်ဆို ကိုယ်က နာမည်ကြီးချင်လို့လား၊ ငွေတစ်ခုတည်းအတွက်လား၊ သေချာစဉ်းစားပါ။ ဝါသနာအရင်းခံပြီး ဇွဲကောင်းကောင်းနဲ့ ရေးမှာသာ နာမည်ကြီးတာတွေ၊ ဘလော့အသက်ဆက်ဖို့ ငွေရေးကြေးရေးစတာတွေက သူ့အလိုလို လိုက်လာပါလိမ့်မယ်။  ဘလော့ရေးရတာ ပျော်ရွင်ပါစေ။

Read more »

10/13/2013

Wifi Hacker Helper ( For Andriod )

https://lh5.ggpht.com/5oVjWLrOmn_BvU9bmBipLD_xOfHMZDpozPuP_a0YAVlDO9tAZtPSdk7wJLMm8zN85g=w300 
ကျွန်တော် Andriod Phone နဲ့  Wifi Line တွေကို Hack / Attack လုပ်ဖို့  အမြဲ ကြိုးစားဖူးပါတယ်။
တော်တော်များများက Fake တွေကြီး ဖြစ်နေပါတယ်။ တစ်ချို့ APK တွေဆို သူများကို လုပ်ဖို့နေနေ သာသာ ကို အရင်ထိ နေတဲ့ပုံစံတွေရှိခဲ့ဖူးပါတယ်။ ခု ဒါလေးကတော့ wifi hacker helper ( Helper ) လေး ပါ ။ ဒီဆော့ဝဲလ် လေး ဖုန်းတည်းထည့်ထားမယ်ဆိုရင် အင်တာနက် ဖွင့်ဖို့  လိုပါတယ်။ အင်တာနက် ဖွင့်လိုက်ပြီဆိုတာနဲ့  ခု ဆော့ဝဲလ် လေး က အချိန် နဲ့ အမျှ ဘယ်နည်းနဲ့  ဘယ်လို ဘယ်လိုင်း တွေကို ပာက်နိုင်တယ်ဆို တဲ့နည်း လမ်းတွေကို သူတို့ က အမြဲ Update
လုပ်ပေးထားပါတယ်။ အထောက်အကူဖြစ်မယ်ထင်လို့ တင်ပေးလိုက်တာပါ။ လိုချင်သူများ Download ရယူနိုင်ပါပြီခင်ဗျာ။
Read more »

10/11/2013

CloudFlare အကြောင်းတစေ့တစောင်း

CloudFlare ဆိုတာကိုကြားဖူးမယ်ထင်တယ်ဗျာ။ ကျွန်တော်တို့ op တွေလုပ်တုန်းက ddos attack တွေလုပ်ခဲ့ကြတာမှတ်မိကောင်းမှတ်မိကြပါလိမ့်မယ်။ မသိသေးတဲ့သူတွေကတော့ ddos attack ကိုအနည်းကျဉ်းရှင်းပြပါမယ်။ ddos ဆိုတာကတော့ site တစ်ခုကိုသုံးစားလို့မရအောင် (တခါတလေ ddos အတိုက်ခံရရင် ဆိုဒ်က ရက်နဲ့ချီပြီ offline ဖြစ်သွားပါမယ်)၊ server down သွားအောင်တိုက်ခိုက်တဲ့နည်းပါပဲ။ ကျွန်တော်တို့လို့ လူပြိန်းတွေကတော့ HOIC လို tool လေးနဲ့ attack လုပ်နိုင်ပါတယ်။ တကယ်ဝါရင့်တဲ့ဟတ်ကာတွေကတော့ Bonet တွေဘာတွေနဲ့ထောင်ပြီးချရင်တော့ ဘယ်ဆိုဒ်ပဲဖြစ် မိနစ်ပိုင်းအတွင်း ကြွသွားလောက်အောင်ကြောက်ဖို့ကောင်းပါတယ်။ ddos အကြောင်းအသေးစိတ်သိချင်ရင် ဘလောမှာပြန်ရှာပြီးဖတ်ပါ။ အိုကေ CloudFlare ကိုဆက်ရအောင်။ CloudFlare ဆိုတာဘာလဲပေါ့။ CloudFlare အစပြုတာကတော့ LulzSec ဆိုတဲ့ဆိုဒ်တစ်ခုဟာ နာမည်သိပ်မကြီးတဲ့ ဟတ်ကာအဖွဲ့တစ်ခုကနေ massive attack တွေနဲ့တိုက်ခိုက်ရာကနေ စတင်တာလို့ပြောလို့ရပါတယ်။  ddos တိုက်မယ်ဆိုရင် အဲဒီဆိုဒ်ကိုသေချာကြည့် ddos protection by CloudFlare ဆိုပြီးပါရင်တော့ ခင်ဗျားအနေနဲ့ နောက်တစ်ခုကိုပြောင်းလိုက်တာအကောင်းဆုံးပါပဲ။ ဟီး ဟုတ်ကဲ့ CloudFlare ဆိုတာ ddos attack တွေကို protect လုပ်ပေးတဲ့ဆိုဒ်တစ်ခုပါ။ သူ့ဆီမှာ ကိုယ်ပိုင်ဆာဗာပေါင်း 23 ခုနဲ့လည်ပတ်နေပါတယ်။ ပုံမှန် ddos attack ကိုတော့ အေးဆေးကာကွယ်နိုင်ပါတယ်။ ဆာဗာတွေရဲ့ Hard Drive တွေကို Solid State Drive တွေကိုသာသုံးပါတယ်။ တကယ်လို့ Botnet အဆင့်နဲ့တိုက်မယ်ဆိုရင်တောင် 1 GB/s ထိအတိုက်ခံနိုင်မယ့် နည်းပညာတွေကိုပြင်ဆင်ထားတာဆိုတော့ တော်ရုံနဲ့တော့ လုပ်လို့မရလောက်ပါဘူး။ ဒါကအစပဲရှိပါသေးတယ် နောက်ထပ်လည်း 10 GB/s ထိခံနိုင်မယ့် နည်းပညာတွေကိုထပ်လုပ်ဖို့ရှိနေပါတယ်။ ဟူး ဒါဆို ddos attack လုပ်ဖို့ မစဉ်းစားရဲနိုင်အောင်ပါပဲ။ CloudFlare ကို အမေရိကန်က White House လိုနာမည်ကြီးဆိုဒ်တွေကတောင် ဝန်ဆောင်မှုယူနေပါပြီ။ နောက် Muslim Brotherhood တို့၊ အစ္စရေးဆိုဒ်တို့ကလည်း CloudFlare ကိုသုံးကြတော့ နှစ်ဘက်တိုက်ခိုက်လို့မရတော့ပါဘူး။ ဒါကတော့ CloudFlare ရဲ့အကျိုးကျေးဇူးတွေပေါ့။ CloudFlare ကို Facebook မှာသုံးတဲ့ G4 Server လိုမျိုးနဲ့ run ထားပါတယ်။ CloudFlareကပြောတာကတော့ လွန်ခဲ့တဲ့သု့းနှစ်ကတည်းက သူတို့မှာပြသနာတစ်စုံတရာမဖြစ်ဖူးပါဘူးလို့ဆိုပါတယ်။ CloudFlare နဲ့ခင်ဗျားရဲ့ ဆိုဒ်ကိုကာကွယ်ချင်တယ်ဆိုရင်တော့ level အလိုက် ဒေါ်လာ 20 ကနေ ဝန်ဆောင်မှုယူနိုင်ပါလိမ့်မယ်။ တကယ်လို့ ခင်ဗျားဆိုဒ်က ddos protect လုပ်ဖို့လိုအပ်ခဲ့မယ်ဆိုရင်ပေါ့ဗျာ။

MSF မှာ ddos အကြောင်း ဆွေးနွေးချက်များကို စိတ်ကူးရလို့ အင်တာနက်ကနေဟိုရှာဒီရှာလုပ်ရင်း တော်ကီပွားထားခြင်းဖြစ်ပါကြောင်း
Read more »

Flaws in iOS 7 allow stolen iPhone to hijack Apple ID despite remote wipe

iOS 7 ကို ချိုးဖောက်နိုင်ကြောင်းပြထားတဲ့ Video Tutorial တစ်ခုပါ။ ကြည့်ရတာသိပ်မရှင်းပေမယ့် စိတ်ဝင်စားဖို့ကောင်းပါတယ်။ ကျွန်တော်က ကွန်မကောင်းလို့ တိုက်ရိုက်မကြည့်နိုင်လို့ IDM နဲ့ဒေါင်းပြီးကြည့်ရပါတယ်။ ဗီဒီယိုကတော့ တင်ထားတာနည်းနည်းကြာပါပြီ။ Apple ကလည်းခုလောက်ဆို patch လုပ်လိုက်ပြီထင်ပါတယ်။ Apple အကြောင်းတော့ ကျွန်တော်က သိပ်မသိဘူးရယ်။ ဟီး
Read more »

5 Best Free Web Hosting Service


အင်တာနက်မှာအကြောင်းအမျိုးမျိုးတွေကြောင့် Hosting လုပ်ဖို့လိုအပ်လာခဲ့ရင် ဒီ အလကားရတဲ့ hosting service တွေကိုရယူနိုင်ပါတယ်။ ဥပမာ Botnet တစ်ခုဖန်တီးမလား၊ pishing page
တစ်ခုဖန်တီးချင်လား။ ကြိုက်တာလုပ်ပေါ။ ပုံမှန်ဆို hosting အတွက် တစ်လကို $5 ကနေ $20 လောက်ကျသင့်မှာဖြစ်ပါတယ်။ အလကားရတယ်ဆိုပေမယ့် Newbie တွေအတွက်ကတော့
ဒီဟာတွေက အများကြီးအသုံးဝင်ပါလိမ့်မယ်။ ဒီကောင်တွေကလည်း php, FTP အစရှိတဲ့ Function တွေကိုကောင်းကောင်းကိုင်တွယ်နိုင်ပါတယ

1.My3GB Web Hosting
2007 ကတည်းက ဝန်ဆောင်မှုပေးနေတာပါ။ စစချင်း 3GB Space ရရှိမှာဖြစ်ပြီး တစ်လကို 30 GB Bandwigth ရရှိမှာဖြစ်ပါတယ်။ ပါဝင်တဲ့ Function တွေအနေနဲ့ MySQL Database, PHP Scripting,
နဲ့ 10 MB Maximum File Upload Size တွေပါ။ တကယ်လို့ ခင်ဗျားအနေနဲ့ upgrage လုပ်မယ်ဆိုရင်လည်း လုပ်နိုင်ပါတယ်။ သူလည်း FTP ကို Support လုပ်ပေးပါတယ်။ ကဲ အသုံးပြုမယ်ဆိုရင် http://www.my3gb.com/ မှာသွားပြီး Register လုပ်နိုင်ပါပြီ။

2. Drive HQ Web Hosting
ဒီကောင်ကလည်း ကျောင်းသားတွေအတွက် Credit Card တွေဘာတွေမလိုအပ်ဘဲ အလကား Register လုပ်နိုင်မှာဖြစ်ပါတယ် စစချင်းတော့ 1GB Space ကိုရရှိမှာဖြစ်ပါတယ်။ သူလည်း FTP,
PHP, HTML တွေကို ကောင်းကောင်း Support လုပ်ပေးပါတယ်။ အလကားရတာဆိုတော့ ဘာပြောပြောတန်ပါတယ်ဗျာ။ လိုချင်တယ်ဆိုရင် http://www.drivehq.com/ မှာ Register လုပ်ပါ။

3. 110Mb Web Hosting
သူကတော့ နာမည်နဲ့လိုက်အောင်ပဲ 110MB Space ကိုပေးမှာပါ။ 110MB Space ကနည်းတယ်ဆိုပေမယ့် သူလည်း FTP, Free Domain စတာတွေကို Support လုပ်ပေးတဲ့အပြင် တစ်လကို
100 GB Bandwidth ပေးတယ်ဆိုတော့ မဆိုးဘူးပြောရမှပါပဲ။ သုံးမယ်ဆို http://www.110mb.com/ ကိုသွားပါ။

4. 000WebHost
သူကတော့ စစချင်း 1.5GB space ပေးပါတယ်။ ဒီကောင်ကတော့ ကျွန်တော်လည်းစမ်းဖူးပါတယ်။ မဆိုးဘူးပြောရမှာပါပဲ။ Monthly Bandwidth ကတော့ 100GB ထိတောင်ပေးပါတယ်။
နောက်ထပ် features တွေအနေနဲ့ 5 Add-on Domains, 5 Sub Domain, 5 Email Addresses, 2 MySQL Database, 1 FTP Account, Server-side scripting အစရှသည်ဖြင့် စုံလင်ပါတယ်။
သုံးမယ်ဆိုရင် http://www.000webhost.com/ ကိုသွားလိုက်ပါ။

5. Zymic Web Hosting
ဒီကောင်ကိုတော့ ကျွန်တော်လည်း မသုံးဖူးပါဘူး။ ဒါပေမယ့် ကြည့်ရတာပိုမိုက်မလားမပြောတတ်ဘူး။ 5GB Free Disk Space တောင်ပေးပါတယ်။ တစ်လကို 50 GB Bandwidth တောင်ပေးပါသေးတယ်။
နောက်ထပ် features တွေကတော့ Free Domain Name,   SQL Buddy, Sub Domains, File Manager, FTP Access, cpanel တွေကိုကိုင်တွယ်ခွင့်ရမှာဖြစ်ပါတယ်။ လိပ်စာကတော့
http://www.zymic.com/ ပါ။

Free Hosting ပေးတဲ့အခြားဟာတွေလည်းအများကြီးရှိပါသေးတယ်။ ဥပမာ Edicy, Jimdo, uCoz, Lifeyo, Google Sites, Weebly, Yola and Webs စတာတွေပေါ့။ ဒါပေမယ့် အပေါ်က
5 ခုဟာ Beginner တွေအတွက် အကောင်းဆုံးဖြစ်မယ်ထင်တဲ့ဟာတွေပဲဖြစ်ပါတယ်။
Read more »

10/10/2013

Internet Connection ကဘာဖြစ်လို့ တောင်ကိုရီးယားနိုင်ငံမှာအမြန်ဆုံးဖြစ်ရတာလဲ?

Internet ဆိုတာကို အမေရိကန်နိုင်ငံကလူတွေအရင်ဖန်တီးခဲ့တာလို့ သိခဲ့ရပါတယ်။ ဒါဆို အမေရိကန်နိုင်ငံက အင်တာနက် connection အမြန်ဆုံးဖြစ်သင့်တာပေါ့။ ဟုတ်ဖူးလား?
ဒါပေမယ့် မဟုတ်ခဲ့ပါဘူး။ အင်တာနက်ကွန်နက်ရှင်တွေကိုအမြဲစောင့်ကြည့်လေ့လာနေတဲ့အဖွဲ့စည်း Akamai ရဲ့တွေ့ရှိချက်အရ အမေရိကန်နိုင်ငံက Broadband Internet speeds ဟာတောင်ကိုရီးယားနိုင်ငံရဲ့ အင်တာနက်အမြန်နှုန်းထက် ၄ ပုံ ၁ ပုံသာမြန်ပါသတဲ့။ နောက်ပြီးတော့ အင်တာနက်ဖိုး ကုန်ကျငွေဟာလည်း အမေရိကန်က ကုန်ကျစရိတ်မြင့်မားနေပါတယ်။

အမေရိကန်မှာ connection က တောင်ကိုရီးယားထက် speed နှေးကွေးပေမယ့် တစ်လကုန်ကျစရိတ်က ပျမ်းမျှအားဖြင့် $45.5 ကုန်ကျပါတယ်။ အဲဒီအချိန်မှာ တောင်ကိုရီးယားကတော့ ပိုမြန်တဲ့ အင်တာနက် speed နဲ့ တစ်လကို $17 နဲ့အောက်မှာပဲ ရှိပါတယ်။ ကဲ ဒီတော့ ဘာလို့ အမေရိကန်က တောင်ကိုရီးယားထက် အင်တာနက် connection နှေးကွေးရတာလဲတိုတာကို ကျွန်တော်တို့ လေ့လာကြည့်ရအောင်။ ဒီလိုဖြစ်ရတဲ့အချက်တွေကတော့ အများကြီးရှိပါတယ်။ အဲဒီထဲမှာ နိုင်ငံရေးသဘောအရ၊ ပထဝီအနေအထားအရ၊ လူနေမှုစတိုင်အရ အစရှိသလို ကွဲပြားတာတွေတော့ ရှိပါတယ်။

ကုမ္ပဏီ အချင်းချင်းပြိုင်ဆိုင်မှု

တောင်ကိုရီးယားမှာ Broadband Access ပေးတဲ့ ကုမ္ပဏီတွေက ပြိုင်ဆိုင်မှုပြင်းထန်ပါတယ်။ အမေရိကန်နိုင်ငံမှာတော့ လူတွေက အင်တာနက်ရဖို့ Cable connection ဒါမှမဟုတ် Telephone
ကုမ္ပဏီ တစ်ခုခုနဲ့ဆက်သွယ်လိုက်တာများပါတယ်။ Broadband ကုမ္ပဏီတွေကလည်း တောင်ကိုရီးယားထက်စာရင် နည်းပါတယ်။ ဒီအချက်ကလည်း ကျွန်တော်တို့ မြန်မာနိုင်ငံအနေနဲ့မှတ်သားထားသင့်တဲ့အရာတစ်ခုပါပဲ။ ကုမ္ပဏီ အချင်းချင်းပြိုင်ဆိုင်လာရင် ဈေးနှုန်းတွေက ကျလာမှာအမှန်ပဲဖြစ်ပါတယ်။ အခုတော့ MPT ငနဲ့သားတစ်ယောက်တည်းမူပိုင်ထားတော့ ကွန်နက်ရှင်ကောင်းချက်က
ကမ္ဘာမှာ နောက်ဆုံးကနေရေရင် Top Ten စာရင်းဝင်သွားတာပဲဖြစ်ပါတယ်။ :P

နိုင်ငံရေးသဘောအရနဲ့ လူနေမှုပုံစံ

ဒါကလည်း တကယ်ကိုမှတ်ထားသင့်တယ်ဗျာ။ တောင်ကိုရီးယားနိုင်ငံရဲ့ 94% သောလူဦးရေဟာ hyper-speed Internet connection နဲ့အသုံးပြုနေချိန်မှာ အမေရိကန်နိုင်ငံက 65% လူဦးရေက
ရိုးရိုး Broadband Access ကိုသာအသုံးပြုနိုင်ပါတယ်။ နောက် တောင်ကိုရီးယားအစိုးရက ပြည်သူတွေကို ကွန်ပျူတာနဲ့ထိတွေ့ဖို့၊ ဈေးနှုန်းချိုချိုသာသာနဲ့ တောထဲကလူတွေပါ အင်တာနက်အသုံးပြု
နိုင်အောင် ကုမ္ပဏီတွေကို အမြဲတွန်းအားပေးပါတယ်။ ဥပမာတစ်ခုအနေနဲ့ အိမ်ရှင်မတွေ အင်တာနက်ကိုဘယ်လိုသုံးရမလဲဆိုတဲ့ Program တစ်ခုကိုဖန်တီးပေးခဲ့တာကိုပဲကြည့်ပါတော့။
နောက် တောင်ကိုရီးယားရဲ့ မိဘတွေဟာ သူတို့ကလေးတွေရဲ့ ပညာရေးအတွက် အင်တာနက်ကွန်နက်ရှင်က အရေးပါတယ်ဆိုတာကောင်းကောင်းသဘောပေါက်ခဲ့ကြပါတယ်။ ဒီတော့ စဉ်းစားကြည့်ရုံနဲ့ အဖြေက ပေါ်လာပါပြီ။ လူတွေကိုယ်တိုင်ကလည်း အင်တာနက်ကို မရှိမဖြစ်အသုံးချလာတယ်။ ဈေးကွက်သဘောအရ Demand တွေများလာရင် ကုမ္ပဏီတွေကလည်း မိုလိုပေါက်လာ၊ ကုမ္ပဏီ အချင်းချင်းပြိုင်ဆိုင်ရာကနေ အင်တာနက်ဖိုး ဘေလ်တွေကျ။ အင်တာနက် Speed ပိုကောင်းလာတာ မထူးဆန်းပါဘူး။ ဟော ကျွန်တော်တို့ မြန်မာနိုင်ငံကတော့ အခုထိအင်တာနက်မပြောနဲ့ ကွန်ပျူတာဆိုတာကို မမြင်ဖူးတဲ့သူတွေ အများသားပဲမဟုတ်ဘူးလားဗျာ။ မပြောတော့ပါဘူးလေ။ :(

Open versus closed networks

အလွယ်ကူဆုံးဥပမာပေးရရင်တော့ Broadband Access ပေးမယ့် ကုမ္ပဏီတွေကို အစိုးရက ခွင့်ပြုချက်ပေးတာ လွယ်တယ်/မလွယ်ကူဘူးလို့ပဲပြောရမယ်။ ဆိုပါတော့ဗျာ။ ခင်ဗျားက  Broadband Access
ပေးမယ့် Company တစ်ခုထောင်ချင်တယ်။ ဒါပေမယ့် အစိုးရက ခင်ဗျား Company ထောင်ဖို့ ကန့်သတ်ချက်တွေကများနေတယ်။ လိုင်စင်ဖိုး ဘာညာဆိုပြီးတော့ ကုန်ကျစရိတ်တွေကလည်းများလွန်းတယ်။ တောင်ကိုရီးယားမှာကျတော့ အဲဒါတွေအတွက် အင်မတန်လွယ်ကူတယ်။ ဒါကလည်း အမေရိကန်က ဘာလို့ တောင်ကိုရီးယားထက် speed နှေးရတာလဲဆိုတဲ့အချက်တစ်ခုပါပဲ။ မြန်မာနိုင်ငံမှာဆိုတော့
မပြောချင်တော့ပါဘူး။ :(

Population density

တောင်ကိုရီးယားမှာ ၁ စတုရန်းမိုင်မှာ လူပေါင်း 1200 အင်တာနက်အသုံးပြုနေချိန်မှာ အမေရိကန်မှာတော့  ၁ စတုရန်းမိုင်မှာ လူပေါင်း 88 ယောက်ပဲအသုံးပြုနိုင်ပါတယ်။ နောက်ပြီးတော့ အမေရိကန်မှာက ကျေးလက်ဒေသတွေက များလွန်းတာလည်းပါတယ်လေ။ ဒါကတော့ ပထဝီအနေထားအရ အားနည်းချက်တစ်ခုပါပဲ။ ဆိုလိုတာက အင်တာနက်ရဖို့ အိမ်နဲ့ ISP ချိတ်မယ်ဆိုရင်
အကွာအဝေးက စကားပြောပါတယ်။ အကွာအဝေးကခံနေတော့ Copper wire သုံးမယ့်ဆို speed ကကျလာမယ်။ Fiber line တွေနဲ့ချိတ်မယ်ဆိုရင်လည်း ဈေးနုန်းက ပိုကုန်လာပါပြီ။ ဒါလည်း အရေးကြီးတဲ့အချက်ပါပဲ။

တောင်ကိုရီးယားက Broadband Plan ကိုဆယ်စုနှစ်ကတည်းက စီမံခဲ့တာ

ပြောရရင်တော့ တောင်ကိုရီးယားက မြန်ဆန်တဲ့ အင်တာနက် speed အတွက် လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေထဲကတည်းက ကြိုတင်စီမံထားနှင့်ပြီးသား။ အမေရိကန်ကျတော့ တောင်ကိုရီးယားထက်
စာရင် လက်နှေးတယ်ဆိုရမှာပါပဲ။ မြန်မာနိုင်ငံကတော့ ခုမှ 3G Network ကိုတစ်နိုင်ငံလုံးသုံးနိုင်အောင် စီမံမယ်လို့ ပြောနေတုန်း။ ခုထိတော့ KB/s ကနေတက်လာတာမတွေ့ရသေးပါဘူး။
ဒီကြားထဲ KB/s တောင်မရဘဲ 0 KB/s ထိတောင်ကျနေတဲ့အချိန်တွေကလည်းရှိသေးတယ်။ ပြောတော့ပါဘူးလေ။ :P

Read more »

10/08/2013

HTTrack Website Copier

ဒါကတော့ ဆိုဒ်တစ်ခုလုံးကို Offline မှာဖတ်လို့ရအောင် လုပ်ပေးမယ့် Tool လေးတစ်ခုဖြစ်ပါတယ်။ Tool ကသေးပေမယ့် တကယ်အသုံးလိုအပ်တဲ့အခါ အများကြီးအသုံးဝင်ပါလိမ့်မယ်။ ဥပမာ ကိုယ်က အဲဒီဆိုဒ်ကပို့စ်တွေအကုန်လုံးကိုစိတ်ဝင်စားလို့ ဆိုဒ်တစ်ခုလုံးသိမ်းထားချင်တယ်ဆိုရင် ဒီကောင်လေးနဲ့ page တွေအကုန် download ဆွဲချလိုက်ရုံပါပဲ။ အဲဒီ ဆိုဒ်ရဲ့ page တွေပေါ်မူတည်ပြီး download ဆွဲရတဲ့အချိန်တော့ ကွဲပြားသွားပါလိမ့်မယ်။ page တွေတစ်ခုချင်းလိုက်ပြီး မဆွဲချင်ဘူးဆိုရင်ပေါ့။ စိတ်ဝင်စားတယ်ဆိုရင် မူရင်းလင့်ဖြစ်တဲ့  http://httrack.com မှာသွားပြီးယူလိုက်ပါ။ Windows, Linux စတဲ့ platform တွေကို Support လုပ်ပါတယ်။

Read more »

10/07/2013

OWASP Pen-testing Lab (Ebook Myanmar Version)

OWASP  Pen-testing Lab တစ်ခုကို Install လုပ်နည်းရေးထားတဲ့စာအုပ်လေးတစ်ခုပါ။ ကျွန်တော်အရင်က MSYS က Moe TAin ရေးထားတဲ့ DVWA Hacking ဆိုတဲ့စာအုပ်တင်ပေးဖူးပါတယ်။
အခုလည်း အဲလိုပုံစံ Pen-testing Lab တစ်ခုပဲဖြစ်ပါတယ်။ ဒါကြောင့် အသေးစိတ်လေ့လာချင်ရင် DVWA Hacking စာအုပ်ကိုပြန်ရှာပြီးဖတ်ပါလို့အကြံပေးချင်ပါတယ်။ ဘာလို့လဲဆိုတော့
ကျွန်တော်အခုတင်ပေးတဲ့စာအုပ်မှာ Installation ပိုင်းကိုသာဖော်ပြထားလို့ပါ။ စိတ်ဝင်စားသူများ ကလိလို့ရအောင် ပြန်ရှယ်ပေးတဲ့သဘောပါပဲ။ လိုအပ်တဲ့ Tool တွေကို ebook ထဲမှာ လင့်ပေးထားပါတယ်။
ဒေါင်းမရဘူးဆိုရင် ကျွန်တော်နောက်မှ လိုအပ်တဲ့ဖိုင်တွေကို ပြန်တင်ပေးပါမယ်။ အခုတော့ ကွန်က ဘယ်လိုမှအဆင်မပြေလို့ပါ။ စိတ်ဝင်စားတယ်ဆိုရင် ဒေါင်းနိုင်ပါပြီ။ အဆင်ပြေကြပါစေဗျာ။



Download: Mirrorcreator Solidfiles Mediafire
Read more »

10/04/2013

FCKEditor File Upload Vul

Vul တစ်ခုပါ။ ကြာပြီထင်ပါတယ်။ ဗားရှင်း 2 လားမသိဘူး။ အဲဒီဗားရှင်းဆိုရင် php code တွေထည့်ပြီး admin access တောင်ရနိုင်ပါသတဲ့။ ဒါပေမယ့် patch လုပ်ထားပြီလားမသိပါဘူး။ အာ့ကြောင့် မရတာကများမှာပါ။ php file တွေကိုက လက်မခံပါဘူး။ php file တင်လို့ရမှာ shell တွေတင်လို့ရမှာကိုး။ ဟီး။ ဒီကောင်ကတော့ txt, jgp လို image file, text file တွေကိုတော့လက်ခံပါတယ်။ အပြင်းပြေဗဟုသုတအဖြစ် စမ်းကြည့်ပေါ့ဗျာ။ မသိရင် Deface တင်သလိုလိုနဲ့လူရှိန်တာပေါ့။ :D

Google မှာအပေါ်ကပုံအတိုင်း Dork လေးအသုံးပြုပါမယ်။ 
Google Dork>> intitle:"FCKeditor - Uploaders Tests"
ကျလာတဲ့ဆိုဒ်တွေထဲက txt file တွေတင်လို့ရမယ့်တစ်ခုခုကိုစမ်းကြည့်ပေါ့။ Text file ထဲမှာကိုယ်စိတ်ကြိုက်စာသားတွေရေးနိုင်ပါတယ်။ Hack By ဘာညာဆိုပြီး။ :D


ရလာတဲ့ဆိုဒ်တစ်ခုမှာ PHP ကိုရွေးပြီး Browse ကနေ text ဖိုင်တစ်ခုကို upload တင်လိုက်ပါ။


URL ကိုခေါ်လိုက်တာနဲ့ အောက်ကလိုဖြစ်လာပါမယ်။ မသိရင်တော့ ဟတ်ထားတယ်ပေါ့။ :D


အနည်းဆုံးတော့ အပျင်းပြေ စမ်းကြည့်ပေါ့ဗျာ။
Read more »

10/01/2013

What is shell and how to use it?

ထုံးစံအတိုင်း ဆရာသမားတွေကတော့ မသိချင်ယောင်ဆောင်ပေးကြပါ။ ဟီးဟီး။ ကျွန်တော်ပို့စ်ရေးစရာ ရှာမတွေ့လို့ပါ။ shell ဆိုတာဘာလဲပေါ့။ MSF Forum မှာ bro တစ်ယောင်ဝင်ရေးထားတာတွေ့လို့ ဗဟုသုတအဖြစ်ပြန်ရေးလိုက်ပါတယ်။ ဆိုဒ်တစ်ခုရဲ့ admin access ရပြီဆိုတာနဲ့ ကျွန်တော်တို့ shell တွေတင်လို့ရပါတယ်။ shell ဆိုတာကတော့ php file လေးတစ်ခုပါပဲ။ shell တင်ပြီးရင် ကျွန်တော်တို့ အောက်ကဟာတွေလုပ်လို့ရပါတယ်။ လုပ်နိုင်တာတွေကတော့ တော်တော်များပါတယ်။ 

၁။ shell တင်ပြီးတာနဲ့ အရင်ဆုံးလုပ်ဖြစ်မှာကတော့ deface တင်မယ်ထင်ပါတယ်။ :D ပြောရရင် shell တင်ထားတဲ့ဆိုဒ်ရဲ့ index ဖိုင်တွေကိုဖျက်ဆီးနိုင်ပါတယ်။ ဒါမှမဟုတ် ပြောင်းပစ်လိုက်လို့ရပါတယ်။ 

၂။ shell အမျိုးမျိုးအစားပေါ်မူတည်ပြီး ကျွန်တော်တို့ shell ကနေ ddos တိုက်လို့ရမယ်။ symlink လုပ်လို့ရမယ်။ 

၃။ server တွေကို root လုပ်လို့ရမယ်။ root ရရင် အဲဒီဆာဗာပေါ်က ဆိုဒ်တွေအားလုံးကို ထိန်းချုပ်နိုင်သွားပါလိမ့်မယ်။ ဆိုဒ် ၅၀၀ ရှိရင် ၅၀၀ စလုံးဆိုတော့ တော်တ်ာကြောက်စရာကောင်းတယ်။ ဒါပေမယ့် root လုပ်နိုင်တာက linux server တွေမှရပါမယ်။ Windows server တွေပေါ်မှာ ရမှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ windows မှာ root ဆိုတာမပါလို့ပါပဲ။ :D

၎။ shell တင်ပြီးတာနဲ့ ကျွန်တော်တို့လုပ်နိုင်တဲ့နောက်တစ်ခုကတော့ အဲဒီဆိုဒ်ကနေ ကျွန်တော်တို့ file hosting လုပ်လို့ရပါတယ်။ ခင်ဗျားတင်ချင်တာတင်ပေါ့။ free hosting တွေကို ခဏမေ့ထားလို့ရပြီ။ ပိုက်ဆံလည်းမကုန်ဘူး။ ဟီး။ ဒါပေမယ့် Owner က shell ကိုဖျက်လိုက်ရင်တော့ အခြား hosting ကိုပြန်ပြောင်းပေါ့။ :D

Ref: MSF, Google


Read more »

9/30/2013

Laptop Battery ကိုကြာရှည်စေမယ့် ရှောင်ရန်/ဆောင်ရန်နည်းလမ်းများ

Laptop တွေဆိုတာ ကျွန်တော်တို့လူတွေရဲ့ဘဝမှာ အရေးပါတဲ့အရာတစ်ခုဖြစ်ပါတယ်။ အများဆုံးသုံးတဲ့နေရာကတော့ အင်တာနက်သုံးတဲ့နေရာမှာဖြစ်ပြီးတော့ လုပ်ငန်းခွင်မှာရော
အသုံးပြုကြပါတယ်။ ဒါပေမယ့် ခင်ဗျားအပါအဝင်လူတိုင်းနီးပါးဟာ လက်တော့ Adapter ကို Plug ထိုးပြီးဆက်တိုက်သုံးကောင်းသုံးနေပါလိမ့်မယ်။ ဒီလိုလုပ်တာကိုအခုချက်ချင်းရပ်လိုက်ပါ။

ခင်ဗျားအနေနဲ့ လက်တော့ Battery ကိုကြာရှည်သက်တမ်းခံချင်ရင် ဘက်ထရီ 100% မရောက်ခင် plug ဖြတ်ပြီးသုံးသင့်ပါတယ်။ ဒါက ခင်ဗျားရဲ့ lithium-polymer battery ကိုသက်တမ်း ကြာရှည်စေမှာဖြစ်လို့ပါပဲ။

Cadex Electronics က CEO ဖြစ်တဲ့ Buchmann ရဲပြောကြားချက်အရ လက်တော့အသုံးပြုရင် ဘက်ထရီကို 80% ရောက်တာနဲ့ plug ဖြုတ်ပြီး 40% ရောက်တဲ့အထိပဲ အသုံးပြုသင့်တယ်လို့
အကြုံပေးပါတယ်။ ဒါက ခင်ဗျား ဘက်ထရီကို ပုံမှန်ထက် ၆ ဆထိတောင် သက်တမ်းပိုမိုကြာရှည်စေမှာဖြစ်ပါတယ်။ အကြောင်းပြချက်ကတော့ lithium-polymer battery တွေမှာရှိတဲ့ cellတွေဟာ Voltage level နဲ့ပတ်သက်နေလို့ပါ။  ဘတ်ထရီက charge (အားသွင်းတာ) များလေလေ voltage level လည်းများလေလေပါပဲ။ Voltage မှာ cell တွေများများစုလေလေ ဘက်ထရီမှာလည်း stress တွေများနေမှာဖြစ်ပါတယ်။ ဝန်ပိသလိုပေါ့ဗျာ။ အဲဒီ stress က ဘက်ထရီရဲ့ discharge cycle ကိုလျောနည်းစေပါတယ်။ ဥပမာ ဘက်ထရီက 100% ထိအားသွင်းနေချိန်မှာ discharge cycles က 300-500 ထိသာရှိပြီး 70% အားသွင်းချိန်မှာ 1200-2000 ထိ discharge cycles ထိရရှိမှာဖြစ်ပါတယ်။

ဘက်ထရီဆိုတာမျိုးကတော့ သဘာဝအရ စွမ်းဆောင်ရည် တဖြည်းဖြည်းကျဆင်းစမြဲပါ။ ဒါကတော့ အမှန်ပါ။ လက်တော့ ဝယ်ခါစက ဘက်ထရီသက်တမ်းက 7 နာရီဆိုပါစို့၊ တစ်နှစ်လောက်အသုံးပြုပြီးရင်
7 နာရီမရတော့ပါဘူး။ ဒါပေမယ့် ဘက်ထရီက ပူနေတာများရင် ဘက်ထရီသက်တမ်းကို ပိုပြီး တိုစေပါလိမ့်မယ်။ တအားပူနေရင် cell တွေထဲမှာ ကွဲအက်နိုင်တဲ့အထိတောင်ဖြစ်နိုင်ပါတယ်။
အပူတွေတအားများတဲ့အခါ ဘက်ထရီက အားသွင်းရင် မြန်မြန်ဆန်ဆန် အားမဝင်တော့တဲ့အထိတောင် တွေ့ရှိရတယ်လို့ iFixit ရဲ့ Kyle Wiens ကပြောပါတယ်။

Buchmann အကြုံပေးတာကတော့ ဘက်ထရီသက်တမ်းကို တတ်နိုင်သမျှ ကြာရှည်စေချင်ရင် လက်တော့သုံးရင် ဘက်ထရီကို 80% ကနေ 40% ကြားမှာပဲအသုံးပြုပါလို့ဆိုပါတယ်။ ခုချိန်ထိတော့
Windows ရော Mac ရော လက်တော့ဘက်ထရီ 80%, 40% ရောက်ရင် user တွေကို alert ပေးတဲ့ စနစ်ကိုမထည့်ထားသေးပါဘူး။ ဒီတော့ ခင်ဗျားအနေနဲ့ ဘက်ထရီ 40% ကနေ 80% ကိုရောက်ဖို့ 
ကြာတဲ့အချိန် ဒါမှမဟုတ် 80% ကနေ 40% ရောက်တဲ့အချိန်ကို မှတ်ထားပြီး ပျမ်းမျှကြာချိန်ကိုမှတ်ထားပါ။ ပြီးရင် Timer တစ်ခုထားပြီး ဘက်ထရီကို plug/unplug လုပ်ပါလို့အကြုံပေးထားပါတယ်။ 
တကယ်လို့ ခင်ဗျားအနေနဲ့ ခရီးရှည်တစ်ခုသွားရမယ်ဆိုရင်တော့ 100% အထိအားသွင်းပေါ့လေ။ ဒါက ခင်ဗျားဘက်ထရီသက်တမ်းကို ကြာရှည်စေမယ့် နည်းလမ်းကောင်းတစ်ခုဖြစ်ပြီးတော့ ဒါဟာ ထိုက်တန်ပါတယ်။

ခုတလော ကျွန်တော်ဆီမှာ ကွန်နက်ရှင်က တက်လိုက်ကျလိုက်ဖြစ်နေတာ။ အဲဒါနဲ့ ကွန်ကောင်းတုန်းလေး စိတ်ဝင်စားစ၊ရာ ဆောင်းပါးတွေကိုလိုက်ကြည့်ရင်း save ပြီး Offline မှာပြန်ကြည့်ရင်း ဒီလိုဆောင်းပါးပုံစံရေးလိုက်တာ။ ဘာပြောပြော ကျွန်တော်ရဲ့ပို့စ်လေးက စိတ်ဝင်စားစရာကောင်းပြီး သတိထားစရာအသိတစ်ခုတိုးသွားမယ်ဆိုရင် ကျွန်တော်ကြိုးစားပြီး ရေးပေးရကျိုးနပ်မှာပါ။


Ref: wired.com
Read more »