အားလုံးလည်းသိထားပြီးဖြစ်မှာပါ. ဟိုတလောက မက်ဇူကာအကောင့်လည်း အဟတ်ခံရတယ်ဆိုတာ။ အဟတ်ခံတယ်ဆိုပေမယ့် အကောင့် pass တွေလုံးဝရသွားတာမျိုးတော့မဟုတ်ပါဘူး။ သူ့ရဲ့ facebook Timeline ပေါ်ကို အကောင့်ပိုင်ရှင်ဝင်ရေးသလိုမျိုးရေးသွားနိုင်ခဲ့တာပါ။ အကောင့်ပိုင်ရှင်ရေးသလိုမျိုးဆိုတော့ ဟတ်တာပါပဲ။ ဒီတော့ ဟတ်ခဲ့တဲ့ကောင်က ပလက်စတိုင်းက Khalil ဆိုတဲ့ဟတ်ကာပါပဲ။ အမှန်တယ်ဆို အဲဒီအတွက် သူ့ဆုကြေးရခဲ့သင့်ပေမယ့် Facebok ရဲ့ Term နဲ့ငြိနေတယ်ဆိုပြီး မရခဲ့ပါဘူး။ သူလုပ်သွားတာ ဘာမှခက်ခက်ခဲခဲမလုပ်လိုက်ရဘူး။ တကယ်ကိုလွယ်ကူတဲ့နည်းပါပဲ။ ဒါပေမယ့် သူအရင်တွေ့သွားတော့ နာမည်ကြီးသွားပါတယ်။ ဘယ်လိုလုပ်ခဲ့တာလဲ။
မိမိ Facebook ရဲ့ Timeline ကိုသွားပြီး status တစ်ခုရေးလိုက်ပါ။ ဒါပေမယ့် Post တော့မတင်သေးဘဲ Firefox, ဒါမှမဟုတ် အခြားဘရောက်ဆာတစ်ခုခုမှာ အောက်ကပုံအတိုင်းသွားလိုက်ပါ။ (ကျွန်တော်ထင်တာက firefox မှာဆို Menu>Web Developer>Inspector ထင်ပါတယ်။)
အဲဒီမှာ id တွေကိုမြင်ရပါမယ်။ အဲဒါက ကိုယ့်ရဲ့ id ပါ။ ကိုယ့် id ကို ကိုယ် target ထားတဲ့ အခြားအကောင့်ရဲ့ id နဲ့အစားထိုးလိုက်တာပါပဲ။ အလိုလို အဲဒီအကောင့်ကနေဝင်ရေးသလိုဖြစ်သွားပါမယ်။ ပြီးရင်တော့ မတင်ရသေးတဲ့ status ကို Post လုပ်လိုက်ရုံပါပဲ။ တကယ်ကို လွယ်တဲ့ vul တစ်ခုပါပဲ။ ဒါပေမယ့် အခုတော့ patch လုပ်လိုက်ပါပြီ။ စမ်းလို့ရမှာမဟုတ်တော့ပါဘူး။ :(
မှတ်ချက်။ သူများတွေဆီက ဆီလျော်အောင် ဘာသာပြန်ထားလိုက်သည်။ :P
ကျေးဇူးဗျို့ ကိုကြာနက် :P
ReplyDeleteကျေးဇူးတင်ပါတယ် ခင်မျာ အားပေးနေပါတယ်
ReplyDeleteကျေးဇူးတင်ပါတယ် ခင်မျာ အားပေးနေပါတယ်
ReplyDelete