8/09/2013

AutoCAD 2013 [Crack Full Version]

AutoCAD 2013 ဆိုတော့ Engineering သမားတွေဒေါင်းပေါ့နော်။ အထူးသဖြင့် Mechanical Engineering တွေရယ်၊ Civil Engineering တွေပေါ့။ ဒီကောင်က Windows Vista, Windows 7, Windows 8 ထိ Support လုပ်ပါတယ်။ အဓိကကတော့ Design လုပ်ဖို့လုပ်ထားတဲ့ ဆော့ဝဲလ်ပါပဲ။ အကျယ်မပြောတော့ပါ။ 32 Bit Version ရော 64 Bit version အတွက်ပါပါတယ်။ ကိုယ်နဲ့အဆင်ပြေမယ့် Version ကိုအရင်ဒေါင်းပါ။ အနည်းဆုံး 1 GB နီးပါးရှိပါတယ်။ ပြီးရင် ကျွန်တော်တင်ပေးတဲ့ Crack file လေးနဲ့ဆိုရင် Full Version ရပါပြီ။ အဆင်ပြေကြပါစေဗျာ။

AutoCAD 2013 Download:

Read more »

Sniper 2 Ghost Warrior [Full PC Game]

ဒီဂိမ်းကိုတင်ပေးချင်နေတာကြာပါပြီ။ အဲဒါနဲ့ ကိုယ်တွေက mediafire pro account တွေလည်းမဝယ်နိုင်၊ ကွန်နက်ရှင်ကလည်း စုတ်နေတော့ Google မှာပဲ သူများတွေတင်ထားတဲ့ Link တွေကိုမြေလှန်ရှာရတာပေါ့။ အဲဒီအတွက်နဲ့ အချိန်တွေကုန်ခဲ့တာလည်းမနည်းပါဘူး။ အခုကျွန်တော်တွေ့တဲ့ဆိုဒ်က လင့်တွေအားလုံး အလုပ်ဖြစ်တာတွေ့ရလို့ ပြန်ရှယ်ပေးလိုက်ပါတယ်။ ကျွန်တော်လည်းအခုမှ စဒေါင်းမှာပါ။ အပိုင်း 5 ပိုင်းပါတယ်။ တစ်ပိုင်းစီကို 0.9 GB ပါ။ နောက်ဆုံးအပိုင်းကတော့ 500 MB ရှိမယ်။ ဒီတော့ ဖိုင်အားလုံးပေါင်းလိုက်ရင် အနည်းဆုံး 4 GB ကျော်လောက်တော့ရှိမယ်ဗျာ။ ဆော့ချင်တယ်ဆိုရင်တော့ စမ်းရမှာပဲလေ။ ကျွန်တော်လည်းအခုမှ စပြီးဒေါင်းမှာဆိုတော့ တကယ်လို့အကြောင်းအမျိုးမျိုးကြောင့် Setup file အဆင်မပြေဖြစ်ခဲ့ရင် နားလည်ပေးပါ။ ဒီဂိမ်းကို နှစ်သက်သူများကတော့ အတူတူဒေါင်းကြတာပေါ့ဗျာ။ 4 GB ဆိုတော့ ကျွန်တော်ထင်တယ် တစ်လလောက်တော့ ဒေါင်းရလိမ့်မယ်။ ခင်ဗျားတို့ ကွန်နက်ရှင်က လန်ထွက်နေရင်တော့ အဲလောက်မကြာလောက်ပါဘူး။ မဒေါင်းခင် ဂိမ်း Info နဲ့ System Requirement ကိုလည်းစစ်ဆေးကြည့်ပါအုံး။ ကိုက်ညီတယ်ဆိုရင် ကဲ စဒေါင်းမယ်ဗျာ။ :(

Title: Sniper Ghost Warrior 2 | PC | PS3 | Xbox 360
Developer: City Interactive
Publisher: City Interactive
Genre: Action
Platform: PC | PS3 | Xbox 360
Release Date: 13 March 2013
Language: English  

Minimum System Requirements:
* Operating System: Windows XP / Windows Vista / Windows 7 / 8
* Processor: Intel Core i3 @ 2.4 GHz or higher
* Memory: 1 GB of RAM (2 GB for Vista & Win 7 / 8)
* Graphics Card: 512 MB (Nvidia GeForce 7900) Pixel Shader 3.0
* Hard Disk: 8 GB free disk space
* Sound Card DirectX® compatible
* DirectX® 9.0
 

Download:




[ScreenShots]

Read more »

8/08/2013

Bagan Keyboard Pro v1.5

အားလုံးမျှော်လင့်နေတဲ့ Feature အသစ်တွေနဲ့ Bagan Keyboard Pro ကို Version 1.5 အနေနဲ့ Major Changes တွေ ပြုလုပ်ပြီး ထုတ်လုပ်လိုက်ပြီဖြစ်ပါတယ်ခင်ဗျာ။ အထူးခြားဆုံးအနေနဲ့ Jelly Bean စနစ်သုံး Devices တွေမှာ အရေး၊ အဖတ် နှစ်မျိုးလုံးအတွက် မြန်မာစာ ကို မှန်ကန်စွာမြင် ၊ ရိုက်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် မိမိရိုက်လိုက်တဲ့ Font ကိုလဲ အခြား Jelly Bean စနစ်သုံး Devices တွေမှာလဲ မှန်ကန်စွာမြင်ရမှာဖြစ်ပါတယ်။ Android 4.0 စနစ်နှင့်အထက်သုံး ဖုန်းများအတွက် အလွန် သုံးသင့်သော Keyboard တစ်ခုဖြစ်ပါတယ်။ Bagan Keyboard Pro မူလ Version မှာ ပါတဲ့ အခြား မြန်မာ Keyboard တွေထက်ထူးခြားတဲ့ စာလုံးတွေကို ခန့်မှန်းပေးတဲ့ Auto Suggestion Sytem အပြင် ရရစ်၊ ရပင့်၊ ၀ဆွဲ၊ အောက်မြင့်တွေကို နေရာမှန်အောင် ပြုလုပ်ပေးတဲ့ Smart Zawgyi Feature (ဥပမာ။ ။ "နိုင်" ဟူသော စာလုံးကို ရိုက်လိုလျှင် "န" ရေးစရာမလိုပဲ မူလ "န" ကို "န" အဖြစ်သို့ ပြောင်းလဲပေးခြင်း)၊ စာရိုက်ရာမှာ မြန်ဆန်အောင် Shift Key နှိပ်စရာမလိုပဲ Keyboard Screen ကို Swipe Up လုပ်လိုက်ရုံနဲ့ Shift Key နှိပ်သကဲ့သို့ဖြစ်သွားနိုင်ခြင်း၊ အသုံးများသော စာလုံးများကို Shift Key နှိပ်စရာမလိုပဲ နှစ်ခါနှိပ်ပေးရုံဖြင့် စာလုံးပေါ်ခြင်း (ဥပမာ။ ။ "ဂ" ဟူသော စာလုံးကို ရိုက်လိုလျှင် "၈" ကို နှစ်ချက်နှိပ်လိုက်ပါက "ဂ" ဖြစ်သွားပါမည်။) Keyboard ၏ အလယ်ဗဟိုနေရာတွင်ရှိသော " ~ " Key သည် အဆင့် စာလုံးများကို ရေးရာတွင် အသုံးပြုရန်ဖြစ်ပါတယ်။ (ဥပမာ။ ။ "သတ္တိ" ဟူသော စာလုံးကို ရိုက်လိုလျှင် "သ + တ + ~ + တ + -ိ" ဟု ရိုက်လိုက်ပါက "သတ္တိ" ဖြစ်သွားပါမည်။) Keyboard ၏ အရောင်နှင့် Layout ကိုလဲ အနည်းငယ်ပြောင်းလဲထားပါတယ်။
ယခုကဲ့သို့ ထူးခြားသော Features များ၊ Android 4.0 အထက် မှန်ကန်အောင် ပြုလုပ်ထားသော Bagan Keyboard Pro Version ကို အခမဲ့ ဖြန့်ချိသွားမှာဖြစ်ပါတယ်။ (၂.၈၂၀၁၃ မှ ၄.၈.၂၀၁၃ အထိ) ကျင်းပမည့် Yangon ICT Fair တွင်လဲ အခမဲ့ ဖြန့်ချိသွားမည်ဖြစ်ပါတယ်ခင်ဗျာ။

Download


Bagan Innovation Technology ရဲ့ Facebook Page မှကူးယူဖော်ပြပါသည်။

Credit: http://www.bitmyanmar.com.mm/kanaung/bagankeyboard
Read more »

Super Computer များအကြောင်း

Super Computer တွေကို 1960 ပြည့်နှစ်တွေကစတင်ပြီးတော့ တည်ဆောက်ခဲ့ကြပါတယ်။ အဲဒီတုန်းကတော့ Processor တွေအနည်းငယ်နဲ့တည်ဆောက်ခဲ့ကြတာပါ။ ပထမဆုံး စူပါကွန်ပျူတာကတော့ CDC 6600 ဖြစ်ပါတယ်။ သူ့ကို 1960 ခုနှစ်မှာ Release လုပ်ခဲ့ပါတယ်။ 21 ရာစုမှာတော့ စူပါကွန်ပျူတာတွေကို အဆင့်ဆင့် Develop လုပ်ခဲ့တာ စူပါကွန်ပျူတာတွေရဲ့ processor speed ဟာ gigaflops ရှိရာကနေ teraflops, petaflops တွေအထိအဆင့်မြင့်လာပါတယ်။ flops ဆိုတာကတော့ Flot per second ဖြစ်ပြီး စူပါကွန်ပျုတာတွေရဲ့ Speed ကိုတိုင်းရာမှာသုံးတာပါ။ ပုံမှန်အားဖြင့် single-core 2.5 GHz processor တစ်လုံးဟာ 10 billion FLOPS= 10 GFLOPS နဲ့ညီမျှပါတယ်။ ဒါဆိုရင် သူရဲ့ Speed ကို ကျွန်တော်တို့ အကြမ်းဖျင်း ခန်းမှန်းနိုင်ပါပြီ။ 21 ရာစုရဲ့ ပထမဆုံး ဆယ်စုနှစ်ပွဲဦးထွက်မှာ Release လုပ်ခဲ့တဲ့ စူပါကွန်ပျူတာကတော့ System X ဖြစ်ပါတယ်။ သူရဲ့ Speed ကတော့ 12.25 Teraflops ဖြစ်ပါတယ်။ Apple ရဲ့ Power Mac G5 ကွန်ပျူတာအလုံးပါင်း 1100 နဲ့တည်ဆောက်ထားပါသတဲ့။ နောက်တော့ တရုတ်နိုင်ငံကလည်း စူပါကွန်ပျူတာတွေဘက်လှည့်လာပါတယ်။ တရုတ်နိုင်ငံရဲ့ ပထမဆုံးစူပါကွန်ပျုတာကတော့ Tianhe-I စူပါကွန်ပျုတာဖြစ်ပါတယ်။ သူရဲ့အမြန်နုန်းကတော့ 2.5 petaflop ဖြစ်ပါတယ်။ စူပါကွန်ပျူတာတွေတည်ဆောက်ခဲ့တဲ့ Company တွေကတော့ IBM, NEC Corporation, Intel, Hitachi, Fujitsu, စတဲ့ Company တွေပဲဖြစ်ပါတယ်။ စူပါကွန်ပျူတာမှာ Run တဲ့ OS တွေကတော့ Unix, Linux based တွေဖြစ်ပါသတဲ့။ စူပါကွန်ပျုတာတွေဆိုတဲ့ စွမ်းဆောင်ရည်ကတော့ မြင့်မားလှပါတယ်။ တစ်စက္ကန့်ကို အချက်အလက် ဘီလီယံထက်မကတဲ့ speed တွေနဲ့တွက်ချက်ပေးပါတယ်။ သူတို့ကို ဘယ်နေရာမှာသုံးမှာလဲဆိုတော့ Research လိုနေရာမျိုး။ Weather Forecast လုပ်တဲ့နေရာမျိုး၊ နောက်ပြီး Simulation လုပ်တဲ့ Lab တွေမှာပေါ့ဗျာ။ စွမ်းဆောင်ရည်မြင့်မားသလိုပဲ Power Consumption ကလေးမသေးပါဘူး။ တရုတ်နိုင်ငံရဲ့  Tianhe-1A ဟာဆိုရင် 4.04 Megawatts ထိသုံးစွဲပါသတဲ့။ 4.04 Megawatts ဆိုတာတော့ ကျွန်တော်တို့ နယ်မြို့ငယ်လေးတစ်ခုကို ဓါတ်အားပေးလို့ရတဲ့ ပမာဏပါပဲ။ 2013 ခုနှစ်မှာတော့ တရုတ်နိုင်ငံက အမေရိကန်နိုင်ငံရဲ့ အမြန်ဆုံး စူပါကွန်ပျုတာ Titan ကိုကျော်လွားပြီး ကမ္ဘာ့အမြန်ဆုံးစူပါကွန်ပျူတာပိုင်ရှင်အဖြစ် ရပ်တည်လျက်ရှိပါတယ်။ စူပါကွန်ပျုတာရဲ့ နာမည်ကိုတော့ NUDT Tianhe-2 လို့ပေးထားပြီး Speed ကတော့ 33.86 PFLOPS ဖြစ်ပါတယ်။ သူ့ကို တရုတ်နိုင်ငံရဲ့ Guangzhou မြို့မှာတည်ဆောက်ထားတာပါ။ ကျွမ်းကျင်သူတွေရဲ့ ခန်းမှန်းချက်အရ 2018 မှာ 1 exaflops ထိ၊ (10 power 18) 2030 ခုနှစ်မှာ zettaflop  (1021) ထိရောက်သွားမယ်လို့ ခန်းမှန်းထားပါတယ်။ 

Ref: http://en.wikipedia.org

Read more »

8/06/2013

Gr3eNoX Exploit Scanner SQLi/XSS/LFi/RFi v1.1

SQL Scan တာရော LFi, RFi ဘာညာအတော်ကို Function စုံပါတဲ့ Scanner လေးဖြစ်ပါတယ်။ မူရင်းဆိုဒ်က Virus ကင်းရှင်းပါကြောင်း ကြွားပြထားပါတယ်။ ဒီတော့ တင်ပေးထားတဲ့ ဖိုင်တွေကိုမယုံဘူးဆိုရင် https://www.virustotal.com မှာသွားပြီး ဒေါင်းထားတဲ့ဖိုင်ကိုစမ်းပါ။ ကောင်းတဲ့အလေ့အကျင့်ပါ။ နောက်တစ်ခါ ဖိုင်တွေဒေါင်းပြီးရင် အဲသလို စစ်သင့်ပါတယ်။ Icon မှာတော့ ကုလားအမှတ်အသားနဲ့ဗျ။ ကြည့်ရတာတော့ မူဆလင်ဟက်ကာတွေ Develop လုပ်ထားတာလားမသိဘူး။ ခိခိ လိုချင်ရင် စမ်းဖို့ဒ်ေင်းနိုင်ပါပြီ။

Download: Localhost RGHost
Read more »

8/05/2013

Hack The Public With Fake Access Point

ကျွန်တော် ဘာသာပြန်ထားတဲ့ ဒုတိယမြောက်စာအုပ်လေးဖြစ်ပါတယ်။ အားပေးကြတဲ့ ဘော်ဘော်တွေအတွက် ကျွန်တော်ရဲ့ ကြိုးစားရေးသားထားတဲ့ (အမှန်ကဘာသာပြန်ထားတာ :D) စာအုပ်လေးက တစ်စုံတစ်ခုစာ အမြင်ရသွားမယ်ဆိုရင် ဘာသာပြန်ရကျိုးနပ်ပါပြီဗျာ။ စာအုပ်အထူတွေကိုတော့ ဘာသာပြန်ဖို့ အခက်ခဲရှိနေသေးလို့ နောက်များမှပဲ ကောင်းနိုးရာရာစာအုပ်တွေကို ဘာသာပြန်ပါတော့မယ်။ လောလောဆယ်တော့ ဒီစာအုပ်လေးကိုပဲ အရင်ယူထားလိုက်ကြပေါ့။

Read more »

8/04/2013

Poison The Network [Myanmar Version]

ကျွန်တော် မတောက်တစ်ခေါက်ပညာလေးနဲ့ ဘာသာပြန်ပြီးရေးထားတဲ့စာအုပ်ဖြစ်ပါတယ်ခင်ဗျာ။ BT သမားများ စမ်းသပ်နိုင်အောင်လို့ပါ။ ဒီစာအုပ်မှာ Network တစ်ခုကိုဘယ်လို Poison လုပ်မလဲဆိုတာ ဖော်ပြထားပါတယ်။ စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဘာပဲဖြစ်ဖြစ် အပျင်းပြေဖတ်လို့ရအောင် ဒေါင်းထားသင့်ပါတယ်။ လိုချင်တယ်ဆိုရင် မသွားနိုင်ပါပြီ။

Read more »

Acunetix Web Vulnerability Scanner 8 + CRACK

Acunetix ဆိုတာ နာမည်ကြီး Vul Scanner ပါ။ ကျွန်တော်ကိုယ်တိုင် သေချာစမ်းသပ်အောင်မြင် (ဒေါင်းတာကိုပြောတာနော်) လို့ တင်ပေးလိုက်ပါတယ်။ Installation အပိုင်းလည်းလွယ်ပါတယ်။ အရင်ဆုံးဒေါင်းပြီးပြီဆိုတာနဲ့ 2012_07_04_01_webvulnscan8.exe ဆိုတဲ့ဖိုင်ကိုအရင်ဆုံးသွင်းပါမယ်။ Installation ပြီးခါနီးကျရင် တခါတည်း Open မလားဆိုတဲ့ check box ကိုခဏ ချန်ခဲ့ပြီး Activation.exe နဲ့ wvs.exe နှစ်ခုကို ခုနက ကျွန်တော်တို့ အင်စတော့ လုပ်ထားတဲ့ Acunetix Directory ထဲကို File Replace လုပ်လိုက်ပါ။

Download: Link1

[ Installation ]




License Key: 2e3b81463d2s56ae60dwe77fd54f7d60
or
License Key : 5s3b6136t52s56de60d1e76fgd4f7d5h
Name: Hmily/[LCG]
ComPany: Www.52PoJie.Cn
Email: Hmily@Acunetix.com
Telephone: 110
Read more »

8/02/2013

Why We Need To Learn English

 
 ဒီနေ့တော့ ကျွန်တော်ဖိုင်တွေဒေါင်းရင်းနဲ့ အားအားယားယားရှိတာနဲ့ ဒီပို့စ်လေးကိုရေးဖြစ်ပါတယ်။ Tech အကြောင်းနဲ့တော့တိုက်ရိုက်မဆိုင်ပါဘူး။ ဒါပေမယ့် ဆက်နွယ်နေပါတယ်။ ဘာလို့လဲဆိုတာ Title မှာကတည်းက ရိပ်မိကြမှာပါ။ Hacking ပိုင်းမှမဟုတ်ပါဘူး။ အခြားသော နယ်ပယ်တွေမှာလည်း ကိုယ်က Professional အဖြစ် နည်းပညာတစ်ခုကို advanced လေ့လာတဲ့အခါ ဒီ English ဆိုတာက အရေးပါလာပါတယ်။ ခင်ဗျားက ကမ္ဘာကျော်တဲ့ Business သမားလုပ်ချင်တာလား၊ Business နဲ့ပတ်သက်တဲ့ပညာကို advanced အဖြစ်လေ့လာရပါမယ်။ ခင်ဗျားက Engineer လုပ်ချင်တာလား တကယ်နှိပ်နှိပ်ချွတ်ချွတ် Engineering ပညာရပ်ကိုသိချင်ရင်တော့ စာအုပ်တွေဖတ်ရပါတော့မယ်။ ဆရာဝန်လုပ်ချင်တာလား ဆေးကျောင်းတက်ဖို့ English စာကိုမပိုင်ဘဲနဲ့တော့ မျော်မနေပါနဲ့တော့။ English စာဟာ International Language ဖြစ်နေတော့ တကယ်ကမ္ဘာအကောင်းဆုံးဆိုတဲ့ စာအုပ်စာပေတွေကို English ဘာသာသို့သာ ပုံနှိပ်ကြပါတယ်။ ဒီတော့ ပညာရပ်တစ်ခုခုကို ဆုံးခန်းတိုင်လေ့လာချင်ရင် ဒီဟာကိုမပိုင်ဘဲနဲ့တော့ မဖြစ်ပါဘူး။ ကျွန်တော်ဆယ်တန်းတုန်းက English Subject မှာအတော်ကိုအားနည်းခဲ့ပါတယ်။ အဲဒါကြောင့်လည်း English Subject ကိုအရမ်းမုန်းပါတယ်။ မုန်းတော့ ဘာဖြစ်လဲ? စာမလိုက်နိုင်ဘူးလေ။ :D ဒါပေမယ့် ကျွန်တော်အတွေးအခေါ်တွေကိုပြောင်းလဲခဲ့ပါတယ်။ မရတဲ့ဟာကို ရအောင်လုပ်မယ်ဆိုပြီး။ :D
ကျွန်တော်ဆုံးဖြတ်ချက်မှန်ကန်ခဲ့ပါတယ်။ ဘာပြောပြော ဟုတ်သော်ရှိမဟုတ်သော်ရှိ သူလိုကိုယ်လို ထမင်းစားရေသောက်လောက်တော့ ပြောနိုင်တဲ့အဆင့်၊ English လိုရေးထားတဲ့ဟာတွေကိုအတော်အတန့်နားလည်ဖတ်နိုင်တဲ့အဆင့်ထိတော့ ရောက်ခဲ့တယ်ဆိုပါစို့။ ကျွန်တော်ပြောချင်တဲ့အဓိကအကြောင်းအရာက English လိုနည်းနည်းဖတ်တတ်တော့ ကျောင်းမှာလည်းအထောက်အကူပြုပါတယ်။ နောက်ပြီး ကိုယ်ဝါသနာပါတဲ့ နည်းပညာရပ်တွေလေ့လာတဲ့အခါမှာလည်း အထောက်အကူပြုသွားပါတယ်။ အကျိုးကျေးဇူးတွေကအများကြီးပါပဲ။ ဥပမာပြောရရင် ကျွန်တော်ပထမဆုံး ကွန်ပျူတာစကိုင်တော့ Windows Me နဲ့ပေါ့ ဟီး။ အဲဒီမှာဘာတစ်ခုထူးခြားသွားသလဲဆိုတော့ ကိုယ်က ပထမဆုံးကိုင်ဖူးပေမယ့် Popup Dialog Box တွေပေါ်လာတဲ့အခါ English ကိုပါတယ်လေ။ Click here to Install, Are you sure this file to delete? ဒီလိုစားသားလေးတွေက ကျွန်တော်ကိုဘာတွေလုပ်ခိုင်းတယ်၊ ဘာတွေဖြစ်တော့မယ်ဆိုတာ သိသွားစေခဲ့တယ်လေ။ ခုချိန်မှာတော့ ရယ်စရာပေါ့ဗျာ :D နို့မို့ဆိုရင်တော့ ဘယ်ကနေဘယ်လိုစလို့စရမှန်းတောင်သိမှာမဟုတ်ဘူး။ ဆိုလိုတာက တစ်ခုခုကိုလေ့လာတဲ့အခါ အများကြီးအထောက်အကူပြုသွားတယ်ဆိုတာပါ။ သူနဲ့ဆိုင်ရာဆိုင်ရာ နယ်ပယ်တွေအတွက်ရော့ပေါ့။ အရင်တုန်းကတော့ ကွန်ပျူတာသင်တန်းတွေကလည်း ခုလိုမိုလိုမပေါက်သေးဘူး။ ခုခေတ်ကလေးတွေကတော့ အများကြီးသာပါတယ်။ အခြေနေတွေက မတူဘူးပေါ့။ ဒါပေမယ့် တကယ့် advanced လုပ်တော့မယ်ဆိုရင်တော့ English ဘာသာကိုပိုင်မှဖြစ်ပါတော့မယ်။ ခင်ဗျားက Programming လေ့လာချင်တာလား။ Programming မှာမှ C# Java, PHP အများကြီးပါပဲ။ Networking ပိုင်းလား။ System Engineer? ဒီဟာတွေအတွက် စာအုပ်တွေရှိပါတယ်။ ဒါပေမယ့် အားလုံးနီပါးကို English ဘာသာနဲ့သာ ထုတ်ဝေထားပါတယ်။ မြန်မာဘာသာကိုပြန်ဆိုထားတာတွေကတော့ နည်းပါးပါသေးတယ်။ ဒီတော့ English ဘာသာဟာ ဘယ်လောက်အရေးကြီးသလဲဆိုတာအထွေအထူးပြောနေစရာမလိုတော့ပါဘူး။ ဒါကြောင့် နည်းပညာလောကကို စုံပစ်ပြီးဝင်မယ့် ညီငယ်ညီမငယ်လေးတွေအားလုံးအတွက် English ဘာသာရပ်ကို Basic အခြေခံပါသွားအောင် ကြိုးစားသွားကြစေချင်ပါတယ်။ အဲဒါမှ ခရီးဆက်ရတာ အဆင်ပြေချော့မွေ့ပါလိမ့်မယ်။ နောက်မှပဲ စိတ်ကူးပေါက်ရင် ကျွန်တော် English ဘာသာရပ်ကိုဘယ်လို လေ့လာခဲ့ရတယ်ဆိုတာ ပို့စ်ဆက်ရေးပါအုံးမယ်။ နိဂုံးချုပ်အနေနဲ့ပြောချင်တာကတော့ English လိုမဖတ်တတ်ရင် ဟက်ကာမဖြစ်နိုင်ပါဘူး။ :P
Read more »

Plants VS Zombies 2 (Game Of The Year)

ကျွန်တော်ကတော့ ဒီဂိမ်းကို ဘာပြောပြောသဘောကျပါတယ်။ ပုံမှန်ဆိုရင်တော့ ဒီလိုကလေးကလားဂိမ်းတွေကိုမဆော့ဖြစ်ပါဘူး။ များသောအားဖြင့် ဒိုတာပဲခုတ်ပါတယ်။ :D ဒါပေမယ့် ဒီဟာကို အပျင်းပြေခဏဆော့ဖြစ်ရင်တော့ လက်မလွတ်နိုင်တော့ပါဘူး။ ကျောင်းတုန်းက စာမေးပွဲဖြေခါနီး ဒီဂိမ်းနဲ့ မိုးလင်းတဲ့အထိဆော့ဖူးတာကို သတိလို့ တင်ပေးလိုက်ပါတယ်။ ဟီး။
Download: Mediafire
Read more »

8/01/2013

Grand C&G SCH-i879 တွင် GSM internet setting ချိန်နည်း

ကျွန်တော်တို့ Samsung ရဲ့ Galaxy Grand SCH-I879 တွင် GSM internet အတွက် အခက်အခဲ ကြုံ တွေ့ နေရပါတယ် ။ အခု ဒီ apk လေးနဲ့ ဖြေရှင်းလိုက်ပါခင်ဗျာ။
APN On/Off ဒေါင်းပြီးရင် install လုပ်လိုက်ပါခင်ဗျာ။ အခုချိန်မှာတော့ install လုပ်ပုံ မပြောတော့ပါဘူးနော် အကုန်သိပြီးသားလောက်ပါ။
Read more »

Titanium Backup Pro 4.2.0

 Android 1x အထက်ကနေအသုံးပြုနိုင်သည်။ 
Features:
Upgrade Market PRO Key first
 Added ability to FC apps
 Market Doc can scan system apps
 Rewritten & MUCH faster backup management code.
and much more!
Read more »

CCleaner Business Edition v4.04 [Fully Crack]

အားလုံးကြိုက်နှစ်သက်တဲ့ CCleaner ရဲ့ Business Edition version ဖြစ်ပါတယ်။ အရင်ဆုံး CCleaner ကိုသွင်း။ အထဲမှာ Cracker ဆိုတဲ့ဟာကိုသွင်းလိုက်ရင် Business Edition ရမှာဖြစ်ပါတယ်။ Business Edition ဆိုတော့ဘာတွေများထူးခြားသွားမလဲဆိုပြီး စမ်းဒေါင်းကြည့်ရင် အဆင်ပြေတာနဲ့ ပြန်ရှယ်လိုက်ပါတယ်။ သူ့အကြောင်းတော့ အထွေအထူးပြောမနေတော့ပါဘူး။ လိုချင်တယ်ဆိုရင် ဒေါင်းသွားနိုင်ပါပြီဗျာ။ အဆင်ပြေကြပါစေ။

Read more »

Security Warning for Bloggers!

ကျွန်တော် ဒီပို့စ်ကို ကိုရန် ဘလော့ကနေ ကိုးကားပြီး ပြန်ရှယ်လိုက်တာဖြစ်ပါတယ်။ ဟုတ်ပါတယ်ဗျာ။ ဟိုတစ်ရက်ကလည်း ဘလော့ဂါခရီးသည်ရဲ့ဘလော့တစ်ခုဖျက်သိမ်းခံရတာတွေ့လိုက်ရပါတယ်။ Google ကခုတလော ဘလော့တွေကို သူ့ရဲ့ Rule အသစ်အရ အခန့်မသင့်တာနဲ့  ပိတ်လိုက်တာမျိုးတွေရှိနေတော့ မြန်မာဘလော့ဂါတွေအားလုံး ရှေင်သင့်ဆောင်သင့်တာတွေ လုပ်လို့ရအောင်ပါ။ ကျွန်တော်အနေနဲ့ ပြောချင်တာကတော့ DMCA Copyright နဲ့ငြိစေမယ့် Tool တွေကိုတင်ရင် အထူးသတိထားကြဖို့၊ ခုတလော့ပေါ့ဗျာ။ အဓိကကတော့ Microsoft ရဲ့
Product တွေကိုရှယ်မယ်ဆိုရင် သတိထားကြပါဗျာ။ ဟိုတလောတုန်းကလည်း ကျွန်တော်ဆီကို Google ကနေ မေးလ်ပို့ထားပါသေးတယ်။ Adult Site တွေကိုလုပ်နေတယ်ဆိုရင် July 31 ရက်နေ့နောက်ဆုံးထားပြီး ဖျက်ထားဖို့၊ မဖျက်ရင် Remove လုပ်မယ်ဆိုတဲ့အကြောင်းပေါ့။ ကျွန်တော်ထင်တာက Porn Site တွေကိုပဲ Target ထားတယ်ထင်တာ။ ခုတော့ DMCA ကပါလာပါပြီ။ အဓိက ပြသနာရှာတာကတော့ Microsoft ပဲဖြစ်ပါတယ်။ ကျွန်တော်တွေ့ထားတဲ့လင့်တစ်ခုမှာဆိုရင် Google ကို DMCA နဲ့ပတ်သက်ပြီး Complaint တက်တဲ့ Owner တွေအများကြီးပါပဲ။ ဒီထဲမှာ Music ပိုင်းဆိုင်ရာတွေရောပါတယ်။ Microsoft ကတော့ အဓိက Reporter ပေါ့ဗျာ။ Report အတင်ခံရတဲ့ ဆိုဒ်တွေမှာ filetube လိုဖိုင်ရှယ်တဲ့ဆိုဒ်တွေကထိပ်ဆုံးကပါပဲ။ အရင်ကတော့ အဲလိုဖြစ်ရင်ဘလော့ဂါဆီ မေးလ်ပို့ပြီးအကြောင်းကြားတတ်ပေမယ့် ခုတော့ ဘလော့ကိုပါ ယာယီပိတ်ထားမှာဖြစ်ပါတယ်။ အောက်ကလိုပေါ့။
ဒါက ယာယီပိတ်ထားတာဖြစ်ပါတယ်။ ဒါကိုတစ်ယောက်ယောက်က ဝင်ပြီး Register လုပ်လိုက်ရင်တော့ ခင်ဗျားအနေနဲ့ ဘလော့တစ်ခုဆုံးရှုံးရတော့မှာပါ။ အချိန်မှီ သတိထားမိရင်တော့ ပြန်ရနိုင်ပေမယ့် မသာမာသူတစ်ယောက်ယောက်သာဝင်ကလိလို့ကတော့ ခင်ဗျားကြိုးစားထားသမျှ သဲထဲရေသွန်ဖြစ်မှာနော်။ အောက်မှာ Microsoft ကြောင့် DMCA Complaint တက်ရပုံပါ။
ကဲ ဒီတော့ ဘလော့ဂါတွေ အထူးသတိထားဖို့လိုပါပြီ။ ကျွန်တော်တွေ ဘာတွေလုပ်သင့်သလဲဆိုတာ အထူးပြောနေစရာမလိုတော့ပါဘူး။ Tool တွေရှယ်တာ ခုနကပြောသလိုပါပဲ။ သတိထားဖို့လိုပါပြီ။ Microsoft ကိုတော့ သတိထားရတော့မယ်။ :D နောက်ပြီးတော့ မိမိဘလော့ကို 3 ရက်တစ်ခါလောက် Backup လုပ်သင့်ပါပြီ။ ဒီလိုလုပ်ထားခြင်းအားဖြင့် မိမိဘလော့လိပ်စာကိုမရနိုင်တော့သည်တိုင် မိမိတင်ထားသမျှပို့စ်တွေ Setting တွေအားလုံးကိုပြန်ရမှာဖြစ်ပါတယ်။ ဘလော့ဂါတွေနားလည်မှာပါ။ ဒါကဘယ်လောက်အရေးကြီးမှန်းဆိုတာ။ ကိုယ်က နောက်တစ်လလောက် Online မတက်နိုင်ဘူးထင်ရင် မိမိနောက်ဆုံး အင်တာနက်သုံးချိန်လေးမှာ Backup လုပ်ထားပေါ့။ ဟုတ်တယ်လေ။ Google ကဘယ်ချိန် Remove လုပ်မလဲဆိုတာမသိနိုင်ပဲကိုး။ Backup လုပ်ရတာအချိန်လည်းသိပ်မကြာပါဘူး။ မလုပ်ထားလို့ အခန့်မသင့်ရင် ခင်ဗျားရဲ့ဘလော့လိပ်စာအပြင် ကြိုးစားထားသမျှပို့စ်တွေအကုန်ဂိသွားမှာနော်။ ဒီတော့ Backup လုပ်မယ်ဆိုရင် Blogger ထဲကိုဝင်ပြီး Login>Settings ကိုသွားပါ။

နောက်ပြီး Other ကနေ Export ကနေဆက်သွားမယ်ဆိုရင်

Download ဆိုတာကိုတွေ့ရပါမယ်။ အဲဒီကနေ ကိုယ့်ရဲ့ဘလော့ပို့စ်တွေ Settings တွေအားလုံးကို Backup လုပ်ထားကြပါ။ ကံမကောင်းလို့ မိမိဘလော့ Remove ခံရရင် ပြန် Recovery လုပ်လို့ရတာပေါ့။
တကယ်လို့များ ကိုယ့်ဘလော့လေးကို ပြန်ယူမယ်ဆိုရင်တော့ (Assume your blog is removed) Settings>Blog Tools>Other> Import blog ကနေပြန်ယူလို့ရတာပေါ့ဗျာ။

Ref: http://bloggerkoyan.blogspot.com
Read more »