FUD လုပ်တဲ့ Tool တွေထဲမှာ Veil ကနာမည်ရနေတဲ့တစ်ခုပါ။ ဒီပို့စ်မှာ Veil ကိုအင်စတော့လုပ်နည်း ရေးသားသွားပါမယ်။ Windows မှာဆိုရင်တော့ Python ကို install လုပ်ပေးဖို့လိုတာပေါ့နော်။ Windows မှာ install လုပ်ပုံကိုတော့ မရှင်းပြတော့ပါဘူး။ အလုပ်ရှုပ်လို့။ :D ကျွန်တော်ကတော့ Kali မှာစမ်းသပ်ထားပါတယ်။ Kali မှာရရင် Backtrack မှာလည်းအတူတူပဲဖြစ်ပါတယ်။ Veil အကြောင်းအသေးစိတ်ဖတ်ချင်ရင် Veil Official Site မှာအသေးစိတ်လေ့လာနိုင်ပါတယ်။ အိုကေ။ အရင်ဆုံး လိုအပ်တဲ့ဖိုင်ကို ဒေါင်းထားလိုက်ပါ။ ဖိုင်ဆိုးကလည်း 600 KB လောက်ပါပဲ။
Veil Download: [Github] [Mirror] [Mirror]
Download လိုက်ပြီးရလာတဲ့ဖိုင်ကို Desktop မှာထားမယ်ဆိုရင် Terminal ကနေ cd Desktop လို့ပြောင်းပေးပေါ့နော်။ ဒေါင်းထားတဲ့ဖိုင်က Home မှာဆိုရင်လုပ်စရာမလိုပါဘူး။ အရင်ဆုံး zip ကို extract လုပ်ပေးရပါမယ်။
unzip Veil-master.zip
ပြီးရင် အောက်ကအတိုင်း ဆက်သွားရုံပါပဲ။
cd ./Veil-master/setup/
chmod 775 setup.sh
./setup.sh
ဒါဆိုရင် အောက်ကလို installation လုပ်နေပါလိမ့်မယ်။ ဒီအဆင့်မှာအချိန်နည်းနည်းပေးရပါမယ်။ ပြီးတဲ့အထိစောင့်ပေးပေါ့ဗျာ။ ကျွန်တော်ဆီမှာတော့ တက်လိုက်ကျလိုက်နဲ့တော်တော်ကြာသွားတယ်။ ကလိချင်တယ်ဆိုရင် ဇွဲတော့ရှိဖို့လိုတာပေါ့ဗျာ။ :)
Download လုပ်တာအောင်မြင်ပြီဆိုရင် အောက်ကလို Box လေးကျလာပါပြီ။ ကျန်တာကတော့ Windows မှာလိုပဲ Next>> နဲ့ဆက်သွားရုံပါပဲ။
ကျွန်တော်ဆီမှာတော့ အားလုံး အောင်မြင်ပါပြီ။ ok, ဒါဆိုရင် Terminal မှာ ကျွန်တော်တို့ လက်ရှိရောက်နေတဲ့ Directory ကနေ ./Veil.py command နဲ့ Veil ကိုသုံးလို့ရပါပြီဗျာ။ ဒါကတော့ ./Veil.py ကိုခေါ်လိုက်ရင်မြင်ရမယ့်ပုံပါ။
list ကိုခေါ်ကြည့်ရင် အောက်ကလို option တွေကိုမြင်ရပါမယ်။
option တွေကတော့ အများကြီးပဲဗျ။ အဲဒီကနေ RAT, Virus, Keylogger, Backdoor စတဲ့ Tool တွေကို FUD ဖြစ်အောင် ဖန်တီးနိုင်ပါတယ်။ Coming Soon :D
My Next post: How to Make FUD
အရမ်းမိုက်တယ်ဗျ ကျေးဇူးပါခင်ဗျာ။ တစ်ကယ်ကျေးဇူးတင်တာပါ။
ReplyDelete