8/10/2013

How To Change Favicon

မိမိတို့ဘလော့မှာ Blogger က Default Favicon ကြီးက ကြည့်ရတာ မျက်စိထဲမှာ Cross ပြနေသလိုပါပဲ။ ကဲ အဲဒါကို ကျွန်တော်တို့ လိုချင်တဲ့ ပုံစံပြောင်းရအောင်။ အလွယ်ကူဆုံး မိမိအကြိုက်ဆုံး ပုံကိုပဲတင်ပြီးပြောင်းပါမယ်။ ကျွန်တော်ဘလော့မှာတော့ Linux Logo လေးနဲ့ပြောင်းထားပါတယ်။ ကိုယ်က Photoshop တွေ Flash effect တွေပိုင်ရင်တော့ အလန်းလေးတွေနဲ့လုပ်လို့ရတာပေါ့နော်။ ထားပါတော့။
ဒါကို ဘလော့ဂါတော်တော်များများကတော့ သိပြီးသားပါ။ သိပြီးသားတွေကတော့ ကျော်သွားပေါ့နော်။ ခုမှ ဘလော့စရေးတဲ့ သူတွေအတွက်ရည်ရွယ်လိုရင်းဖြစ်ပါတယ်။ ဒါက ကျွန်တော်ပြောင်းထားတဲ့ နမူနာပေါ့။

တကယ်လို့ မပြောင်းထားဘူးဆိုရင် Default အနေနဲ့က အောက်ကပုံလိုပဲရှိနေမှာပါ။ :D
 ကဲ စရအောင် အရင်ဆုံး ကိုယ်ထည့်ချင်တဲ့ပုံကို ယူလိုက်မယ်။ ကျွန်တော်ကတော့ နိုင်ငံတော်အလံပုံကိုယူထားလိုက်ပါတယ်။ ပြီးရင် http://www.favicon.cc/ ကိုသွားလိုက်ပါတယ်။ Import Image ကနေ ကိုယ်တင်ချင်တဲ့ပုံကို Upload တင်ပေးလိုက်ပါတယ်။ ပြီးတာနဲ့ Download Favicon လုပ်ပြီး ဒေါင်းလိုက်ပေါ့။
ဒေါင်းလိုက်ရင် favicon.ico ဆိုတဲ့ဖိုင်ရပါမယ်။ အဲဒီဖိုင်ကို upload ပြန်ဖို့ Blogger>Dashboard>Layout ကိုသွားပါ။ အပေါ်ဆုံးနားမှာ Favicon ဆိုတာတွေ့ပါမယ်။ ဘေးက Edit ဆိုတာကိုကလစ်လိုက်ပါ။
အဲဒီကနေမှ Edit ကိုကလစ်လိုက်ရင် Choose File ကနေတဆင့် ခုနကဒေါင်းထားတဲ့ favicon.ico ဖိုင်ကိုရွေးပေးလိုက်ပါ။ ပြီးရင် Save ပေးလိုက်ပေါ့ဗျာ။ ဒါဆိုရင် ရပါပြီ။
ဒီပို့စ်ရေးနေချိန်မှာတော့ ချက်ချင်း Effect မဖြစ်သေးလို့ နမူနာ အနေနဲ့ ဆိုဒ်တစ်ခုကနေပဲ ပြလိုက်ပါတယ်။ Browser ကို Restart ချပေးရင်တော့ ကိုယ်တင်ထားတဲ့ Favicon ကိုတွေ့ရမှာပါ။ 


No comments:

Post a Comment

If you good, i don't bad. if you think you can bark me, I think i can also fuck you. I'm just ordinary person. Is that OK? :)