7/13/2013

CMS Detector for Google Chrome

ကျွန်တော် ခုရက်ပိုင်း Firefox က crash ခဏခဏဖြစ်တာနဲ့ Google Chrome ဖက်ခဏပြောင်းသုံးပါတယ်။ MCA Extension သွင်းရင်းနဲ့ နောက်ထပ် Extension တစ်ခုကိုတွေ့ထားပါတယ်။ အဲဒါကတော့ Chrome Sniffer လို့ခေါ်ပါတယ်။ ဒီ Extension ကတော့ ဘာလုပ်ပေးနိုင်သလဲဆိုတော့ ဆိုဒ်တစ်ခုရဲ့ CMS လို့ခေါ်တဲ့ ဘယ်ဟာနဲ့ Run သလဲဆိုတာကို Auto Detect လုပ်ပေးနိုင်ပါတယ်။ ဥပမာ PHP လား Joomla လား Wordpress လားပေါ့။ တခါတည်း Icon လေးနဲ့ပါသေချာပြပေးတယ်နော် :D ဒါဆို ဆိုဒ်ကိုဝင်လိုက်တာနဲ့အထွေအထူးလုပ်စရာမလုပ်ဘဲ အဲဒီဆိုဒ်ဘာနဲ့ Run ထားတယ်ဆိုတာ တန်းသိနိုင်မှာဖြစ်ပါတယ်။ Chrome Sniffer ကိုအောက်က မူရင်း Chrome Web Store ကနေသွားပြီး အင်စတော့လုပ်နိုင်ပါတယ်။ Official Web Store ဖြစ်တာမို့ စိတ်ချစွာ သွင်းနိုင်ပါတယ်။ :) ဘယ်လိုလုပ်ရတယ်ဆိုတာမပြောတော့ဘူးနော်။ :D သူကတော့ ခုလောလောဆယ် Popular ဖြစ်နေတဲ့ CMS 100 ကျော်ကို Detect လုပ်ပေးနိုင်ပါသတဲ့။
ပုံမှာ bd site တစ်ခုနဲ့စမ်းပြထားပါတယ်။ မြား အနီ ရောင်နဲ့ပြထားပါတယ်။ :D


1 comment:

  1. လာလည်ပါတယ်။ ဗေါက်လုံးဝရှင်းတယ်ကိုလည်း နှိပ်ပေးခဲ့ပါတယ်။ အနည်းဆုံးတော့ ကျေးဇူးတင်ပါတယ်။ :D

    ReplyDelete

If you good, i don't bad. if you think you can bark me, I think i can also fuck you. I'm just ordinary person. Is that OK? :)