12/07/2013

Ubuntu Linux အကြောင်းတစေ့တစောင်း



Introduction
Pentesting အတွက်အဓိကမဟုတ်ဘဲ Linux ကိုသုံးမယ်ဆိုရင် ကျွန်တော်အနေနဲ့ Ubuntu ကိုသုံးဖို့ Recommended ပေးလိုပါတယ်။ အကြောင်းကတော့ Ubuntu ဟာ Lifehacker ရဲ့ 2012 အတွက် လူကြိုက်အများဆုံး Linux distribution အဖြစ် မဲအပေးခံခဲ့ရပါတယ်။ ဒါတင်မကသေးပါဘူး။ 2005 ခုနှစ်က လန်ဒန်မှာကျင်းပတဲ့ LinuxWorld Conference and Expo မှာ Reader Award for best Linux distribution ကိုလည်းကောင်း၊ 2007 ခုနှစ်မှာ InfoWorld ရဲ့ Bossie Award for Best Open Source Client OS ကိုလည်းကောင်း၊ 2009 ခုနှစ်အတွက် PC World Magazine ရဲ့ best all-around Linux distribution available today ဆုကိုလည်းကောင်း ရရှိထားပါတယ်။ နောက် 2009 ခုနှစ်ကစပြီး Google ရဲ့အလုပ်သမား ၂ သောင်းကျော်ဟာ Ubuntu-based linux ကိုအသုံးပြုခဲ့ပါတယ်။ Ubuntu အကြောင်းပို့စ်ရေးတာဆိုတော့ သူ့ကောင်းကြောင်းပဲ ပြောရတော့မှာပေါ့ဗျာ။ ဟီး။

A Brief History of Ubuntu
မြန်မာလို အသံထွက်ရရင် "ဥဘန်တူ" လို့ထွက်နိုင်ပါတယ်။ မူရင်းအဓိပ္ပာယ်ကတော့ တောင်အာဖရိကဘာသာနဲ့ "လူသားဆန်မှု" လို့ ပြောရမှာပါ။ "Human-ness" လို့ ပြောပါတယ်။ Open-source software တစ်ခုဖြစ်ပြီး Unix ကိုအခြေခံထားပါတယ်။ Ubuntu ကိုတောင်အာဖရိကနိုင်ငံက လုပ်ငန်းရှင် Mark Shuttleworth ကနေ Develop လုပ်ခဲ့တာပါ။ စစချင်း Release လုပ်ခဲ့တာတော့ 2004 ခုနှစ်ကတည်းကဖြစ်ပါတယ်။ ခုလက်ရှိ develop လုပ်နေတဲ့ Company က Canonical Ltd. ပါ။ Ubuntu မှာ LibreOffice, Firefox, Empathy, Transmission စတဲ့ open-source software တွေကိုတစ်ခါတည်းထည့်ထားပေးပါတယ်။ နောက်ထပ် လိုချင်တဲ့ package တွေကိုလည်း Ubuntu Software Center ကနေထပ်ပြီးသွင်းနိုင်ပါသေးတယ်။ Software Center ကနေ Tool တွေကို အကုန်နီးပါး free ရပါတယ်။ Tool တွေတင်မကသေးပါဘူး။ Magazine တွေရော၊ စာအုပ်တွေရောပါဝင်ပါသေးတယ်။ အဲ အချို့ကတော့ ဒေါ်လာပေးရမှာပါ။ :D Canonical ကနေ Ubuntu အတွက် သူရဲ့ partner တွေနဲ့ ပေါင်းပြီး bug တွေကိုရှာပေးခြင်း၊ patch တွေချပေးခြင်း အဲသလိုမျိုး support လုပ်နေမှာဖြစ်ပါတယ်။ ဥပမာ Ubuntu 10.04 LTS ဟာဆိုရင် Laptop နဲ့ Netbook တွေမှာ Microsoft ရဲ့ Windows 7 ထက် ဘက်ထရီပိုကုန်တဲ့ပြသနာရှိခဲ့ပါတယ်။ ဒါကိုတွေ့ပြီး နောက်ထပ်ထုတ်တဲ့ 12.04 LTS မှာပြင်ဆင်ခဲ့ပါတယ်။ Ubuntu ကို Release လုပ်ခဲ့တာ အောက်ပါအတိုင်းတွေ့နိုင်ပါတယ်။
Release လုပ်ထားတဲ့အချိန်တွေကို ကြည့်လိုက်ရင် ၆ လတစ်ခါ version အသစ်ထုတ်တာကိုတွေ့ရပါတယ်။ အဲဒီထဲမှာ LTS version ကတော့ Long Term Support ကိုပြောတာပါ။ အဲဒီဗားရှင်းကတော့ ၂ နှစ်တစ်ခါထုတ်ပါတယ်။ ခုနောက်ဆုံးဗားရှင်းကတော့ Saucy Salamander ဖြစ်ပါတယ်။ သူကတော့ LTS version မဟုတ်ပါဘူး။ အရင်က LTS version မဟုတ်တဲ့ Ubuntu ကို support လုပ်တဲ့ period က 18 လဖြစ်ပေမယ့် ခုတော့ 9 လကိုလျော့ချလိုက်ပါတယ်။ ဒါကြောင့် Saucy Salamander ဟာ 2014-07 မှာ support လုပ်ခြင်းသက်တမ်းကုန်ပါမယ်။ ဒီလိုပဲ 12.04 ကတော့ LTS version ဖြစ်တဲ့အတွက် 2017-04 ထိ support လုပ်ပေးမှာဖြစ်ပါတယ်။ ပြောရရင် LTS Version အတွက် support period က ၅ နှစ်လို့ပြောနိုင်ပါတယ်။ နောက်ထုတ်မယ့် Ubuntu 14.04 ဟာ LTS version ဖြစ်ပါတယ်။ ဖြစ်နိုင်ရင်တော့ ကိုယ်က ရေရှည်သုံးချင်တယ်ဆိုရင် LTS Version ကိုသုံးသင့်ပါတယ်။

Different Types of Ubuntu
Ubuntu ကို အကြောင်းအမျိုးမျိုးကြောင့် အသုံးချချင်သူများအတွက် ပုံစံမတူတဲ့ distro တွေလည်းထုတ်ထားပါတယ်။ ဒါတွေကတော့ အောက်ပါအတိုင်းတွေ့ရပါတယ်။
1. Ubuntu Desktop: ဒါကတော့ ကျွန်တော်တို့ အသုံးများပြီး Ubuntu လို့ပဲလူသိများပါတယ်။ များသောအားဖြင့် Desktop, Laptop တွေအတွက်ရည်ရွယ်ပါတယ်။
2. Ubuntu Business Desktop Remix: Business ဆိုတဲ့အတိုင်း လုပ်ငန်းမှာသုံးချင်တဲ့သူတွေအတွက် ရည်ရွယ်ထားပါတယ်။ အဲဒီထဲမှာဆိုရင် Social Networking, Games တွေကိုဖယ်ထားပြီး Adobe Flash, Canonical Landscape, OpenJDK တို့လိုTool တွေကိုတစ်ခါတည်းထည့်ထားပါတယ်။
3. Ubuntu Server: ဒါကတော့ server အမျိုးအစားအတွက်ဖြစ်လို့ GUI နဲ့တွေ့ရမှာမဟုတ်ပါဘူး။
4. Ubuntu Touch: Ubtuntu ကို smartphone မှာလည်းသုံးနိုင်ပါပြီ။ ပထမဆုံး support လုပ်တဲ့ဖုန်းကတော့ Galaxy Nexus မှာပါ။ ခုဆိုရင် Android phone တွေတော်တော်များများကို support လုပ်လာပြီ။ နောက်ထပ် sub-project တွေကတော့ Edubuntu, Kubuntu, Lubuntu, Mythbuntu, UbuntuKylin, Ubuntu GNOME, Ubuntu Studio, Xubuntu, တို့ဖြစ်ပါတယ်။
Edubuntu ဆိုတာ ပညာရေးအတွက်ကျောင်းတွေမှာ သုံးဖို့ရည်ရွယ်ပါတယ်။ UbuntuKylin ကတော့ China version ဖြစ်ပါတယ်။ အဲဒီထဲက အကုန်လုံးကိုတော့ Canonical အနေနဲ့ commercially support မလုပ်ပါဘူး။

Installation & System Requirement
Ubuntu ကို install လုပ်ဖို့ system requirement ကိုတတ်နိုင်သမျှ အနည်းဆုံးဖြစ်အောင်လုပ်ပေးထားပါတယ်။ Ubuntu product ပေါ်မူတည်ပြီး ပြောင်းလဲမှုတော့ ရှိပါမယ်။ ဥပမာ Ubuntu Desktop အတွက် 1 GHz Pentium 4 processor 1 GB RAM 5.9 GB HDD လိုအပ်မှာဖြစ်ပါတယ်။ သူ support လုပ်တဲ့ Vendor တွေကလည်းများပါတယ်။ ဥပမာ Dell, Hasee, Sharp Corporation, Asus အစရှိတဲ့ verdor တွေပါပဲ။ Dell ဆိုရင် Ubuntu ကို pre-install လုပ်ထားပြီး သူ့ရဲ့ product တွေကိုဈေးနှုန်းချိုချိုသာသာနဲ့ ရောင်းတာမျိုးပါ။ Windows တင်ထားပြီးရောင်းရင် ပိုဈေးကြီးမှာပါ။ :D နောက် Dell အနေနဲ့ Canonical နဲ့ပေါင်းပြီး Ubuntu မှာ Dell Wireless Driver တွေထိ support လုပ်ထားပါသေးတယ်။ Installation ပိုင်းနဲ့ပြောရရင် Live CD ဒါမှမဟုတ် Live USB အနေနဲ့ support လုပ်ပါတယ်။ ပြောရရင် live boot လုပ်ပြီး အကြိုက်တွေ့မှ HD မှာ permanent install လုပ်နိုင်တာမျိုးပါ။ ဒါမှမဟုတ် Image File(.ISO) အနေနဲ့လည်း download လုပ်နိုင်ပါတယ်။ သင့်အနေနဲ့ Ubuntu ကိုလွယ်လွယ်ကူကူပဲ Install လုပ်လို့ရမှာပါ။

LoCo Team
Ubuntu အတွက် နိုင်ငံအသီးသီးမှာ LoCo Team ရှိပါတယ်။ LoCo ဆိုတာက Local Communities ကိုဆိုလိုတာပါ။ မြန်မာနိုင်ငံမှာဆို Ubuntu Myanmar LoCo Team ရှိသလို အခြားနိုင်ငံတွေမှာလည်း ဒီလိုပဲ သက်ဆိုင်ရာ LoCo Team တွေရှိပါတယ်။ LoCo Team တွေရှိတော့ မိမိနိုင်ငံရဲ့ Language နဲ့ localize လုပ်နိုင်ခြင်း၊ Ubuntu ကို မိမိနိုင်ငံမှာ ပိုပြီး ထိထိရောက်ရောက် support လုပ်နိုင်တာပေါ့ဗျာ။

Conclusion
Ubuntu ကိုအသုံးပြုတဲ့အတွက် သင့်အနေနဲ့ အားငယ်နေရတာမျိုးမရှိပါဘူး။ Ubuntu နဲ့ဆိုင်တဲ့ အခက်အခဲတွေကိုဖြေရှင်းပေးမယ့် User Group တွေ၊ Community တွေလည်းပေါများလှပါတယ်။ tool တစ်ခု install လုပ်ရာမှာ အဆင်မပြေလို့ ပြတဲ့ error message ကို Google မှာ copy/paste လုပ်ပြီးရှာကြည့်လိုက်ပါ။ အဲဒီ error နဲ့ဆိုင်တဲ့ link ကိုတန်းပြပါလိမ့်မယ်။ မြန်မာနိုင်ငံမှာဆိုရင်လည်း Ubuntu Myanmar LoCo Team လိုမျိုးရှိနေတော့ မိမိတို့ကြုံတွေ့ရတဲ့ အခက်အခဲတွေကို မြန်မာလိုမေးလို့ရမှာဖြစ်ပါတယ်။ အဲဒီလို အဲဒီလိုပြောရရင် အများကြီးပေါ့ဗျာ။ အဲ စိတ်ပျက်စရာတစ်ခုကတော့ မြန်မာလို Font အဆင်မပြေတာတော့ရှိပါတယ်။ သူက padauk font ကိုသုံးထားတော့ ဇော်ဂျီကို အဆင်ပြေပြေဖတ်လို့ရအောင်လုပ်နိုင်ပေမယ့် လက်ကွက်ကျတော့ အဆင်မပြေပါဘူး။ အဲဒါတစ်ခုတော့အားနည်းချက်ပဲဗျာ။ ဒီလောက်ဆိုရင် Ubuntu အကြောင်းကို ဘာပြောပြောတီးမိခေါက်မိရှိသွားပြီလို့ မျော်လင့်ပါတယ်။ ကျွန်တော်အနေနဲ့ Ubuntu နဲ့ဆိုင်တဲ့ post တွေနောက်မှ ဆက်ရေးပါအုံးမယ်။ ခုမှ linux platform ကိုစသုံးမယ်ဆိုရင်၊ BT/Kali ကိုမသုံးဘူးဆိုရင် Ubuntu ကိုအသုံးပြုကြပါလို့ ကျွန်တော်အနေနဲ့ အထူးမှာကြားလိုပါကြောင်း။ :P

Ref: http://en.wikipedia.org
http://www.4sectors.com/forum/showthread.php?tid=1296&pid=4373#pid4373

No comments:

Post a Comment

If you good, i don't bad. if you think you can bark me, I think i can also fuck you. I'm just ordinary person. Is that OK? :)