8/16/2013

LFI-via-phpinput Tutorial by H1N1 (Myanmar Version)

တကယ်ကောင်းမွန်တဲ့ ပို့စ်တစ်ခုဖြစ်လာဖို့ဆိုတာ ထင်သလောက်မလွယ်ကူပါဘူး။ ဒီလိုစာအုပ်မျိုး ရေးနိုင်ဖို့ဆိုတာလည်း မလွယ်ကူပါဘူးဗျာ။ ကိုတုတ်ကွေးရဲစာအုပ်ကို ပြန်ရှယ်လိုက်ပါတယ်။
အခုလိုရေးပေးတဲ့ စာရေးသူတွေကို ကျွန်တော်တို့လို မတောက်တခေါက်သူတွေက ကျေးဇူးတင်ပါတယ်။ ဗဟုသုတအလိုငှာ ပြန်ရှယ်လိုက်ပါတယ်။ လိုချင်သူများ ဒေါင်းနိုင်ပါပြီ။ လင့်တွေအတွက် အခြား hosting site တွေကနေ အဆင်ပြေရင် ပြန်တင်ပေးပါမယ်။ လောလောဆယ်တော့ မူရင်းလင့်ကနေပဲ ညွန်းပေးလိုက်ပါတယ်။


Copy from: http://tokekway.blogspot.com/2013/08/lfi-via-phpinput-tutorial-by-h1n1-ebook.html
Read more »

What is Firewall?

Introduction to Firewall

ကျွန်တော်တို့ ကျောင်းတွေမှာ ဒါမှမဟုတ် ရုံးခန်းတွေမှာ အင်တာနက် အသုံးပြုတဲ့အခါမှာ အချို့  website (အထူးသဖြင့်  social site တွေဖြစ်တဲ့ Facebook တို့  Twitter တို့ ) တွေကို အသုံးပြုလို့ မရပါဘူး။
အဲ့လို အသုံးပြုလို့ မရအောင် Firewall ကို အသုံးပြုပြီး block ထားကြတာပါ။ နောက်ပြီးတော့ Firewall ဟာ Hacker တွေရဲ့ ရန်ကလည်း ကာကွယ်ပေးပါတယ် (၁၀၀% တော့မဟုတ်ဘူးဗျ.. ဘာလို့ လဲဆိုတော့ firewall ကို ဖောက်လို့ ရတဲ့ နည်းတွေအများကြီးရှိလို့  :P)
ကဲ ဒါဖြင့် Firewall ဆိုတာ ဘာလဲ သိဖို့ ဆက်လေ့လာလိုက်ရအောင်............

What is Firewall?

Firewall ကို ဥပမာပေးပြီးပြောရမယ်ဆိုရင် ဘာနဲ့ တူလဲဆိုတော့ ရုံးခန်း အပြင်ဘက်မှာ စောင့်တဲ့ လုံခြုံရေးဝန်ထမ်း နဲ့ တူတယ်လို့ ပြောလို့ ရတယ်ဗျ။
အဲ့ ရုံးခန်းက လုံခြုံရေး ၀န်ထမ်းတွေ ရဲ့ တာဝန်က ဘာလဲ ဆိုတာ အားလုံးသိကြတဲ့အတိုင်းပဲ ID card အထောက်အထားပြ နိုင်တဲ့သူကို တော့ ရုံးခန်းထဲ ပေးဝင်တယ် ID အထောက်အထားမပြနိုင်တဲ့ သူတွေကိုတော့ block လုပ်ထားပေးတယ်။ အဲ့သဘောတရားအတိုင်းပဲ Firewall ဟာ System ထဲကို ၀င်လာမယ့် unauthorized access တွေကို block လုပ်ပေးထားပါတယ်။
Firewall ဟာ Software လဲဖြစ်နိုင်သလို Hardware လဲဖြစ်နိုင်ပါတယ်။ သူက Administrator က define လုပ်လိုက်တဲ့ rule တွေအတိုင် set လုပ်ပြီးတော့ အလုပ်လုပ်ပါတယ်။ Firewall Administrator ကို အသုံးပြုပြီးတော့ website တစ်ခုချင်းစီကို access လုပ်လို့ မရအောင် block လို့ ရပါတယ်။

- Traffic အားလုံ ( အ၀င်၊အထွက် ) ဟာ Firewall ကို ဖြတ်ပြီးသွားရပါတယ်။
- Admin က authorized ပေးတဲ့ traffic ပဲ ပေးဖြတ်ပါတယ်။ မဟုတ်ရင်တော့ block လုပ်လိုက်ပါတယ်။

Types of Firewall

  •  Packet Filtering
  •  Appliction level gate way
  •  Circuit level gate way

Packet Filtering ( Network Layer )

Packet Filtering Router ဟာ  incoming IP တစ်ခုချင်းစီကို admin က set လုပ်ထားတဲ့ rules တွေကို apply လုပ်ပါတယ်။ ပြီးတော့မှ forward လုပ်သင့်တာကို လုပ် discard လုပ်သင့်တာကို လုပ်တာပါ။ Router ကို အ၀င်အထွက်တွေအတွက် filter လုပ်ဖို့  config လုပ်ထားတဲ့သဘောပါပဲ။
ဒီ Packet Filtering မှာအဓိက သတိထားရမှာက IP Spoofing Attack ပါပဲ။ ဘယ်လို achieved လုပ်သွားလဲဆိုတော့ packet ရဲ့ IP source ကို change လုပ်ပြီး achieved လုပ်သွားတာပါ။

Appliction level gate way

ဒါကို proxy server လို့ လည်း လူသိများပါတယ်။ user က  TCP/IP layer ကို အသုံးပြုပြီးတော့ gateway နဲ communicate လုပ်တာပါ။ Gateway က connect လုပ်မယ့် remote host ရဲ့ နာမည်ကို မေးပါလိမ့်မယ်။
User ကသာ valid ဖြစ်တဲ့ user ID ကို ထည့်လိုက်မယ်ဆိုရင် Gateway ကနေပြီးတော့ remote access ပြန်ပေးပါလိမ့်မယ်။
Packet Filtering နည်းထက်ပို ပြီး လုံခြုံမှုရှိပါတယ်။ incoming traffic တွေကို အလွယ်တကူ audit လုပ်လို့ ရပါတယ်။ Application-level filtering မှာ spam, virus တွေကို လည်းကာကွယ်ပေးပါတယ်။

Circuit level gate way

Circuit level gate way  ကတော့ OSI model တွေရဲ့ session layer မှာ အလုပ်လုပ်ပါတယ်။ Monitor TCP နဲ့ packets တွေကို legitimate ဖြစ်အောင် လုပ်ပေးပါတယ်။ Traffic filter ကတော့ session rules တွေပေါ်မှာပဲ အခြေခံပါတယ်။
Circuit-level firewalls မှာတော့ network ကို hide လုပ်ပေးထားပါတယ်။ ဒီကောင်က denying access လုပ်တဲ့အခါမှာ အသုံးဝင်ပါတယ်။ ဒါပေမယ့် packet တစ်ခုချင်းစီကိုတော့ filter မလုပ်သင့်ပါဘူး။

Why Firewall?


Firewall ဟာ unauthorized users တွေကို block လုပ်ပေးပါတယ်။ network ထဲကို vulnerable services တွေ prohibits လုပ်ပေးပါတယ်။
IP spoofing နဲ့ routing attack တွေရန်ကနေ ကာကွယ်ပေးပါတယ်။
Remote login, Trojan backdoors, Session hijacking, cookie stealing စတာတွေကိုလည်း ကာကွယ်ပေးပါတယ်။
ဒါတွေကြောင့် Firewall ကို အသုံးပြုနေကြတာပါ။

Limitation of Firewalls

Firewall ဟာ  by pass firewall attack method ကို မကာကွယ်ပေးနိုင်ပါဘူး။
internal threats တွေကိုလည်း မကာကွယ်ပေးနိုင်ပါဘူး။
virus infected ဖြစ်နေတဲ့ progams (or) files ကို transfer လုပ်ခြင်းကိုလည်းမကာကွယ်နိုင်ပါဘူး။
 
ပို့စ်ကောင်းကောင်းလေးတစ်ခုဖြစ်ဖို့ ရေးရတာမလွယ်ပါဘူး။ ဒါကြောင့် Ko Apha ကို credit အကြီးကြီးပေးပါတယ်ဗျာ။ :D

Copy from: http://koalpha.blogspot.com/2013/07/what-is-firewall.html
Read more »

8/14/2013

My Favorite Hosting Sites

 
ကျွန်တော်သဘောကျမိတဲ့ free hosting site တွေကို ဖော်ပြလိုက်ပါတယ်။ ကျွန်တော်လက်ရှိသုံးနေတဲ့ file sharing site တွေပါ။ ဘလော့ဂါတွေအတွက် file hosting တွေအများကြီးရှိတဲ့ထဲက free ရတဲ့ဟာတွေပေါ့။ အလကားရတယ်ဆိုတော့ အချို့ဟာတွေက သုံးရင် မကောင်းတဲ့အချက်တွေလည်းပါပါတယ်။ အောက်မှာ အကောင်းဆုံးဖြစ်မယ်ထင်တဲ့ hosting လေးတွေကို စုစည်းဖော်ပြလိုက်ပါတယ်။
Read more »

8/13/2013

Botnet Collection

Botnet တွေစုထားထားတဲ့ဖိုင်လေးကို ပြန်ရှယ်လိုက်ပါတယ်။ ကျွန်တော်တို့ DDoS တိုက်တဲ့အခါ အဆင့်မြင့်တိုက်ခိုက်နည်းကို အသုံးပြုရင် လူအင်အားတွေသိပ်မလိုပါဘူး။ botnet လေးတွေကို ဖန်တီးပြီး တစ်ကမ္ဘာလုံးက ကွန်ပျူတာတွေဆီကို ကိုယ့်ရဲ့ script တွေကို affect ဖြစ်စေပြီးတော့ တိုက်ခိုက်ရင် လူမလိုဘဲ Zoombie PC တွေနဲ့ ddos attack လုပ်နိုင်ပါတယ်။ နောက်မှ Botnet အကြောင်းသေချာရေးပါအုံးမယ်။ သူနဲ့ပတ်သက်တဲ့ မြန်မာလိုစာအုပ်တွေလည်း ရှိပါတယ်။ ရှာပြီးတော့ ဖတ်ပေါ့။ အသေးစိတ်သိချင်ရင်။
file size: 44 MB
Read more »

Turbinas_VolkS1.0

Turbinas_VolkS1.0

DDoS Attacking Tools
File Size: 1.2 MB
Download:
Read more »

ByteDOS v3.2

ကျွန်တော်ဆိုဒ်မှာမရှိသေးတာနဲ့ တင်ပေးလိုက်ပါတယ်။ ddos attack tool လေးတစ်ခုပါ။ ဘယ်လိုသုံးရတယ်ဆိုတာ မပြောတော့ဘူးနော်။ ဒေါင်းပြီးတော့သာ ကိုယ့်ဘာသာကိုယ့် စမ်းကြည့်ပါ။
ဖိုင်ဆိုဒ်ကလည်း သေးသေးလေးပါပဲ။ အဆင်ပြေကြပါစေ။ Min Soe Yar Sar ကနေပြန်ရှယ်ထားတာပါ။

Read more »

Cpanel Attacker

Cpanel Attacker တဲ့။ ကျွန်တော်ကတော့ မသုံးဖူးပါဘူး။ ဟက်ကာတွေတော့ ယူထားကြပေါ့ဗျာ။ မသုံးဖူးတော့ ဘယ်နေရာမှာ သုံးနိုင်တာလဲ သေချာမပြောပြနိုင်တာ နည်းလည်ပေးပါ။ ကျွန်တော်အထင် တစ်နေရာရာမှာတော့ အသုံးဝင်လိမ့်မယ်ဗျ။ ဟီး။ ဖိုင်ဆိုဒ်ကလည်း သေးသေးလေးပါပဲ။ စမ်းကြည့်ဖို့ ဒေါင်းယူနိုင်ပါပြီ။ အဆင်ပြေကြပါစေဗျာ။ :D

Password: www.soesoediary.org
Download: Box Mirrorcreator
Read more »

8/12/2013

ကြောက်မက်ဖွယ် XKeyscore

တကယ်လို့ သင့် Email, IM, Browsing history တွေကအစ အင်တာနက်မှာ မိမိပြုလုပ်သမျှ Activity တွေကို စောင့်ကြည့်နေတယ်ဆိုတာ သိရင် ရှော့ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒါကတော့ ဟိုတလောက နာမည်ကြီး အမေရိကန်စုံထောက်ဟောင်း စနိုဒန်ရဲ့  လူထုကြားကို ဖွင့်ချခဲ့တဲ့ NSA ရဲ့ XKeyscore ဆိုတဲ့ ပရော့ဂျက်အစိတ်အပိုင်းပါ။ NSA က သင့် Email အကောင့်ကိုစစ်ဆေးဖို့ ဝရမ်းလည်းထုတ်စရာမလိုဘဲ သင့်ရဲ့ activity တွေအားလုံးကိုစောင့်ကြည့်နိုင်ပါသတဲ့။ သင့်အနေနဲ့ http နဲ့ပဲဖြစ်စေ https နဲ့ပဲဖြစ်စေ လုံခြုံမှုမရှိနိုင်ပါဘူးတဲ့။ ဘုရားဘုရား တော်တော်ကို ကြောက်စရာကောင်းနေပါပြီ။ ဒီသတင်းဟာ Edward Snowden ရဲ့  the Guardian newspaper မှာဖွင့်ချလိုက်တဲ့သတင်းကနေလာတာပါ။ NSA အနေနဲ့လည်း XKeyscore ဆိုတာရှိကြောင်းဝန်ခံသွားပါတယ်။ သူတို့ကတော့ အထူးထိန်းချုပ်မှုရဲ့အောက်မှာ check and balance ဖြစ်အောင် လုပ်ထားပါတယ်လို့ပြောပေမယ့် တကယ်လို့မှ သူတို့ပြောသလိုမဖြစ်ခဲ့ရင် ကျွန်တော်တို့ အင်တာနက်မှာ မလုံခြုံတော့ပါဘူး။




XKeyscore မှာ ဆာဗာပေါင်း 700 နဲ့လည်ပတ်ထားပါတယ်။ သူ့ရဲ့ OS က Linux ပါ။ ကမ္ဘာတစ်ဝန်းမှာ နေရာပေါင်း 150 ထက်မက XKeyscore ဆာဗာတွေတည်ရှိနေပြီး အချိန်နဲ့အပြေးညီ information တွေကို NSA ရဲ့ဒေတာဘေ့စ်မှာ indexing လုပ်နေပါသတဲ့။
ဆာဗာအနေနဲ့ အင်တာနက်ပေါ်ကအကြောင်းအရာတွေကို ကြားဝင်ဖမ်းယူခြင်း data တွေကို analysis လုပ်ပေးခြင်း စတာတွေလုပ်ပေးနိုင်တယ်လို့ဆိုပါတယ်။။ XKeyscore အနေနဲ့ Gmail ကနေဘယ်သူပို့တာ ဘယ်သူကလက်ခံသူဆိုတာ သိစရာမလိုဘဲ Body Text မှာပါဝင်တဲ့စာသားတွေကို http packet sniffing
နည်းနဲ့ ဖော်ထုတ်နိုင်မှာဖြစ်ပါတယ်။ ဒီနည်းလမ်းတွေကိုအသုံးပြုပြီး 2008 ခုနှစ်တုန်းက အကြမ်းဖက်မှုတွေကို ဖော်ထုတ်နိုင်ခဲ့တာဖြစ်ပါသတဲ့။ NSA က ဘာကြောင့် XKeyscore လို https ကို ကျော်ဖြတ်နိုင်တဲ့နည်းတွေကို ဖန်တီးလိုက်တာလဲ။ ဒီလိုသာဆိုရင် https, PGP, VPN တွေက
လုံခြုံမှုမရှိနိုင်တော့ပါဘူး။ အဲလိုသာဆို ကျွန်တော်တို့ဟာ အနောက်နိုင်ငံများရဲ့ ခွင့်ပြုချက်မရဘဲနဲ့ အင်တာနက်မှာ လုံခြုံစွာ Facebook တွေသုံးဖို့ဆိုတာ စဉ်းစားစရာတွေဖြစ်လာပါပြီ။ :D

မှတ်ချက်။ အချို့သော Technical Tern များပါတဲ့စာကြောင်းရေများကို ဖယ်ထုတ်ပြီး ဆောင်းပါးပုံစံ နားလည်လွယ်အောင် ဘာသာပြန်လိုက်တာပါ။ မူရင်းဆောင်းပါးကိုဒီနေရာမှာ အပြည့်အစုံဖတ်နိုင်ပါတယ်။



http://www.extremetech.com/extreme/162739-xkeyscore-the-nsa-program-that-collects-nearly-everything-that-you-do-on-the-internet
Read more »

Good Bye Windows XP

ကျွန်တော်တို့ရဲ့ အချစ်တော် Microsoft က Windows XP ကို Support လုပ်ခြင်း ရပ်လိုက်ပါပြီ။ ဆယ်စုနှစ်တစ်ခုစာ လွမ်းမိုးထားတဲ့ Windows XP ဆိုရင် အခုဆို Good Bye လို့နုတ်ဆက်ရတော့မှာပါ။ ဒါကို Microsoft က August 8 ရက်နေ့က တရားဝင်ကြေငြာလိုက်တာပဲဖြစ်ပါတယ်။ ပြောရရင် Windows XP ဆိုတာ သက်တမ်းအကြာဆုံး လူကြိုက်အများဆုံး OS တစ်ခုပါပဲ။ ဒါပေမယ့် အခုတော့ Vul တွေအများကြီးရှိနေပြီပဲ။ :D Windows XP ကိုအခုတော့ အနားပေးလိုက်ပြီးနောက် မိုက်ခရိုဆော့က users တွေကို Windows 8 ကိုပြောင်းလဲကြဖို့ တိုက်တွန်းထားပါတယ်။ တချိန်တခါတုန်းက ကျွန်တော်တို့ အသည်းစွဲဖြစ်ခဲ့တဲ့ Windows XP ကိုအခုတော့ လက်ဆွဲနုတ်ဆက်လိုက်ကြရတော့မှာပါ။ တကယ်လို့ သင့်မှာ Windows XP ကိုသွင်းထားသေးတယ်ဆိုရင် Windows 7 ဒါမှမဟုတ် Windows 8 ကိုသာပြောင်းလဲကြပါတော့။ :D

Ref: Techbeat
Read more »

8/10/2013

How To Change Favicon

မိမိတို့ဘလော့မှာ Blogger က Default Favicon ကြီးက ကြည့်ရတာ မျက်စိထဲမှာ Cross ပြနေသလိုပါပဲ။ ကဲ အဲဒါကို ကျွန်တော်တို့ လိုချင်တဲ့ ပုံစံပြောင်းရအောင်။ အလွယ်ကူဆုံး မိမိအကြိုက်ဆုံး ပုံကိုပဲတင်ပြီးပြောင်းပါမယ်။ ကျွန်တော်ဘလော့မှာတော့ Linux Logo လေးနဲ့ပြောင်းထားပါတယ်။ ကိုယ်က Photoshop တွေ Flash effect တွေပိုင်ရင်တော့ အလန်းလေးတွေနဲ့လုပ်လို့ရတာပေါ့နော်။ ထားပါတော့။
ဒါကို ဘလော့ဂါတော်တော်များများကတော့ သိပြီးသားပါ။ သိပြီးသားတွေကတော့ ကျော်သွားပေါ့နော်။ ခုမှ ဘလော့စရေးတဲ့ သူတွေအတွက်ရည်ရွယ်လိုရင်းဖြစ်ပါတယ်။ ဒါက ကျွန်တော်ပြောင်းထားတဲ့ နမူနာပေါ့။

တကယ်လို့ မပြောင်းထားဘူးဆိုရင် Default အနေနဲ့က အောက်ကပုံလိုပဲရှိနေမှာပါ။ :D
 ကဲ စရအောင် အရင်ဆုံး ကိုယ်ထည့်ချင်တဲ့ပုံကို ယူလိုက်မယ်။ ကျွန်တော်ကတော့ နိုင်ငံတော်အလံပုံကိုယူထားလိုက်ပါတယ်။ ပြီးရင် http://www.favicon.cc/ ကိုသွားလိုက်ပါတယ်။ Import Image ကနေ ကိုယ်တင်ချင်တဲ့ပုံကို Upload တင်ပေးလိုက်ပါတယ်။ ပြီးတာနဲ့ Download Favicon လုပ်ပြီး ဒေါင်းလိုက်ပေါ့။
ဒေါင်းလိုက်ရင် favicon.ico ဆိုတဲ့ဖိုင်ရပါမယ်။ အဲဒီဖိုင်ကို upload ပြန်ဖို့ Blogger>Dashboard>Layout ကိုသွားပါ။ အပေါ်ဆုံးနားမှာ Favicon ဆိုတာတွေ့ပါမယ်။ ဘေးက Edit ဆိုတာကိုကလစ်လိုက်ပါ။
အဲဒီကနေမှ Edit ကိုကလစ်လိုက်ရင် Choose File ကနေတဆင့် ခုနကဒေါင်းထားတဲ့ favicon.ico ဖိုင်ကိုရွေးပေးလိုက်ပါ။ ပြီးရင် Save ပေးလိုက်ပေါ့ဗျာ။ ဒါဆိုရင် ရပါပြီ။
ဒီပို့စ်ရေးနေချိန်မှာတော့ ချက်ချင်း Effect မဖြစ်သေးလို့ နမူနာ အနေနဲ့ ဆိုဒ်တစ်ခုကနေပဲ ပြလိုက်ပါတယ်။ Browser ကို Restart ချပေးရင်တော့ ကိုယ်တင်ထားတဲ့ Favicon ကိုတွေ့ရမှာပါ။ 


Read more »

DriverPack Solution 13 R320 Final Full Version

 
Driver Pack Solution ဆိုတာတကယ့်ကို လက်စွဲတော် Driver Collection ကောင်းတစ်ခုပါပဲ။ ကျွန်တော်ဆီမှာ အရင်က DVD ခွေတစ်ခွေဝယ်ထားပါတယ်။ ဗားရှင်း 12 ထင်တယ်။ တော်တော်ကောင်းပါတယ်။ Service ဆိုင်ကလူတွေကတော့ ဆောင်ထားကြမှာပါ။ တချို့ Driver တွေက Windows က မသိဘူးဖြစ်နေတတ်ပါတယ်။ ကျွန်တော်ကျောင်းသားဘဝတုန်းက Desktop တစ်လုံးဆိုရင် အဘဘိုးတော်ခေတ်က ပီစီဆိုတော့ သူ့အတွက် Driver က ရှားတယ်လေ။ တော်တော်များများတော့ အခုနောက်ပိုင်းကွန်ပျူတာကို Windows ကတစ်ခါတည်းတင်ပေးသွားတာများပါတယ်။ အဲ ကံအကြောင်းမလှလို့ မပါလာခဲ့ရင် အဆင်မပြေခဲ့ရင် ဒီကောင်နဲ့သာ ကင်လိုက်ဗျာ။ File Size ကတော့ ထုံးစံအတိုင်းပဲ များတယ်ဗျို့။
 ....Link...
Read more »

8/09/2013

USB Disk Security 6.2.0.123

 
Update Version လေးတွေ့လို့ တင်ပေးလိုက်ပါတယ်။ မရှိသေးသူများ မသွားနိုင်ပါပြီ။ Crack File ပါတစ်ခါတည်းပါတယ်။ virus တွေရန်က ကာကွယ်နိုင်အောင် USB Disk Security 6.2.0.123 ကိုတင်ပေးလိုက်ပါတယ်။ အဆင်ပြေကြပါစေ။
Download: USB Disk Security
Read more »

Lightning Browser v2.4.3

Android မှာသုံးတဲ့ Browser လေးပါပဲ။ ဆိုဒ်တော်တော်များများမှာတင်ထားတာတွေ့လို့ ကျွန်တော်လည်း စမ်းကြည့်တာမဆိုးဘူးဗျ။ ဖိုင်ဆိုဒ်ကလည်းသေးသေးလေးရယ်။ Android အတွက် Firefox က 17 MB လောက်ရှိတယ်။ဒီကောင်လေးက သေးသေးလေးနဲ့ မြန်လည်းမြန်တယ်ဆိုတော့ ဆောင်ထားသင့်ပါတယ်။
ကျွန်တော်ကတော့ ဖိုင်ကို ကိုယ်ပိုင်လင့်ကနေပြန်တင်ပေးထားပါတယ်။ အဆင်ပြေကြပါစေဗျာ။

Read more »

Power ISO 5.7 [Full Crack]

Update version လေးတွေ့လို့ တင်ပေးလိုက်ပါတယ်။ ဒီကောင်းလေးရဲ့ အသုံးဝင်မှုကတော့ အများကြီးပါပဲ။ ကဲ လိုချင်သူများမနိုင်ပါပြီ။ Full Version ဖြစ်အောင် Keygen လေးတွေပါ ထည့်ပေးထားပါတယ်။ အဆင်ပြေပါစေဗျာ။ တကယ်လို့ လင့်တွေသေခဲ့ရင်လည်း ကျွန်တော်ကို ပြန်ပြောဖို့ မမေ့နဲ့အုံးဗျ။

Read more »