1/29/2013

Gtalk မှာ Group ဖွဲ့ပြီး ပြောဖို့ Party Chat လုပ်ကြရအောင်


ဒါလေးကတော့ သူများတွေလုပ်ကြတာ ကြာနေလောက်ပါပြီ။ ကျွန်တော်ကတော့ မလုပ်ဖူးတော့မသိဘူးပေါ့။ မသိသေးရင်တော့ အထူးအဆန်းပါပဲ။ တစ်ချို့လူတွေကတော့ သိပြီးသားဖြစ်မှာပါ။ ကျွန်တော်လို မသိသေးတဲ့လူတွေအတွက် ရည်ရွယ်ပါတယ်။ ရွှေကိုယ်ရံတော်ဆိုဒ်ကနေ တစ်ဆင့်ပြန်လည် ကူးယူဖော်ပြထားပါတယ်။
အုပ်စုဖွဲ့ပြီး Chat ကြဖို့အတွက်ကတော့ ပထမဦးဆုံး လုပ်ရမှာက http://partychapp.appspot.com/ ဆိုတဲ့ လိပ်စာလေးကို အရင်ဦးဆုံးသွားလိုက်ပါ။ အဲဒီ ဆိုဒ်လေး ပွင့်လာပြီဆိုတာနဲ့ Sign in မှာ မိမိရဲ့ Gmail account နဲ့ ပဲဝင်လိုက်ပါ။ အဲဒီနောက်မှာတော့ အောက်မှာပေးးထားတဲ့ အတိုင်းလိုက်လုပ်လိုက်ပါတော့။

 နံပါတ်တစ်လုပ်ရမှာက Room name လို့ပေးထားတဲ့ နေရာလေးမှာ မိမိစိတ်ကြိုက် နာမည်လေးတစ်ခုဖန်တီးပါ။ ဥပမာ name@partychatapp.app spotchat.com ဆိုပြီးတော့ပေါ့။ ပြီးတော့ Room type မှာကတော့ ကိုယ်ကြိုက်ရာကို ရွေးခွင့်ရှိပါတယ်။ တစ်ခုသိထားရမှာက Invite only မှာက ကိုယ်တိုင်ဖိတ်ခေါ် ချင်တဲ့သူပေါ့။ မဖိတ်ခေါ်ပဲနဲ့ ၀င်လာလို့မရဘူးပေါ့လေ။ Open ကတော့ ကိုယ်ဖိတ်စရာမလိုဘူး ကိုယ့်ရဲ့လိပ်စာကို သိရင် ၀င်လာလို့ရတယ်။ အဲလိုမျိုးပေါ့။ Others to invite မှာတော့ ကိုယ်စပြီး ဖန်တီးတဲ့အခါ ကိုယ့်နာမည်ကို ထည့်ရိုက်ဖို့လိုပါတယ်။ ကိုယ်ပိုင်အီးမေးလ်ကို ရိုက်ရမှာပေါ့လေ။ ပြီးတော့ Create ကို ကလစ်နှိပ်လိုက်ရင် အောက်မှာ ဖော်ပြထားတဲ့ ပုံလေးပေါ်လာလိမ်မယ်။
 ပြီးသွားတဲ့အချိန်မှာတော့ သင့်ရဲ့ Gtalk ထဲမှာ အခုလိုမျိုးလာပေါ်နေပါလိမ့်မယ်။
အဲဒီအခါ ကျရင် သင်က yes လုပ်လိုက်ရုံပေါ့။ သင်ဖန်တီးခဲ့တဲ့ နာမည်တွေနဲ့ပဲလာပေါ်ပါလိမ့်မယ်။ အခုပြထားတာက နမူနာပုံလေးပါ။ ပြီးရင်တော့ သင့် Gtalk ထဲမှာ အဲဒီ ဖန်တီးခဲ့တဲ့ နာမည်လေးက အရောင်လေးလင်းနေပါလိမ့်မယ်။ အဲဒီနောက်မှာတော့ သင်ဖိတ်ခေါ်ချင်တဲ့သူတွေကို ဖိတ်ခေါ်နိုင်ပါပြီ။ အဲလိုဖိတ်ခေါ်ဖို့အတွက်လည်း သင်က အခုပေးထားတဲ့ ပုံစံတွေအတိုင်းပဲ ရိုက်ထည့်ရပါလိမ့်မယ်။ /invite name@gmail.com က သင် ဖိတ်ခေါ်ချင်တဲ့သူအတွက်ပါ။ /list ကတော့ သင်နဲ့အတူ ဘယ်နှစ်ယောက်ရှိလဲဆိုတာ ကြည့်တာပေါ့။ ပြန်ထွက်ချင်ရင်တော့ /exit ရိုက်လို့လည်းရပါတယ်။ သင်ကလည်း ထွက်သွားပြီ သူလည်းထွက်သွားပြီ နောက်နေ့ တွေ့ ကြတဲ့အခါမှာတော့ ပြန်လည်ပြီးတော့ /invite name@gmail.com ကို ပြန်လည်ရိုက်ပြီးတော့ ခေါ်နိုင်ပါတယ်။ အဆင်ပြေကြပါစေ။ အောက်မှာပေးထားထာကတော့ မူရင်းဆိုဒ်က ရိုက်ပုံရိုက်နည်းတွေပါ။

/leave Leave this chat room. You can rejoin by sending another message to the room. If the room is invite-only, you may need to be re-invited.
/list See who is in the chat room.
/alias newalias Change what name you show up as in the room.
/inviteonly Toggle whether this room is invite only.
/invite someemail Invite someone to the room.
/me someaction Tell the room what you’re up to.
If you type /me is rolling his eyes, everyone sees [youralias] is rolling his eyes.
credit:zawhlainghtun

 
ref:MHU 
Read more »

Blogspot အား Deface ပြုလုပ်နည်း

Blogspot တွေကိုဟက်နိုင်ဖို့ဆိုတာတော်ရုံမလွယ်ကူပါ။ သို့သော် အဟတ်ခံရဖို့လည်း အတော်ကို လွယ်ကူပါတယ်လို့ ဆိုရမှာပါ။ တကယ်လို့ ခင်ဗျားရဲ့ Google account ကိုအဟတ်ခံရရင်တော့ blogspot လည်းအဟတ်ခံရမှာပါပဲ။ ဒီတစ်နည်းပဲရှိပါတယ်။ ဒီပို့စ်လေးကတော့ မင်းစိုးရာဇာဆိုဒ်ကနေ ကူးယူဖော့်ပြ
လိုက်တာပါ။ ကျွန်တော်စမ်းကြည့်တော့ Coding ပိုင်းမှာ အယ်ရာတက်ပါတယ်။ ကျွန်တော်လုပ်တဲ့ ကုဒ်က
Deface Maker လိုဆော့ဝဲလ်ကနေ ထည့်တာဆိုတော့ အယ်ရာတက်တာဖြစ်နိုင်ပါတယ်။ Coding မှန်မယ်ဆိုရင် အလုပ်ဖြစ်မယ်ထင်ပါတယ်။ ကျွန်တော်ကတော့ သေချာမစမ်းရသေးပါ။ ကဲ ဘလော့စပေါ့
ဟက်ကာကြီးဖြစ်အောင် အောက်ကနည်းအတိုင်းစလုပ်ရအောင်။ :P
Read more »

1/28/2013

အင်တာနက်သုံးလိပ်စာများ

သန်းထိုက်(ရွှေရိပ်) ရေးသားတဲ့ အင်တာနက်သုံးလိပ်စာများ စာအုပ်ပါ။ အခုမှ အင်တာနက်ဆိုတာကို
စတင်ထိတွေ့သူများအတွက် ဘယ်ဆိုဒ်တွေကို ဝင်ရမှန်းမသိသေးရင် ဒီစာအုပ်ကို ဒေါင်းထားသင့်ပါတယ်။
ပညာရေး၊ ကျန်းမာရေး၊ ဘာညာကွိကွ လမ်းညွန်ပေးမယ့် Directory စာအုပ်လေးမို့ စိတ်ဝင်စားတယ်ဆိုရင် အောက်က link ကနေ ဒေါင်းထားလိုက်ပါခင်ဗျာ။ အဆင်ပြေကြပါစေ။
Read more »

Fruity Loop Studio 10

Fruity Loop Studio 10 ဆော့ဝဲနဲ့ သီချင်းတွေကို တည်းဖြတ်ဖန်တီးမယ်ဆိုရင် ဒီစာအုပ်လေးကို ဖတ်ကြည့်စေချင်ပါတယ်။ ဆော့ဝဲလ်ကိုတော့ နီးစပ်ရာ စီဒီဆိုင်မှာသာပြေးဝယ်လိုက်ပါ။ ကျွန်တော်ကတော့
အဲဒီအပိုင်းသိပ်မသိပါဘူး။ စာအုပ်လေးတွေကို တင်ပေးရတာဝါသနာပါလို့ တင်ပေးလိုက်ပါတယ်။
အားလုံး အဆင်ပြေကြပါစေဗျာ။ Link တွေသေနေရင်လည်း Comment လေးချန်ထားပေးစေချင်ပါတယ်။
Read more »

1/27/2013

Document Scanner v2.9.11 Apk

စက်ရုပ်ဖုန်းသုံးသူများအတွက် ဒီတစ်ခါတော့ Document Scanner ဆော့ဝဲလ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီ app ကိုသွင်းထားမယ်ဆိုရင် ဖုန်းထဲကနေ စာအုပ်တွေကို အပျင်းပြေ scan ဖတ်ပြီး pdf format အဖြစ်ပြောင်းပေးနိုင်မှာပါ။ scan ဖတ်ဖို့ ဖုန်းရဲ့ကင်မရာကိုအသုံးပြုမှာဖြစ်လို့ ဖုန်းကင်မရာကောင်းလေ ပိုကောင်းလေပါပဲ။ ပြောင်းထားပြီးသား Document တွေကိုလည်း အင်တာနက်ချိတ်ထားတယ်ဆိုရင် Google Doc အဖြစ် upload တင်နိုင်သလို သက်ဆိုင်ရာ Dropbox, Box.net, Evernote, SugarSync တွေဆီမှာ တင်နိုင်ပါလိမ့်မယ်။ ဒီအတွက် Google Doc, Dropbox app စတာတွေကို သပ်သပ် အင်စတောလုပ်ထားဖို့တော့လိုအပ်ပါမယ်။ 
Read more »

Exam 70-680 Configuring Windows 7


ဒီစာအုပ်ကတော့ Microsoft Exam ကိုဖြေဆိုမယ့်သူတွေအတွက်ပါ။ ဒီ exam ကိုဖြေဆိုအောင်မြင်မယ်ဆိုရင် Windows 7 specialist အဖြစ်ရပ်တည်နိုင်မှာဖြစ်ပါတယ်။ IT နယ်ပယ်မှာ Professional တစ်ယောက် အဖြစ်ရပ်တည်ချင်တယ်ဆိုရင် Cisco, Microsoft exam တွေကိုဖြေဆိုရပါတယ်။ နိုင်ငံတကာအသိမှတ်ပြုစာမေးပွဲတွေမို့ မိမိအနေနဲ့ သေချာပြင်ဆင်ပြီးမှသာ ဖြေဆိုသင့်ပါတယ်။  မိုက်ခရိုဆော့စာမေးပွဲတွေလည်း အမျိုးမျိုး ရှိပါတယ်။ Windows Server 2003, Windows Server 2008 စသည်ဖြင့်ပေါ့။

Read more »

1/26/2013

Android App များကို PC တွင်သုံးမယ်

Android OS ထဲက app တွေကို PC မှာအသုံးပြုချင်တယ်ဆိုရင် ဒီဟာလေးကို ကွန်ပျူတာထဲ ထည့်သွင်းပြီး အသုံးပြုနိုင်ပါတယ်။ ဒီဆော့ဝဲလ်ကို မိခင် ဆိုဒ်မှာ သွားပြီး ဒေါင်းလုတ်ရယူနိုင်သလို အသုံးပြုရတာလည်း လွယ်ကူမှာပါ။ ကျွန်တော်တို့ ရိုးရိုးဆော့ဝဲလ်တွေကို အင်စတော့လုပ်တဲအတိုင်း အင်စတောလုပ်ပေးရုံပါပဲ။ Android app တွေကို ပီစီမှာ စမ်းသပ်ချင်သူတွေအတွက်
အဆင်ပြေမှာပါ။ မိခင်ဆိုဒ်မှာသွားဒေါင်းမယ်ဆိုရင် 32 Bit, 64 Bit version

 အစရှိတာတွေကိုရွေးချယ်စရာရှိမှာဖြစ်ပါတယ်။ ကျွန်တော်ကတော့ 32 Bit Version အတွက်ပဲ တင်ပေးလိုက်ပါတယ်။ အားလုံးအဆင်ပြေကြပါစေ။

Read more »

1/25/2013

လွယ်ကူသော Gmail အသုံးပြုနည်း Gtalk အသုံးပြုနည်း

ဒီစာအုပ်လေးကတော့ ဝါသနာရှင်တစ်ယောက်ရေးထားတဲ့ စာအုပ်လေးပါ။ Gmail အကြောင်းပေါ့။ ခုချိန်ရောက်မှာတော့ Gmail အကြောင်းရေးထားတာတွေ အားလုံးသိပြီးသားလည်းဖြစ်မှာပါ။ ဒါပေမယ့် ဖတ်ကြည့်လိုက်ရင် မိမိ မသိတာတွေ ထပ်တွေ့နိုင်တာမို့ ယူထားရင်မမှားဘူးဆိုရမှာပါပဲ။ ဒီအတိုင်းလည်း ဆောင်ထားသင့်တဲ့စာအုပ်ပါ။ လိုရမယ်ရပေါ့။ တချို့အကြောင်းအရာတွေက သိထားသင့်ပါတယ်။ ဥပမာ မိမိ Gmail ကိုဘယ်လိုလုံခြုံအောင်ထားမလဲ၊ မိမိမဟုတ်တဲ့လူတစ်ယောက် မိမိ Gmail ကိုဘယ်လို Trace လုပ်မလဲ ဆိုတာတွေပေါ့။ လိုချင်တယ်ဆိုရင် အောက်ကနေယူထားလိုက်ပါဗျာ။
Download Link:

Read more »

1/24/2013

GO Launcher EX v3.27 Final Apk

Android version2.0 အထက်ကို Support လုပ်ပေးမယ့် GO Launcher EX ရဲ့နောက်ဆုံးဗားရှင်းလေးပါ။ ကျွန်တော်ကတော ဒီ Launcher လေးကိုသဘောကျပါတယ်။ အခြားဟာတွေထက်စာရင်ပေါ့။ သုံးကြည့်ပါ။ တကယ်စွဲမက်ဖွယ်ကောင်းသလိုပဲ။ လှလည်းတော်တော်လှပါတယ်။ ဗားရှင်းအသစ်မှာ Feature အသစ်လေးတွေကို ထည့်ပေးထားပါတယ်။ ဖိုင်ဆိုဒ်ကတော့ 5 MB ကျော်လေးပါ။ အဆင်ပြေပါစေ။
Read more »

FlashLight HD LED Pro v1.47 Apk

Android phone တွေမှာ Flashlight လုပ်ပေးမယ့် နောက်ဆုံးထွက် apk လေးပါ။ ဖိုင်ဆိုဒ် 4 MB ကျော်ပါတယ်။ Android device တော်တော်များများမှာ အလုပ်ဖြစ်မှာဖြစ်ပြီး Android version 2.1 အထက်ကို Support လုပ်ထားပေးမှာပါ။ လိုချင်တယ်ဆိုရင် အောက်ကနေယူလိုက်ပါဗျာ။
Read more »

IDM -Internet Download Manager v1.0 Apk

ဒါလေးကတော့ Android OS မှာအသုံးဝင်မယ့် Internet Download Manager လေးပါ။ IDM ဆိုရင် မသိတဲ့လူတော်တော်ရှားပါလိမ့်မယ်။ Android မှာ ဖိုင်တွေ၊ ဆောဝဲလ်တွေ ဆွဲချင်သူများ အဆင်ပြေပါလိမ့်မယ်။ Android Version 2.1 အထက်ကို Support လုပ်ပါတယ်တဲ့။ ကဲ လိုချင်တယ်ဆိုရင်
အောက်ကနေ ဒေါင်းသွားလိုက်နော်။
Read more »

Photoshop Cs Tools

Adobe Cs မှာသုံးတဲ့ Tools တွေအကြောင်းကို ပြည့်ပြည့်စုံစုံလေ့လာခွင့်ရမယ့် စာအုပ်ကောင်းလေးပါပဲ။
Adobe သမားတွေဆိုတာ Cs မှာပါဝင်တဲ့ Tools တွေအကြောင်းကိုသာ ကောင်းကောင်းသိရင် ဆရာတစ်ဆူဖြစ်မှာပါ။ ကိုယ့်ရဲ့ ကိုယ်ပိုင်စိတ်ကူး၊ ပေါင်းစပ်မှု ဒါတွေပေါင်းစပ်နိုင်နိုင်ရင်တော့ အကောင်းဆုံးပါပဲ။ ဒါပေမယ့် အခြေခံ Tools အကြောင်းမှ နားမလည်ရင်တော့ Cs ကိုဘယ်လိုမှ သိမှာမဟုတ်ဘူးဆိုတာ သေချာပါတယ်။ Adobe သမားများ ဆောင်ထားသင့်တဲ့ စာအုပ်ကောင်းလေးပါ။
Read more »

Pascal

မြန်မာလိုရေးထားတဲ့ ပရိုဂရမ်းမင်းစာအုပ်ပါ။ ပိုပြီးထူးခြားတာက Pascal Programming language အကြောင်းရေးထားတာမို့ပါ။ ဟုတ်ကဲ့။ ဘာကြောင့်လဲဆိုတော့ Pascal ဆိုတာ ခုခေတ်မှာ လူတိုင်းမသိကြတော့ပါဘူး။ ဟိုအရင် ကွန်ပျူတာတွေစပေါ်ခါစတုန်းက သုံးခဲ့တဲ့ Language တစ်ခုပါ။
ခုချိန်မှာတော့ ဒီ Language ကိုအသက်မွေးဝမ်းကြောင်းအတွက်မဟုတ်ဘဲ ဝါသနာအရ၊ ဒါမှမဟုတ်
စိတ်ဝင်စားရင်သာ လေ့လာသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ Pascal နဲ့ရေးမယ့် ပရိုဂရမ် ကမ္ဘာပေါ်မှာ
မရှိသလောက်ဖြစ်နေနိုင်ပါတယ်။ ကျွန်တော်အထင်ပေါ့လေ။ ကဲ လိုချင်တယ်ဆိုရင်တော့ အောက်မှာယူပါ။
Read more »

ပရိုဂရမ်အလွတ်ရေးနည်း (သန်းထိုက်၊ရွှေရိပ်)

ဒီစာအုပ်ကတော့ ဆယ်တန်းကျောင်းသားတွေအတွက် အခြေခံစာအုပ်လေးပဲဆိုရာမှာပါ။ ဆယ်တန်းလို့သာပြောတာ ပရိုဂရမ်းမင်းအကြောင်း ဘာမှနားမလည်သေးရင်တော့ Basic စာအုပ်ကောင်းပါပဲ။ ဟုတ်တယ်လေ။ ကိုယ်မှမရင်းနှီးတဲ့ ဘာသာရပ်ဆိုတော့ အားလုံးက အခြေခံစာအုပ်တွေပါ။ စိတ်ဝင်စားတယ်ဆိုရင် ဒေါင်းထားလိုက်ပေါ့ဗျာ။ အဆင်ပြေကြပါစေ။
Read more »