9/20/2013
Kali Linux ကိုအသုံးပြုပြီး Window Password ကို reset ချနည်း
Kali Linux Live CD ရှိဖို့ တော့လိုအပ်တယ်ခင်ဗျ။ Live CD လုပ်ဖို့ အတွက်ကတော့ Kali Linux ကို download လုပ်ပြီး ISO ကို CD/DVD ပေါ်မှာ burn လုပ်လိုက်ပါ။Password Reset လုပ်မယ့်စက်ကို boot menu ခေါ်ပြီး Live (forensic mode) ကိုရွေးပါ။ အဲ့ဒီအခါ Kali Linux initialize ဖြစ်လာပြီး load လုပ်တဲ့အခါ Terminal Window ပွင့်လာပြီး တဲ့အခါမှာ window password database file ကို navigate လုပ်ပေးရပါမယ်။ အဲ့လိုလုပ်ပေးဖို့ အတွက် Window Version တော်တော်များများမှာ window password တွေကို SAM ဆိုတဲ့ file နာမည်နဲ့ save လုပ်ထားလေ့ရှိပါတယ်။ အဲ့ဒီ file ဟာလည်း /Windows/System32/config ဆိုတဲ့ path မှာပဲ ရှိပါတယ်။ ဒါကြောင့် SAM database ဟာ သင့်ကွန်ပျူတာမှာ /media/name_of_hard_drive/Windows/System32/config ဆိုပြီးရှိပါလိမ့်မယ်။ 
 အဲ့ဒီနောက် ls  -l  SAM* ဆိုပြီး ရိုက်ထည့်လိုက်ရင် SAM Log တွေ ကိုအောက်က ပုံအတိုင်းတွေ့ ရပါလိမ့်မယ်။
နောက်တဆင့်အနေနဲ့  chntpw  -l  SAM ဆိုတဲ့ command ကို အသုံးပြုခြင်းဖြင့် window system ထဲမှာရှိတဲ့ user name တွေကို မြင်ရမှာဖြစ်ပါတယ်။
user name တွေ ရပြီဆိုရင်တော့ chntpw  -u  "username"  SAM ဆိုတဲ့ command ကို အသုံးပြုပြီး password reset ချနိုင်ပါတယ်။ ကျွန်တော်အောက်ကပုံထဲမှာ Administrator ဆိုတဲ့ username ကို အသုံးပြုပြီး နမူနာပြထားပါတယ်။ ဒါကြောင့် chntpw  -u  "Administrator"  SAM ဆိုတဲ့ command ကိုရိုက်ထည့်လိုက်တဲ့အခါ အောက်ပါအတိုင်းတွေ့ ရပါလိမ့်မယ်။
 အဲ့ဒီ option တွေထဲကမှ Clear (blank) user password ဆိုတာကို ရွေးခြယ်စေချင်ပါတယ်။
အဲ့ဒါဆိုရင် window ကို password မထည့်ပဲ ( password နေရာမှာဘာမှမဖြည့်ပဲ ) Login လုပ်နိုင်ပြီဖြစ်ပါတယ်။
Credit: Ko @lpha
Read more »
Nmap Cookbook
လို အပ်သူများ ဒေါင်းလော့ရယူနိုင်ပါပြီ.။။
Download Link : Mirrorcreator SolidFiles   
Copy@ http://www.minsoeyarsar.com/2013/09/nmap-cookbook-fat-free-guide-to-network.html
Read more »
9/19/2013
Google SketchUp Pro 2013 13.0.4812 Full + Patch
ဒီကောင်ကို အရင်က ပိုစ့်စ်ခုမှ Comment ရေးပြီးမေးထားတာ အခုမှသူများတွေဘလော့မှာ တွေ့လို့ပြန်ရှယ်ပေးလိုက်ပါတယ်။ အမှန်အတိုင်းပြောရရင် ကျွန်တော် ဒီ ဆော့ဝဲလ်ကို မသုံးဖူးပါဘူး။ AutoCAD လိုဆော့ဝဲလ်အဖြစ် အသုံးချနိုင်မယ့် Tool တစ်ခုထင်ပါတယ်။ လင့်ကိုတော့ Tusfiles ကနေဖြစ်ပါတယ်။ ကျွန်တော်တင်တာမဟုတ်ပါဘူး။ သူများတွေတင်တာကနေ ပြန်ရှယ်ပေးရုံပါ။ အဆင်ပြေကြပါစေဗျာ။
Download: Keygen
Read more »
Surabaya Blackhat Shell V.2.0
Shell တွေလိုက်စမ်းရင်း ဒီ shell လေးတွေ့မိလို့ ပြန်ရှယ်လိုက်ပါတယ်။ ဒီ shell လေးကနည်းနည်းတော့ ထူးခြားတယ်ဗျ။ ဆရာသမားတွေကတော့ သိပြီးသားလားမသိဘူး။ 404 not found shell လိုမျိုးပါ။ shell link ကိုခေါ်လိုက်ရင် 404 Not Found ဆိုပြီးပြတော့ သာမန်လူတွေကတော့ လှည့်ပြန်သွားမှသေချာပါတယ်။ ဒါပေမယ့် ဒီကောင်ကတော့ 404 Not Found လို့မပြဘဲ Internal Server Error ဆိုပြီးပြပါတယ်။ အကွက်ဆန်းလေးနဲ့ပါ။ ဟီး ဒါပေမယ့် Tab တစ်ချက်နှိပ်လိုက်တာနဲ့ password ရိုက်စရာပေါ်လာပါမယ်။ အဲဒီကနေမှ shell access ကိုဝင်လို့ရမှာဖြစ်ပါတယ်။ ဒီ shell ဟာလည်း အကောင်းဆုံး hidden shell တွေထဲကတစ်ခုလို့ဆိုရမှာပါ။ Default password က surabayablackhat ဖြစ်ပါတယ်။ 
ကိုယ်လိုချင်တဲ့ password ပြောင်းချင်ပေမယ့် ကျွန်တော်ရှာကြည့်တာ မတွေ့သေးလို့ ဒီအတိုင်းပဲတင်ပေးလိုက်ပါတယ်။ ညီအကိုတွေဘယ်ကနေပြောင်းလို့ရတယ်ဆိုတာတွေ့ရင် ကျွန်တော်ကိုလည်း ပြောပြပါအုံး။ 
Download: RGhost Solidfiles
Read more »
128 Shell Pack 2013
ပုံမှာမြင်တဲ့အတိုင်းပဲဗျာ။ shell တွေနည်းတာမဟုတ်ဘူး။ တချို့ဆိုမမြင်ဖူးပါဘူး။ သိကိုမသိတာ။ အဲဒါနဲ့ တစ်ခုနှစ်ခုစမ်းကြည့်လိုက်တာ ဘာရယ်လို့မဟုတ်ပါဘူး။ UI လေးတွေပြောင်းသွားတော့ တမျိုးဖြစ်လေမလား? ဒါပေမယ့် တော်တော်များများတော့ ကိုယ်သုံးနေကျ shell ကိုပဲသုံးသွားတာတွေ့ရပါတယ်။ ဒီတော့ ကိုယ်နဲ့အဆင်ပြေဆုံး shell ကိုစိတ်ကြိုက်ရွေးလိုပဲဖြစ်ဖြစ် ကျွန်တော်လို ဟိုစပ်စပ်ဒီစပ်စပ်စမ်းကြည့်ချင်လို့ပဲဖြစ်ဖြစ် ဒေါင်းချင်တယ်ဆိုရင် ဒေါင်းလို့ရအောင် တင်ပေးလိုက်ပါတယ်။ တစ်ခုတော့ ပြောရအုံးမယ်ဗျာ။ အချို့ php ဖိုင်တွေက antivirus က detect ဖြစ်နေလိမ့်မယ်ဗျ။ သိတဲ့အတိုင်းပဲ shell ဖိုင်တွေအားလုံး fud မဖြစ်ပါဘူး။ ကျွန်တော် upload တင်ပေးရတာတောင် အချို့ hosting တွေကလက်မခံပါဘူး။ ဒီတော့ အဆင်ပြေသလိုသာ ဥာဏ်နဲ့ဆင်ခြင်သုံးကြပါလို့ပဲ ပြောရမယ်။ အဆင်ပြေကြပါစေ။
Download:  RGhost
Read more »
Windows 8.1 ISO
ကျွန်တော်ကတော့ Windows 7 ကိုပဲဆက်သုံးနေပါတယ်။ Windows 8 ကို VM ကနေစမ်းကြည့်မိသလောက် UI အသစ်တွေနဲ့အထာမကျတာနဲ့ မသုံးသေးပါဘူး။ အဆိုးဆုံးကတော့ Start Menu မပါလာတာပဲဖြစ်ပါတယ်။ :( ထားပါတော့ ပို့စ်တင်ပါမယ်ဆိုမှ သူ့မကောင်းကြောင်းပြောနေမိပြီ။ :D ဒီတော့ Windows 8.1 ကိုစမ်းကြည့်ချင်တဲ့သူတွေရှိရင် တလက်စတည်း ဒေါင်းလို့ရအောင်တင်ပေးလိုက်ပါတယ်။ တင်ပေးတယ်ဆိုတာထက် ပြန်ရှယ်ပေးတယ်ဆိုရင် ပိုမှန်မှာပါ။ ဘာလို့လည်းဆိုတော့ အခုဟာက Torrent link ကနေတင်ပေးတာဖြစ်လို့ပါ။ ဒါကြောင့် ဒေါင်းမယ်ဆိုရင် uTorrent လို torrent client တစ်ခုထည့်ထားဖို့လိုပါလိမ့်မယ်။ မိတ်ဆွေများအနေနဲ့ Torrent ကနေဖိုင်တွေဒေါင်းတတ်အောင် သိထားသင့်ပါတယ်။ ဘာလို့လဲဆိုတော့ torrent မှာအဖိုးတန်ဖိုင်တွေ အများကြီးရှိနေလို့ပါပဲ။ ရိုးရိုး Link တွေထက်ကောင်းတာက ဖိုင်လင့်တွေပျက်တာ resume မရတာမျိုးရှားပါတယ်။ ဘာကြောင့်လဲဆိုတော့ သူက p2p connection နဲ့သွားတာကိုး။ အင်း လေရှည်တာလည်း ရပ်ပြီ။ ဒေါင်းမယ့်ဘော်ဒါတွေအတွက် အောက်ကနေ ဒေါင်းနိုင်ပါပြီ။
32 Bit Version (2.71 GB)
System requirements
Processor: 1 gigahertz (GHz) or faster
RAM: 1 gigabyte (GB) (32-bit) or 2 GB (64-bit)
Free hard disk space: 16 GB (32-bit) or 20 GB (64-bit)
Graphics card: MicrosoftDirectX 9 graphics device with WDDM driver
BUILD: 6.3.9600.16384.WINBLUE_RTM.130821-1623
64 Bit Version (3.63 GB)
 System requirements
Processor: 1 gigahertz (GHz) or faster
RAM: 1 gigabyte (GB) (32-bit) or 2 GB (64-bit)
Free hard disk space: 16 GB (32-bit) or 20 GB (64-bit)
Graphics card: MicrosoftDirectX 9 graphics device with WDDM driver
BUILD: 6.3.9600.16384.WINBLUE_RTM.130821-1623
Read more »
9/18/2013
KMSpico v8.3 Release8.7
Windows Activator ဖြစ်ပါတယ်။ ဘလော့တွေတော်တော်များများမှာ တင်ထားပြီးသားပါ။ ကျွန်တော်ကတော့ ခုမှစိတ်ကူးပေါက်တာနဲ့ တင်ပေးလိုက်ပါတယ်။ Windows 7, 8 ကအစ Office 2013 အထိ ဘာညာဘာညာ activate လုပ်ပေးနိုင်တယ်ဆိုတော့ လိုအပ်သူများဆိုရင် ဒေါင်းနိုင်အောင်လို့ဖြစ်ပါတယ်။ ဖိုင်ဆိုဒ်ကလည်း 6.8 MB လောက်ပဲရှိတာမို့ ဒေါင်းရတာအဆင်ပြေမယ်ထင်ပါတယ်။ လိုချင်တယ်ဆိုရင် ဒေါင်းနိုင်ပါပြီ။ အဆင်ပြေကြပါစေဗျာ။
Download: Rghost Localhost
Read more »
9/17/2013
ARP Spoof ( Phone Hacking Tools)
http://blogs.scientificamerican.com/media/inline/blog/Image/Phone-hacking.jpg
ARP ဆိုတာနဲ့ အများစုက ၀ုန်းမယ် ချဲမယ်ဆိုတာကြီးဘဲ.. တကယ်တော့သုံးတတ်ရင် တကယ် လန်းပါတယ်..
ဒါလေးကိုသုံးပြီး Internet ဆိုင်က Hotspot System ကို User Name : Password Bypass ဖူးပါတယ်...
ဒါလေးကတော့နက်ဝက်တစ်ခုလုံးကို လေးပင်ပီး Security ကိုကျဆင်းသွားစေနိုင်အောင်.. လုပ်ပေးတဲ့ Software လေးတစ်ခု ပါ လိုချင်သူများဒေါင်းလော့ရယူနိုင်ပါပြီ....
Read more »
DSploit (Phone Hacking Tools)
http://blogs.scientificamerican.com/media/inline/blog/Image/Phone-hacking.jpg 
DSploit ဒါလေးကတော့တကယ်ကောင်းတဲ့ Hacking Tools လေးတစ်ခုပါ..
Wifi Network တစ်ခုလုံးကို ၀င်ပြီးလုပ်ချင်သလို လုပ်နိုင်ပါတယ်..
ဥပမာ ပေးရရင် wifi လိုင်းတွေနဲ့ ချိတ်ဆက်ပီးရင် ဒီ Software လေးကေ၇ွှ ပါဘဲဗျာ..
လိုချင်သူများဒေါင်းလော့ရယူနိုင်ပါပြီ.. သုံးနည်းတွေကိုတော့ နောက်မှ E-book အနေနဲ့ တင်သွားပေးပါ့မယ်.. လာလည်လို့ ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ...
Read more »
How to Upload Shell in Joomla Part 2
Using Template Manager
ကျွန်တော်ဟိုတစ်လောက Joomla Site မှာ ဘယ်လို shell တင်မလဲဆိုပြီး Part 1 အဖြစ် တင်ပေးခဲ့ပါတယ်။ အဲဒီထဲကမှ အခုနည်းကလည်း လွယ်ကူတဲ့ နည်းတစ်ခုပဲဖြစ်ပါတယ်။ ဒီတစ်ခါတော့ ကျွန်တော်တို့ Template Manager ကိုသုံးသွားပါမယ်။ ပြောရရင် ဆိုဒ်မှာ Default အနေနဲ့သုံးထားတဲ့ Template မှာ ကိုယ့်လိုချင်တဲ့ shell code ကိုအစားထိုးပြီး လုပ်သွားမှာပါ။ ဒီလောက်ဆိုအကြမ်းဖျင်း သဘောပေါက်သွားမှာပါ။ ကဲ စမယ်ဗျာ။
ထုံးစံအတိုင်း admin panel ကနေ Login ဝင်ပြီးသကာလ Menu>Extensions>Template Manager> ကိုသွားလိုက်မယ်။
Template Manager မှာ Template တွေအများကြီးတွေ့ရပါမယ်။ အဲဒီထဲကမှ Star ပြထားတဲ့ Template ကိုတွေ့ရမှာဖြစ်ပါတယ်။ In my case, rt_panacea_j15 ဖြစ်ပါတယ်။ Star ပြထားတာက လောလောဆယ်အသုံးပြုထားတဲ့ Template ပေါ့ဗျာ။ ဒီနေရာမှာ တစ်ခုတော့
သတိထားဖို့လိုပါမယ်။ အဲဒါက Default Template ကို Edit Html မလုပ်ဖို့ပါ။ တကယ်လို့ သင်က shell access ကိုနောက်ပိုင်းမှာပါ ရေရှည်သုံးချင်သေးတယ်ဆိုရင်ပေါ့။ ဘာကြောင့်လဲဆိုတော့ default template မှာသွားပြီး edit html ကနေ shell တင်လိုက်ရင် admin က သတိထားမိပြီး shell ကိုဖျက်လိုက်မှာမို့ပါ။ အဲလောက်ဆို သဘောပေါက်မှာပါ။ :D ဒီတော့ Default Template မှလွဲပြီး အခြား Template တစ်ခုခုကို Radio Check (Select) လုပ်ပြီး Edit Html ကနေဆက်သွားမယ်ဗျာ။ 
ကျွန်တော်ကတော့ အရင် Tutorial မှာတင်ထားတဲ့ Template ကိုပဲရွေးလိုက်တော့မယ်။ 1sr_first ပေါ့နော်။ ကဲ ဒါဆိုအောက်ကလိုတွေ့ရပါမယ်။
နောက်ထပ် page တစ်ခုမှာ ဘေးနားက Edit Html ကိုပြန်ကလစ်ပါအုံး။ ဒါဆိုရင် အဲဒီ Template ရဲ့ html code တွေကိုမြင်ရပါပြီ။ အဲဒီ code တွေကိုအကုန်ဖျက်ပြီး ကိုယ့်ရဲ့ shell code ကိုအစားထိုးပေးရမှာပေါ့နော်။ အစားထိုးပြီးရင်တော့ Apply/Save သာလုပ်လိုက်ဗျာ။ ကဲ shell url ခေါ်မယ်။ www.someone.com/templates/1sr_first/index.php ပေါ့ဗျာ။
In my Case, www.billykue.com/templates/1sr_first/index.php ဖြစ်မှာပေါ့နော်။ အမှန်က အခြား Template ကိုရွေးရင်လည်း Template နာမည်ပဲပြောင်းသွားမှာပါ။ သဘောတရားက အတူတူပါပဲ။
နောက်ထပ် နည်းနှစ်ခုကျန်ပါသေးတယ်။ အဆင်ပြေတာနဲ့ ဆက်လက်ရေးသွားပေးပါမယ်။ 
တခါတလေတော့လည်း ကျွန်တော်တို့ ဟက်ကင်းလေ့လာမယ်ဆို ချက်ဆိုနားခွက်က မီးတောက်နေရပါမယ်။ :D ကဲ ဒါဆိုရင်တော့ Template Manager ကနေ shell တင်နည်း ဒီမှာတင်တစ်ခန်းရပ်ကြအုံးစို့။ :D
Special Thanks to S0m30n3 (BMH)
Read more »
Intercepter-NG Android Sniffing Tool
Android ကနေ password တွေကို sniffing လုပ်လို့ရတယ်ပြောတာပဲ။ Windows မှာလို Wireshark ပုံစံမျိုးပေါ့ဗျာ။ IM တွေရဲ့ password တွေကို sniff လုပ်လို့ရမှာဖြစ်ပါတယ်။ သူရဲ့ functions တွေကိုကြည့်လိုက်ပါ။ စမ်းကြည့်ချင်တယ်ဆိုရင် ယူလိုက်ဗျာ။ ဟီး
 - Sniffing passwords\hashes of the types: ICQ\IRC\AIM\FTP\IMAP\POP3\SMTP\LDAP\BNC\SOCKS\HTTP\WWW\NNTP\CVS\TELNET\MRA\DC++\VNC\MYSQL\ORACLE\NTLM
- Sniffing chat messages of: ICQ\AIM\JABBER\YAHOO\MSN\IRC\MRA
- Reconstructing files from:  HTTP\FTP\IMAP\POP3\SMTP\SMB
- Promiscuous-mode\ARP\DHCP\Gateway\Smart Scanning
- Capturing packets and post-capture (offline) analyzing\RAW Mode
- Remote traffic capturing via RPCAP daemon
- NAT\SOCKS\DHCP
- ARP\DNS over ICMP\DHCP\SSL\SSLSTRIP\WPAD\SMBRelay MiTM\DNS Spoofing
Read more »
9/14/2013
Temper Data သုံးပြီး Shell upload ဘယ်လိုတင်မလဲ?
ကျွန်တော်တို့ Google ကနေ dork တွေနဲ့ vul တွေရှာတဲ့အခါ အချို့သော ဆိုဒ်တွေက image upload တင်ခွင့်ပေးတဲ့ဆိုဒ်တွေရှိပါတယ်။ ဒါကိုအသုံးချပြီး ကျွန်တော်တို့က shell တွေတင်ချင်ရင် Temper Data ကိုအသုံးချရပါမယ်။ ပုံမှန်ဆို .php ဖိုင်တွေကို တင်လို့မရပါဘူး။ .gif လိုဖိုင်တွေကိုပဲတင်ခွင့်ပေးတာပါ။ နည်းလမ်းကတော့ ဆရာသမားတွေက တင်ပေးခဲ့တာကြာပါပြီ။ ကျွန်တော်အရင်ကတွေ့ဖူးပေမယ့် မတင်ဖြစ်ခဲ့ဘူး။ အခုက ပိုစ့်တင်ဖို့အကြောင်းရာ ရှာမတွေ့တာရယ် ကျွန်တော်ဆိုဒ်ကိုလာကြည့်တဲ့သူတွေထဲမှာ မသိသေးသူများအတွက်ရယ် ဒီလိုဒီလိုစိတ်ကူးလေးနဲ့ ပြန်ရှယ်လိုက်ပါတယ်။ ကျွန်တော်ကူးတာက Min Soe Yar Sar ကနေကူးပါတယ်။ ဒါပေမယ့် ပို့စ်မူရင်းက Cyberoot ဆီကဆိုတော့ cyberoot ကိုပဲ credit ပေးလိုက်ပါမယ်။ 
Data ပြောင်းလဲခြင်း ကို admin panel access ကိုကျွန်တော်တို့ရတဲ့အခါမှာအသုံးပြုပါတယ် shell တွေကို .php or .asp ဖိုင်နဲ့ Upload လုပ်ဖို့ခွင့်မပြုတဲ့အခါမျိုးမှာပါ.ဒီတော့ ကျွန်တော်တို့က ဆိုက်ကို deface လုပ်လို့မရပါဘူး ဒီတော့လုပ်လို့ရမယ့်နည်းလမ်းကမရှိဘူးလားလို့မေးပါမယ်။ ဟုတ်ကဲ့ရပါတယ်  temper data ကိုသုံးပြီး shell ကိုတရားဝင်တင်လို့ရပါတယ်ပြီးတော့ fully execute လုပ်လို့ရပါတယ် ဘယ်လိုလုပ်မလဲဆိုတော့
Data Temper လို့ခေါ်တဲ့ Firefox addon လေးသုံးပြီး file extension ကိုပြောင်းလို့ရပါတယ် ဒါဆို ok ပြီးပေါ့
Temper data သုံးဖို့ ဒါတွေ့ လိုပါတယ်
Firefox browser
Tamper Data Add on for firefox (https://addons.mozilla.org/en-US/firefox/addon/tamper-data/)
Site (ကျွန်တော်တို့ upload shell တင့်မယ် site need upload access)
ok ဒါဆိုစလိုက်ရအောင်
ပထမဆုံး temper data ကို firefox မှာ install လုပ်လိုက်ပါ ပြိးတော့ upload လုပ်မယ့် shell ရဲ့ website ထဲ့ကို login ၀င်လိုက်ပါ image ကို upload လုပ်မယ့်နေရာကိုသွားပါ
 ပြီးတော့ bowse ကိုနှိပ်ပြီး .jpg,.png,.gif စတဲ့ image shell ကို ရွေးလိုက်ပါ ပြီးတော့ Temper data ကို Start လုပ်လိုက်ပါ။
ဒီတော့ temper data ရဲ့ right column ရဲ့post data ထဲမှာ  .gif နဲ့တင်ထားတဲ့ image လမ်းကြောင်းကိုတွေ့ပါလိမ့်မယ် ဒီတော့ဒါကို .php extension ပြောင်းလိုက်ပေါ့။
ပြီးတော့ Post Data ထဲမှာ ရှိတဲ့ လမ်းကြောင်းကို copy ကူးပြီး click လိုက်ပါ ဒီတော့ ကျွန်တော်တို့ ဖိုင်က .php ချိန်းသွားပါပြီ။ ok ပါစေဗျာ။
Credit: cyberoot
Read more »
9/13/2013
How Khalil hack Zukerberg's Facebook
အားလုံးလည်းသိထားပြီးဖြစ်မှာပါ. ဟိုတလောက မက်ဇူကာအကောင့်လည်း အဟတ်ခံရတယ်ဆိုတာ။ အဟတ်ခံတယ်ဆိုပေမယ့် အကောင့် pass တွေလုံးဝရသွားတာမျိုးတော့မဟုတ်ပါဘူး။ သူ့ရဲ့ facebook Timeline ပေါ်ကို အကောင့်ပိုင်ရှင်ဝင်ရေးသလိုမျိုးရေးသွားနိုင်ခဲ့တာပါ။ အကောင့်ပိုင်ရှင်ရေးသလိုမျိုးဆိုတော့ ဟတ်တာပါပဲ။ ဒီတော့ ဟတ်ခဲ့တဲ့ကောင်က ပလက်စတိုင်းက Khalil ဆိုတဲ့ဟတ်ကာပါပဲ။ အမှန်တယ်ဆို အဲဒီအတွက် သူ့ဆုကြေးရခဲ့သင့်ပေမယ့် Facebok ရဲ့ Term နဲ့ငြိနေတယ်ဆိုပြီး မရခဲ့ပါဘူး။ သူလုပ်သွားတာ ဘာမှခက်ခက်ခဲခဲမလုပ်လိုက်ရဘူး။ တကယ်ကိုလွယ်ကူတဲ့နည်းပါပဲ။ ဒါပေမယ့် သူအရင်တွေ့သွားတော့ နာမည်ကြီးသွားပါတယ်။ ဘယ်လိုလုပ်ခဲ့တာလဲ။ 
မိမိ Facebook ရဲ့ Timeline ကိုသွားပြီး status တစ်ခုရေးလိုက်ပါ။ ဒါပေမယ့် Post တော့မတင်သေးဘဲ Firefox, ဒါမှမဟုတ် အခြားဘရောက်ဆာတစ်ခုခုမှာ အောက်ကပုံအတိုင်းသွားလိုက်ပါ။ (ကျွန်တော်ထင်တာက firefox မှာဆို Menu>Web Developer>Inspector ထင်ပါတယ်။)
အဲဒီမှာ id တွေကိုမြင်ရပါမယ်။ အဲဒါက ကိုယ့်ရဲ့ id ပါ။ ကိုယ့် id ကို ကိုယ် target ထားတဲ့ အခြားအကောင့်ရဲ့ id နဲ့အစားထိုးလိုက်တာပါပဲ။ အလိုလို အဲဒီအကောင့်ကနေဝင်ရေးသလိုဖြစ်သွားပါမယ်။ ပြီးရင်တော့ မတင်ရသေးတဲ့ status ကို Post လုပ်လိုက်ရုံပါပဲ။ တကယ်ကို လွယ်တဲ့ vul တစ်ခုပါပဲ။ ဒါပေမယ့် အခုတော့ patch လုပ်လိုက်ပါပြီ။ စမ်းလို့ရမှာမဟုတ်တော့ပါဘူး။ :( 
မှတ်ချက်။ သူများတွေဆီက ဆီလျော်အောင် ဘာသာပြန်ထားလိုက်သည်။ :P
Read more »
9/11/2013
How to Upload Shell in Joomla Part I
ကျွန်တော်တို့လို့ မတောက်တခေါက်လေး ဟတ်ကင်းလောကထဲဝင်လာတဲ့သူတွေအတွက် ကျွန်တော်တွေ့ရှိထားတဲ့ Tip လေးတစ်ခုကို မျှဝေပေးချင်ပါတယ်။ ကျွန်တော်လည်း အများကြီးတတ်သိလို့မဟုတ်ပါဘူး။ ဒီလိုပဲ ကိုယ်သိတာလေးကို ရှယ်ပေးလိုက်ချင်လို့ပါ။ ကျွန်တော်တို့ ဆိုဒ်တွေကို SQL နဲ့ဖြစ်ဖြစ် အခြားသောနည်းတွေနဲ့ဖြစ်ဖြစ် admin, pass တွေရပြီးတဲ့အခါ deface တင်ဖို့လုပ်ရပါတယ်။ အဲဒီမှာ တစ်ခါတည်း shell ပါတင်လိုက်ရင် အဆင်ပြေတာပေါ့။ ဒါပေမယ့် shell မတင်တတ်တော့ ခက်ပြီဗျာ။ ကဲ နည်းတွေအများကြီးရှိပါတယ်။ ကဲ စမယ်ဗျာ။
Method 1 : Install Template
ဒီနည်းကတော့ Template ကိုအသစ် install လုပ်ပြီးတင်နည်းပါ။ ဒီတော့ ကိုဟတ်ထားတဲ့ဆိုဒ်ရဲ့ Joomla version ကိုသိထားဖို့လိုပါတယ်။ ဗားရှင်းကို ဟတ်ထားတဲ့ဆိုဒ်ရဲ့ညာဘက်အပေါ်ဆုံးမှာ ကြည့်ပါ။ In my case, version 1.5.28 ပေါ့နော်။ ဒီတော့ အဲဒီ Template ကို Google ကနေယူပြီးဒေါင်းလိုက်ပါတယ်။ ပြောရရင်တော့ http://www.joomla24.com/remository/finishdown/4042.html အဲဒီကနေဒေါင်းလိုက်ပါတယ်။ 1sr_first_1.0.2.zip ဆိုတဲ့ဖိုင်လေးရလာပါတယ်။ အဲဒီဖိုင်ကို unzip လုပ်လိုက်မယ်။ ပြီးရင် အဲဒီထဲကမှ index.php ဆိုတဲ့ဖိုင်ကို Notepad နဲ့ဖွင့်လိုက်ပါမယ်။ အထဲက html code တွေကို ကိုယ့်ရဲ့ shell code နဲ့အစားထိုးပေးလိုက်မယ်။ ပြီးရင် အဲဒီဖိုင်ကို zip file ဖြစ်အောင်ပြန်လုပ်ပါမယ်။
ကဲ ဒီတော့ ထုံးစံအတိုင်း admin panel ကနေ login ဝင်လိုက်ပြီဗျာ။
အထဲကိုရောက်ပြီဆိုရင် Menu> Extensions> Install/Uninstall ပေါ့ဗျာ။
Next Page တစ်ခုမှာ Upload package ကနေ ခုနက ကျွန်တော်တို့ဒေါင်းပြီးပြင်ထားတဲ့ ဖိုင်လေးကိုခုလို upload တင်လိုက်မယ်ဗျာ။
ကဲ ဒါဆိုရင်တော့ ကျွန်တော်တို့ဟတ်ထားတဲ့ဆိုဒ်ကနေ upload တင်ထားတဲ့ template url ကိုခေါ်မယ်။ www.someone.com/templates/1sr_first/index.php ပေါ့နော်။ In my case, http://www.billykueek.com/templates/1sr_first/index.php ဒီလိုလေးဖြစ်သွားမှာပေါ့နော်။ :D
ကဲ ဒါဆိုရင် shell ကိုမြင်ရပါပြီ။ Deface တင်လို့ရပါပြီ။ method 1 done!
Method 2: Global Configuration
ဒီနည်းလမ်းကတော့ အပေါ်ကလိုမရှုပ်ဘူးပေါ့နော်။ ပြောရရင် shell file ကို direct upload တင်ပြီးလုပ်တဲ့နည်းဖြစ်ပါတယ်။ ထုံးစံအတိုင်း admin login ကနေ ဝင်လိုက်မယ်ဗျာ။ ပြီးရင် Site>Global Configuration ဆိုတာကိုသွားပါ။ အဲဒီထဲကမှ System ကိုရွေးလိုက်ပါ။
Click System just like this :D
System ထဲမှာ ကျွန်တော်တို့ Media Setting ကိုရှာပြီး Legal Extension (File Type) နေရာမှာ php တစ်ခုကိုပဲထည့်လိုက်ပါ။ အခြား pdf, doc, bmp ဘာညာတွေ့ရင် ဖျက်ပြီး php ပဲထည့်လိုက်။ ပြီးရင် အောက်နားလေးက Restrict Upload နေရာမှာ Yes ကနေ No ပြောင်း။
ကဲ အဲဒါချိန်ပြီးသွားရင် အပေါ်ညာဘက်နားလေးမှာ Apply/Save ဆိုတာရှိတယ်။ Save လုပ်လိုက်ပေါ့ဗျာ။
ပြီးရင် Media Manager ဆီကိုပြန်လာမယ်။ အဲဒါကိုကလစ်လိုက်မယ်။
ဒါဆိုရင် Media Folder အောက်မှာ upload တင်စရာတစ်ခုတွေ့လာပါမယ်။ အဲဒီကနေ shell ကို တင်လို့ရပါပြီ။
ကဲ ဒါဆိုရင် မိမိ upload တင်ထားတဲ့ shell link ကိုခေါ်လို့ရပါပြီ။ www.someone.com/images/yourshellname.php ဆိုပြီး။ method 2 done!.
Method 3: Editing Template Manager
ဒီးနည်းကလည်း အလွယ်နည်းပါပဲ။ ပြောရရင် Template ကနေ index.php ကို deface code အစားထိုးလိုက်တာပါပဲ။ အီး...ဒီပို့စ်ရေးနေတုန်းမှာပဲ IP Ban လိုက်တာလားမသိဘူး။ ဝင်လို့မရတော့ဘူးဗျာ။ Screenshot သေချာမရိုက်ထားသေးတော့ အပြည့်အစုံကို နောက်မှ ပို့စ်ထပ်ရေးပြီး ပြန်တင်ပေးပါတော့မယ်။ ဒါပေမယ့် ဒုတိယနည်းနဲ့ဆို ရပါပြီ။ လွယ်လွယ်ကူကူ shell တင်တတ်သွားမှာပါ။ နောက်ထပ်နည်း 3 ခုလောက်ရှိပါသေးတယ်။ ဒါပေမယ့် လောလောဆယ်တော့ မရတော့ဘူးဗျာ။ IP မချိန်းချင်တော့တာရယ် အချိန်ကလည်း သိပ်မရှိတော့တာရယ်ကြောင့် So sorry :(
Comming soon!! :D
Special Thanks to: $0m30n3 [MHU]
Read more »