11/24/2013

[Tip] Root Account in Ubuntu [Tip]

Ubuntu မှာ Default အနေနဲ့ Root account ကိုအသုံးပြုလို့မရပါဘူး။ သိတဲ့အတိုင်း root account က linux မှာ Super User ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အဲဒီ root account ကိုအသုံးပြုဖို့ လိုအပ်လာခဲ့ရင် root account အဖြစ်သုံးမှရပါမယ်။ ရှင်းတယ်နော် :D ဘာရယ်မဟုတ်ပေမယ့် မသိရင် ခက်တာပဲဗျ။ ကျွန်တော် ကျူတိုတစ်ခုရေးမလို့ စမ်းနေတုန်းအဲဒီအဆင့်မှမလုပ်တတ်လို့ ခဏရပ်ထားရတာ။ ကောင်းပါပြီ။ root အဖြစ်အသုံးပြုဖို့ Terminal မှာ sudo passwd root လို့ရိုက်ပါ။ Password တောင်းရင်အခုလက်ရှိ password ကိုပေးပါ။ ဒါဆို Enter new UNIX password ဆိုပြီးပေါ်လာရင် root account အတွက် password ကိုနှစ်ခါရိုက်ထည့်ပေးပြီး သတ်မှတ်ပေးနိုင်ပါပြီ။
တကယ်လို့ ဆော့ဝဲလ်တွေသွင်းတာပဲအဖြစ်ဖြစ် root access တောင်းလာခဲ့ရင် ကျွန်တော်တို့ အောက်ကလို su root ဆိုပြီးရိုက်ပေးလိုက်ပါ။ ဒါဆို password တောင်းလာရင် ခုနက ကျွန်တော်တို့သတ်မှတ်ပေးလိုက်တဲ့ root password ကိုပေးလိုက်ပါ။ ဒါဆိုရင် root account အဖြစ်ပြောင်းလဲသွားပါပြီ။ အစက lotusblack@ubuntu ကနေ root@ubuntu ဖြစ်နေပါပြီ။ အိုကေ တကယ်လို့ အဲဒါကိုပြန် Disable လုပ်ချင်တယ်ဆိုရင် sudo passwd -l root နဲ့ပြန်ပိတ်လို့ရပါတယ်။


Ref: ubuntuhandbook.org

No comments:

Post a Comment

If you good, i don't bad. if you think you can bark me, I think i can also fuck you. I'm just ordinary person. Is that OK? :)