ဒီစာအုပ်ကတော့ Microsoft Exam ကိုဖြေဆိုမယ့်သူတွေအတွက်ပါ။ ဒီ exam ကိုဖြေဆိုအောင်မြင်မယ်ဆိုရင် Windows 7 specialist အဖြစ်ရပ်တည်နိုင်မှာဖြစ်ပါတယ်။ IT နယ်ပယ်မှာ Professional တစ်ယောက် အဖြစ်ရပ်တည်ချင်တယ်ဆိုရင် Cisco, Microsoft exam တွေကိုဖြေဆိုရပါတယ်။ နိုင်ငံတကာအသိမှတ်ပြုစာမေးပွဲတွေမို့ မိမိအနေနဲ့ သေချာပြင်ဆင်ပြီးမှသာ ဖြေဆိုသင့်ပါတယ်။ မိုက်ခရိုဆော့စာမေးပွဲတွေလည်း အမျိုးမျိုး ရှိပါတယ်။ Windows Server 2003, Windows Server 2008 စသည်ဖြင့်ပေါ့။
စာမေးပွဲမေးခွန်းဟောင်းတွေကို www.examcollection.com မှာဝင်ရောက်လေ့လာနိုင်ပါတယ်။ ပေးမှတ်က ၁၀၀၀ ဖြစ်ပြီး အောင်မှတ်ကတော့ ၈၀၀ ပါ။ ကျွန်တော်မှာ အရင်က exam စာအုပ်တွေစုထားတာရှိတယ်။ ပီစီအဟောင်းလေးကို စွန့်လိုက်ကတည်းက ဒေတာတွေ လစ်ကုန်လို့ ကျန်တာတွေမတင်ပေးနိုင်ဘူး ဖြစ်နေတယ်။ အဆင်ပြေရင် နောက်ထပ် exam စာအုပ်တွေ ထပ်တင်ပေးပါမယ်။ exam အကြောင်းအရင်က ဒီ နေရာမှာ ပို့စ်ရေးတင်ခဲ့ဖူးပါတယ်။ အဆင်ပြေကြပါစေ။
Download>>

ကျေးဇူးတင်ပါတယ်
ReplyDelete