11/11/2013

Secure Sockets Layer (SSL) Explaination

ကျွန်တော်တို့ ဆိုဒ်တွေကိုဝင်ကြည့်တဲ့အခါ url မှာ http နဲ့ https ဆိုပြီးတွေ့ဖူးပါလိမ့်မယ်။ ဥပမာ Gmail, Facebook, Paypal တို့ကိုဝင်ကြည့်ရင် https ဆိုပြီး သောခတ်ထားတဲ့ပုံကိုတွေ့ရပါမယ်။ သဘောကတော့ https protocol နဲ့သွားနေတဲ့ဆိုတဲ့သဘောပါပဲ။ http ဆိုတာက client နဲ့ web server ကိုဆက်သွယ်ပေးတဲ့ standard protocol ဖြစ်ပြီး https ဆိုတာကတော့ "secure communication" ကို ကိုယ်စားပြုပါတယ်။ ဒီပို့စ်မှာ http နဲ့ https အကြောင်းကို ရှင်းပြသွားပါမယ်။ ဘာသာပြန်လိုက်တာလို့ပြောရင် ပိုမှန်မယ်ထင်တယ်။ ဟီး :D

ကျွန်တော်တို့ https အကြောင်းမပြောခင် အခြေခံကျတဲ့ http အကြောင်းအရင် သွားကြည့်ရအောင်။ Client ဘက်မှာ point A လို့သတ်မှတ်ပြီး Server ဘက်ကိုတော့ point B လို့ဆိုကြပါစို့။ ပုံမှာ point A ကနေ message တစ်ခုပို့လိုက်မယ်ပေါ့ဗျာ။ ဒီနည်းမှာ A ကနေတစ်ခုခုပို့မယ်ဆိုရင် plain text (mypass) အဖြစ်သာတိုက်ရိုက်ပို့လိုက်တာဖြစ်ပါတယ်။ ရိုးရိုး message အတွက် သိပ်ပြသနာမရှိပေမယ့် ကျွန်တော်တို့ password လိုမျိုးအရေးကြီးတဲ့ session တွေသွားမယ်ဆိုရင် ပြသနာစလာပါပြီ။ ပုံထဲကလို A နဲ့ B ကြားကနေ မသာမာသူ Attacker က ကြားဝင်ပြီးဒုက္ခလှလှပေးသွားနိုင်ပါတယ်။
အောက်မှာတော့ https အလုပ်လုပ်ပုံကို တွေ့မြင်နိုင်ပါတယ်။ ဒီနည်းလမ်းမှာကျတော့ Security ပိုကောင်းသွားပါပြီ။ A ကနေတစ်ခုခုပို့မယ်ဆို plain text (mypass) လို့တိုက်ရိုက်မပြဘဲ decrypted လုပ်ထားတဲ့ (xz54p6kd) အဖြစ်သာ ပို့မှာဖြစ်ပါတယ်။ ဒီတော့ ကြားကမသာမာသူအနေနဲ့ အမှန်အကန် password ကိုမရနိုင်တော့ပါဘူး။


https တွေကိုသက်ဆိုင်ရာ owner တွေအနေနဲ့ SSL certificate ဝယ်ယူပြီး အသုံးပြုနိုင်ပါတယ်။ SSL အသုံးပြုတဲ့အတွက် online မှာငွေချေတာမျိုးလို အရေးကြီးတဲ့ session တွေအတွက်လုံခြုံစေပါတယ်။ SSL မှာ အဲဒီဆိုဒ်ရဲ့ owner နဲ့ဆိုင်တဲ့ unique and authenticated information တွေပါဝင်ပါတယ်။ သော့ပုံကိုကလစ်ပြီး ကြည့်လိုက်ပါ။ Verify By ဘာညာဆိုပြီးတွေ့ရမှာဖြစ်ပါတယ်။ ဒါကြောင့် Verify လုပ်တဲ့အဖွဲ့ကိုကြည့်ပြီး ကျွန်တော်တို့အနေနဲ့ အဲဒီဆိုဒ်ရဲ့ Security ကိုယုံကြည်မှု ရစေမှာဖြစ်ပါတယ်။

SSL မှာ encryption အနေနဲ့ RSA algorithm ကိုအခြေခံပြီး အလုပ်လုပ်ပါတယ်။ ပြောရရင် SSL certificate မှာ public နဲ့ private key ဆိုပြီးနှစ်မျိုးနဲ့လုပ်သွားပါတယ်။ public ကတော့ encrypt လုပ်ဖို့၊ private ကတော့ decrypt လုပ်ဖို့ပေါ့။ ကျွန်တော်တို့ Browser ကနေ secure ဖြစ်တဲ့ site ကိုချိတ်လိုက်တဲ့အခါ Server ဘက်ကနေပြီးတော့ ဘရောက်ဆာဆီကို encrypt လုပ်ဖို့ public key ကိုပို့ပေးပါတယ်။ public key ကတော့ လူတိုင်းအတွက်ပါ။ ဘရောက်ဆာကနေပို့ပေးလိုက်တဲ့ဟာကိုမှ server ဘက်မှာပြန် private key အဖြစ် decrypt လုပ်ပစ်ပါတယ်။ ဒီလောက်ဆိုရင် SSL အလုပ်လုပ်ပုံကို အတော်အသင့် သဘောပေါက်သွားလိမ့်မယ်လို့ မျောလင့်ပါတယ်။

SSL အလုပ် လုပ်မလုပ်ဆိုတာ အဲဒီဆိုဒ်ရဲ့ url မှာ သော့ပုံလေးကိုကြည့်ပြီးသိနိုင်ပါတယ်။ ပုံက အစိမ်းရောင်လေးနဲ့ပြရမှာပါ။ တကယ်လို့ အနီရောင်သမ်းနေရင်တော့ certificate expire ဖြစ်နေလို့ဖြစ်ပါလိမ့်မယ်။ နောက်တခါ paypal လိုဆိုဒ်တွေထဲသွားရင် url မှာ https ရှိ/မရှိတစ်ချက်ကြည့်လိုက်ပါ။ တကယ်လို့ အဲဒါတွေမရှိဘူးဆိုရင် Phishing attack နဲ့ ခံရဖို့ များမှာပါ။

Ref: gohacking


No comments:

Post a Comment

If you good, i don't bad. if you think you can bark me, I think i can also fuck you. I'm just ordinary person. Is that OK? :)